Monday, June 29, 2015

သင်ခန်းစာ (၁) ထာဝရဘုရားရှင်၏သာသနာပြုစရိုက်

ကြီးမြတ်သောအမိန့်တော်
ယေရှုသည် အနီးအပါးသို့ချဉ်းတော်မူပြီးလျှင် ကောင်းကင်ဘုံ၌
လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိ
သမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို
ပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို
စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ
ကုန်ဆုံးသည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိမည်ဟု တပည့်
တော်တို့အား မိန့်တော်မူ၏}} (မဿဲ ၂၈း၁၈-၂၀)။

အဘယ်မျှပို၍ရှင်းနိုင်မည်နည်း။ ဤနေရာ၌ ထမြောက်သည့်
သခင်ယေရှု၊ သူတို့ကိုးကွယ်သောသခင်ယေရှု (ငယ် ၁၇)။ အသင်းတော်
သမိုင်းတစ်လျှောက် သူ၏လူတို့ကို အမှုတော်ဆောင်လုပ်ငန်းအတွက်လုပ်ရန်
ခေါ်လျက်ရှိသည်။ ၎င်းတို့၏အရေးကြီးဆုံးတာဝန်သည် ]]လူမျိုးတကာတို့ကို
ငါ့တပည့်ဖြစ်စေ}} ဟုဆို၏။

ဂါလိလဲပြည်၌ တပည့်တော် (၁၁) ပါးနှင့် များစွာသောနှစ်လ
လွန်ပြီးသည်နောက် 'ဏအောသ္လျ ကျွန်း၌ ယောဟန်ကိုပြောသည့်စကားစပ်ကြား၊
ဆက်သွယ်နားလည်ရန် ခက်မည်မဟုတ်ပါ။ ]]မြေကြီးပေါ်မှာနေသောသူ
တည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်
ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသော ကောင်းကင်တမန်
တစ်ပါးက ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်
မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်း
တို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသောအသံ
နှင့်ပြောဆို၍ ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသည်ကို ငါမြင်၏}} (ဗျာ ၁၄း၆၊၇)။

(ဗျာ ၁၄) ၌ ကောင်းကင်တမန် (၃) ပါး၏သတင်းစကားသည်
(မဿဲ ၂၈း၁၉-၂၀) တွင် ဖော်ပြထားသောအမိန့်တော်နှင့်တူမည်ဟု ပြောနိုင်
သည်။ ကမ္ဘာ့သမိုင်း၏နောက်ဆုံးသောနေ့ရက်များကိုနားလည်ရန်၊ ဤအမိန့်
ကိုအသုံးပြုရန်ဖြစ်သည်။

မေးရန်မေးခွန်းမရှိပါ။ ဘုရားသခင်သည် သူ၏အသင်းတော်၊ သူ၏
လူများကို လောကတစ်နိုင်ငံလုံးသို့ ဧဝံဂေလိတရားကိုဖြန့်ဝေရန် ပြောဆို
မိန့်မှာခဲ့သည်။ သခင်ယေရှုကျွန်ုပ်တို့ကို လုပ်ဆောင်ရန်ခေါ်နေသောအရာ
ဖြစ်သည်။ ကျွန်ုပ်တို့၏အမှုတော်ဆောင်လုပ်ငန်းသည် (၁) သခင်ယေရှု၏
ဖြောင့်မတ်ခြင်းအကြောင်းနှင့် သူသည် ကျွန်ုပ်တို့အတွက် မည်သည့်အရာကို
ပြုလုပ်ကြောင်း ဖြန့်ဝေပြောဆိုရန် (ယော ၃း၁၆)၊ (၂) သူသည် ကျွန်ုပ်
တို့အတွက် ယခုဘာလုပ်နေသည်ကိုပြောရန် (ရောမ ၈း၃၄) နှင့်
(၃) အနာဂတ်၌ ကျွန်ုပ်တို့အတွက် ဘာကိုပြုလုပ်ပေးမည်ကိုဖြန့်ဝေရန်
(၁သက် ၄း၁၆)။
'mငျငသည္လ ဆိုသည့်စကားသည် ]]စေလွှတ်ခြင်း (သို့မဟုတ်) အလုပ်
လုပ်ရန်စေလွှတ်ခြင်းဟု ဆိုလိုသည်။ သာဓကအားဖြင့် လူတို့သည် အရာ
တစ်ခုကိုပြုလုပ်ရန်သွားခြင်း။ ထိုကြောင့် ကြီးမြတ်တော်မူသောအမိန့်တော်
သည် လောကသို့ဧဝံဂေလိတရားကို ဖြန့်ဝေရန်ဖြစ်သည်။

ဧဝံဂေလိတရားကို မသိသောသူတို့ကိုဆက်သွယ်သည့် ဘုရားသခင်
၏နည်းလမ်းအဖြစ် အမှုတော်ဆောင်လုပ်ငန်းကို ယခု (၃) လတွင် လေ့လာ
မည်ဖြစ်သည်။
ဝိညာဉ်များကိုကယ်တင်ရန် ဘုရားရှင်၏ကောင်းကင်နိုင်ငံအလုပ်
တစ်စိတ်တစ်ပိုင်းအဖြစ် အမှုတော်ဆောင်လုပ်ငန်းသည် အခြေခံဖြစ်ပြီး
အရေးပါသည်။ သမ္မာကျမ်း၌ပါဝင်သော လူတို့၏အသက်တာ၌ ဘုရားသခင်
၏ထာဝရရည်ရွယ်ချက် ဘယ်ကဲ့သို့ပြည့်စုံသည်ကို ကျွန်ုပ်တို့လေ့လာမည်
ဖြစ်သည်။ သူတို့သည် ပျောက်ဆုံးသောသူတို့ထံသို့ သာသနာပြုများအဖြစ်
စေလွှတ်သောသူများဖြစ်သည်။

