Saturday, April 25, 2015

Lesson 5. ဥပုသ်နေ့၏သခင်၊ ယေရှု -Pr. Kalu Hser-2Q-2015

သင်ခန်းစာ ၅။ ဥပုသ်၏သခင်၊ ယေရှု (Text)

အလွတ်ကျမ်းချက်
"ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။
လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။"
 (မာကု ၂း၂၇၊၂၈)။


ရှင်လုကာသည် ဂျူးလူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားများ
အတွက် အများအားဖြင့် သူ၏ခရစ်ဝင်ကျမ်းကိုရေးခဲ့သည်။ သို့သော်၊ သူသည်
ဥပုသ်နေ့အကြောင်း မကြာခဏပြောဆိုသည်ကို တွေ့မြင်ရန်အရေးကြီးသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဥပုသ်အကြောင်း (၁၇) ကြိမ်နှင့် တမန်တော်
ဝတ္ထုတွင် (၉) ကြိမ်ဖော်ပြထားသည်ကို တွေ့ရ၏။ ဥပုသ်နေ့အကြောင်း
ခရစ်ဝင်ကျမ်း (၄) ကျမ်းနှင့် တမန်တော်ဝတ္ထုတွင် အကြိမ်ပေါင်း (၅၄)
ကြိမ် ဖော်ပြသည်ကိုတွေ့ရ၏။ မဿဲတွင် ၉၊ မာကုတွင် ၁၀၊ ယောဟန်
တွင် ၉ အသီးသီးဖော်ပြထားသည်ကို တွေ့ရ၏။ ယုံကြည်သူတစ်ပါး
အမျိုးသားတစ်ဦးအနေဖြင့်၊ ရှင်လုကာသည် သတ္တမနေ့ဥပုသ်သည် ဂျူးနှင့်
တစ်ပါးအမျိုးသားတို့အတွက်ဖြစ်သည်ကို သူယုံကြည်သည်။ ခရစ်တော်
ပထမအကြိမ်ကြွလာတော်မူခြင်းသည် ဥပုသ်စောင့်ခြင်း၌ ကွဲပြားခြားနား
ခြင်းမရှိ။

"]လောက၌အမှုတော်ထမ်းဆောင်စဉ်ကာလ၊ ခရစ်တော်သည် ဥပုသ်
နေ့ကိုရိုသေစွာပြု၏။ သူ၏သွန်သင်သမျှအရာခပ်သိမ်းတို့၌၊ သူကိုယ်တိုင်
ပေးခဲ့သည့်ဥပုသ်နေ့ကို လေးနက်စွာလေးစားသမှုပြုသည်ကို တွေ့ရ၏။
ခရစ်တော်သက်တော်ထင်ရှားစဉ်ချိန်၌ ဥပုသ်နေ့သည် အကွေ့အကောက်
အလိမ်အကျစ်အလွန်များသဖြင့် ဥပုသ်စောင့်ခြင်းသည် ဘုရားရှင်၏စရိုက်
ကိုပြမည့်အစား လူတို့၏တစ်ကိုယ်ကောင်းဆန်မှုကိုသာပြသည်။ ခရစ်တော်
ကို မှားယွင်းသောပုရောဖက်ဟု ကြိုးစားလုပ်ဆောင်ပြောဆိုသော ဘာသာရေး
ခေါင်းဆောင်တို့၏မှားယွင်းသောသွန်သင်ချက်တို့ကို ခရစ်တော်သည် ပြန်လည်
မှန်ကန်အောင် ပြုပြင်ပေးသည်။" E. G. White, Prophets and Kings, p. 183.

ယခုအပတ်သင်ခန်းစာသည် သခင်ယေရှုခရစ်သည် ဥပုသ်နေ့၏
သခင်အဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့လိုက်လျှောက်ရန် သူဘယ်ကဲ့သို့
စောင့်ရှောက်သည်ကိုလည်းကောင်း၊ လေ့လာမည်ဖြစ်သည်။ ရက်သတ္တတစ်ပတ်
၏ပထမနေ့ရက် (တနင်္ဂနွေနေ့) သည် ဥပုသ်နေ့အဖြစ် ဓမ္မသစ်ကျမ်း၌
သော်လည်းကောင်း၊ ခရစ်တော်ထံမှသော်လည်းကောင်း ထောက်ခံချက်
မရှိပါ။

တနင်္ဂနွေ ဧပြီ ၂၆
ထုံးစံတော်ရှိသည်အတိုင်း (လုကာ ၄း၁၆-၃၀။ ဟေရှာ ၆၁း၁၊၂)။


"ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာ
ကိုဖတ်ရွတ်ခြင်းငှာ ထတော်မူ၏" (လုကာ ၄း၁၆)။ ကောင်းသည့် Adventist
ကျမ်းပိုဒ်ဖြစ်သည်။ သခင်ယေရှုသည် ဥပုသ်နေ့ကိုစောင့်သည့်ထုံးစံကို၊
ကျမ်းစာသင်ရာ၌လည်းကောင်း၊ ဓမ္မတရားဟောပြောပွဲများ၌လည်းကောင်း
ပြသရန်အသုံးပြုသည့်ကျမ်းပိုဒ်ဖြစ်သည်။

တရားဇရပ်သည် ဂျူးလူမျိုးတို့၏ဘာသာရေးအသက်တာ၌ အရေးကြီး
သည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ ဗိမာန်တော်ပျက်စီးပြီး ဂျူးလူမျိုးတို့
ဗာဗုလုန်နိုင်ငံ၌ ကျွန်သပေါက်အဖြစ်ရှိနေစဉ်အချိန်၌ တရားဇရပ်သည်
အရေးပါလာသည်။ လူငယ်များစာသင်ရန်အတွက်လည်ကောင်း၊ ဝတ်ပြု
ကိုးကွယ်ရန်အတွက်လည်းကောင်း တရားဇရပ်များကို ဆောက်လုပ်ထား
သည်။ ဂျူးအိမ်ထောင်စုဆယ်စုရှိသော်၊ တရားဇရပ်တစ်ခုဆောက်လုပ်နိုင်
သည်။ နာဇရက်မြို့၌ သခင်ယေရှုသည် ကြီးပြင်းလာခဲ့သည်ဖြစ်ရာ၊ ဥပုသ်
နေ့တိုင်းတရားဇရပ်သို့သွားရန် "ထုံးစံ" အတိုင်း လိုက်လျှောက်ခဲ့သည်။
ယခုသူသည် ပထမအကြိမ် သူ၏မြို့သို့ခရီးရောက်စဉ်ချိန်၌၊ ဥပုသ်နေ့၌
သူသည် တရားဇရပ်၌ရှိနေသည်ကိုတွေ့ရ၏။

(မာကု ၁း၂၁။ မာကု ၆း၂။ လုကာ ၄း၁၆-၃၀။ လုကာ ၆း၆-
၁၁။ လုကာ ၁၃း၁၀-၁၆ နှင့် လုကာ ၁၄း၁-၅) ကိုဖတ်ပါ။ ဤကျမ်းပိုဒ်
များသည် ခရစ်တော်နှင့်ဥပုသ်အကြောင်း ဘယ်ကဲ့သို့ကျွန်ုပ်တို့အား သွန်သင်
ပြသသနည်း။ သင်ဖတ်နေစဉ် သင့်ကိုယ်ကိုပြန်မေးပါ။ သခင်ယေရှုသည်
ဥပုသ်စောင့်ခြင်း၏တာဝန်များကို ဖယ်ရှားသည်။ ဥပမာများတွေ့ရှိရပါသလား၊
(သို့မဟုတ်) အခြားသောနေ့ရက်ဖြင့် အစားထိုးသည်ကိုတွေ့ရှိပါသလား။
"ထုံးစံတော်ရှိသည်အတိုင်း......" (လုကာ ၄း၁၆)။ လုကာသာလျှင်
ဤစကားရပ်ကိုအသုံးပြုသည်။ လုကာ ၄း၁၆ ၌ သခင်ယေရှုသည် နာဇရက်
မြို့ရှိ တရားဇရပ်သို့တက်ရောက်သည်ကို တွေ့ရ၏။ (လုကာ ၂၂း၃၉)
တွင် ကပ်တိုင်သည် နီးကပ်ပြီဖြစ်၍ သခင်ယေရှုသည်.......အလေ့တော်
ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ ကြွတော်မူ၍....." နှစ်ကြိမ်စလုံး၌၊
"အလေ့၊ ထုံးစံ" ဆိုသည်မှာ၊ ဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်းကို ဆိုလို
ခြင်းဖြစ်သည်။

ဥပုသ်နေ့၌ သခင်ယေရှုသည် တရားဇရပ်သို့သွားရောက်သည်နည်း
တူ၊ ကျွန်ုပ်တို့သည် အဘယ်ကြောင့်ဥပုသ်နေ့၌ ဘုရားဝတ်ပြုကျောင်းသို့
သွားရန် ကျွန်ုပ်တို့အလေ့အထဖြစ်အောင် လုပ်သင့်သနည်း။

၁။ ဘုရားသခင်သည် နေရာတိုင်း၌ရှိ၏။ ဘယ်နေရာမဆို သူ့အား
ဝတ်ပြုကိုးကွယ်နိုင်သည်။ သို့သော်၊ ဖန်ဆင်းခြင်းအချိန်၌
သူရွေးချယ်သောနေ့၊ သူ၏ပညတ်တော်ဆယ်ပါး၌ပါသော
နေ့၌၊ တစ်နေရာတွင် အတူတကွစုရုံးခြင်းသည် ထူးခြားသည့်
အရာဖြစ်သည်။

၂။ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့်ကယ်တင်
ရှင်ဖြစ်သည်ကို အများရှေ့တွင်ထောက်ခံရန် အခွင့်အရေး
ပေးသည်။

၃။ မိတ်သဟာယဖွဲ့ခြင်း၊ တစ်ဦးနှင့်တစ်ဦးဝမ်းမြောက်ခြင်း၊ ပူပင်
ခြင်းတို့ကို ဝေငှရန်အခွင့်အရေးပေးသည်။

ကျွန်ုပ်တို့ကို ပညတ်တရားဝါဒီများဟု ခေါ်ဆိုသူများရှိသည်။ အခြား
သောသူတို့သည် ဥပုသ်ကိုစောင့်ခြင်းဖြင့် ကျွန်ုပ်တို့သည် ပညတ်တရား၏
ကျေးကျွန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် သူတို့သည် ဥပုသ်၏
ကောင်းချီးမင်္ဂလာကို ရှင်းလင်းစွာဆုံးရှုံးခဲ့ကြသည်။ ဥပုသ်စောင့်ခြင်းဖြင့်
သင်သည် ငြိမ်သက်ခြင်းနှင့် လွတ်လပ်မှုတို့ကို ဘယ်ကဲ့သို့သောနည်းဖြင့်
တွေ့ကြုံခံစားရသနည်း။

တနင်္လာ ဧပြီ ၂၇
ဥပုသ်နေ့။ ၎င်း၏သတင်းစကားနှင့်အနက်အဓိပ္ပါယ် (လုကာ ၄း၁၇-၁၉)။


ဘုရားရှိခိုးကျောင်းသို့သွားရောက်ဝတ်ပြုခြင်းဖြင့် ဥပုသ်နေ့ကို
စောင့်ရန်ဖြစ်သည်။ ဥပုသ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြားနာ
ရန်အတွက်လည်းဖြစ်သည်။ နှုတ်ကပတ်တော်ကင်းမဲ့သော အသက်တာသည်
အပြစ်၏ထောင်ချောက်နှင့်သိပ်မဝေး။ "ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်
အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ" (ဆာလံ ၁၁၉း၁၁)။
(လုကာ ၄း၁၇-၁၉) ကိုဖတ်ပါ။ ယနေ့ ကျွန်ုပ်တို့ပြန်ကြည့်သော
သူသည် ဘယ်သူဖြစ်ကြောင်း ကျွန်ုပ်တို့အတွက် ဘာကိုပြုလုပ်ခဲ့ကြောင်း
ကိုသိ၏။ ဤကဲ့သို့ဆိုပြီးနောက်၊ လုကာ ၄း၁၇-၁၉ ၌ စကားများကို
ဘယ်ကဲ့သို့နားလည်နိုင်မည်နည်း။

(ဟေရှာယ ၆၁း၁၊၂) ကိုဖတ်ပြီးနောက်၊ သခင်ယေရှု ဤကဲ့သို့
ဆို၏။ "ယနေ့ပင် ဤကျမ်းချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံ
လေပြီဟု မိန့်တော်မူ၏" (လုက ၄း၂၁)။ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏
နိုင်ငံတော်နှင့် ၎င်းတို့၏ကယ်တင်ရှင်ကို ဒါဝိဒ်၏ပလ္လင်ပေါ်သို့ စစ်အောင်
ဘုရင်ကဲ့သို့ အနာဂတ်အချိန်၌သာလာရောက်ရန် မျှော်မှန်းထားကြသည်။
သို့သော် သခင်ယေရှုပြောသည်မှာ နိုင်ငံတော်သည် သူ၌တည်ပြီးဖြစ်၍
သူသည် မာရ်နတ်နှင့်အပြစ်၏တန်ခိုးကိုသော်လည်းကောင်း၊ ချေမှုန်းပစ်မည်
ဖြစ်ပြီး စာတန်၏ကျေးကျွန်တို့ကိုလည်း လွတ်ငြိမ်းပေးမည်ဖြစ်၏။

