အလွတ်ကျမ်းချက်
တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်။
(လုကာ ၁၇း၅)။
တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်။
(လုကာ ၁၇း၅)။
သခင်ယေရှုသည် နာမည်ကျော်သည့်ဆရာကြီးတစ်ဦးဖြစ်
သူသည် ဘာသာရေးကျောင်း (သို့မဟုတ်) ဒဿနိကဗေဒကျောင်းကို
ဖွင့်သည်မဟုတ်။ သူ၏ရည်ရွယ်ချက်ကား၊ ပျောက်သောသူကိုရှာပြီး ကယ်တင်
ရန်ဖြစ်သည်။ (လုကာ ၁၉း၁၀)။ သူသည် ထာဝရဘုရားရှင်၏စရိုက်ကိုပြရန်
ကြွရောက်ခဲ့သည်။ ကပ်တိုင်၌ ချစ်ခြင်းမေတ္တာ၏အကောင်းဆုံးပုံ
ပြခဲ့သည်။ ဘုရားသခင်သည် အမှန်တကယ်ဘယ်ကဲ့သို့ဖြစ်သည်ကို လူအားလုံး
နှင့်မကျရှုံးသောကမ္ဘာများကို ကပ်တိုင်ပေါ်၌ပြခဲ့သည်။ အပြစ်ရှိသောလူသား
များ ကယ်တင်ခြင်းရရှိရန်၊ သူသည် အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့သည်။
ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်၊ သူသည် ကယ်တင်ခြင်းရသည့် လူ့ဘောင်
အဖွဲ့အစည်းကို ဖွဲ့လိုက်သည်။ ဤလူ့အဖွဲ့အစည်းသည် သူ၏အသေခံခြင်း
ဖြင့် ကယ်တင်ခြင်းကိုရရှိပြီး၊ သူ၏အသက်တာနှင့်သွန်သင်ချက်များ
ပုံသက်သေများဖြစ်ရန် ရွေးချယ်ခြင်းခံသည်။
ဤကယ်တင်ခြင်းခံရသော လူ့ဘောင်အဖွဲ့သို့ဝင်ရန်ခေါ်ခြင်
ထိုသို့ခေါ်သောသူ ခရစ်တော်အပေါ် သစ္စာအပြည့်ရှိရန်ဖြစ်သည်။ သူပြော
သောအရာများသည် နောက်လိုက်တပည့်များအတွက် အသက်တာ၏ဥပဒေသ
ဖြစ်သည်။ သူ၏ဆန္ဒသည် နောက်လိုက်တပည့်များ၏အသက်တာ၏
ရည်ရွယ်ချက်ဖြစ်သည်။ အဘယ်မျှကောင်းသည်ဖြစ်စေ၊ စုံလင်သည်ဖြစ်စေ၊
ခရစ်တော်နှင့်သူ၏အလိုတော်အေ
နောက်လိုက်တပည့်ဖြစ်ခြင်းအရာသည် ကျွန်ုပ်တို့အတွင်း၌ ခရစ်တော်
သက်ရှင်နေထိုင်မှသာလျှင် ဖြစ်နိုင်၏။ အချို့သောစည်းမျဉ်းများကို အပြည့်
နားထောင်ရန်လိုအပ်သည်။ မည်သည့်အစားထိုးခြင်း၊ ပြောင်းလဲခြင်းကို
ခွင့်ပြုမည်မဟုတ်။
တနင်္ဂနွေ မေ ၃၁
ဖာရိရှဲများကဲ့သို့မဖြစ်နှင့် (လုကာ ၁၁း၃၇-၅၄)။
ဧဝံဂေလိကျမ်းထဲ၌ ဖာရိရှဲများအကြောင်း ဥပမာပေါင်း (၈၀)
ကျော်ရှိသည်။ ၂၅% မှာ ရှင်လုကာခရစ်ဝင်ကျမ်းတွင် တွေ့နိုင်သည်။
ဖာရိရှဲများသည် ၎င်းတို့၏တင်းကျပ်သောဥပဒေများဖြင့် အများကသိကြ
သည်။ သို့သော် ဇဒ္ဒုကဲတို့သည် ၎င်းတို့၏မတည်ငြိမ်သည့်သဘောထား
များဖြင့် အများကသိကြသည်။ ဖာရိရှဲများသည် များသောအားဖြင့် ပညတ်