နောက်ဆုံး၌ ခရစ်ယာန်အမှုတော်ဆောင်လုပ်ငန်းသည် ဘုရားရှင်
၏အလုပ်ဖြစ်သည်။ ကျွန်ုပ်တို့၏အလုပ်မဟုတ်။ ဘုရားရှင်၏နှလုံးသား
ထဲ၌စတင်သည်။ ဘုရားရှင်၏မေတ္တာတော်အပေါ်အခြေခံသည်။ ထိုနောက်
ဘုရားရှင်၏အလိုတော်ဖြင့် ဆောင်ရွက်ပြုလုပ်၏။

ဘုရားသခင်၏အမှုတော်ဆောင်လုပ်ငန်းကို ပို၍နားလည်သဘော
ပေါက်ရန် ဤ (၃) လအတွက် သင်ခန်းစာများသည် အောက်ဖော်ပြပါ
ကယ်တင်ခြင်းသမိုင်းပုံစံပေါ် အခြေခံသည်။
၁။ ဘုရားသခင်သည် လူတို့ကိုဖန်ဆင်းပြီး လွတ်လပ်စွာရွေးချယ်
ပိုင်ခွင့်ပေးသည်။
၂။ ပထမဦးဆုံး လူယောက်ျm;နှင့်လူမိန်းမသည် နားမထောင်
ခြင်းဖြင့် ၎င်းတို့၏ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ၊
ဧဒင်ဥယျာဉ်မှထွက်ခွာသွားရသည်။
၃။ ဧဒင်ဥယျာဉ်သို့ပြန်လာရန် ဘုရားသခင်သည် အဓမ္မခွန်အား
ကို အသုံးမပြု။
၎။ ထာဝရဘုရားသခင်သည် ၎င်း၏သားတော်ကို သူတို့အစား
၌အသေခံပြီး၊ ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို
ပြန်လည်ယူဆောင်ပေးသည်။
၅။ ဘုရားသခင်၏အမှုတော်ဆောင်လုပ်ငန်းသည် ကယ်တင်ခြင်း
ကိုလူတိုင်းအားကမ်းလှမ်းသည်ကို သိရှိရန်ဖြစ်သည်။
အခြေခံကျဆုံးအဆင့်၌၊ အမှုတော်ဆောင်လုပ်ငန်းသည် သခင်ယေရှု
အကြောင်းကို တစ်လောကလုံးသိရှိရန် ဟောပြောခြင်းဖြစ်သည်။ ယခုနှင့်
ထာဝရကာလ၌ သူသည် ကျွန်ုပ်တို့တစ်ယောက်စီအတွက် ဘာကိုပြုလုပ်
ပေးမည့်ကတိတော်များအကြောင်းလည်းဖြစ်သည်။ အချုပ်အားဖြင့် ဤကတိ
တော်များအကြောင်းတို့ကိုသိသော ကျွန်ုပ်တို့သည် အခြားသောသူတစ်ပါးကို
ဤအကြောင်းအရာများကိုပြောရန် ခေါ်တော်မူခြင်းဖြစ်သည်။

သင်ခန်းစာ (၁)
ထာဝရဘုရားရှင်၏သာသနာပြုစရိုက်
ဇွန်၂၇ - ဇွန်လှိုင် ၃

ဥပုသ်နေ့     ဇွန်-၂၇
ဖတ်ရန်ကျမ်းချက်။ က ၁း၂၆-၂၈။ က ၂း၁၅-၁၇။ ၁ယော ၂း၁၆။
ယော ၃း၁၄၊၁၅။ ၂ကော ၅း၂၁။ မဿဲ ၅း၁၃၊၁၄။

အလွတ်ကျမ်းချက်
]]ကြည့်ရှုလော့၊ ထိုသူကိုဥပဇ္ဈာယ်ဆရာဖြစ်စေခြင်းငှာလည်း
ကောင်း၊ စီရင်အုပ်စိုးသောအရှင်ဖြစ်စေခြင်းငှာ လည်းကောင်း လူအမျိုးမျိုးတို့
အားငါပေးပြီ}} (ဟေရှာ ၅၅း၎)။

ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် ရှုပ်ထွေးလျက်ရှိသည်။ လူသား
များအဖြစ် ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီး၏ရှုပ်ထွေးရခြင်းအကြောင်းဖြစ်
သည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည့်
အလျောက် ကျွန်ုပ်တို့၏သဘာဝသည် ဆိုးသွမ်းခြင်းဖြစ်ခြင်းကြောင့်ဖြစ်
သည်။ ကျွန်ုပ်တို့သည် တိုးတက်နေပြီဟု မိမိကိုယ်ကိုထင်ကြသည်။ သို့သော်
လွန်ခဲ့သည့်ကမ္ဘာ့သမိုင်း နှစ် (၁၀၀) ကိုပြန်ကြည့်သော်၊ အားရဖွယ်မရှိ။
ထိုနောက် အနာဂတ်သည်လည်း မရေမရာဖြစ်၏။ အတိတ်သည် အနာဂတ်
၏ဥပမာဟုဆိုရသော်၊ ကျော်ကြားသည့်အင်္ဂလိပ်လူမျိုး Sir Winston Churchill
ပြောသကဲ့သို့ ]]ချွေး၊ သွေး၊ မျက်ရည်နဲ့အလုပ်ကြမ်း}} ပဲ မျှော်လင့်စရာ
ရှိမည်ဖြစ်၏။

သို့သော် အရာခပ်သိမ်းတို့သည် ဆုံးရှုံးပြီမဟုတ်။ သခင်ယေရှုခရစ်
သည် ကျွန်ုပ်တို့၏အပြစ်အတွက် အသေခံခဲ့ပြီဖြစ်သည်။ သူ၏အသေသတ်
ခံခြင်း၌ ကယ်တင်ခြင်းနှင့်အရာခပ်သိမ်းတို့ အသစ်တစ်ဖန်ပြန်လည်ပြုပြင်သည့်
ကတိတော်ရှိ၏။ ]]ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။
အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွား
ကြပြီ}} (ဗျာ ၂၁း၁)။