သခင်ယေရှုသည် မေရှိယဖြစ်ကြောင်းခံယူခြင်းသည် ဥပုသ်နေ့နှင့်
မည်မျှနီးကပ်စွာချည်နှောင်ထားသည်ကို စဉ်းစားပါ။ ဥပုသ်နေ့သည် ခရစ်တော်
၌ငြိမ်ဝပ်စွာနေသောနေ့ဖြစ်သည်။ (ဟေဗြဲ ၄း၁-၄)။ ဥပုသ်သည် လွတ်လပ်မှု
၏သင်္ကေတဖြစ်သည်။ ခရစ်တော်၌လွတ်လပ်ခြင်းဖြစ်သည်။ (ရောမ ၆း၆၊၇)။
ဥပုသ်သည် ဘုရားသခင်၏ဖန်ဆင်းခြင်းနှင့် ခရစ်တော်၌ပြန်လည်ဖန်ဆင်း
ခြင်းကိုလည်းပြသည်။ (၂ကော ၅း၁၇။ ၁ကော ၁၅း၅၁-၅၃)။ ခရစ်တော်
သည် ကုသခြင်းနှင့်ဖျားနာခြင်း၏အကျဉ်းထောင်ထဲမှရှိသော ဝေဒနာရှင်
တို့ကိုလွှတ်ရန် ဥပုသ်နေ့ကိုရွေးချယ်သည်မှာ ထူးဆန်းမည်မဟုတ်ပါ။

ဥပုသ်နေ့ကိုထွင်းထားသည့်အရာသည် ကျောက်(အချိန်)ထက်သာ၍
ကြာရှည်ခံ၏။ ဥပုသ်နေ့သည် သခင်ယေရှုကျွန်ုပ်တို့ကို အပတ်စဉ်ကျင်နာစွာ
ပေးသနားတော်မူခြင်းကို သတိရစေရန်အတွက်ဖြစ်သည်။

ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်းရရှိသည်ကို ပိုမိုနားလည်ရန်
ဥပုသ်စောင့်ခြင်းသည် ဘယ်ကဲ့သို့ကူညီသနည်း။ ကောင်းကင်သို့ မိမိကိုယ်
ကြိုးစားပြီးရယူမည့်အစား ခရစ်တော်ကျွန်ုပ်တို့အတွက် ပေးသောအရာများအပေါ်
နားနေရန်လည်း ဘယ်ကဲ့သို့ကူညီနိုင်မည်နည်း။

အင်္ဂါ ဧပြီ ၂၈
ဥပုသ်နေ့ကပေရနောင်မြို့၌ကုသခြင်
း (လုကာ ၄း၃၁-၃၇)။

နာဇရက်မြို့၌ လူတို့သည် ခရစ်တော်ကိုလက်မခံကြ။ ထိုကြောင့်
သူသည် ကပေရနောင်မြို့သို့ပြန်သွားသည်။ ထိုနေရာ၌ သူအမှုတော်
ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ (မဿဲ ၄း၁၃)။ ဤအရေးပါသည့်မြို့သည်
ဂါလိလဲပြည်၌ ခရစ်တော်အမှုတော်ကိုထမ်းဆောင်ရာ၌၊ ၎င်း၏ "အိမ်"
ဖြစ်လာသည်။ ဤမြို့၌ ရောမအရာရှိတစ်ဦးဆောက်လုပ်ထားသည့် တရား
ဇရပ်တစ်ခုရှိသည်။ (လုကာ ၇း၅)။ ထုံးစံရှိသည်အတိုင်း ဥပုသ်နေ့၌၊
သခင်ယေရှုသည် တရားဇရပ်ထဲသို့သွား၏။

ဤတစ်ခုသောဥပုသ်၌၊ သခင်ယေရှု၏အမှုတော်ဆောင်ခြင်းအရာ
သည် သွန်သင်ခြင်း၊ ကုသခြင်း၊ ဟောပြောခြင်း စသည်တို့ပါဝင်သည်။
သူဟောပြောသည့်အကြောင်းကို မဖော်ပြပါ။ သို့သော် လူထုပရိသတ်တို့၏
တုံ့ပြန်မှုသည် အံ့ဩဖွယ်ရာဖြစ်၏။ သူသည် "အာဏာနှင့်ဟောပြော"
၏။ (လုကာ ၄း၃၂)။ သခင်ယေရှု၏သွန်သင်ချက်များသည် ဘာသာရေး
ခေါင်းဆောင်များနှင့် အလွန်ခြားနားသည်။ ဤနေရာ၌ သမ္မာကျမ်းတွင်
အခြေခံပြီး အာဏာဖြင့်ဟောကြားသည်။ သူသည် သန့်ရှင်းသောဝိညာဉ်
တော်၏တန်ခိုးဖြင့်ဟောပြောရာ အပြစ်ကိုအပြစ်ဟု အမည်မှန်ဖြင့်ခေါ်ပြီး
ဘုရားရှင်ထံပြန်လာရန်၊ နောင်တရရန်လည်း တိုက်တွန်းအားပေးသည်။

(လုကာ ၄း၃၁-၃၇) ကိုဖတ်ပါ။ ဤကျမ်းပိုဒ်များ၌ (၁) အမှား
အမှန်အငြင်းပွားမှုတိုက်ပွဲ၊ (၂) နတ်ဆိုး၊ (၃) ဥပုသ်နေ့၏ရည်ရွယ်ချက်
နှင့် (၄) နတ်ဆိုးများအပေါ် ဘုရားသခင်၏တန်ခိုးအကြောင်းတို့ကို
ဘယ်ကဲ့သို့ဖော်ပြသနည်း။

(လုကာ ၄း၃၁-၄၁) တွင် ဥပုသ်နေ့၌ ပထမရောဂါကုသခြင်း
(၅) ခုကို လုကာမှတ်တမ်းတင်ထားသည်။ (လုကာ ၄း၃၈၊၃၉။ လုကာ
၆း၆-၁၁။ လုကာ ၁၃း၁၀-၁၆။ လုကာ ၁၄း၁-၆။) နာဇရက်မြို့၌ဟောပြော
စဉ်က၊ သခင်ယေရှု၏အလုပ်သည် ဝေဒနာခံစားနေရသောသူများ၊ နှလုံးသား
ကြေကွဲသောသူများတို့ကို ပြန်လည်အသစ်ပြုပြင်ခြင်း၊ ရောဂါပျောက်ကင်း
အောင်ပြုခြင်း၊ နှစ်သိမ့်ပေးခြင်း စသည်တို့ကိုပြုလုပ်ရန် ကြေညာခဲ့သည်။
ယခု ကပေရနောင်မြို့၊ ဥပုသ်နေ့၌ တရားဇရပ်တွင် ဝတ်ပြုကိုးကွယ်သူများ
နှင့်ပြည့်လျက်ရှိရာ၊ နတ်ဆိုးစွဲသောသူတစ်ဦးက ဤကဲ့သို့ဝန်ခံပြောဆိုသည်။


"ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် ဘယ်ကဲ့သို့ဆိုင်သနည်း။ ကိုယ်တော်သည်
ဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏သန့်ရှင်းတော်မူသော
သူဖြစ်ပါသည်" ဟု ကြီးစွာသောအသံနှင့် ဟစ်ကြော်လေ၏" (လုကာ
၎း၃၄)။ နတ်ဆိုးသည်၊ ကောင်းကင်မှကျလာသော ကောင်းကင်တမန်များ
အနက်မှတစ်ဦးဖြစ်ရာ၊ လူသားအသွင်ဖြင့် ကယ်တင်ရှင်ကို လျင်မြန်စွာ
ရိပ်မိသည်။ ဤပုံပြင်၌ ရူပနှင့်အရူပကမ္ဘာစပ်ကြား ကာရံထားသည့်
ကန့်လန့်ကာကို ဘေးသို့ဆွဲလိုက်ခြင်းဖြစ်သည်။

ဤနေရာ၌ အငြင်းပွားမှုတိုက်ပွဲကြီးသည် အဘယ်မျှပွင့်လင်းစွာ
မြင်ရသည်ကို စဉ်းစားပါ။ သင်၏အသက်တာ၌ ဘယ်ကဲ့သို့ဖြစ်ပျက်ခဲ့
သည်ကို သင်မြင်သနည်း။ ဤတိုက်ပွဲ၌အောင်ရန် သင်၏တစ်ခုတည်းသော
မျှော်လင့်ခြင်းကား အဘယ်နည်း။ ၁ကော ၁၅း၂ ကိုဖတ်ပါ။

ဗုဒ္ဓဟူး ဧပြီ ၂၉
ဥပုသ်နေ့ကိုအစိုးရသောသခင် (လုကာ ၆း၁-၅)။


ဥပုသ်နေ့အပေါ်အခြေပြုပြီး ဖာရိရှဲများနှင့် သခင်ယေရှုဆက်ဆံ
ဆွေးနွေးသည့်ပုံပြင် (၂) ခုကို လုကာ ၆း၁-၁၁ တွင် တွေ့ရှိနိုင်သည်။

ပထမပုံပြင်သည် လုကာ ၆း၁-၅ တွင် တွေ့နိုင်သည်။ သခင်ယေရှု
သည် ပညတ်တော်နှင့်ဥပုသ်ကိုဂရုမစိုက်ဟု ဖာရိရှဲတို့က ပြစ်တင်ဝေဖန်
သည်။ ဤအချက်ကို သခင်ယေရှုဘယ်ကဲ့သို့ရင်ဆိုင်သနည်း။

ဥပုသ်နေ့၌၊ ဂျုံစပါးလယ်ကွက်ကိုလျှောက်သွားစဉ်၊ တပည့်တော်
များသည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့်ပွတ်နယ်လျက်စားကြ၏။
သို့သော် ဖာရိရှဲတို့သည် တပည့်တော်တို့အား ဥပုသ်နေ့ပညတ်ကိုချိုးဖောက်
သည်ဟူ၍ ပြစ်တင်ပြောဆိုသည်။ သခင်ယေရှုသည် ဖာရိရှဲတို့အား ဒါဝိဒ်
ပုံပြင်ကို ပြန်လည်ညွှန်ပြသည်။ ဒါဝိဒ်နှင့်သူ၏လူတို့သည် အစာငတ်မွတ်
သော်၊ ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ရှေ့တော်မုန့်ကိုစားကြ၏။ ရှေ့တော်
မုန့်ကို ပုရောဟိတ်တို့သာလျှင်စားရ၏။ ဤပုံပြင်ကို သူတို့အားသတိရစေ
ရန် သခင်ယေရှုသည် လူဖြင့်ပြုလုပ်သောပညတ်ကို မှားယွင်းစွာနားလည်
ခြင်းမရှိရန် ဖာရိရှဲတို့အား ကြိုးစားကူညီနေခြင်းဖြစ်သည်။ ဖာရိရှဲတို့သည်
စည်းမျဉ်းတစ်ခုပြီးတစ်ခု ထပ်ခါပြုလုပ်ကြ၏။ သူတို့သည် ဥပုသ်နေ့ကို
ဝမ်းမြောက်ဖွယ်ရာနေ့ဖြစ်မည့်အစား ဝန်ထုပ်ဝန်ပိုးအဖြစ်သို့ ပြောင်းလဲလိုက်
သည်။

ဒုတိယပုံပြင်ကို လုကာ ၆း၆-၁၁ တွင်ဖတ်ပါ။ ဤနေရာ၌ ဥပုသ်နေ့
အကြောင်း ဘယ်ကဲ့သို့သင်ခန်းစာရသနည်း။

မဿဲ၊ မာကု၊ လုကာ ခရစ်ဝင်ကျမ်းများက ဤပုံပြင်ကိုပြောသည်။
လုကာခရစ်ဝင်ကျမ်းတစ်ခုထဲ၌သာလျှင် လက်သေသောသူ၏လက်သည်
လက်ယာလက်ဖြစ်သည်ကို ဖော်ပြသည်။ ဤလူသည် နေ့စဉ်လုပ်ဆောင်
ရမည့် သာမန်အလုပ်များကို ခန္ဓာကိုယ်၏အခြေအနေကြောင့် ခက်ခဲစွာ
ဆောင်ရွက်ရမည်ကို သမားတော်လုကာသိသည်။ ကျွန်ုပ်တို့သိရှိရန်
အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရ၏။ ဤအခြင်းအရာသည် အကြောင်း
(၂) ရပ်ကို ဖြစ်ပေါ်စေသည်။ (၁) သခင်ယေရှုသည် ထိုလူ၏ရောဂါကို
ငြိမ်းရန် ရွေးချယ်သည့်အခါ၊ ဖာရိရှဲတို့သည် သခင်ယေရှုကိုအပြစ်တင်ရန်
စောင့်ဆိုင်းနေသည်။ (၂) သခင်ယေရှုသည် သူတို့၏နှလုံးသား၏အကြံအစည်
ကိုသိပြီး သူသည် ဥပုသ်နေ့၏သခင်ဖြစ်သည်ကိုပြသည်။ သူသည် ဥပုသ်
နေ့ကို ဖန်ဆင်းသောသူဖြစ်သဖြင့်၊ ကျိုးပဲ့သောသူကို အပြစ်နှင့်ပြည့်လျက်
ရှိသော ဤလောက၏ကျေးကျွန်အဖြစ်မှကယ်တင်ရန် သူ၏အလုပ်ကို
ဘယ်သောအခါမျှ အရှုံးခံမည်မဟုတ်။ ထိုကြောင့် သခင်ယေရှုသည် ဥပုသ်
စောင့်ခြင်းအရာကို နေရာမှန်၌ထားလိုက်သည်။ ဥပုသ်နေ့၌ အသက်ကို
ကယ်သော ကောင်းသည့်အလုပ်ကိုလုပ်ခြင်းသည် တရားဝင်၏။ (လုကာ
၆း၉-၁၁)။