တရားဝါဒီများဖြစ်ကြပြီး၊ ကရုဏာကျေးဇူးကို များသောအားဖြင့်ယုံကြည်
ကြသူများလည်းဖြစ်သည်။ သို့သော် သူတို့သည် ပညတ်တရားကို တင်းကျပ်
စွာစောင့်ခြင်းဖြင့် ကယ်တင်ခြင်းရသည်ဟု သွန်သင်သူများဖြစ်သည်။
(လုကာ ၁၁း၃၇-၅၄) ကိုဖတ်ပါ။ မည်သည့်အရာအကြောင်းကို
သခင်ယေရှုသတိပေးနေသနည်း။ ယနေ့ ဤအရေးပါသောစည်းမျဉ်းကို
ဘယ်ကဲ့သို့ပြသနည်း။ သခင်ယေရှုသတိပေးသည့်အရာများသို
ကျွန်ုပ်တို့ဘယ်ကဲ့သို့သေချာအော
စစ်မှန်သည့်ဘာသာရေးသို့ခေါ်ခြင်း
မျိုးဆက်တိုင်းသို့ ဖြတ်သန်း၍သွားသည်ကို (လုကာ ၁၁း၄၂-၅၄) ဖာရိရှဲ
နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအပေါ် အမင်္ဂလာများကပြသည်။
သာဓက၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ဘုရားသခင်၏ပြုစုစောင့်ရှောက်
ခြင်းကို ကျွန်ုပ်တို့သိရှိကြောင်းပြသည်။ သို့သော်၊ လူသားတို့အတွက်
တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုအဖြစ် ဘယ်သောအခါမျှ
အစားမထိုးနိုင်။ (ငယ် ၄၂)။
ဥပမာ၊ "တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှု" တို့ကို
ဂရုမစိုက်၊ မလေးစားဘဲ လျစ်လျူပြုထားသော ဤလူတို့ပင်လျှင်၊ "တရား
ဇရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကိုလည်း
(ငယ် ၄၂၊၄၃)။
စစ်မှန်သောဘာသာရေးသည် အပေါ်ယံဗန်းပြပြုလုပ်ခြင်းဟု ယုံကြည်
သောသူတို့သည် အမှန်ပင် သန့်ရှင်းသောသူများမဟုတ်ကြောင်း သခင်ယေရှု
သတိပေးလိုက်သည်။ သူတို့သည် အသေကောင်ကိုကိုင်မိသောသူကဲ့သို
သည်။ (လုကာ ၁၁း၄၄။ တော ၁၉း၁၆ ကိုလည်းဖတ်ပါ။) ဘုရားရှေ့တော်
၌ အရေးမပါသောအရာများနှင့် သန့်ရှင်းသောအရာတို့ကို အဘယ်မျှရှုပ်ထွေး
ရန် လွယ်ကူပါသနည်း။
ကျမ်းတတ်ပုဂ္ဂိုလ်တို့ကိုလည်း အမင်္ဂလာရှိကြောင်း သခင်ယေရှု
ကြေညာခဲ့သည်။ သူတို့သည် ၎င်းတို့၏အတွေ့အကြုံပညာအရည်အချင်း
အသုံးပြုကာ၊ သူတစ်ပါးအပေါ် "ထမ်းခဲ့သောဝန်" တင်ပြီး၊ ၎င်းတို့ကိုယ်
၌မူ "ကိုယ်လက်ဖျားနှင့်မျှမတို့ကြ" (လုကာ ၁၁း၄၆)။
ဖာရိရှဲတို့သည် သေလွန်သောပုရောဖက်များကို ရိုသေလေးစားကြ
သည်။ သို့သော် သက်ရှိထင်ရှားသောပုရောဖက်များကိ
လုပ်ဆောင်ကြသည်။ သခင်ယေရှုစကားပြောနေစဉ်မှာပင် အချို့သောသူတို့
သည် ဘုရားသခင်၏သားတော်ကိုသတ်ရန် ကြံစည်နေကြသည်။ သေလွန်
သောပုရောဖက်တို့ကို ရိုသေလေးစားခြင်းသည် အရေးမကြီး။ အရေးကြီး