ကျွန်ုပ်တို့သည် အကန့်အသတ်မရှိသော စကြ၀ဠာကြီးပေါ်၌ မိမိ
ကိုယ်အတွက်ရုန်းကန်ရန် အထီးကျန်စွန့်ပစ်ခြင်းခံရသည်မဟုတ်။ ဤကဲ့သို့
ကျွန်ုပ်တို့ဘယ်သောအခါမျှ လုပ်နိုင်မည်မဟုတ်။ ဆိုးသွမ်းသောမာရ်နတ်၏
တပ်သည် ကျွန်ုပ်တို့နှင့်ဆန့်ကျင်ကာ အလွန်ခွန်အားကြီးလျက်ရှိ၏။
ထိုကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်အတွက် ဘယ်သောအခါမျှမလုပ်ဆောင်
နိုင်သော ကယ်တင်ခြင်းစီမံကိန်းကို ဘုရားရှင်စီစဉ်ထားခြင်းဖြစ်သည်။

တနင်္ဂနွေ    ဇွန် ၂၈
လူယောက်ျာနှင့်လူမိန်းမကိုဘုရားရှင်ဖန်ဆင်းခြင်း (က၊ ၁း၂၆-၂၈)။

ဘယ်သောအခါမျှ အဆုံးမရှိသည့် လူသားတို့၏မေးခွန်းသည်
ကျွန်ုပ်ဘယ်ကလာသလဲ။ဲ သမ္မာကျမ်း၏ပထမအခန်းကြီး (၂) ခုတွင်၊
ဤအလွန်အရေးပါသောမေးခွန်း၏အဖြေကို ပေးထားသည်ကို တွေ့ရှိနိုင်
သည်။ အကယ်၍ ကျွန်ုပ်တို့ဘယ်ကလာသည်ကိုသိရှိသော်၊ ကျွန်ုပ်တို့သည်
ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ အဘယ်ကြောင့်အသက်ရှင်ကြောင်း၊ ဘယ်ကဲ့သို့
နေထိုင်ပြီး နောက်ဆုံးဘယ်ကိုသွားနေသည်ကိုသိရှိရန် အခွင့်အလားအလာ
ရှိ၏။

ကမ္ဘာဦးကျမ်း (၁) နှင့် (၂) ကိုဖတ်ပါ။ အထူးသဖြင့် (က၊
၁း၂၆-၂၈) ကို အာရုံစိုက်ပါ။ လူကိုဖန်ဆင်းခြင်းနှင့် အခြားအရာခပ်သိမ်း
တို့ကို ဖန်ဆင်းခြင်းတို့စပ်ကြား အလွန်ကြီးသောခြားနားခြင်းများကား
အဘယ်နည်း။ အခြားသောအရာများ၏ဖန်ဆင်းခြင်းမှ ပေါ်လွင်သောလူသား
တို့၏အကြောင်းကား အဘယ်နည်း။

၁။ ယောက်ျနှင့်မိန်းမတို့သည် သက်ရှိသတ္တဝါများ၏နောက်ဆုံး
ဖန်ဆင်းခြင်းဖြစ်သည်။ သူတို့၏ရှေ့၌ လေ့လာရန်နှင့်ပြုစု
စောင့်ရှောက်ရန် ဖန်ဆင်းခြင်းအရာခပ်သိမ်းရှိ၏။

၂။ ယောက်ျနှင့်မိန်းမကို ဘုရားရွင္ဖန္ဆင်းသောနည်းလမ်းသည်
အခြားသတ္တဝါများနှင့်ခြားနားသည်။ လူကိုမဖန္ဆင်းမီ၊ ဘုရားရွင်
၏အမိန့်ကား ]]ဖြစ်စေ}} သာဖြစ်သည်။  ယခကု m;၊ အမနိ Yfသည်
ရွေ့ဆက္ဘယ္ကဲ့သို့ပြုလုပ်ရန်အတြက် ဆြေးနွေးဖို့၊ အစည်းအေဝး
ခေါ်ယူခြင်းဖြစ်၏။ လူကိုဖန္ဆင်းကြစို့...။ ခမည်းတော်၊
သားတော်၊ သန့်ရွင်းသောဝိညာဉ်တော်တည်းဟူသော သုံးပါး
တစ္ဆူဘုရားက စီစဉ်ခြင်းဖြစ်သည်။ လောကတြင် သက်ရွိ
သတ္တဝါမာ်းနှင့်မြေကြီးကို ဖန္ဆင်းခြင်းအေကြာင်း ကမ္ဘာဦးက်မ်း
၏ပထမအခန်းကြီး (၂) ခန်း၌ရွိသည်။ ဖန္ဆင်းခြင်း၏
အေရးကြီးဆုံးအပိုင်းသည် လူဖြစ်ခြင်းမွာ မေးခြန်းထုတ္စရာ
မလိုပါ။

