Monday, March 23, 2015

ဥပုသ်စာဖြေသင်ကြားရခြင်း၏ရည်ရွယ်ချက်




ယုံကြည်ချက်

3AM- Personal Ministry နှင့်ပတ်သက်၍ နောက်ဆုံးသောဧ၀ံဂေလိသတင်းစကားသည် အသင်းတော်ရှိ အမှုတော်ဆောင်များနှင့် သာမန်အသင်းသားများ လက်တွဲ၍ အတူတကွဆောင်ရွက်ခြင်းဖြင့် အမှုတော်မြတ်ကြီး ပိုမိုလျင်မြန်၍၊ ပြီးဆုံးမည်ဖြစ်ကြောင်းယုံကြည်ပါသည်။ ထို့ကြောင့် အမှုတော်မြတ်တွင် တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်း လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

ပါဝင်လုပ်ဆောင်သောသူများ

၁။ မြန်မာဥပုသ်စာဖြေကို ပတ်စဉ်အချိန်မှီဖတ်ကြားပေးသူမှာ- ဆရာမလှယဉ်ကျေး ဖြစ်၍၊
၂။ ကရင်ဥပုသ်စာဖြေကို ပတ်စဉ်အချိန်မှီဖတ်ကြားပေးသူမှာ- ဆရာအဲ့ကညော တို့ဖြစ်ကြပါသည်။
၃။ ဇိုမီး(ချင်း)ဘာသာဖြင့်ဖတ်ကြားခြင်းနှင့် မြန်မာပါဝါပွိုင့်အဖြစ်ဘာသာပြန်ခြင်း၊ အကျဉ်းချုပ်သင်ကြားပေးခြင်းကို၊ ကျွန်ုပ်၊ ခမ်ဘွိုင်းကိုယ်တိုင်ပင်ဖြစ်ပါသည်။

ပါဝင်သည့်မိခင်အသင်းတော်
ကျွန်ုပ်တို့သည် ယခုအချိန်တွင် ထိုင်း၊မြန်မာနယ်စပ်မြို့ဖြစ်သော မဲ့ဆောက်မြို့၊ ထိုင်းနိုင်ငံရှိ မြော်လင့်ခြင်းအသင်းတော်၌ ပါဝင်ကြပါသည်။ အဆိုပါအသင်းတော်ကြီးရှိ အသင်းအုပ်ဆရာကြီး ဆရာကလူဆဲ၏ အမှုတော်မြတ်၌စွမ်းစွမ်းတမံဦးဆောင်မှုတွင်လည်း 
ကျွန်ုပ်တို့သည် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်လျက်ရှိကြပါသည်။

3AM- Personal Ministry ၏ရည်ရွယ်ချက်


"3AM" ဟူသည်မှာ "Three Angels Messages" ' ကောင်းကင်တမန်သုံးပါးသတင်းစကား' ဖြစ်ပါသည်။ 

No comments:

Post a Comment