ဤဘာသာရေးခေါင်းဆောင်များသည် ၎င်းတို့၏စည်းမျဉ်းများကို
ဘုရားသခင်၏ဥပဒေသများဟုထင်ကာ၊ အဘယ်မျှမျက်စိကန်းနေသည်ကို
စဉ်းစားပါ။ လူတို့၏ရိုးရာထုံးတမ်းဓလေ့များနှင့် သွန်သင်ချက်များသည်
ဘုရားရှင်၏နက်နဲသော ဖြောင့်မတ်ခြင်းတရားများကို မဖုံးကွယ်စေရန်နှင့်
ဤထောင်ချောက်ထဲသို့ မကျရောက်ရန် ဘယ်ကဲ့သို့သေချာအောင်လုပ်
မည်နည်း။

ကြာသပတေး ဧပြီ ၃၀
ဥပုသ်နေ့။ ဖျားနာသူများနှင့် မြင်း၊ နွား (လုကာ ၁၃း၁၀-၁၆)။


မဿဲ၊ မာကု၊ လုကာခရစ်ဝင်ကျမ်းများအနက်၊ ရှင်လုကာခရစ်ဝင်
ကျမ်းတစ်ခုတည်းသာလျှင် ဥပုသ်နေ့တွင် သခင်ယေရှုအနာရောဂါငြိမ်းခြင်း
အကြောင်းကို ဖော်ပြသည်။ (လုကာ ၁၃း၁၀-၁၆။ လုကာ ၁၄း၁-၅)။
ပထမအကြိမ်၌ တရားဇရပ်မှူးသည် သခင်ယေရှုကို ပြစ်တင်ဝေဖန်သည်။
ဒုတိယအကြိမ်၌ ဖာရိရှဲများငြိမ်သက်သွားသည်။ နှစ်ကြိမ်စလုံး၌ပင်၊
သခင်ယေရှု၏ရန်သူများသည် ဥပုသ်နေ့ကိုချိုးဖဲ့ကြောင်း ပညတ်တရားကို
မှားယွင်းစွာအနက်ပြန်ပြီး ပြစ်တင်ဝေဖန်ခဲ့သည်။

(လုကာ ၁၃း၁၀-၁၆ နှင့် လုကာ ၁၄း၁-၁၆) ကိုဖတ်ပါ။
သမ္မာကျမ်း၌ အရေးပါသောဖြောင့်မတ်ခြင်းတရားများကို အဘယ်မျှလိမ်လည်
လှည့်ဖြားရန် လွယ်ကူကြောင်းပြသနည်း။

တစ်ဆယ့်ရှစ်နှစ်တိုင် နတ်ဆိုးစွဲ၍ ရောဂါနှိပ်စက်သောမိန်းမကို
စဉ်းစားကြည့်ပါ။ သခင်ယေရှုသက်တော်ထင်ရှားစဉ် အချိန်ကာလ၌ ဖာရိရှဲ
တို့သည် မိန်းမများကိုချိုးနှိမ်ကာ၊ ဒုတိယအဆင့်နိုင်ငံသားများအဖြစ်သာ
ခံယူသည်။ ထိုမိန်းမသည် ရောဂါဝေဒနာကို ကြာမြင့်စွာခံစားရပြီဖြစ်ရာ၊
မည်သူမဆို သည်းခံခြင်းစိတ်စစ်ဆေးခံရခြင်းထက် ကျော်လွန်မည်ဖြစ်ပြီး
မျှော်လင့်ခြင်းကင်းသည့်အသက်တာဟုသာ ထင်မည်ဖြစ်၏။ နောက်ဆုံး၌
သူသည် မိမိကိုယ်ကို လုံးဝလွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါ။

သူ့ထံသို့သခင်ယေရှုလာ၏။ သခင်ယေရှုသည် ထိုမိန်းမကိုမြင်တော်
မူလျှင်၊ အထံတော်သို့ခေါ်၍ ရောဂါငြိမ်းစေခြင်းငှာစကားပြောပြီး လက်ကို
တင်သဖြင့် "သူသည်ချက်ချင်းတည့်မတ်ခြင်းသို့ရောက်၏" (လုကာ ၁၃း၁၃)။
တစ်ဆယ်ရှစ်နှစ်တာကာလ ရောဂါဝေဒနာခံစားခြင်းမှသည်၊ တစ်မုဟုတ်ချင်း
ပျောက်ကင်းသွားသဖြင့် အလွန်ဝမ်းမြောက်သည့်အချိန်သို့ရောက်ရှိပြီး
"ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏" (ငယ် ၁၃)။ ရှင်လုကာ
အသုံးပြုသည့်ကြိယာတိုင်းသည် ထိုမိန်းမ၏တန်ဖိုးကို သန့်ရှင်းသောဝိညာဉ်
တော်က အသိအမှတ်ပြုသည့်နည်းဖြစ်သည်။ အမှန်ပင် အခြေအနေဘယ်ကဲ့သို့
ရှိသည်ဖြစ်စေ၊ လူသူအထင်အမြင်သေးသောသူတိုင်း၏တန်ဖိုးပင်ဖြစ်၏။

ဒုတိယနိမိတ်လက္ခဏာ၌ (လုကာ ၁၄း၁-၆)၊ ဥပုသ်နေ့တွင် သခင်
ယေရှုသည် ဖာရိရှဲအိမ်တွင် ထမင်းစားရန်ရှိနေစဉ်ဖြစ်သည်။ ရေဖျဉ်းနာ
စွဲနေသောသူကို ရောဂါငြိမ်းစေခဲ့သည်။ ဘာသာရေးခေါင်းဆောင်များ
ချောင်းကြည့်နေသည်ကို သခင်ယေရှုသိသည်။ သူမေးခွန်း (၂) ခုမေးသည်။
(၁) ပညတ်တရား၏ရည်ရွယ်ချက် (ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေအပ်
သလော။) (ငယ် ၃)၊ (၂) လူသားတစ်ဦး၏တန်ဖိုး (မိမိမြည်း၊ နွားသည်
ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲနေမည့်သူတစ်စုံ
တစ်ယောက်ရှိမည်လား) (ငယ်၅)။ သခင်ယေရှုညွှန်ပြသည့်အချက်မှာ
ရှင်းမည်ဖြစ်၏။ ၎င်းတို့အားလုံး နားလည်မည်ဟု ထင်ရသည်။ အဘယ်
ကြောင့်ဆိုသော်၊ လုကာ၏ပြောဆိုချက်အရ၊ သူတို့သည် တစ်ဦးတစ်ယောက်
မျှ ဖြေကြားခြင်းမရှိ။ ၎င်းတို့၏နှစ်ဘက်လှမျက်နှာများသည် ဘယ်ကဲ့သို့
ဖြစ်သည်ကို သခင်ယေရှုပြလိုက်ခြင်းဖြစ်သည်။ အဆိုးဝါးဆုံးဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော် သန့်ရှင်းခြင်း၏ဖုံးကွယ်မှုအောက်မှ ဘုရားသခင်၏
ပညတ်ကိုချိုးဖောက်သည်ဟု ၎င်းတို့ထင်ခြင်းကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့အဘယ်မျှသတိရှိရန်လိုအပ်ပါသနည်း။


သောကြာ မေ ၁
ထပ်ဆင့်လေ့လာရန်။


"ဥပုသ်နေ့၌ လူတို့ကိုကောင်းချီးပေးရန်၊ ဘုရားသခင်သည် မိမိ၏
လက်တော်ကို အချိန်အနည်းငယ်မျှပင်မဆွဲထား၊ ထိုသို့ဖြစ်သောလူတို့သည်
အားချို့တဲ့ပြီး သေကုန်မည်ဖြစ်၏။ လူသည်လည်း ထိုနေ့ (ဥပုသ်နေ့)၌
အလုပ်လုပ်ရန်ရှိသည်။ အသက်ရှင်ရေးအတွက် လိုအပ်သည်တို့ကို လုပ်ဆောင်
ရမည်ဖြစ်၏။ ဖျားနာသောသူတို့ကို ပြုစုရမည်ဖြစ်၏။ ဆင်းရဲသောသူတို့၏
လိုအပ်ချက်များကိုလည်း ကြည့်ရှုပေးရမည်ဖြစ်၏။ ဥပုသ်နေ့၌ ဝေဒနာကို
ပေါ့ပါးအောင်လုပ်ဆောင်ရန် ပျက်ကွက်သောသူသည် အပြစ်ရှိမည်ဖြစ်၏။
ဘုရားရှင်၏သန့်ရှင်းစွာနားသောနေ့သည် လူအတွက်ဖြစ်သည်။ ဥပုသ်နေ့
သို့တည်းမဟုတ် မည်သည့်နေ့မဆို လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ တစ်နာရီမျှ
ဝေဒနာခံစားရန် ဘုရားသခင်အလိုမရှိ။" E. G. White, DA, p. 207 မှ
ကောက်နုတ်သည်။

"ဥပုသ်နေ့သည် ဂျူးလူမျိုးတို့နှင့် အနီးအနားရှိလူမျိုးတို့ လုံးဝ
ခြားနားရန် တစ်ခုတည်းသောသွန်သင်ချက်ဖြစ်သည်။ ဂျူးလူမျိုးတို့ကို
သူ၏ထူးခြားသော ဝတ်ပြုကိုးကွယ်သူများဖြစ်ရန် ဥပုသ်စောင့်ခြင်းကို
ဘုရားသခင်ရွေးချယ်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ အခြားဘုရားများကိုကိုးကွယ်
ခြင်းနှင့် မှန်ကန်သောဘုရားကို ကိုးကွယ်ခြင်းကို ခွဲခြားသည့်ပုံပမာဖြစ်
သည်။ ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းရန်အတွက် လူတို့သည်လည်း
သန့်ရှင်းရမည်ဖြစ်၏။ ယုံကြည်ခြင်းအားဖြင့် ၎င်းတို့၏အတွေးအခေါ်ပြုမူ
ခံစားချက်အားလုံးတို့သည် ခရစ်တော်နှင့်တူရမည်ဖြစ်၏။" 
E. G. White, DA, p. 283 မှ ကောက်နုတ်သည်။
-၀-


Sunday, April 19, 2015

သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း - (ပါဝါပွိုင့်နှင့် ပီဒီအက်ဖ်)


MY_2015t204


MY_2015t204 -  

သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း (Text)


အလွတ်ကျမ်းချက်

"ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊
ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။
ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။" 

(လုကုကာ ၉း၂၃)။


"Disciple"ဆိုသည်မှာ နောက်လိုက်တပည့် (သို့မဟုတ်)
ကျောင်းသားဟု ဆိုနိုင်သည်။ "Disciple" ဆိုသည့်စကားရပ်သည်
အထူးသဖြင့် ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထုတွင် အကြိမ်ပေါင်း
နှစ်ရာငါးဆယ်ကျော်ပါဝင်ခဲ့သည်။

တပည့်တော်တစ်ဦးဖြစ်ရခြင်းသည် ဝိညာဉ်ကိုခွန်အားဖြစ်စေပြီး၊
စိတ်ကိုစိန်ခေါ်မှုဖြစ်စေသည်။ ထိုနောက် ဘုရားနှင့်သော်လည်းကောင်း၊
လူအချင်းချင်းနှင့်သော်လည်းကောင်း ဆက်ဆံရာ၌ အကောင်းဆုံးကြိုးပမ်း
အားစိုက်ရ၏။ ခရစ်တော်၌သော်လည်းကောင်း၊ ခရစ်တော်၏အသက်တာ
နှင့် သတင်းစကားတို့၏တောင်းဆိုချက်အပေါ်၌သော်လည်းကောင်း လုံးလုံး
လျားလျားသစ္စာမရှိခဲ့သော်၊ တပည့်တော်ဖြစ်လာစရာအကြောင်းမရှိပါ။ ဤ
အရာထက်ပို၍အရေးကြီးသည့်အရာ ရှိနိုင်မည်လား။

"ဘုရားရှင်သည် လူကိုရှိသည့်အတိုင်းခေါ်ယူပြီး၊ ၎င်း၏အမှုတော်
ဆောင်ရန်အတွက် ပညာပေး၏။ ၎င်းတို့သည် မိမိကိုယ်ကို ဘုရားရှင်ထံ
သို့ ဆက်ကပ်မှသာလျှင် ဤသို့ဖြစ်၏။ ဘုရားသခင်၏ဝိညာဉ်တော်သည်
နှလုံးသားထဲသို့ လက်ခံရရှိသော်၊ စွမ်းရည်ရှိသမျှတို့သည် သက်ရှင်နိုးထ
လာမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုအောက်၌၊
စိတ်နှလုံးသည် ဘုရားရှင်အား ဆက်ကပ်အပ်နှံမည်ဖြစ်ကာ၊ သက်ရှင်ကြီးထွား
ပြီး ဘုရားသခင်၏အလိုတော်ကို ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။
နှလုံးသားသည်လည်း ဘုရားသခင်၏လိုအပ်ချက်တို့ကိုနားလည်ပြီး
ဖြည့်ဆည်းရန် ခွန်အားဖြစ်စေမည်ဖြစ်၏။ ခွန်အားနည်းသည့်စရိုက်
(အတွေးအခေါ်၊ ခံစားချက်၊ အလုပ်) တို့သည် ခွန်အားအဖြစ်သို့ပြောင်းလဲ
၏။ ဆက်လက်သစ္စာရှိခြင်းသည် သခင်ယေရှုနှင့်အလွန်နီးကပ်စွာ ဆက်ဆံ
ရေးသို့ပို့ဆောင်သည်ဖြစ်၍၊ ထိုခရစ်ယာန်သည် စိတ်နှလုံးနှင့်စရိုက်သည်
သူနှင့်တူလုနီးပါးဖြစ်လာ၏။"EGWhite DA. p. ၂၅၁.