၃။ ယောက်ျm;နှင့်မိန်းမသည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ
ဖန္ဆင်းခဲ့သည်။ ဖန္ဆင်းခြင်းကာလအခိန်၌ ဤအေကြာင်း
ကို ဘယ္ကဲ့သို့မျှပြောဆိုခြင်းမရွိ။ ဘုရားသခင်၏ပုံသဏ္ဌာန်
နှင့်အညီဖန္ဆင်းသည္မွာ ဘယ္ကဲ့သို့အဓိပ္ပါယ်ရွိသည္ကို
က်မ်းပိုဒ္ကဖြင့်ဆိုခြင်းမရွိပါ။ သို့သော်၊ လူသားတို့သည် ၎င်းတို့
၏ဖန္ဆင်းရွင်၏စရိုက်နှင့် တစ္နည်းအားဖြင့်တူရမည်ဟု
ဆိုလိုခြင်းဖြစ်၏။ လူသားတို့သည် အျခားသက်ရွိသတ္တဝါမာ်း
မသိရွိနိုင်သည့် အမွားနှင့်အမွန္စပ်ကြား ခြားနားမှုကိုသိသည့်
အရည်အခ်င်းရွိသည်။ (လိပ်ပြာတို့သည် လွပမည်ဖြစ်၏။
သို့သော် ၎င်းတို့သည် အမွားနှင့်အမွန်မေးခြန်းကို ရုန်းကန်
သိရွိရန္မလို။) ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန္ဆင်း
သည်ဟုဆိုရာ၌၊ လူသားမာ်းသည် ဘုရားရွင်၏သန့်ရွင်းသော
စရိုက္ကို တစ္နည်းနည်းဖြင့် ဖော်ပြရန်ဖြစ်သည်။

၎။ ယောက်ျm;နှင့်မိန်းမသည် လောက၌ဘုရားရွင်အား ကိုယ္စားပြု
ရန်အာဏာရွိပြီး သက်ရွိသတ္တဝါမာ်းကိုအုပ္စိုးရန်ဖြစ်သည်။
ဤအလုပ်သည် တာဝန်ရွိရန္လိုအပ်သည်။

သမ္မာကျမ်း၏ပထမအခန်းကြီးတွင် လူသားကိုမိတ်ဆက်ဖော်ပြရာ
၌၊ တစ်ဦးတည်းနေရန်အဖြစ် ဖန်ဆင်းခြင်းမဟုတ်။ ဘုရားသခင်နှင့်ဆက်ဆံ
နေထိုင်ရန်ဖြစ်သည်။ ဤအချက်သည် သူမပါလျှင် ကျွန်ုပ်တို့သည် မစုံလင်
ကြောင်းနှင့် ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်သည် အဘယ်မျှအရေးကြီး
သည်ကို ဘယ်ကဲ့သို့ပြောသနည်း။ တမန်တော် ၁၇း ၂၈ ကိုလည်းဖတ်ပါ။

တနင်္လာ ဇွန် ၂၉
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် (က၊ ၂း၁၅-၁၇)။

ဖန်ဆင်းခြင်းအရာနှင့်တကွ ဘုရားရှင်၏သတိပေးချက်ကား၊
]]ကောင်းမကောင်းကိုသိကျွမ်းရာအပင်}} ၏အသီးကို မစားရန်သတိပေးခဲ့
သည် (က၊ ၂း၉)။ ထိုကြောင့် အစအဦးကပင် ဘုရားရှင်သည် လူသား
တို့ကို အကောင်းနှင့်အဆိုးစပ်ကြား လွတ်လပ်စွာရွေးချယ်ရန် ပေးထားသည်
ဟု ကျွန်ုပ်တို့နားလည်၏။ မည်သည့်သက်ရှိသတ္တဝါမျှ ဤဆုကျေးဇူးကို
မရရှိ။ ဖြောင့်မတ်သည့်စီရင်မှုကို ပြုလုပ်နိုင်စွမ်းရှိခြင်းသည် ဘုရားရှင်၏
ပုံသဏ္ဌာန်နှင့်အညီ ဖော်ပြသောနည်းလမ်းတစ်ခုဖြစ်သည်။
လူသားများ၌၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆုကျေးဇူးသည် အဘယ်မျှ
အစစ်အမှန်ဖြစ်သည်ကို (က၊ ၂း၁၅-၁၇) ကပြောသနည်း။

ဘုရားသခင်သည် မိမိ၏အလိုဆန္ဒကို အလိုအလျောက်လိုက်နာ
သောလူသားတို့ကို ဖန်ဆင်းနိုင်မည်ဖြစ်၏။ အလင်း၊ နေ၊ လ၊ ကြယ်နက္ခတ်
များနှင့် အခြားဖန်ဆင်းခြင်းခံအရာတို့သည် ဤနည်းဖြင့်ဖန်ဆင်းခဲ့၏။
၎င်းတို့သည် ရွေးချယ်ခြင်းမပြုလုပ်ရဘဲ ဘုရားသခင်ကိုနာခံကြသည်။ သဘာဝ
တရား၏ဥပဒေသများသည် ၎င်းတို့၏လှုပ်ရှားမှုတို့ကို လမ်းညွှန်ပြသခြင်းဖြင့်
ဘုရားရှင်၏အလိုတော်ကို အလိုအလျောက်ပြည့်စုံစေသည်။
သို့သော် ယောက်ျm;နှင့်မိန်းမတို့ကို ဖန်ဆင်းခြင်းသည် အထူးဖြစ်
သည်။ ဘုရားသခင်သည် မိမိကိုယ်အတွက် ၎င်းတို့ကိုဖန်ဆင်းခဲ့သည်။

ဘုရားသခင်သည် သူတို့ကိုလွတ်လပ်စွာရွေးချယ်ကြရန် အလိုရှိသည်။
မည်သို့မျှတိုက်တွန်းခြင်းမခံရဘဲ၊ ဘုရားရှင်အား မိမိတို့ဝတ်ပြုကိုးကွယ်ရန်
လွတ်လပ်စွာရွေးချယ်ဖို့ ဘုရားသခင်အလိုရှိသည်။ ထိုသို့မဟုတ်သော်
သူတို့သည် သူ့ကိုချစ်နိုင်မည်မဟုတ်။ စစ်မှန်သည့်အချစ်ဖြစ်ရန် လွတ်လပ်
စွာပေးရမည်ဖြစ်၏။