သည်မှာ ပုရောဖက်တို့၏ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ တရားသဖြင့်စီရင်ခြင်း
စသည့်သတင်းစကားများကို ၎င်းတို့နားထောင်ရန်ဖြစ်သည်။
နောက်ဆုံးအမင်္ဂလာသည် အလွန်မှပင်ကြောက်မက်ဖွယ်ရာဖြစ်၏
အချို့သောဖာရိရှဲတို့သည် ဘုရားသခင်နိုင်ငံတော်၏သော့ကို ယုံကြည်စိတ်ချ
စွာဖြင့် အပ်နှင်းခြင်းခံရသည်။ သို့သော် သူတို့၏တာဝန်တို့ကို ကျေပွန်
အောင်မဆောင်ရွက်ကြ။ ဘုရားသခင်၏နိုင်ငံထဲသို့ လူတို့ဝင်ရောက်ရန်၊
သော့ကိုပညာရှိစွာဖြင့် အသုံးမပြု။ ထိုသို့ဖြစ်မည့်အစား၊ သူတို့သည်
ဘုရားသခင်၏လူတို့ကို သော့ခတ်ထားပြီး၊ သော့ကိုပစ်လိုက်ကြ၏။
တနင်္လာ ဇွန် ၁
ဘုရားသခင်ကိုကြောက်ရွံ့ပါ (လုကာ ၁၂း၎-၁၂)။
"ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့" (ဗျာ ၁၄း၇) သည်၊
ကောင်းကင်တမန် (၃) ပါး၏ပထမကောင်းကင်တမန်၏သတင်းစကား
ဖြစ်သည်။ ဗျာဒိတ် ၁၄ တွင်ပါရှိသည့် ဤသတင်းစကားသည် Sနလနညအိ့ပေ
ဗိလနညအင်အ် တို့၏အသက်တာနှင့်ယုံကြည်ခြင်း၌ အလွန်အရေးပါသည်။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဆို
သည်ဟုမဆိုလို။ ထိုသို့ဖြစ်မည့်အစား၊ ဘုရားသခင်သည် ဘယ်သူဖြစ်ကြောင်း
နှင့် ကျွန်ုပ်တို့ကို ဘယ်ကဲ့သို့ဖြစ်ရန်အလိုရှိသည်ကို သိရှိရန်ဖြစ်သည်။
ဘုရားသခင်အပေါ် သစ္စာအပြည့်ရှိရန် ယုံကြည်ခြင်းအမှုသည် လိုအပ်သည်။
ဘုရားသခင်သည်သာလျှင် ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့၏အသက်တာ၊ အတွေး၊
အလုပ်၊ ဆက်ဆံရေးနှင့် အနာဂတ်တို့ကို စီရင်သောသူဖြစ်၏။
(လုကာ ၁၂း၎-၁၂) ကိုဖတ်ပါ။ ကြောက်ရွံ့ခြင်းအကြောင်း
သခင်ယေရှုကျွန်ုပ်တို့ကို ဘာပြောနေသနည်း။
ကျမ်းပိုဒ်သည် မည်သူကိုကြောက်ရမည်၊ ဘယ်သူကိုမကြောက်ရ
ကြောင်း ပြသနည်း။ ယခု ဤလောက၌ ကျွန်ုပ်တို့ကိုတိုက်ခိုက်နိုင်
အရာများကို ကြောက်ရန်မလို။ ထိုသို့ဖြစ်မည့်အစား၊ ကျွန်ုပ်တို့သည် ဘုရားကို
နားထောင်ပြီး ကြောက်ရွံ့ရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်၊ သူ၏
လက်ထဲ၌ ကျွန်ုပ်တို့၏ထာဝရအနာဂတ်ရှိခြင်
ကျွန်ုပ်တို့၏ဘုရားသည် စာငှက်တို့အပေါ်ကြည့်ရှုပြီး၊ ကျွန်ုပ်တို့၏ဆံပင်
အကုန်အစင်ကို ရေတွက်လျက်ရှိပြီး (လုကာ ၁၂း၆၊၇)။ ချစ်ခင်ယုယသော
ဘုရားဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့တစ်ယောက်စီတို့သည် သူ၏ရှေ့တော်
၌ ထာဝစဉ်အရေးပါ၏။ ထိုသို့ ကျွန်ုပ်တို့အမှန်တကယ်ယုံကြည်ေ
မည်မျှလောကီကြောက်ရွံ့ခြင်းများ
(လုကာ ၁၂း၁၃-၂၁) ကိုဖတ်ပါ။ ဤနေရာ၌ သခင်ယေရှုသည်
ကျွန်ုပ်တို့ကို ဘာကိုသတိပေးသနည်း။
ပစ္စည်းဥစ္စာခွဲဝေမှုအပေါ် ရန်ဖြစ်နေသောညီအစ်ကိုနှစ်ဦးစပ်
သခင်ယေရှုဘက်လိုက်ရန်ငြင်းဆန်သည်
အကြောင်းကို ပညတ်တော်ဆယ်ပါးကို ညွှန်ပြသည်။ (ထွက် ၂ဝး၁၇)။
၎င်းအပြင် သူသည် အချိန်တိုင်း၌ မှန်သည့်အရေးကြီးသောအချက်ကို
ညွှန်ပြသည်။...."စည်းစမ်ရှိသော်
အချက်ဖြစ်သည်။ (လုကာ ၁၂း၁၅)။ မိုက်မဲသောသူဌေးသည်
သူ၏ကျဉ်းမြောင်းသည့်ကမ္ဘာကလေး၌သာ အသက်ရှင်သည်။ အခြား
ဘယ်အရာမျှ ၎င်းအတွက်အရေးမကြီး။ ဤကဲ့သို့ ကျွန်ုပ်တို့မဖြစ်ရန် အဘယ်မျှ
သတိရှိရမည်နည်း။ များစွာသောလောက၏စည်းစိမ်ဥစ္စာမျာ
ခံစားရသောသူတို့အတွက် ဤအချက်သည် အလွန်အရေးကြီးသည်။
ကျွန်ုပ်တို့အားလုံးတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို နှစ်သက်ကြ၏။
သို့သော် ထာဝရအကြောင်းကို ကျွန်ုပ်တို့စဉ်းစားလိုက်သည့်
တို့သည် အနည်းငယ်မျှသာ အမှန်တကယ်ကျေနပ်မှုပေးသည်ကိုစဉ်း
ဤသို့ဖြစ်သော်၊ ကျွန်ုပ်တို့သည် (လုကာ ၁၂း၁၆-၂၁) တွင် သခင်ယေရှု
သတိပေးချက်ကို အမှားပြုမိရန် အဘယ်ကြောင့်အလွန်လွယ်ကူသနည်း။
အင်္ဂါ ဇွန် ၂
ပြင်ဆင်ပြီးစောင့်နေကြလော့ (လုကာ ၁၂း၃၅-၅၃)။
"စောင့်ကြည့်ခြင်းနှင့်သစ္စာရှိ
ခရစ်တော်၏နောက်လိုက်များရှိရမည်
တို့သည် ထာဝရလောက၏အစွန်၌ ရပ်နေလျက်ရှိ၏။ ကျွန်ုပ်တို့သည်
ဖြောင့်မတ်ခြင်းတရားနှင့်ကြီးစွ
ကို ကိုင်ထားလျက်ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အမြဲသတိရှိပြီး
သေချာစွာစောင့်ကြည့်ရမည်ဖြစ်၏။" E. G. White, Testimonies for the
Church, vol. 5, pp. 460, 461 မှ ကောက်နုတ်သည်။
သင်သည် သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်း
စောင့်နေရသည်ဖြစ်သော်၊ (လုကာ ၁၂း၃၅-၅၃) ကိုဖတ်ပြီး၊ ၎င်းကျမ်းပိုဒ်
များကို အနှစ်ချုပ်ပါ။
ခရစ်ယာန်များသည် ပျင်းရိခြင်း (သို့မဟုတ်) သက်သောင့်သက်သာ
နေရန် အခြေအနေမပေးပါ။ ခရစ်တော်ပြန်လည်ကြွလာတော်မူမည့်
မသိခြင်းသည် မီးခွက်များကိုဆီဖြည့်ကာ၊ ဝတ်ရုံတို့ကိုအဆင်သင့်ရှိရန်
ကျွန်ုပ်တို့ကိုဆော်ဩသင့်သည်။ မကြာမီ သူ၏ကြွလာခြင်းသည် ကျွန်ုပ်