သခင်ယေရှုနောက်လိုက်တပည့်များကို ဘယ်ကဲ့သို့ခေါ်ယူပြီး၊
သူသည် ဤလောက၌ စတင်ဆောင်ရွက်ခဲ့သောအလုပ်များကို ဆက်လက်
ပြီးလုပ်ဆောင်ရန် ကူညီမည့်သင်ခန်းစာများကို ဘယ်ကဲ့သို့သင်ကြားရမည်
ကို ယခုအပတ်လေ့လာမည်ဖြစ်၏။


တနင်္ဂနွေ ဧပြီ ၁၉
တံငါသည်များ (လုကာ ၅း၁-၁၁)။

ရှိမုန်နှင့်အနြေ္ဒသည် တစ်ညလုံးအလုပ်ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။
ဝါရင့်တံငါသည်များဖြစ်သည်နှင့်အညီ၊ ငါးမျှားခြင်းအရာ၌ ကျွမ်းကျင်သူ
များဖြစ်၏။ ဘယ်အချိန်၌ရပ်ရမည်ကိုလည်းသိ၏။ တစ်ညလုံးအလုပ်လုပ်
ခဲ့သော်လည်း ငါးတစ်ကောင်မျှမရ။ စိတ်ပျက်နေသည်ကြားမှ ကြိုဆိုသည့်
အမိန့်ရောက်ရှိလာသည်။ "]ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကို
ချ၍ ငါးကိုအုပ်စမ်းလော့" (လုကာ ၅း၎)။ ရှိမုန်၏ပြန်လည်ဖြေကြား
ချက်သည် စိတ်ပျက်၍မျှော်လင့်ခြင်းကင်းမဲ့လျက်ရှိ၏။ "သခင်၊ အကျွန်ုပ်
တို့သည် တညဥ့်လုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှမရပါ" (ငယ်၅)။

ဝါရင့်တံငါသည်များကို အကြံပေးနေသောလက်သမားသည်
အဘယ်သူနည်း။ ရှိမုန်သည် လှည့်ထွက်သွားနိုင်သည်။ သို့သော် သခင်ယေရှု
၏ရှေ့၌ စစ်မှန်သည့်ဟောပြောချက်များနှင့် နှစ်သိမ့်စကားတို့သည် သူ့အပေါ်
ဩဇာသက်ရောက်ရှိနိုင်မည်လော။ ထိုကြောင့် "အမိန့်တော်ရှိလျှင် ပိုက်ကွန်
ကိုချပါမည်" ဟု ပြန်လျှောက်လေ၏။

ထိုကြောင့် နောက်လိုက်တပည့်ဖြစ်ရန် ပထမဦးဆုံးသင်ခန်းစာသည်
ခရစ်တော်၏စကားကိုနားထောင်ပါ။ အနြေ္ဒ၊ ယာကုပ်နှင့်ယောဟန်တို့သည်
လည်း၊ တစ်ညတာအတွက် အလုပ်မဖြစ်ခြင်းသည် နံနက်အလင်းရောင်နှင့်
အတူ များစွာသောငါးတို့ကို ဖမ်းမိခြင်းရရှိလေ၏။ ချက်ချင်းပင်ရှိမုန်သည်
"သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွား
တော်မူပါဟု လျှောက်လေ၏" (ငယ် ၈)။ ဘုရားသခင်၏သန့်ရှင်းခြင်းနှင့်
မိမိ၌အပြစ်ရှိခြင်းကိုသိခြင်းသည် တပည့်တော်ဖြစ်ခြင်းအရာ၏အရေးကြီးသည့်
နောက်ခြေလှမ်းတစ်ခုဖြစ်သည်။ ဟေရှာယသည် ၎င်းခြေလှမ်းကိုလှမ်းခဲ့
သည်။ ပေတရုသည်လည်း ထိုခြေလှမ်းကိုယူခဲ့သည်။

(လုကာ ၅း၁-၁၁။ မဿဲ ၄း၁၈-၂၂။ မာကု ၁း၁၆-၂၀) ကို
ဖတ်ပါ။ အံ့ဩဖွယ်ကောင်းသည့်နိမိတ်လက္ခဏာ၊ တံငါသည်တို့၏ကြီးစွာ
သောအံ့အားသင့်ခြင်း၊ ပေတရု၏ဝန်ခံချက်နှင့် ယေရှု၏အမိန့်ဩဇာအာဏာ
ကို ဆင်ခြင်ပါ။ ခရစ်တော်တပည့်များ၏ လျှောက်လှမ်းခဲ့ရသောလမ်းကို
ဤပုံပြင်တစ်ခုစီက ဘယ်ကဲ့သို့ပြောသနည်း။

"]ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းမိသော
သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏" (လုကာ ၅း၁၀)။ တံငါသည်ဘ၀မှ
လူကိုဖမ်းသောတံငါဖြစ်လာခြင်းသည် ကြီးစွာသောထူးဆန်းအံ့ဩဖွယ်ဖြစ်
၏။ သခင်ယေရှုခရစ်အား အပြည့်အဝအပ်နှံရန် (၁) မိမိ၏အားနည်းချက်
နှင့်အပြစ်ကိုသိရှိခြင်း၊ (၂) တပည့်တော်ဖြစ်ခြင်းအရာ၌ လျှောက်သွားရမည့်
အထီးကျန်ပြီး မသိသောလမ်းခရီးအတွက်၊ ခရစ်တော်ကိုကိုင်စွဲအားယူပြီး
လျှောက်လှမ်းခြင်း၊ (၃) ခရစ်တော်နှင့် ခရစ်တော်တစ်ဦးတည်းအပေါ်
ဆက်လက်မှီခိုအားထားခြင်း စသည်တို့လိုအပ်မည်ဖြစ်၏။ တံငါသည်၏
ဘ၀သည် မရေရာဘဲ၊ အန္တရာယ်များ၏။ ကြမ်းတမ်းသည့်လှိုင်းလုံးကြီးများနှင့်
လုံးပန်းရပြီး၊ မှန်မှန်ရရှိသည့်ဝင်ငွေသည် မသေချာ။ လူကိုဖမ်းသောတံငါ
သည်ဘ၀သည်လည်း ထိုသို့ဖြင့်မခြားနား။ သို့သော် သခင်ယေရှု၏ကတိ
တော်သည် "]ကြောက်ရွံ့ခြင်းမရှိနှင့်" တပည့်တော်ဖြစ်ခြင်းအရာသည် လွယ်ကူ
သည့်လမ်းမဟုတ်။ အတက်အဆင်းနှင့်ပျော်ရွှင်စိန်ခေါ်မှုများရှိ၏။ တပည့်
တော်သည် တစ်ဦးတည်းလျှောက်လှမ်းရမည်မဟုတ်။ "]ကြောက်ရွံ့ခြင်းမရှိ
စေနှင့်" ဟု ပြောသောသူသည် သစ္စာရှိသောတပည့်တော်အနား၌ရှိသည်။

အပြစ်သားတစ်ယောက်ဖြစ်ကြောင်း ပေတရု၏ဝန်ခံချက်ကို ပြန်ဖတ်
ပါ။ သူ၏အပြစ်သည် သူ့အားသခင်ယေရှုနှင့်ခွဲခြားရန် တွန်းပို့ခြင်းကို
သတိပြုပါ။ ကျွန်ုပ်တို့ကို ဘုရားရှင်ထံမှတွန်းထုတ်လိုက်သောအပြစ်ကား
အဘယ်ကဲ့သို့နည်း။


တနင်္လာ ဧပြီ ၂၀
တပည့်တော်တစ်ကျိပ်နှစ်ပါးကိုရွေးချယ်ခြင်း (လုကာ ၆း၁၂-၁၆)။

ကျွန်ုပ်တို့သည် မိမိကိုယ်ကို တပည့်တော်ဖြစ်ရန်မပြုလုပ်နိုင်။
တပည့်တော်ဖြစ်ခြင်းသည် သခင်ယေရှု၏ဖိတ်ခေါ်မှုကို လက်ခံသည့်ရလဒ်
ဖြစ်သည်။ ရှိမုန်၊ အနြေ္ဒ၊ ယောဟန်နှင့်ယာကုပ် (လုကာ ၅း၁၁။ မဿ
၎း၁၈-၂၂)၊ အခွန်ခံမဿဲ (လုကာ ၅း၂၇-၃၂) တို့ကို ခေါ်ယူခဲ့ပြီဟု
လုကာရေးသားခဲ့သည်။ သခင်ယေရှုသည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို
လူမှန်အချိန်မှန်ရွေးချယ်ခဲ့ပြီဟု လုကာမှတ်တမ်းတင်ခဲ့သည်။ လက်ယာလက်
သေသောလူတစ်ဦးကို ဥပုသ်နေ့၌ သခင်ယေရှုသည် ထိုသူ၏ရောဂါကို
ငြိမ်းစေပြီးနောက်၊ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် သူ့အားသတ်ရန် ကြံစည်
ကြသည်။ (လုကာ ၆း၆-၁၁)။ ထိုကြောင့် သူ၏အလုပ်ကိုကာကွယ်ရန်
အချိန်ရောက်ပြီဖြစ်ကြောင်းသိသဖြင့်၊ သူကပ်တိုင်ပေါ်အသေခံပြီးနောက်
သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ရန်၊ အမှုဆောင်ရန် တပည့်တော်
တို့ကို ရွေးချယ်ရ၏။

(လုကာ ၆း၁၂-၁၆ နှင့် လုကာ ၉း၁-၆) ကိုဖတ်ပါ။ နောက်လိုက်
တမန်တော်တစ်ဆယ်ပါးကို ရွေးချယ်ခြင်းအကြောင်း ဤကျမ်းပိုဒ်များက
ဘယ်ကဲ့သို့ဖော်ပြထားသနည်း။

သခင်ယေရှုနောက်လိုက်သည့် လူအုပ်ကြီးအနက် သူ၏နောက်လိုက်
တပည့်များစွာပါဝင်သည်။ ဆရာတစ်ဦးနောက်သို့လိုက်သောတပည့်ကဲ့သို့
သူတို့သည် သခင်ယေရှုနောက်တော်သို့လိုက်ကြသည်။ သို့သော် ခရစ်တော်၏
အလုပ်သည် သင်ကြားခြင်းထက်သာလွန်သည်။ သူ၏အလုပ်သည်
ကယ်တင်ခြင်းရရှိပြီးသော လူ့ဘောင်အဖွဲ့အစည်း၊ သူ၏ကယ်တင်ခြင်း
သတင်းစကားကို လောကတစ်ခုလုံးကိုယူဆောင်မည့် အသင်းတော်ကို ဖွဲ့စည်း
တည်ဆောက်ရန်ဖြစ်သည်။ ထိုသို့သောရည်ရွယ်ချက်ကြောင့် သူသည် များစွာ
သောတပည့်တို့ကိုလို၏။ ထိုလူတို့အနက် "တစ်ကျိပ်နှစ်ပါးတို့ကိုရွေး၍၊
တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏" (လုကာ ၆း၁၃)။ "တမန်တော်"
ဆိုသည်မှာ အထူးရည်ရွယ်ချက်ဖြင့် အထူးသတင်းကိုသယ်ဆောင်သောသူ
ဖြစ်သည်ဟု အနက်ဖွင့်ဆိုနိုင်သည်။ ခရစ်ဝင်ကျမ်း၌ ရှင်လုကာသည်
"တမန်တော်" ဆိုသည့်စကားကို ခြောက်ကြိမ်အသုံးပြုပြီး တမန်တော်ဝတ္ထု
တွင် (၂၅) ကြိမ်အသုံးပြုသည်ကို တွေ့ရ၏။ (မဿဲနှင့်မာကုသည်၊ တစ်ကြိမ်
သာလျှင်အသုံးပြုသည်။)

၎င်းတို့တစ်ဆယ့်နှစ်ဦးသည် ပညာတတ်၊ ပိုက်ဆံရှိ၊ ရေပန်းစား
ဖြောင့်မတ် (သို့မဟုတ်) ထိုက်တန်သည်အတွက် ရွေးချယ်ခြင်းခံရသည်
မဟုတ်။ သူတို့သည် သာမန်လူတန်းစားများသာဖြစ်သည်။ တံငါသည်၊
အခွန်ခံ၊ သံသယစိတ်ရှိသူ၊ သစ္စာဖောက်တစ်ဦးလည်းပါဝင်၏။ သူတို့သည်
ရည်ရွယ်ချက်တစ်ခုတည်းဖြင့်ခေါ်ခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်
နိုင်ငံတော်ဘုရင်၏သံတမန်များဖြစ်သည်။