ဘုရားရှင်ထံမှလာသောကြောင့် လူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်
ခွင့်သည် ဘုရားသခင်အလေးထားပြီး ကာကွယ်ပေးသည်။ ကျွန်ုပ်တို့သည်
မှားယွင်းစွာရွေးချယ်နိုင်သည်။ မှားယွင်းစွာရွေးချယ်ခြင်း၏ရလဒ်ကား၊
တစ်ခါတစ်ရံ အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် နားထောင်ရန်
အတွက် အင်အားသုံးခြင်းသည် ဘုရားသခင်၏စရိုက်နှင့်ဆန့်ကျင်သည်။
လူသားတို့၏လွတ်လပ်စွာရွေးချယ်ရန်စည်းမျဉ်းသည် စဉ်းစားရန်
အရေးကြီးသော သဘောတရား (၃) ခုရှိသည်။

၁။ အနန္တတန်ခိုးရှင်ဘုရားသည် ကျွန်ုပ်တို့တစ်ဦးချင်း၏အလိုဆန္ဒ
နှင့်ရွေးချယ်မှုကို ထိန်းချုပ်ထားခြင်းမပြု။
၂။ လူတို့သည် မိမိတို့၏အပြုအမူများအတွက် တာဝန်ယူရမည်
ဖြစ်၏။
၃။ လွတ်လပ်သည့်သဘောဆိုသည်မှာ အထူးသဖြင့် အမှားနှင့်
အမှန်စပ်ကြား ကျွန်ုပ်တို့၏ရွေးချယ်ရာ၌ ကျွန်ုပ်တို့၏အပြုအမူ
များအတွက် ရွေးချယ်ခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
လာမည့်နေ့ရက်နာရီအနည်းငယ်တွင်း၌ သင်လွတ်လပ်စွာရွေးချယ်
ရမည့် အချို့သောအရာများကား အဘယ်နည်း။ ဤသန့်ရှင်းသောဆုကျေးဇူး
ကို ဘယ်ကဲ့သို့သောနည်းလမ်းဖြင့် မှန်ကန်စွာအသုံးပြုနေသည်ကို သင်သေချာ
အောင်ပြုလုပ်မည်နည်း။ မှားယွင်းစွာအသုံးပြုခြင်း၏ရလဒ်အကြောင်းကို
စဉ်းစားပါ။

အင်္ဂါ ဇွန် ၃၀
ကျရှုံးခြင်း (က၊ ၃း၆၊၇)။

သစ်သီးတစ်လုံးကို အနည်းငယ်စားခြင်းအမှု၌ အပြစ်ရှိသည်မဟုတ်။
သို့သော် နောက်ပိုင်း၌ မည်ကဲ့သို့ဖြစ်မည်ကို ကျွန်ုပ်တို့သေချာစွာစဉ်းစားရန်
ဖြစ်သည်။ အာဒံနှင့်ဧ၀သည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဖြင့် ဖန်ဆင်းခြင်း
ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်
နှင့်အညီ ဖန်ဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤအရာသည် လွတ်လပ်မှုနှင့်
ဘုရားသခင်၏အလိုတော်ကို နားထောင်ရန်လည်း တာဝန်ရှိသည်။ သူတို့
သည် အခြားစားစရာမရှိသည့်အတွက် ထိုအသီးကိုစားရသည်မဟုတ်၊ ၎င်းတို့
ရွေးချယ်မှုဖြင့် စားခြင်းဖြစ်သည်။ ဘုရားရှင်၏ရှင်းလင်းသောအမိန့်ကို
တော်လှန်ပုန်ကန်ရန် အာဒံနှင့်ဧ၀တို့၏လွတ်လပ်စွာရွေးချယ်မှု၏လုပ်ရပ်
ဖြစ်သည်။

ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ဘုရားသခင်၏နောက်တော်သို့
လိုက်မလိုက် ရွေးချယ်ရမည်ဖြစ်၏။ ထိုနောက် ကျွန်ုပ်တို့သည် ဘုရားသခင်
၏နှုတ်ကပတ်တော် (သမ္မာကျမ်း) ကိုလိုက်နာရန် (သို့မဟုတ်) ဆန့်ကျင်
ပုန်ကန်ရန် ဆုံးဖြတ်ရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို
နားထောင်ရန် ဘုရားရှင်သည် ဘယ်သူကိုမျှအတင်းမပြုလုပ်ပါ။ သူ့ကို
နားထောင်ရန် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ ဖိအားပေးပြီးမပြုလုပ်။ သူ့ကို
ချစ်ရန် ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ ဖိအားမပေးနိုင်ပါ။ ကျွန်ုပ်တို့
တစ်ဦးစီ မည်သည့်လမ်းကိုရွေးချယ်ရမည်ကို ဘုရားရှင်လွတ်လပ်စွာခွင့်ပြု
သည်။ သို့သော် နောက်ဆုံး၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ရွေးချယ်မှု၏
ရလဒ်ဖြင့် နေထိုင်သွားရန် အသင့်ရှိရမည်ဖြစ်သည်။
အသီးကိုစားသုံးခြင်းဖြင့် အာဒံနှင့်ဧ၀သည် ဘုရားသခင်ကို စုံလင်
သောဘုရားမဟုတ်ကြောင်း ]]ပြော}} လိုက်ခြင်းဖြစ်သည်။ ဘုရားရှင်၏
အုပ်စိုးမှုကို စိန်ခေါ်ခြင်းဖြစ်သည်။ အာဒံနှင့်ဧ၀သည် ဘုရားသခင်၏အမိန့်ကို
ဖီဆန်သူများဖြစ်လာ၏။ ၎င်းတို့လုပ်ဆောင်မှုရလဒ်ကား၊ လူသားတို့အား
သေခြင်းနှင့်အပြစ်ကို ယူဆောင်လာခြင်းဖြစ်၏။