တို့၏အသက်တာနှင့်အလုပ်အကိုင်၊ အသင့်ရှိမှုနှင့်သစ္စာရှိမှုအတွက် တွန်းအား
ဖြစ်ရမည်။ လောက၌ သူ၏အလိုတော်ကိုဆောင်ခြင်းနှင့် သူ့အားငြိမ်သက်စွာ
တွေ့မြင်ရန် အဆင်သင့်ရှိခြင်းတို့၌ သစ္စာရှိခြင်းသည် ကောင်းသောကျွန်
များနှင့် ဆိုးသွမ်းသောကျွန်များကို ခွဲခြားသည့်အရာဖြစ်သည်။
"ငါ့အ့အရှငှင်လ်လာခဲလဲလိမိမ့်
သောသစ္စာရှိမှုကို လျစ်လျူပြုမှုသည်၊ မိမိကိုယ်ကိုလေးနက်သော ဘုရားရှင်၏
စီရင်ခြင်းအောက်၌ ထားရှိခြင်းဖြစ်သည်။ (လုကာ ၁၂း၄၅-၄၈)။
လူတစ်ယောက်သည် ဘုရားရှင်၏အမှုတော်ကိုဆောင်ရွက်
ခြင်းခံရသည်ဟုဆိုကြပါစို့၊ ထိုသူကို ပို၍အလုပ်နှင့်တာဝန်ကိုပေးမည်ြ
သည်။ ထိုနောက် ဘုရားရှင်သည် ထိုသူထံမှ ပို၍ရရန်မျှော်လင့်မည်ဖြစ်၏။
(ငယ် ၄၈)။
"ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ....တို့သည် အမင်္ဂလာရှိ၏" ဟု
ရှေးပုရောဖက်စီရင်ချက်သည် (အာမုတ် ၆း၁)၊ ခရစ်ယာန်နောက်လိုက်
တပည့်များသည် ပျင်းရိစွာ (သို့မဟုတ်) သက်သောင့်သက်သာစွာမနေ
ကြရန် ခရစ်တော်ကသတိပေးခြင်းကိုပြသည်ဟု ထင်မြင်ရသည်။ ခရစ်ယာန်
တို့၏အသက်တာသည် ဝိညာဉ်ရေးတိုက်ပွဲအဖြစ် ရှင်ပေါလုရှင်းလင်းဖော်ပြ
ထားသည်။ (ဧဖက် ၆း၁၂)။ အရေးကြီးသည့်အချက်မှာ၊ ခရစ်ယာန်တိုင်း
သည် ခရစ်တော်နှင့်စာတန်စပ်ကြားတိုက်
ကပ်တိုင်သည် ထိုနှစ်ခုစပ်ကြား၌၊ ခြားနားစွာစည်းခြားထားသည်။ ကပ်တိုင်
ပေါ်ရှိ ခရစ်တော်အပေါ် စဉ်ဆက်မပြတ်ယုံကြည်ခြင်းဖြင့်သာ အပြီးသတ်
အောင်မြင်ခြင်းကို ရရှိနိုင်မည်ဖြစ်၏။
များစွာပေးခြင်းခံရသောသူတို့ကို များစွာတောင်းခံမည်ဖြစ်၏။
'အကြင်သူသည် များစွာသောဥစ္စာကိုအပ်နှင်း၏။ ထိုသူကိုများစွာတောင်းလိမ့်
မည်' (လုကာ ၁၂း၄၈)။ ဤကျမ်းပိုဒ်သည် Seventh-day Adventists များ
အနေဖြင့် ဘယ်ကဲ့သို့အနက်ရှိသနည်း။
ဗုဒ္ဓဟူး ဇွန် ၃
အသီးသီးသောသက်သေများဖြစ်ပါ (လုကာ ၈း၎-၁၅)။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကမ္ဘာ
မတည်မီကပင် တွေ့ဆုံကြပြီး၊ ကယ်တင်ခြင်းစီမံကိန်းကို စီစဉ်ဆောင်ရွက်
ခဲ့သည်။ လူကိုမဖန်ဆင်းမီ၊ လူသည်အပြစ်မကျူးလွန်မီကပင် ဘုရားသခင်
သည် လောကကိုကယ်ရန် အစီအမံများရှိထားပြီးဖြစ်သည်။ ၎င်းအစီအစဉ်
သည် ကပ်တိုင်၌ဗဟိုပြုသည်။ ထိုနောက် ကပ်တိုင်၏ကောင်းသတင်းကို