"ထာဝရဘုရားသည် လူကိုအရှိအတိုင်းယူ၏။ ထိုနောက် သူ၏
သွန်သင်မှုတို့ကိုခံယူပါက၊ သူ၏အမှုတော်ဆောင်ရန် လေ့ကျင့်ပေးမည်ဖြစ်
၏။ သူတို့သည် စုံလင်သည့်အတွက် ရွေးချယ်ခြင်းခံရသည်မဟုတ်။ သို့သော်၊
ခရစ်တော်၏ကရုဏာတော်ကြောင့် သမ္မာတရားကိုသိပြီး လေ့ကျင့်ခြင်းဖြင့်၊
သူတို့သည် ခရစ်တော်နှင့်ပို၍တူလာကြသည်။" EGWhite DA p. ၂၉၄
မှကောက်နုတ်သည်။

ကျွန်ုပ်တို့ရင်ဆိုင်ပါ၊ ကျွန်ုပ်တို့သည်စုံလင်သည်မဟုတ်။ အသင်းတော်
တွင်း၌ လူတို့သည်လည်း စုံလင်ကြသည်မဟုတ်။ ကျွန်ုပ်တို့အားလုံးသည်
ဝိညာဉ်ရေးအားဖြင့် ကြီးထွားဆဲဖြစ်သည်။ သို့သော်၊ ယခုလောလောဆယ်
သူတစ်ပါးနှင့် သူတို့ရှိသည်အတိုင်းလက်ခံပြီး ဘယ်ကဲ့သို့အလုပ်အတူတကွ
လုပ်မည်နည်း။


အင်္ဂါ ဧပြီ ၂၁
တမန်တော်တို့ကို လုပ်ငန်းအတွက်ပြင်ဆင်ခြင်းနှင့်အမိန့်အာဏာအပ်နှင်းခြင်း (လုကာ ၉း၁-၆)။

(လုကာ ၉း၁-၆ နှင့် မဿဲ ၁ဝး၅-၁၅) ကိုဖတ်ပါ။ သခင်ယေရှု
ဤလူတို့ကို ဘယ်ကဲ့သို့ခေါ်တော်မူသည့်အကြောင်းကို ဤကျမ်းပိုဒ်များမှ၊
မည်သည့်ဝိညာဉ်ရေးဖြောင့်မတ်ခြင်းများကို သင်ကြားရယူနိုင်မည်နည်း။
အာဏာအပ်နှင်းခြင်းနှင့် ပြင်ဆင်ခြင်းအတွက်၊ လုကာဖြစ်စဉ်အဆင့်
(၃) ဆင့်ဖြင့် ဖော်ပြထားသည်။

၁။ သခင်ယေရှု ၎င်းတို့ကိုအတူတကွခေါ်သည်။ (လုကာ ၉း၁)။
"]ခေါ်သည်" ဆိုသည့်စကားရပ်သည် ခရစ်ယာန်တို့၏လုပ်ငန်း
နှင့် ခရစ်ယာန်တို့၏ဝေါဟာရအသုံးအနှုန်းတွင် အရေးပါ
သည်။ ၎င်းသည် ကိုယ်ပိုင်ခံစားချက်ဖြစ်ရမည်။ တမန်တော်
တို့သည် သခင်ယေရှုသူ့ထံသို့လာရန်ခေါ်ခြင်းကို လက်ခံပြီး
အတူတကွဖြစ်ရန်ဖြစ်သည်။ သခင်ယေရှုကိုနားထောင်ခြင်းနှင့်
သူ့အား လုံးလုံးလျားလျားအပ်နှံခြင်းသည် ဘုရားသခင်နှင့်
အခြားသူများနှင့်အတူ၊ တညီတညွတ်တည်းအလုပ်လုပ်
ဆောင်ရန် အလွန်အရေးကြီး၏။ ညီညွတ်ခြင်း၌ပင်၊ လုပ်ငန်း
အောင်မြင်ရန်အတွက် အလွန်အရေးပါသောအရာဖြစ်၏။

၂။ သခင်ယေရှုသည် "အခွင့် တန်ခိုး ကိုပေး၏" (လုကာ
၉း၁)။ သခင်ယေရှုသည် သူ၏တပည့်များကို ဘယ်သော
အခါမျှ လက်ခြေသက်သက်သွားခိုင်းသည်မဟုတ်။ ကျွန်ုပ်
တို့၏ခွန်အားဖြင့် သူ၏ကိုယ်စားလှယ်ပြုလုပ်ရန် သူအလို
မရှိပါ။ ကျွန်ုပ်တို့၏ပညာအရည်အချင်း၊ ရာထူး၊ ချမ်းသာ
ကြွယ်ဝမှုနှင့်အာဏာသည် သူ၏လုပ်ငန်းအောင်မြင်ရန်အတွက်
လုပ်ဆောင်နိုင်စွမ်းမရှိပါ။ သူ၏အလုပ်ကိုလုပ်ဆောင်ရန်
စွမ်းရည်နှင့်တန်ခိုးပေးသောသူသည် ခရစ်တော်သာဖြစ်သည်။
ဂရိဘာသာစကားအရ "ပါဝါ" သည် "ဒိုက်နမို" ဖြစ်သည်။
အလင်းကိုပေးသည့်စွမ်းအင် သို့တည်းမဟုတ် ဒိုက်နမိုက်
တောင်ကိုပင် ဖြိုခွင်းနိုင်သည့်စွမ်းအင်ဖြစ်သည်။ သခင်ယေရှု
ပေးသည့် "ပါဝါ" တန်ခိုးနှင့်စွမ်းရည်တို့သည် မာရ်နတ်နှင့်
၎င်း၏ရည်ရွယ်ချက်များကို ချေမှုန်းနိုင်သော ပြင်းထန်သည့်
အင်အားလုံလောက်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏
"ပါဝါ" တန်ခိုးဖြစ်သည်။
"လူ၏အလိုကို၊ ဘုရားသခင်၏အလိုတော်နှင့် ပူးပေါင်း
ဆောင်ရွက်လိုက်သော်၊ အလွန်ပင်တန်ခိုးကြီးလာ၏။ သူ၏
အမိန့်တော်အားဖြင့် မည်သည့်ဖြစ်မြောက်ရမည့်အရာမဆို
သူ၏ခွန်အားဖြင့် ဖြစ်နိုင်၏။ ဘုရားသခင်၏အမိန့်ရှိသမျှ
တို့ကို၊ သူ၏အကူအညီဖြင့် လူတို့သည်လုပ်ဆောင်နိုင်၏။"
E. G. White, Christ's Object Lessons, p. 333.


၃။ သခင်ယေရှုသည် တပည့်တော်တို့ကို "ဘုရားသခင်၏နိုင်ငံ
တော်အကြောင်းကို ဟောပြောစေခြင်းငှာလည်းကောင်း၊ လူနာ
တို့ကိုချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၏။"
(လုကာ ၉း၂)။ ဟောပြောခြင်းနှင့်ကုသခြင်းသည် ဒွန်တွဲ
လျက်ရှိ၏။ တပည့်တော်များ၏တာဝန်သည် ခန္ဓာကိုယ်
တစ်ခုလုံး ကိုယ်၊ စိတ်၊ ဝိညာဉ်အားလုံးကို ပြုစုရန်ဖြစ်သည်။
စာတန်နှင့်အပြစ်သည် လူတစ်ကိုယ်လုံးကို ဖမ်းဆီးချည်နှောင်
ခဲ့သည်။ ထိုကြောင့် လူတစ်ကိုယ်လုံးကို သခင်ယေရှု၏
သန့်ရှင်းသောတန်ခိုးတော်အောက်သို့ ယူဆောင်လာရမည်
ဖြစ်၏။

လူသည် မည်သည့်အရာမျှ ချန်လှပ်ထားခြင်းမရှိဘဲ၊ ခရစ်တော်ကို
လုံးလုံးလျားလျားအပ်နှံမှသာလျှင် ကောင်းသောတပည့်ဖြစ်မည်။ ရွှေ၊ ငွေ၊
မိဘ၊ သားသမီး၊ သေခြင်း၊ ရှင်ခြင်း ယနေ့ (သို့မဟုတ်) မနက်ဖြန်မည်သည့်
အရေးပေါ်ကိစ္စမဆို ခရစ်တော်နှင့်တပည့်စပ်ကြား မလာရောက်နိုင်။ ခရစ်တော်၊
၎င်း၏နိုင်ငံတော်နှင့် ပျောက်ဆုံးလေပြီးသောလောကကို သက်သေခံခြင်း
သည်သာလျှင် ပို၍အရေးကြီးသည်။ ဤအရာထက် မည်သည့်အရာမျှ
အရေးမပါ။

"သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှမယူကြနှင့်" (လုကာ ၉း၃)။
ဤနေရာ၌ ကျွန်ုပ်တို့တွေ့ကြုံခံစားရန်နှင့် နားလည်နိုင်ရန် မည်သည့်
အရေးကြီးသည့်စည်းမျဉ်းကို ပြထားသနည်း။

ဗုဒ္ဓဟူး ဧပြီ ၂၂
တပည့်တော်ခုနစ်ကျိပ်တို့ကိုစေလွှတ်ခြင်း (လုကာ ၁ဝး၁-၂၄)။

(လုကာ ၁ဝး၁-၂၄) ကိုဖတ်ပါ။ တပည့်တော်ခုနစ်ကျိပ်တို့ကို
စေလွှတ်သောပုံပြင်သည် အငြင်းပွားတိုက်ပွဲကြီး၌ ဝိညာဉ်ရိတ်သိမ်းခြင်း
အကြောင်း ကျွန်ုပ်တို့ကို ဘယ်ကဲ့သို့သင်ကြားသနည်း။

သခင်ယေရှုအမှုတော်ထမ်းဆောင်စဉ်၊ သူ၏နောက်တော်သို့လိုက်
သည့် တပည့်တစ်ကျိပ်နှစ်ပါးထက်ပိုသည်။ ယုဒအတွက် လူစားခန့်ရန်၊
ပေတရုသည် ယုံကြည်သူတို့ကိုစကားပြောရာ၌၊ လူအနည်းဆုံး (၁၂၀) ရှိ
သည်။ (တမန် ၁း၁၅)။ သခင်ယေရှုသည် ကောင်းကင်သို့ပြန်လည်မကြွ
မြန်းမီ နောက်လိုက်အနည်းဆုံး (၅၀၀) ရှိသည်ဟု ရှင်ပေါလုပြောခဲ့သည်။
(၁ကော ၁၅း၆)။ ထိုကြောင့် (၇၀) သောတပည့်များအား စေလွှတ်ခြင်းဖြင့်
သူ၌ရှိသောတပည့်များကို အကန့်အသတ်မပြုခဲ့ပါ။ အနာဂတ်အချိန်၌ သူ၏
ခရီးစဉ်ကိုပြင်ဆင်ရန် အကန့်အသတ်ရှိသည့်လုပ်ငန်းကို အထူးရွေးချယ်ထား
သောလူတစ်စုကို ဂါလိလဲမြို့များသို့သွားရန် စေလွှတ်ခြင်းဖြစ်သည်။

ရှင်လုကာတစ်ဦးတည်းသာလျှင် တပည့်တော် (၇၀) အကြောင်း
ပြောခြင်းဖြစ်သည်။ ဤအရာသည် သာသနာလုပ်ငန်းကို စိတ်ရှိသော
ရှင်လုကာအတွက် ထုံးစံအတိုင်းဖြစ်၏။ ရှင်လုကာသည် ကမ္ဘာ့အမြင်ရှိသော
စာရေးဆရာတစ်ဦးဖြစ်သည်။ သမ္မာကျမ်းတွင် (၇၀) သည် ဂျူးလူမျိုးတို့၏
သမိုင်း၌ အထူးသင်္ကေတတစ်ခုဖြစ်သည်။ ကမ္ဘာဦးကျမ်း (၁၀) တွင်
နောဧ၏မျိုးဆက်မှ ကမ္ဘာ့လူမျိုး (၇၀) ဆင်းသက်လာကြောင်း စာရင်းပြု
ထားသည်။ မောရှေသည် သူ၏အလုပ်ကိုကူညီရန် ဣသရေလအမျိုးသား
ခေါင်းဆောင် (၇၀) ကို ရွေးချယ်ခဲ့သည်။ (တောလည် ၁၁း၁၆၊၁၇၊၂၄၊၂၅)။
ခရစ်တော်သက်ရှိထင်ရှားသည့်အချိန်၌၊ ဂျူးလူမျိုးတို့ကောင်စီ (Sanhedrin
Council) သည် အဖွဲ့ဝင် (၇၀) ရှိသည်။ ခရစ်တော်လူ (၇၀) ခေါ်ခြင်း
သည် ဤအကြောင်းများနှင့် ဆက်နွှယ်မှုရှိမရှိကိုမသိပါ။ သို့သော် အရေးကြီး
သည့်အချက်မှာ သခင်ယေရှုသည် အသင်းတော်အတွက် ခေါင်းဆောင်
များကို သင်တန်းပေးသောသူဖြစ်သည်။ ထိုနောက် သူသည် လူအနည်းငယ်
ကို တာဝန်နှင့်တန်ခိုးအကန့်အသတ်ဖြင့် အစီအစဉ်ကို ပေးထားသောသူ
မဟုတ်။ ထိုသို့ဖြစ်မည့်အစား သူ၏တပည့်တို့တွင် ဖြန့်ထားခဲ့သည်။