အာဒံနှင့်ဧ၀သည် ဧဒင်ဥယျာဉ်ကို စွန့်ခွာထွက်သွားရသည် (က၊
၃း၂၃၊၂၄)။ လိုအပ်သည့်ကရုဏာပြစ်ဒဏ်ခတ်ခြင်းဖြစ်၏။ ဘုရားသခင်သည်
ပုန်ကန်ထကြွသောလူသားတို့ကို အသက်ပင်အသီးကိုစားပိုင်ခွင့်မပေး။ သူသည်
ချစ်ခင်ယုယစွာဖြင့် အာဒံနှင့်ဧ၀ကို ထာဝရအပြစ်တွင်းထဲ၌ မနေရလေအောင်
အသက်ပင်၏အသီးမှ ၎င်းတို့ကိုခွဲထားလိုက်သည်။ ထိုနောက် အာဒံနှင့်
ဧ၀ကို လှပသောဥယျာဉ်မှနှင်ထုတ်လိုက်ပြီး၊ အပြင်ဘက်မြေ၌ အလုပ်လုပ်
နေထိုင်ရန် ဘုရားရှင်လွှတ်လိုက်သည်။ (ငယ် ၂၃၊၂၄)။

ယနေ့လေ့လာချက်ကို ၁ယော ၂း၁၆ နှင့် နှိုင်းယှဉ်ပါ။ ကျရှုံးခြင်း
၌ တွေ့ရှိရသောအကြောင်းတို့ကို ဤကျမ်းပိုဒ်၌ အပြစ်သားများကို ဘယ်ကဲ့သို့
သတိပေးသနည်း။ ကျွန်ုပ်တို့၏အသက်တာ၌ ဤသွေးဆောင်ခြင်းမျိုးကို
ဘယ်ကဲ့သို့သောနည်းဖြင့် ကိုင်တွယ်ရမည်နည်း။

ဗုဒ္ဓဟူး ဇူလိုင် ၁
ကျွန်ုပ်တို့ကိုကယ်တင်ရန်ဘုရားသခင်၏ရဲရင့်သောလုပ်ရပ် (ယော
၃း၁၄၊၁၅)။

ကျွန်ုပ်တို့မိဦးဖဦးကျရှုံးလေပြီးနောက် သူတို့သည် ဘုရားသခင်ကို
လိုက်လံရှာဖွေသည်မဟုတ်ဘဲ၊ ဘုရားရှင်ကသာ ၎င်းတို့ထံလာရောက်ရှာဖွေ
ခြင်းဖြစ်ကြောင်း သမ္မာကျမ်းကဖော်ပြထားသည်။ သူတို့သည် ဘုရားသခင်
ရှေ့တော်မှ ပုန်းအောင်းလျက်နေသည်။ ကျရှုံးလေပြီးသော လူသားများ
အတွက် အဘယ်မျှကောင်းသည့်သင်ခန်းစာပါတကား။ ကျွန်ုပ်တို့ကိုကယ်တင်
ရန် တတ်နိုင်သောသူတစ်ဦးတည်း ကျွန်ုပ်တို့ကိုလာရောက်ရှာဖွေရာမှ
ကျွန်ုပ်တို့ထွက်ပြေးခဲ့သည်။ ဧဒင်ဥယျာဉ်၌ အာဒံနှင့်ဧ၀သည် ဘုရားသခင်
ထံမှထွက်ပြေးခဲ့သည်။ ယနေ့လူတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏
ဦးဆောင်မှုကင်းမဲ့သော်၊ ထိုနည်းတူပြုလုပ်မည်ဖြစ်၏။

ကျေးဇူးတော်ကြောင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏မိဦးဖဦးတို့ကို
ဘေးဖယ်ထားခြင်းမပြု။ ကျွန်ုပ်တို့ကိုလည်း စွန့်ပစ်မည်မဟုတ်ပါ။ ဧဒင်
ဥယျာဉ်၌ အာဒံနှင့်ဧ၀ကို ]]သင်သည် အဘယ်မှာရှိသနည်း}} (က၊ ၃း၉)
ဟု ဘုရားသခင်ခေါ်သည်မှ ယခုတိုင်သူသည် ကျွန်ုပ်တို့ကိုခေါ်လျက်ရှိဆဲ
ပင်ဖြစ်၏။
]]ထာဝရဘုရားရှင်ပေးတော်မူသော ပြိုင်ဘက်ကင်းမဲ့သည့် သားတော်
၌၊ လေသည်ကမ္ဘာကိုအမှန်တကယ်ဖုံးအုပ်ထားသကဲ့သို့ ဘုရားရှင်၏ကရုဏာ
ကျေးဇူးသည်လည်း ကမ္ဘာကိုဖုံးအုပ်လျက်ရှိသည်။ ဤအသက်ပေးသည့် လေကို
ရှူရိုက်ရန် ရွေးချယ်သောယောက်ျm;၊ မိန်းမအားလုံးသည် ခရစ်တော်၌
စုံလင်စွာကြီးထွားသက်ရှင်နေထိုင်မည်ဖြစ်၏။}} E. G. White, Steps to Christ,
p. 68 မှကောက်နုတ်သည်။