လောကီရှိလူတိုင်းကိုပြောကြား
ခရစ်ယာန်တိုင်းပေါ်၌ ကျရောက်၏။
"ယရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်
အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်" (တမန် ၁း၈)။ သခင်ယေရှု၏
နောက်ဆုံးမိန့်မှာချက်သည် ဘုရားရှင်၎င်း၏နောက်လိုက်များအပေါ် သက်သေခံ
ရန် ထားသည့်တာဝန်သည် အရေးကြီးကြောင်းပြ၏။
ခရစ်ယာန်သက်သေခံတို့သည် မျိုးစေ့ကိုကြဲသောသင်ခန်းစာပြုံ
မည်သည့်သင်ခန်းစာကို သင်ကြားရယူနိုင်သနည်း။ (လုကာ ၈း၎-၁၅)။
သက်သေခံသောသူ၏ဆုရလဒ်သည် မည်သည့်အချိန်နှင့် မည်သည့်
အရာဖြစ်သနည်း။ (လုကာ ၁၈း၂၄-၃၀)။
သက်သေခံရာ၌၊ သစ္စာရှိခြင်းနှင့်တာဝန်သိခြင်း
၁၉း၁၁-၂၇) တွင် ဖော်ပြသောသူဌေးနှင့် စာရင်းငှားသင်ခန်းစာပုံပြင်က
ဘယ်ကဲ့သို့သွန်သင်သနည်း။
ဤကျမ်းပိုဒ်တိုင်း၌၊ အန္တရာယ်၊ တာဝန်၊ သက်သေခံခြင်း၏ဆုရလဒ်
နှင့် ယုံကြည်စိတ်ချခြင်းအကြောင်း ပေးထားသည်။ လေးနက်သောတာဝန်
ကို ကျွန်ုပ်တို့အပ်နှင်းခံရသည်။ သို့သော် ကျွန်ုပ်တို့အတွက် သခင်ယေရှု၏
ဆက်ကပ်အပ်နှံခြင်းကို ကျွန်ုပ်တို့စဉ်းစားကြည့်သော်၊ ကျွန်ုပ်တို့ကိုတောင်းခံ
သောအရာသည် အဘယ်မျှအမှန်တကယ် အနည်းငယ်မျှသာဖြစ်သနည်း။
ကြာသပတေး ဇွန် ၎
ကျွန်တို့၏ခေါင်းဆောင်ဖြစ်ပါ (လုကာ ၂၂း၂၄-၂၇)။
(လုကာ ၂၂း၂၄-၂၇) ကိုဖတ်ပါ။ နောက်ဆုံးညစာစားပွဲကို ပြင်ဆင်
နေစဉ်၌ပင်၊ တပည့်တော်တို့သည် နိုင်ငံတော်၌ မည်သူသည်အကြီးဆုံးဖြစ်
မည်ကို အငြင်းအခုံပြုနေကြသည်။ ၎င်းတို့၏မိုက်မဲခြင်းကို သခင်ယေရှု
ဘယ်ကဲ့သို့ကိုင်တွယ်သနည်း။ သူ၏အဖြေကား၊ အဘယ်ကြောင့်အလွန်
ခြားနားသနည်း။
ခေါင်းဆောင်မှုသမိုင်း၌ သခင်ယေရှု၏အဖြေသည် အထူးဖြစ်၏။
ဖာရောဘုရင်၊ နေဗုခဒ်နေဇာမင်း၊ အလက်ဇန္ဒား၊ ဂျူးလိယက်စီစာ၊ နပိုလျံ
နှင့် Genghis Khan စသည့်သူတို့သည် သူတစ်ပါးအပေါ်အာဏာတန်ခိုးနှင့်
ခေါင်းဆောင်မှုကို ရရှိထားကြသည်။ လောကသည် အာဏာတန်ခိုးကို
ဘယ်ကဲ့သို့အမြဲ အသုံးပြုသည်ကိုပြသည်။
သို့သော် သခင်ယေရှုပြောသည်မှာ "သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။
လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာ
လည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်
ကြွလာသည်ဖြစ်၍ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို
သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း
သင်တို့၏ကျွန်ဖြစ်စေဟု မိန့်တော်မူ၏" (မဿဲ ၂ဝး၂၆-၂၈)။
အစေခံခြင်းနှင့် မိမိကိုယ်ကိုငြင်းပယ်ခြင်းသည် သူ၏ခေါင်းဆောင်
မှုနှင့် သူ၏အခြေခံလုပ်ဆောင်မှုနည်းလမ်းအြ
ဤကဲ့သို့သောနည်းဖြင့် လူသားတို့၏ဆက်ဆံရေးစည်းမျဉ်း
ပေးလိုက်သည်။ ပြည့်စုံခြင်းသည် အာဏာတန်ခိုးမှလာသည်မဟုတ်၊ အစေ
ပြုခြင်းအရာမှလာခြင်းဖြစ်သည်ဟူ
လုပ်ဆောင်နိုင်သည့်စွမ်းရည်တန်
မှရရှိသည်။ ပလ္လင်တော်မှအပြောင်းအလဲစတင်သည်
စတင်သည်ဖြစ်၏။ ရှင်ရန်အတွက်သေရ၏။ (ယော ၁၂း၂၄)။
သခင်ယေရှု၏တပည့်တော်များ၌ မည်သူကအကြီးအကဲဖြစ်မည့်
ပြဿနာနှင့် တူလုနီးပါး (လုကာ ၉း၄၆-၄၈) တွင် တွေ့ရသည်။ သူ၏
တပည့်တော်တို့၏စိတ်နှလုံးထဲ၌ လောက၏စည်းမျဉ်းများသည် ရှိနေဆဲ
ဖြစ်၏။
သခင်ယေရှု၏ဖြေကြားချက်သည် ပြဿနာ၏ဗဟိုချက်မကိုထိပြီး၊
ခရစ်ယာန်တို့၏အသက်တာ၌ အကြီးဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ေ
အထူးသဖြင့် သူ၏ "အငယ်ဆုံးသောသူ" ဆိုသည့်စကားသည် (ငယ်
၄၈) လောက၏စည်းမျဉ်းများဖြင့် အဘယ်မျှပင်ခြားနားသည်ကိုပြသည်။
ဤနေရာ၌ သခင်ယေရှု၏သွန်သင်ချက်များသည် လောက၏
စည်းမျဉ်းများနှင့် အလွန်ကွာခြား၏။ ထိုကြောင့် အကယ်၍ ကျွန်ုပ်တို့၏
အသက်တာ၌ သခင်ယေရှု၏စည်းမျဉ်းများကို အသုံးပြုသော်၊ ကျွန်ုပ်တို့
ဘယ်ကဲ့သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။
သောကြာ ဇွန် ၅
ထပ်ဆင့်လေ့လာရန်။
"ကျွန်ုပ်တို့နှလုံးသားကို ဘယ်သူပိုင်သနည်း။ ကျွန်ုပ်တို့၏အတွေး
များသည် မည်သူ့အပေါ်၌ရှိသနည်း။ မည်သူ့အကြောင်းကို ကျွန်ုပ်တို့ပြောရန်
နှစ်သက်သနည်း။ ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုး
ဘယ်သူပိုင်သနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ဖြစ်သော် ကျွန်ုပ်
တို့၏အတွေးများသည် သူ့အပေါ်၌ရှိမည်ဖြစ်၏။ ကျွန်ုပ်တို့၏အချိုမြိန်ဆုံး
သောအတွေးသည် သူ့အကြောင်းသာဖြစ်မည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှတို
သူ့အားဆက်ကပ်ထားပြီ။ ကျွန်ုပ်တို့သည် သူ၏စရိုက်၊ သူ၏ဝိညာဉ်၊ သူ၏
အလိုတော်တို့နှင့် ပုံတူကူးချလိုသောဆန္ဒရှိပြီး၊ အရာခပ်သိမ်းတို့၌ သူ့အား
ဝမ်းမြောက်ပျော်ရွှင်စေမည်ဖြစ်၏။
ကောက်နုတ်သည်။
-၀-
No comments:
Post a Comment