တပည့် (၇၀) ပြန်ရောက်လာသည့်အခါ၊ သူတို့သည် ဝမ်းမြောက်
ခြင်း၊ စိတ်လှုပ်ရှားခြင်းဖြင့် ပြည့်လျက်ရှိ၏။ သူတို့သည် သခင်ယေရှုကို
ဤကဲ့သို့ ပြန်လည်သတင်းပေး၏။ "သခင်၊ ကိုယ်တော်၏နာမအားဖြင့်
အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟု လျှောက်ကြ၏" (လုကာ
၁ဝး၁၇)။ ဝိညာဉ်ရိတ်သိမ်းခြင်း၏အောင်မြင်ခြင်းသည် ဓမ္မတရားဟောဆရာ
၏အလုပ်မဟုတ်။ ဓမ္မတရားဟောဆရာသည် ခရစ်ဝင်ကျမ်း၏ပြောရေး
ဆိုခွင့်ရှိသူတစ်ဦးသာဖြစ်သည်။ အောင်မြင်ခြင်းသည်၊ သခင် ယေရှု၏နာမ
တော်
အားဖြင့်ရသည်။ ခရစ်ဝင်သာသနာလုပ်ငန်း၏ အောင်မြင်ခြင်းတိုင်း၏
အလယ်ဗဟို၌ သခင်ယေရှု၏နာမည်နှင့်တန်ခိုးရှိသည်။

ခုနစ်ကျိပ်သောတပည့်များ၏အောင်မြင်ခြင်းအကြောင်း အံ့ဩဖွယ်
ကောင်းသည်အရာသုံးချက်ကို သတိပြုပါ။ (၁) ဓမ္မသာသနာဟောပြောခြင်း
၏အောင်မြင်မှု၌ စာတန်၏ရှုံးနိမ့်ခြင်းကို သခင်ယေရှုတွေ့သည်။
(ငယ် ၁၈)။ (၂) ခရစ်ဝင်သာသနာလုပ်ငန်း၌ အမှုဆောင်တစ်ဦးသည်
ပို၍ပါဝင်လုပ်ဆောင်လေ၊ သခင်ယေရှုထံမှ ပို၍တန်ခိုးကိုရရှိလေဖြစ်၏။
(ငယ် ၁၉)။ (၃) ဓမ္မသာသနာဟောပြောဖြန့်ချိသောသူ၏ဝမ်းမြောက်ခြင်း
သည် လောက၌ပြုလုပ်ခဲ့သည်တို့၌ ရှိသင့်သည်မဟုတ်။ ထိုသို့ဖြစ်မည့်
အစား သူ၏နာမည်သည် ကောင်းကင်၌ရှိခြင်းကြောင့် ပို၍ဝမ်းမြောက်သင့်
သည်။ စာတန်၏လက်မှရရှိသောသူတိုင်း ကောင်းကင်ကအသိအမှတ်ပြုပြီး
အောင်ပွဲခံ၏။ ဘုရားသခင်၏နိုင်ငံတော်အတွက် ရရှိသောဝိညာဉ်တိုင်းသည်
စာတန်၏ဆိုးယုတ်သောအစီအစဉ်ကို ထိခိုက်နစ်နာစေသည်။

(လုကာ ၁ဝး၂၄) ကို တစ်ဖန်ပြန်ဖတ်ပါ။ ကျွန်ုပ်တို့မြင်ရသော
အရာတို့ကို ပုရောဖက်များနှင့် ရှင်ဘုရင်များမြင်ရန် အလိုရှိသော်လည်း၊
မမြင်ရသောအရာများကား အဘယ်နည်း။ ဤအရာသည် ကျွန်ုပ်တို့အတွက်
ဘယ်ကဲ့သို့အနက်ရှိသနည်း။

ကြာသပတေး ဧပြီ ၂၃
တပည့်တော်ဖြစ်ခြင်း၏အဖိုးအခ (လုကာ ၉း၂၃-၂၅)။

ကျော်ကြားသည့်ဂရိတွေးခေါ်ပညာရှင်ဆိုကရေးတီး (Socrates) သည်
တပည့်ပလေတို (Plato) ကိုရရှိ၏။ ကျော်ကြားသည့်ဂျူးလူမျိုးဥပဒေပညာရှင်
ဂါမလျေလသည် တပည့်ပေါလုကိုရ၏။ ခြားနားသောဘာသာရေးခေါင်းဆောင်
တို့သည် သစ္စာရှိသော နောက်လိုက်တပည့်များရှိကြ၏။ ခရစ်တော်၏
နောက်လိုက်တပည့်များနှင့် လောက၏နောက်လိုက်တပည့်များ၏ခြားနား
ခြင်းကား အဘယ်နည်း။ အဖြေကား၊ လောကီခေါင်းဆောင်တို့သည် လူသား
တို့၏ဒသနတွေးခေါ်မှုအပေါ် အခြေပြုသည်။ သို့သော် ခရစ်တော်နောက်လိုက်
တပည့်တို့သည် ခရစ်တော်အပေါ်နှင့် လောက၌ သူ၏လုပ်ဆောင်မှုများ
အပေါ် အမှီတံကဲပြုသည်။ တစ်ချိန်တည်းပင်၊ ခရစ်ယာန်တပည့်တို့သည်
ခရစ်တော်၏သွန်သင်ချက်များနှင့် လူသားများကယ်တင်ခြင်းရရှိရန်
လုပ်ဆောင်မှုများအပေါ် အမှီပြုသည်။ ထိုကြောင့် သခင်ယေရှုသည် သူ၏
နောက်လိုက်တပည့်များကို ၎င်းတို့ကိုယ်ကို လုံးလုံးလျားလျားဆက်ကပ်ကြ
ရန်နှင့် မိမိတို့၏ကပ်တိုင်ကိုထမ်းကာ၊ သူ၏ဦးဆောင်မှုနောက်သို့လိုက်ရန်
မိန့်မှာတော်မူ၏။ ကရာနီခြေရာနောက်သို့ လျှောက်လှမ်းခြင်းမရှိသောသူတို့
မရှိလျှင်၊ ခရစ်ယာန်နောက်လိုက်တပည့်ရှိမည်မဟုတ်။

(လုကာ ၉း၂၃-၂၅။ မဿဲ ၁၆း၂၄-၂၈။ မာကု ၈း၃၄-၃၆) ကို
ဖတ်ပါ။ ခရစ်ယာန်ဟုခံယူသူတစ်ယောက်တိုင်းစီအတွက်၊ အလွန်အရေးကြီး
သောသတင်းစကားသည် အဘယ်နည်း။

ခရစ်ယာန်နောက်လိုက်တပည့်ဖြစ်ခြင်းသည် ကယ်တင်ခြင်းခံရသူ
များနှင့် ကယ်တင်ရှင်စပ်ကြား သက်ရှင်သည့်ဆက်ဆံရေးဖြစ်သည်။
ကယ်တင်ခြင်းခံရသောသူများအနေဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ရှင်နောက်
သို့လိုက်ရမည်ဖြစ်၏။ ထိုကြောင့် ရှင်ပေါလုသည် ဤကဲ့သို့ပြောနိုင်၏၊
"ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံပြီ။ သို့သော်
လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော်၊ ငါသည် ကိုယ်တိုင်မရှင်၊
ခရစ်တော်သည် ငါ၌ရှင်တော်မူ၏" (ဂလာတိ ၂း၂၀)။
ရှင်လုကာသည် နောက်လိုက်တပည့်ဖြစ်ခြင်း၏အဖိုးအခကို (လုကာ
၉း၂၃) တွင် ဖော်ပြသည်။ "ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင်
ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်၊ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍
ငါ့နောက်သို့လိုက်ရမည်။" "ငြင်းပယ်" "ထမ်း၍" နှင့် "]နောက်သ်သို့လိုက်"
ဆိုသည့်စကားရပ်များကို သတိပြုပါ။ ရှင်ပေတရုသည် ခရစ်တော်ကိုငြင်းပယ်
သည့်အကြောင်းကို ကျွန်ုပ်တို့ဖတ်ရာ၌၊"ငြင်းပယ်" ဆိုသည့်စကားရပ်ကို
ပို၍ကောင်းသောဖော်ပြချက်ကို ရှာ၍မတွေ့။ "ငါသည်သခင်ယေရှုကိုမသိ"
ထိုကြောင့်၊ နောက်လိုက်တပည့်ဖြစ်ရန်ခေါ်ရာ၌၊ မိမိကိုယ်ကို  ငြင်းပယ်
ရန်လိုအပ်သည်ဟု ဆိုသည့်အတွက်၊ ငါ့ကိုယ်ကိုငါမသိဟု ဆိုနိုင်ရမည်။
ငါဆိုသည့်ဇာတိကိုယ်သည်သေ၏။ ၎င်း၏နေရာ၌ ခရစ်တော်ဝင်ရောက်
သက်ရှင်ရမည်။ (ဂလာတိ ၂း၂၀)။ ဒုတိယအနေဖြင့်၊ ကပ်တိုင်ကိုနေ့စဉ်
ထမ်းရမည်ဆိုသည်ကား၊ ဇာတိပကတိဖြစ်သည့် မိမိကိုယ်ကို ကပ်တိုင်၏
တွေ့ကြုံခံစားမှုကို အချိန်တိုင်းရရှိရန်ဖြစ်သည်။ တတိယ၊ နောက်လိုက်ရန်
ဆိုသည်ကား အသက်တာ၏ရည်ရွယ်ချက်သည် ခရစ်တော်နှင့် ခရစ်တော်
သာလျှင်ဖြစ်၏။

(လုကာ ၉း၅၇-၆၂) တွင် ဖော်ပြသည့်အတိုင်း နောက်လိုက်တပည့်
ဖြစ်ခြင်း၏အဖိုးအခသည် ပို၍လေးနက်ကြောင်း သခင်ယေရှုဖော်ပြသည်။
သခင်ယေရှုရှေ့တွင် မည်သည့်အရာမျှမရှိ။ သူနှင့်သူသာလျှင် ဦးစွာမိတ်ဆွေ
နှင့်မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်နှင့်ဝတ်ပြုကိုးကွယ်ခြင်းတို့ဖြစ်၏။ ခရစ်ယာန်
နောက်လိုက်ဖြစ်ခြင်းသည် ဇာတိပကတိသေခြင်းသည် ရွေးချယ်ရာမဟုတ်၊
မဖြစ်မနေလုပ်ရမည်ဖြစ်သည်။

"ခရစ်တော်သည် လူကိုခေါ်ရာ၌၊ အမိန့်ပေးခြင်းဖြစ်၏။ "လာ-သေခံ"
.......အချိန်တိုင်း တူညီသည့်သေခြင်းဖြစ်သည်။ ခရစ်တော်၌သေခြင်းဖြစ်
သည်။ မိမိအလိုအတိုင်းအသေခံသောသူမှသာလျှင် နောက်လိုက်တပည့်
ဖြစ်နိုင်မည်။" Dietrich Bonhoeffer, The Cost of Discipleship, p. 99 မှ
ကောက်နုတ်သည်။

ခရစ်တော်နောက်လိုက်ခြင်းအတွက် သင်မည်မျှအဖိုးအခပေးရ
သနည်း။ သင်၏အဖြေကို သေချာစဉ်းစားပြီး သင့်အတွက်ဘယ်ကဲ့သို့
အနက်ရှိသနည်း။

သောကြာ ဧပြီ ၂၄
ထပ်ဆင့်လေ့လာရန်။

"ကားတိုင်ကိုမတင်ခြင်းသည်၊ ဇာတိပကတိကို ဝိညာဉ်မှဖြတ်တောက်
စေသည်။ ခရစ်တော်နှင့် ၎င်း၏ဝန်ထုပ်ကို ဘယ်ကဲ့သို့သယ်ပိုးရမည်ကို
လက်ခံရန် သင်ကြားသည့်နေရာသို့ လူကိုပို့ထားသည်။ ခရစ်တော်၏ထမ်းပိုး
ကိုမထမ်းဘဲ၊ ကပ်တိုင်ကိုမသယ်ပိုးဘဲ၊ သူ့နောက်သို့လိုက်နိုင်မည်မဟုတ်ပါ။
ကျွန်ုပ်တို့၏လိုအင်ဆန္ဒသည် သခင်ယေရှု၏လိုအပ်ချက်နှင့်ကိုက်ညီမှုမရှိဟု
ဆိုအံ့၊ ထိုသို့ဖြစ်သော်၊ ကျွန်ုပ်တို့နှစ်သက်သည့်ဆန္ဒများကို စွန့်လွှတ်၍၊
မိမိအလိုတို့ကိုလည်းငြင်းပယ်ကာ၊ ခရစ်တော်၏ခြေရာ၌ လျှောက်လှမ်းရ
မည်သာဖြစ်၏။" E. G. White, Sons and Daughters of God, p. 69 မှ
ကောက်နုတ်သည်။
-၀-
--