ဘုရားသခင်၏အကြီးမားဆုံးသော သာသနာပြုလုပ်ငန်း၏ဥပမာ
သည် လူသားအဖြစ်နှင့် ၎င်း၏အမှုတော်လုပ်ငန်းဆောင်ရွက်ရန် ခရစ်တော်
ဤလောကသို့လာရောက်ခြင်း၌ နားလည်နိုင်မည်ဖြစ်သည်။ များစွာသော
လုပ်ငန်းဆောင်တာများကိုလုပ်ဆောင်ရန် ဤလောကသို့ ခရစ်တော်ကြွရောက်
လာခြင်းဖြစ်သည်။ စာတန်ကိုဖျက်ဆီးပစ်ရန် ခမည်းတော်၏စစ်မှန်သန့်ရှင်း
သောစရိုက်ကိုဖော်ပြရန် စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်စွဲချက်တင်
ထားသောအရာတို့သည် မှားယွင်းကြောင်းနှင့် ဘုရားသခင်၏ပညတ်တရား
ကိုစောင့်ရှောက်နိုင်ကြောင်း သက်သေပြရန်လာရောက်ခြင်းဖြစ်သည်။ သို့သော်
အရေးကြီးဆုံးအချက်သည် လူသားများအတွက် ကပ်တိုင်၌အသေခံခြင်း
ဖြစ်၏။ သူ၏ဆက်ကပ်ခြင်းသည် အပြစ်၏ရလဒ်ဖြစ်သည့် ထာဝရသေခြင်း
မှကယ်တင်ခြင်းရရှိရန်ပေးသည်။
သခင်ယေရှု၏အသေသတ်ခံခြင်းအကြောင်း အောက်ဖော်ပြပါ
ကျမ်းပိုဒ်များက ဘယ်ကဲ့သို့သွန်သင်သနည်း။ ယော ၃း၁၄၊၁၅။ ဟေရှာယ
၅၃း၎-၆။ ၂ကော ၅း၂၁။

]]ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်
အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူ
အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း}}
(၂ကော ၅း၂၁)။ ဤသဘောတရားသည် ]]ကြီးစွာသောလဲလှယ်ခြင်း}}
ဟု ခေါ်ဆိုခဲ့သည်။}} သခင်ယေရှုသည် ထာဝရဘုရားရှင်နှင့်သင့်မြတ်သကဲ့သို့
ကျွန်ုပ်တို့အပြစ်သားများသည်လည်း ထိုနည်းတူ ဘုရားသခင်နှင့်သင့်မြတ်
စေရန် အပြစ်သားအဖြစ် သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်နှင့်ဝေဒနာ
ကို ယူတင်လိုက်သည်။

ကြာသပတေး ဇူလိုင် ၂
သာသနာပြုလုပ်ငန်း၏သာဓကများ (မဿဲ ၅း၁၃၊၁၄)။

ပျောက်ဆုံးနေသောလူသားများကိုကယ်တင်ရန် သာသနာအလုပ်
သည် ဘုရားသခင်၏ကိုယ်ပိုင်ဆန္ဒဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်း
အလုပ်သည် ကျွန်ုပ်တို့တစ်ယောက်စီကို ချစ်တော်မူခြင်းဖြင့်ဖြစ်သည်။
ဤထက်လေးနက်သောအကြောင်းမရှိ။ လောကတစ်ခုလုံးအတွက် ကယ်တင်
ခြင်းယူဆောင်လာရန် ထာဝရဘုရားသည် ခရစ်တော်ကိုစေလွှတ်လိုက်သည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းတစ်ခုတည်း၌ သခင်ယေရှု၏လုပ်ငန်းကို အကြိမ်
(၄၀) ကျော် ကြေညာဖော်ပြထားသည်။ (ဥပမာ၊ ယော ၃း၁၇။ ယော
၁၂း၄၇)။ လောကကိုကယ်တင်ရန် အဖခမည်းတော်သည် ခရစ်တော်ကို
စေလွှတ်ခဲ့သည်။ ထိုနောက် ခရစ်တော်သည် ဤသို့သောစကားဖြင့် ၎င်း၏
တပည့်များကို တစ်ဖန်စေလွှတ်လိုက်သည်။ ]]ခမည်းတော်သည် ငါ့ကိုစေလွှတ်
တော်မူသည်နည်းတူ၊ သင်တို့ကိုငါစေလွှတ်သည်ဟု မိန့်တော်မူပြီး}} (ယော
၂ဝး၂၁)။
(မဿဲ ၅း၁၃၊၁၄) ကိုဖတ်ပါ။ ဤကျမ်းပိုဒ်များ၌ အမှုတော်ကို
ပုံဆောင်ပြီး တင်စားရေးထားသောအရာ (၂) ခုကား အဘယ်နည်း။ ကျွန်ုပ်
တို့ကို ဘယ်ကဲ့သို့သွန်သင်သနည်း။

ဆားနှင့်အလင်းသည် လူသားများအပေါ် ခရစ်ယာန်တို့ဘယ်ကဲ့သို့
ဩဇာသက်ရောက်သည်ကို ကျွန်ုပ်တို့အားသွန်သင်ပြသသည်။ ဆားသည်
ရောနှောသောအရာများနှင့် ပေါင်းစပ်ပါဝင်လုပ်ဆောင်သည်။ သို့သော်
အလင်းသည် ၎င်းလက်လှမ်းမီသည်အထိ အလင်းရောင်ခြည်ကိုပေးသည်။
မဿဲ ၅း၁၃ တွင်ဖော်ပြသည့် ]]လောက}} သည် အစားအစာဖြစ်ရန်
ဆားကိုရောနှောသကဲ့သို့ ခရစ်ယာန်များရောနှောရန် ယောက်ျm;၊ မိန်းမများ
ဖြစ်သည်။ သို့သော် ]]လောက၏အလင်း}} ဟုဆိုသည့် စကားရပ်သည်
အမှောင်လောက၌ သက်ရှင်နေထိုင်သောသူများရှိသည်ဟု ဆိုလိုခြင်းဖြစ်
သည်။ သူတို့သည် ဧဝံဂေလိအလင်းတရားကို လက်ခံရရှိရန်လိုအပ်သည်။
ဣသရေလအမျိုးတို့သည် ဘုရားသခင်ပေးထားသော ကျန်းမာရေး
စည်းမျဉ်းများကို လိုက်လျှောက်ကာ သန့်ရှင်းသောအသက်တာနှင့်နေထိုင်
ရန် တိုက်တွန်းအားပေးခဲ့သည်။ သူတို့သည် ]]တစ်ပါးအမျိုးသားများတို့
လင်းစရာဖို့}} ခန့်ထားခြင်းခံရသည်။ (ဟေရှာယ ၄၉း၆)။ ကောင်းသော
ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ဘုရားရှင်၏ဥပုသ်နှင့် အခြားပညတ်တရား
များအပေါ်သစ္စာရှိသော ၎င်းတို့၏အသက်တာသည် ပတ်ဝန်းကျင်ရှိလူမျိုး
တို့ကို ဘုရားသခင်သည် တန်ခိုးကြီးသောဖန်ဆင်းရှင်နှင့်ကယ်တင်ရှင်ဖြစ်
ကြောင်းကို သွန်သင်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူမျိုးတကာတို့သည်
ဂျူးလူမျိုးတို့၏အောင်မြင်သော နေထိုင်သွားလာမှုအသက်တာကို လေ့လာ
ခြင်းဖြင့် ဘုရားရှင်အကြောင်း ပိုမိုသိရှိသင်ကြားလိုမည်ဖြစ်၏။