Thursday, April 16, 2015

Lesson 2.ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ-Pr.RubinPwint


SSLesson 1. ခရစ်တော်ကြွလာတော်မူခြင်း-Mr. Khambawi-2Q-2015


၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ သခင်ယေရှုကြွာလာတော်မူခြင်း-2Q-2015
သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ-2Q-2015
သင်ခန်းစာ ၃။ သခင်ယေရှုခရစ်သည်အဘယ်သူနည်း-2Q-2015
သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း-2Q-2015
သင်ခန်းစာ ၅။ ဥပုသ်၏သခင်ယေရှု-2Q-2015
သင်ခန်းစာ ၆။ သခင်ယေရှု၏ အမှုတော်၌အမျိုးသမီးများ-2Q-2015
သင်ခန်းစာ ၇။ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆုတောင်းခြင်း-2Q-2015
သင်ခန်းစာ ၈။ သခင်ယေရှု၏ အမှုတော်လုပ်ငန်း-2Q-2015
သင်ခန်းစာ ၉။ သခင်ယေရှု၊ ဆရာ့ဆရာကြီး-2Q-2015
သင်ခန်းစာ ၁၀။ နေ့စဉ်အသက်တာ၌ သခင်ယေရှုနောက်လိုက်ခြင်း-2Q-2015
သင်ခန်းစာ ၁၁။ ထာဝရဘုရား၏နိုင်ငံတော်-2Q-2015
သင်ခန်းစာ ၁၂။ ယေရုရှလင်၌ သခင်ယေရှု-2Q-2015
သင်ခန်းစာ ၁၃။ ကားတိုင်ပေါ်အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း-2Q-2015

၁။ သုတ္တံကျမ်း-ပထမကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ ပညာဥာဏ်၏ဖိတ်ခေါ်သံ-1Q-2015
သင်ခန်းစာ ၂။ နားမှခြေအထိ-1Q-2015
သင်ခန်းစာ ၃။ သေရေးရှင်ရေးကိစ္စ-1Q-2015
သင်ခန်းစာ ၄။ ဘုရားနှင့်ဆိုင်သောဥာဏ်ပညာ-1Q-2015
သင်ခန်းစာ ၅။ ဖြောင့်မတ်သူတို့၏ကောင်းကြီးမင်္ဂလာများ-1Q-2015
သင်ခန်းစာ ၆။ သင်ရရှိသောအရာသည် သင်မြင်ရသောအရာမဟုတ်-1Q-2015
သင်ခန်းစာ ၇။ ရန်တွေ့ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း-1Q-2015
သင်ခန်းစာ ၈။ ပညာရှိသောစကားများ-1Q-2015
သင်ခန်းစာ ၉။ သမ္မာတရားစကား-1Q-2015
သင်ခန်းစာ ၁၀။ မျက်နှာဖုံးနောက်ကွယ်၌-1Q-2015
သင်ခန်းစာ ၁၁။ ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်း-1Q-2015
သင်ခန်းစာ ၁၂။ ပညာရှိတို့၏နှိမ့်ချခြင်း-1Q-2015
သင်ခန်းစာ ၁၃။ မိန်းမနှင့်သေရည်သေရက်-1Q-2015

T-2015

၁။ သုတ္တံကျမ်း-ပထမကွာတာ-၂၀၁၅
၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

Lesson 3. သခင်ခရစ်တော်သည် ဘယ်သူနည်း-Pr.Winsleigh


Lesson 2.ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ (Reading)


Lesson 1. ခရစ်တော်ကြွလာတော်မူခြင်း (Reading)


Friday, April 10, 2015

သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းများ (PDF)

Power Point

MY_2015t202.pptx -

PDF

MY_2015t202 -

သင်ခန်းစာ ၃။ သခင်ယေရှုသည်အဘယ်သူနည်း (Pr.Winseighy)


သင်ခန်းစာ ၃။ သခင်ယေရှုသည်အဘယ်သူနည်း (Text)

https://www.youtube.com/watch?v=ONwKQsWe4z0

အလွတ်ကျမ်းချက်
"သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု
မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏
ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏" (လုကာ ၉း၂၀)။


သခင်ယေရှုခရစ်သည် အဘယ်သူဖြစ်သနည်း။ ဤမေးခွန်းသည်
ဖုံးကွယ်မှုလှည့်ကွက်မဟုတ်။ လူသားများသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း
ဗဟိုချက်မထိသည့် မေးခွန်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ လူသား
များ၏အနာဂတ်သည် ဘယ်ကဲ့သို့ဖြစ်မည်ဆိုသည့်အချက်ဖြစ်သည်။
လူတို့သည် သခင်ယေရှု၏အလုပ်ကို အံ့ဩနှစ်သက်၏၊ သူ၏
စကားတို့ကိုဂုဏ်ပြု၏၊ သူ၏သည်းခံစိတ်ကိုချီးကျူး၏၊ သူ၏ငြိမ်သက်ခြင်း
သဘောကိုထောက်ခံ၏၊ သူ၏ရဲရင့်ခြင်းကိုလေးစား၏၊ သူ၏တစ်ကိုယ်
ကောင်းမဆန်မှုဖြင့် စိတ်တွင်စွဲမှတ်စေပြီး၊ သူ၏အသက်ကို ရက်စက်စွာ
အဆုံးသတ်ခြင်းဖြင့် တုန်လှုပ်ချောက်ချားခဲ့၏။ များစွာသောသူတို့သည်
သခင်ယေရှုကို အမှန်တရားကြိုးစားလုပ်ဆောင်သော လူကောင်းတစ်ယောက်
အနေဖြင့်သော်လည်းကောင်း၊ လူတိုင်းကိုတရားမျှတမှုရှိခြင်းဖြင့်လည်းကောင်း၊
ဖျားနာခြင်းဝေဒနာရှိလျှင် ကုသပေးရန်ကမ်းလှမ်းခြင်းဖြင့်လည်းကောင်း၊
ဝေဒနာများခံစားရသည့်နေရာ၌ နှစ်သိမ့်အားပေးခြင်းသော်လည်းကောင်း
လက်ခံကြရန်အသင့်ရှိကြသည်။

ဟုတ်မှန်၏။ သခင်ယေရှုသည် အကောင်းဆုံးဆရာ၊ ပုန်ကန်သူ၊
အကောင်းဆုံးခေါင်းဆောင်၊ လူတစ်ဦး၏စိတ်ကို နက်ရှိုင်းစွာစူးစမ်းလေ့လာ
သည့် စိတ်ပညာရှင်တို့အဖြစ်၊ ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။ ဤ
အရာအားလုံးထက် သူသည်သာလွန်၏။
သို့သော်၊ ဤအရာအားလုံးတို့သည်၊ သခင်ယေရှုကိုယ်တော်တိုင်
မေးသည့်မေးခွန်း၏အဖြေသို့ တစ်ခုမျှမရရှိ။ "သင်တို့လည်း ငါ့ကိုဘယ်သူ
ဖြစ်သနည်းဟု ဆိုကြသနည်း" (လုကာ ၉း၂၀)။
အဖြေရရှိရန် လိုအပ်သည့်မေးခွန်းဖြစ်သည်။ အဖြေအပေါ် လူသား
တို့၏အနာဂတ်သည် အမှီပြုလျက်ရှိသည်။


တနင်္ဂနွေ ဧပြီ ၁၂
လူတို့သည်သခင်ယေရှုကိုဘယ်ကဲ့သို့ထင်ကြသနည်း (လုကာ ၄း၁၆-၃၀)။

ခရစ်ဝင်ကျမ်းများနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးကိုဖတ်ပါ။ ဤကျမ်း
များထဲ၌ သခင်ယေရှုသည် ဘယ်သူဘယ်ဝါဖြစ်ပြီး၊ မည်သည့်အရာများကို
မယုံနိုင်လောက်အောင် လုပ်ဆောင်သည်ကို တွေ့ရှိနိုင်သည်။ သူသည်
ဘုရားသခင်ဖြစ်ကြောင်း၊ သူတစ်ဦးတည်းသာလျှင် ထာဝရအသက်လမ်း
ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်ကြောင်း ပြောဆိုကြသည်။
ဤပြောဆိုမှုတို့သည် ကျွန်ုပ်တို့၏အနီးကပ်အာရုံစိုက်မှုကို လိုအပ်သည်၊
အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူသားတိုင်းအတွက် ထာဝရအသက်
(သို့မဟုတ်) သေခြင်းအကြောင်းကြောင့်ဖြစ်သည်။

(လုကာ ၄း၁၆-၃၀) ကိုဖတ်ပါ။ အဘယ်အကြောင်းကြောင့် လူတို့
သည် ဤကဲ့သို့ပြုလုပ်ကြသနည်း။ (ယော ၃း၁၉) ကိုလည်းဖတ်ပါ။
သခင်ယေရှုနေရပ်ရှိ မြို့သူမြို့သားများသည် သူ့အားဦးစွာတွေ့ရာ
၌၊ ရင်ခုန်ပြီးဝမ်းမြောက်ကြသည်။ သူသည် များစွာသောအံ့ဩဖွယ်ကောင်း
သည့် နိမိတ်လက္ခဏာများကိုပြုလုပ်ပြီး ယခုနာဇရက်မြို့သို့ ပြန်လာနေသည်။

သူတို့သည် "တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်း
လျက်" ရှိ၏။ (လုကာ ၄း၂၂)။ သို့သော် သူသည် ၎င်းတို့အား ဆုံးမ
ဩဝါဒပြောသည့်အခါ သူတို့သည် အနုတ်သဘောဖြင့် ပြန်လည်တုံ့ပြန်၏။
(လုကာ ၇း၁၇-၂၂) ကိုဖတ်ပါ။ သခင်ယေရှုအကြောင်း ယောဟန်
၏အမေးကားအဘယ်နည်း။ အဘယ်ကြောင့် သူမေးမြန်းရသနည်း။
သခင်ယေရှုလမ်းကိုပြင်ဆင်ပြီး သူ့ကို "ဘုရားသခင်၏သိုးသငယ်"
ဟုခေါ်သော ဗတ္တိဇံယောဟန်ပင်လျှင် စိတ်ထဲ၌သံသယရှိနေသည်။ ဗတ္တိဇံ
ယောဟန်သိလိုသည်မှာ "ကိုယ်တော်သည် ကြွလာသောသူမှန်သလော၊
သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော" (လုကာ ၇း၁၉)။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်၏မေးခွန်းကို တိုက်ရိုက်ပြန်လည်
ဖြေကြားခြင်းမရှိသည်ကို သတိပြုပါ။ ထိုသို့ပြုမည့်အစား သူသည် သက်သေ
အဖြစ် သူ၏လုပ်ဆောင်ချက်များကို ညွှန်ပြသည်။ "မျက်စိကန်းသောသူ
တို့သည် မျက်စိမြင်ကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားကြ၏။
နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြ၏။ သေသောသူတို့သည်
ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်
စရာသတင်းကြားရကြ၏" (ငယ် ၂၂)။ ဗတ္တိဇံယောဟန်၏မေးခွန်းကို
သခင်ယေရှုတိုက်ရိုက်ဖြေကြားရန်မလိုဟု ငြင်းခုံပြောဆိုလို့ရသည်။
သခင်ယေရှုလုပ်ဆောင်ချက်များသည် များစွာသောသက်သေအဖြစ် သူသည်
ဘယ်သူဖြစ်သည်ကိုပြ၏။

တစ်နည်းအားဖြင့်၊ ခရစ်တော်ပေးသည့်အဖြေသည် ယောဟန်ကို
အနည်းငယ်ပူပန်စိတ်ဖြစ်စေမည်ဖြစ်၏။ "အကယ်၍ သခင်ယေရှုသည်
ဤအံ့ဩဖွယ်ကောင်းသောအရာများကိုပြုလုပ်ရန် တန်ခိုးအာဏာရှိပါက၊
ငါကအဘယ်ကြောင့် အကျဉ်းထောင်ထဲမှာ ဆွေးမြေ့နေရမှာလဲ" ဟု
ယောဟန်တွေးတောမည်ဖြစ်သည်။ "အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့
တန်ခိုးများရှိခဲ့သော်၊ ငါကအဘယ်ကြောင့် ဒီလိုဖြစ်နေရတာလဲ" "ဘာကြောင့်
ကပ်တိုင်နှင့်ကတိတော်များသာလျှင် ငါတို့ရဲ့အဖြေဖြစ်ရတာလဲ" ဟု မေးမည့်
သူများလည်းရှိမည်ဖြစ်၏။