ခရစ်တော်လာရောက်စဉ်ကာလ၌ သူ၏နောက်လိုက်တပည့်များသည်
ဆားကဲ့သို့ဖြစ်ရမည်ကိုလည်း ပြောခဲ့သည်။ လောကအပေါ် ၎င်းတို့၏
ဩဇာသက်ရောက်မှုဖြင့် ခရစ်ယာန်များသည် လောကကိုအပြစ်မှလှည့်ထွက်
ရန် ကူညီရမည်။ ခရစ်ယာန်တို့၏ဩဇာသက်ရောက်မှုကြောင့် မယုံကြည်
သောသူများသည် ဆိုးသွမ်းသောအမှုများကိုမပြုလုပ်မိရန် မကြာခဏကူညီ
ခဲ့သည်။ ခရစ်ယာန်များသည် ၎င်းတို့စင်ကြယ်သောအပြုအမူများဖြင့်
လောကကိုကောင်းသည့်ဩဇာကို သက်ရောက်စေသည်သာမကဘဲ ခရစ်ယာန်
တို့၏ကယ်တင်ခြင်းသတင်းစကားကိုဝေငှရန် လူများတို့နှင့်ရောနှောလျက်
ရှိ၏။

သင်နှင့်သင်၏အသင်းတော်သည် ပတ်ဝန်းကျင်လောကကို
အဘယ်မျှကောင်းသော သက်သေခံများဖြစ်ကြသနည်း။ သင်၏အလင်းရောင်
သည် မှေးမှိန်လျက်ရှိနေပြီလော။ ဆားသည်လည်း အငန်ပျောက်နေပြီလော။
ဤကဲ့သို့ဖြစ်သည်ရှိသော်၊ ဘုရားသခင်နှင့်သင့်မြတ်စေရန် သူ့ထံသို့ပြန်လည်
လှည့်ရန် ရွေးချယ်မှုဖြင့် စတင်ပြုလုပ်ဖို့ စိတ်တွင်ထားရှိရန် အဘယ်ကြောင့်
အလွန်အရေးကြီးသနည်း။

သောကြာ ဇူလိုင် ၃
ထပ်ဆင့်လေ့လာရန်။

ထာဝရဘုရားသခင်၏သာသနာပြုစရိုက်အကြောင်း ကျွန်ုပ်တို့
တစ်စိတ်တစ်ပိုင်းလေ့လာပြီးဖြစ်သည်။ သာသနာပြုလုပ်ငန်းသည် သုံးပါး
တစ်ဆူဘုရားရှင်၏အလုပ်ဖြစ်သည်။ သာသနာပြုလုပ်ငန်းသည် အများအား
ဖြင့် သခင်ယေရှုခရစ်နှင့်သက်ဆိုင်သည်။ လောက၌လူသားအဖြစ် နေထိုင်
ခဲ့ခြင်းသည် ခရစ်ယာန်တို့၏ယုံကြည်ခြင်းနှင့် သာသနာလုပ်ငန်းအတွက်
အရေးကြီးသည်။ ခရစ်တော်၏အသက်တာနှင့် ၎င်း၏အသေသတ်ခံခြင်းသည်
ခရစ်တော်သည် လူသားအားလုံးကို ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးလိုက်
သည်။ သူ၏နောက်လိုက်များအဖြစ်လည်းကောင်း၊ သူ၏သာသနာပြုများ
အဖြစ်ဖြင့်လည်းကောင်း ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုလုပ်ပေးခဲ့သည့်
ကောင်းသောသတင်းကို လူအများသိရှိရန် ကျွန်ုပ်တို့ပြုလုပ်ရမည်ဖြစ်သည်။

]]လောက၌ ခရစ်တော်၏အသင်းတော်သည် သာသနာပြုရန်ရည်ရွယ်
ချက်ဖြင့် တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုနောက် ဘုရားရှင်၏
ဆန္ဒသည် အမြတ်အယုတ်၊ အမြင့်အနိမ့်၊ သူဌေးသူဆင်းရဲအားလုံးတို့အား
ဖြောင့်မတ်ခြင်းသတင်းစကားကိုကြားနာရန်၊ အသင်းတော်တစ်ခုလုံးဖွံ့ဖြိုးလာ
ရန်ဖြစ်သည်။ နိုင်ငံရပ်ခြားသို့ အမှုတော်ဆောင်ရွက်ရန် လူအားလုံးကို
ခေါ်တော်မူသည်မဟုတ်။ သို့သော် လူတိုင်း ၎င်းတို့၏ဆုတောင်းခြင်း၊
၎င်းတို့၏လက်ခံရရှိသည့် ဆုကျေးဇူးတော်ဖြင့် သာသနာပြုလုပ်ငန်းကိုကူညီ
ရန် အတိုင်းအတာတစ်ခုဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်၏။ E. G. White,
Testimonies for the Church, vol. 6, p. 29 မှ ကောက်နုတ်သည်။

--

No comments:

Post a Comment