တနင်္လာ ဧပြီ ၁၃
ဘုရားသခင်၏သားတော် (လုကာ ၁း၃၁၊၃၂၊၃၅)။

သခင်ယေရှုသည် ဘယ်သူဖြစ်သည်ကို "လူသား" နှင့်
"ဘုရားသခင်၏သားတော်" ဟုနာမည်နှစ်မျိုးဖြင့် အသုံးပြုထားသည်။
ပထမအမည်သည် ဘုရားကိုလူသားအဖြစ် တွေ့မြင်ရသည်။ ဒုတိယအဖြစ်၊
ထာဝရဘုရားသခင် (သုံးပါးတစ်ဆူ) ၏ဒုတိယပုဂ္ဂိုလ်အဖြစ် တွေ့မြင်ရ
သည်။ ဤနှစ်ပိုင်းသည် အတူတကွ၊ သခင်ယေရှုခရစ်၏အံ့ဩဖွယ်လက္ခဏာ
အကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။ သို့သော် ဤ
နားလည်ရန်ခက်သော သဘောတရားသည် သခင်ယေရှု လူ-ဘုရားအဖြစ်
ကျွန်ုပ်တို့ကို ကြီးစွာသောမျှော်လင့်ခြင်းကို ကမ်းလှမ်းသည့် အံ့ဩဖွယ်ကောင်း
လှသော ဖြောင့်မတ်ခြင်းတရားကို ဆွဲယူသွားမည်မဟုတ်ပါ။
(လုကာ ၁း၃၁၊၃၂၊၃၅ နှင့် လုကာ ၂း၁၁) ကိုဖတ်ပါ။ သခင်ယေရှု
သည် အမှန်တကယ်ဘယ်သူဖြစ်သည်ကို ဤကျမ်းပိုဒ်များကပြောသနည်း။
(လုကာ ၁း၃၁၊၃၂) တွင်၊ ကောင်းကင်တမန်သည် "ယေရှု"
နာမည်ကို "ကြီးမြတ်သောသူ" သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရ
အရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်ဟုဆိုသည်။ ယေရှုသည်
ဘုရားသခင်၏သားတော်ဖြစ်သည်။ သူသည် ခရစ်တော်၊ မေရှိယ (ရွေးချယ်
ခြင်းခံရသူ) ဖြစ်ပြီး၊ ဒါဝိဒ်၏ရာဇပလ္လင်ကို ပြန်လည်တည်ထောင်သောသူ
ဖြစ်မည်။ သူသည် လောက၏ဘုရင်မျှသာမဟုတ်၊ ထာဝရဘုရား၏ပလ္လင်
ကိုခိုးယူရန် ကြိုးစားသောစာတန်၏အမှုကို လုံးဝရှုံးနိမ့်စေမည့်သူဖြစ်
သည်။ သိုးထိန်းများကို နွားစားခွက်ထဲရှိ သူငယ်ယေရှုကိုကြေညာရာ၌၊
"သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်" ဟု ပြောဆိုခဲ့သည်။
(လုကာ ၂း၁၁)။

တစ်ချိန်တည်း၌ပင်၊ "ဘုရားသခင်၏သားတော်" ဆိုသည့်
ဂုဏ်ပုဒ်သည် ထာဝရဘုရားသခင် (သုံးပါးတစ်ဆူ) ၌၊ ခရစ်တော်၏နေရာ
ကို ထောက်ခံခြင်းဖြစ်သည်။ ဤဂုဏ်ပုဒ်သည်၊ လောက၌ရှိစဉ် သူသည်
ခမည်းတော်ဘုရားနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိသည်ကိုလည်းပြသည်။
သို့သော် ခမည်းတော်နှင့်သားတော်၏ဆက်ဆံရေးသည် ကျွန်ုပ်
တို့နှင့် ဘုရားသခင်စပ်ကြားဆက်ဆံရေးကဲ့သို့မဟုတ်။ ကျွန်ုပ်တို့၏ဆက်ဆံ
ရေးသည် ဖန်ဆင်းရှင်နှင့်ကယ်တင်ရှင်အဖြစ် ခရစ်တော်၏ဆောင်ရွက်
ချက်၏ရလဒ်ကြောင့်ဖြစ်သည်။ သို့သော် သားတော်အဖြစ် ခမည်းတော်နှင့်
ဆက်ဆံခြင်းသည် ထာဝရတွဲဖက်အဖော်ဖြင့် သုံးပါးတစ်ဆူညီတူအဆင့်
ဖြစ်သည်။ သုံးပါးတစ်ဆူအပိုင်းအနေဖြင့်၊ သခင်ယေရှုသည် အဖခမည်း
တော်ဘုရားနှင့် အနီးကပ်နိုင်ဆုံးဆက်ဆံမှုဖြင့် ထားရှိသည်။
"ကောင်းကင်ဘုံ၌ရှိတော်မူသောအဘ" ဟု သခင်ယေရှုပြောရာ၌၊
သူသည် လူသားအဖြစ်ရှိနေစဉ် သူ၏တပည့်တော်များနှင့်အတူတကွရှိကြောင်း
ကို သတိရစေရန်ဖြစ်သည်။ သူတို့၏စုံစမ်းသွေးဆောင်မှုများကို မျှဝေခံစား
သူ၊ ၎င်းတို့၏ဝေဒနာများကို ကြင်နာသနားသူဖြစ်၏။ သို့သော် သူသည်
သုံးပါးတစ်ဆူဘုရားရှင်အနေဖြင့် ထာဝရခမည်းတော်၏ပလ္လင်နှင့်ဆက်နွှယ်
လျက်ရှိသည်။" EGWhite DA. p.၄၄၂ မှကောက်နုတ်သည်။
သခင်ယေရှုဘုရားဖြစ်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘယ်ကဲ့သို့
အနက်ရှိသနည်း။ ဤဖြောင့်မတ်ခြင်းတရားသည် အနက်များစွာပြည့်လျက်
ရှိမည်ဖြစ်၏။ သို့သော် အံ့ဩဖွယ်အကောင်းဆုံးအရာသည် ဘုရားအဖြစ်
သခင်ယေရှုသည် လူသားများအတွက် မိမိကိုယ်ကိုပူဇော်အပ်နှံရန် မိမိကိုယ်
ကိုနှိမ့်ချခြင်းပင်ဖြစ်သည်။ ဤနေရာ၌ ဘုရားရှင်အကြောင်း ပြောနေခြင်း
ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းတရားသည် ဘုရားရှင်ကဘယ်သူဖြစ်သည်ကို
ပြောခြင်းအားဖြင့် ကျွန်ုပ်တို့ကို မည်သည့်အံ့ဩဖွယ်ကောင်းလှသော
မျှော်လင့်ခြင်းကိုပေးသနည်း။

အင်္ဂါ ဧပြီ ၁၄
လူသား (လုကာ ၆း၅)။

သခင်ယေရှုသည် ဘုရားသခင်၏သားတော်နှင့် တစ်ချိန်တည်းမှာ
လူသားဖြစ်ကြောင်းကို အပြည့်အဝသိရှိသည်။ (လုကာ ၂၂း၆၇-၇၀)။ သို့သော်
မိမိကိုယ်ကို လူသားဟုခေါ်ဆိုရန်နှစ်သက်သည်။ မည်သူတစ်ဦးတစ်ယောက်
မျှ သူ့ကိုဤကဲ့သို့ခေါ်ခြင်းမရှိပါ။ သာဓကအားဖြင့် ဤဂုဏ်ပုဒ်ကို အခြား
နေရာ၌ သတေဖန်၏ဟောပြောချက်၌လည်းကောင်း၊ (တမန် ၇း၅၆)
ထိုနောက် ဗျာ ၁း၁၃ နှင့် ဗျာ ၁၄း၁၄ ၌သာ တွေ့ရှိရသည်။ သို့သော်
ခရစ်ဝင်ကျမ်းများ၌ အကြိမ် (၈၀) နှင့် လုကာခရစ်ဝင်ကျမ်းတွင် အကြိမ်
(၂၅) ကြိမ် ဖော်ပြထားသည်ကို တွေ့ရ၏။ ရှင်လုကာ ဤစကားရပ်ကို
အသုံးပြုခြင်းသည် ကယ်တင်ခြင်းသတင်းကောင်းကိုဟောကြားရန် ဘုရားသခင်
သည် သခင်ယေရှုကို လူအဖြစ်စေလွှတ်ခြင်းအပေါ် သူအလေးအနက်အာရုံစိုက်
ခြင်းကို ပြခြင်းဖြစ်သည်။

"လူသားအဖြစ် ဘုရားရှင်၏သားတော်သည် ကျွန်ုပ်တို့အတွက်
အရာခပ်သိမ်းဖြစ်၏။ ဤအရာသည် ကျွန်ုပ်တို့၏ဝိညာဉ်နှင့်ခရစ်တော်ကို
လည်းကောင်း၊ ခရစ်တော်မှတစ်ဆင့် ဘုရားရှင်နှင့်၎င်းချည်နှောင်ထားသော
ရွှေသံကြိုးဖြစ်သည်။ ဤအချက်သည် ကျွန်ုပ်တို့လေ့လာစရာဖြစ်၏။
ခရစ်တော်သည် လူစင်စစ်ဖြစ်သည်။ လူဖြစ်ရန်နှိမ့်ချဖို့အလိုရှိကြောင်းကို
သူသက်သေပေးခဲ့သည်။ သို့သော် သူသည် လူသားဘ၀၌ဘုရားလည်း
ဖြစ်သည်။" E. G. White, Selected Messages book 1, p. 244 မှ
ကောက်နုတ်သည်။
"လူသား" ဟုအသုံးပြုရာ၌၊ သခင်ယေရှုသည် လူသားအသွင်ဖြင့်
သူ၏သဘာဝ၊ လုပ်ငန်းနှင့်အနာဂတ်ကို ခြားနားသည့်အမြင်အမျိုးမျိုးကို
တင်ပြခြင်းဖြစ်သည်။

၁။ ဤဂုဏ်ပုဒ်သည် လောက၏ဂုဏ်ဒြပ်များမရှိဘဲ လူသားအဖြစ်
ပြခြင်းဖြစ်သည်။ (လုကာ ၇း၃၄။ လုကာ ၉း၅၈)။

၂။ ဘုရားအဖြစ် ခရစ်တော်၏အဆင့်ကိုညွှန်ပြရန် ဤဂုဏ်ပုဒ်ကို
လုကာအသုံးပြုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊
"လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်" (လုကာ ၆း၅)။
ထိုကြောင့် သူသည် ဖန်ဆင်းရှင်လည်းဖြစ်ပြီး၊ အပြစ်တို့ကို
ခွင့်လွှတ်နိုင်သော အာဏာတန်ခိုးရှိသည်။ (လုကာ ၅း၂၄)။

၃။ ကမ္ဘာမတည်မရှိမီ ထာဝရဘုရားသခင်ပေးသည့် လုပ်ပိုင်ခွင့်
ဖြင့်၊ သခင်ယေရှုသည် ကယ်တင်ခြင်းလုပ်ငန်းကို အပြီးပြတ်
ဆောင်ရွက်ရန် ကြွလာတော်မူခဲ့သည်။ (ဧဖက် ၁း၃-၅)။
ထိုကြောင့် လူသားသည် ပျောက်သောသူကိုရှာ၍ ကယ်တင်
အံ့သောငှာ ကြွလာတော်မူခြင်းဖြစ်သည်။ (လုကာ ၁၉း၁၀)။
သို့သော် ဤကယ်တင်ခြင်းလုပ်ငန်းသည် "လူသားသည်
များစွာခံရမည်၊.....ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်
ခြင်းကိုလည်းကောင်း" မခံရမီတိုင်ပြီးမြောက်မည်မဟုတ်။
(လုကာ ၉း၂၂)။ လူတို့ကိုကယ်တင်ရန် လျှောက်ရမည့်ခရီး
လမ်းနှင့်ပေးဆပ်ရမည့်အဖိုးအခတို့ကို လူသားသည် သိတော်
မူ၏။ ဤအရာသည် ကယ်တင်ခြင်းစီမံကိန်း၌ ထာဝရ
ဘုရားသခင်၏ပါဝင်မှုနှင့် ထိုစီမံကိန်း၌ လူသားအဖြစ်နှိမ့်ချ
စွာ ခရစ်တော်၏အပ်နှံခြင်းကိုပြသည်။

၎။ အောက်ဖော်ပြပါကျမ်းပိုဒ်များ၌ ဝေဒနာခံစားနေရသော
မေရှိယ၏ပုံရိပ်ကို ရှင်လုကာအဘယ်မျှပြည့်စုံအောင်ပြသည်ကို
သတိပြုပါ။ ဦးစွာကပ်တိုင်ကိုသိခြင်း (လုကာ ၁၈း၃၁-၃၃)။
လူတို့လက်၌အပ်နှံရသောအချိန် (လုကာ ၉း၄၄)၊ သူ၏အသေ
သတ်ခံခြင်းဖြင့် အနာဂတ္တိကျမ်းပြည့်စုံခြင်း (လုကာ ၂၂း၂၂)
ဘုရားသခင်ထံမှအထူးသတင်းစကား)။ ကပ်တိုင်တွင် အသေခံ
ခြင်းနှင့်ပြန်လည်ရှင်ပြန်ထမြောက်ခြင်း၊ (လုကာ ၂၄း၇။ လုကာ
၁၁း၃၀ နှင့်နှိုင်းယှဉ်ဖတ်ပါ။) ထိုနောက် အဖခမည်းတော်နှင့်
လူတို့စပ်ကြား၊ ကြားဝင်ဖျန်ဖြေသူအဖြစ် (လုကာ ၁၂း၈)။

၅။ ကမ္ဘာ၏နောက်ဆုံးကာလ၌ လူသားသည် ၎င်း၏သူတော်စင်
များကို ဆုလာဘ်ပေးရန် လောကသို့တစ်ဖန်ပြန်လည်ကြွလာ
မည်ဖြစ်ပြီး၊ မဟာအငြင်းပွားမှုပဋိပက္ခပွဲကြီးကို အဆုံးသတ်
မည်ဖြစ်သည်ကို ရှင်လုကာတွေ့မြင်သည်။ (လုကာ ၉း၂၆။
လုကာ ၁၂း၎။ လုကာ ၁၇း၂၄၊၂၆၊၃၀။ လုကာ ၂၁း၃၆။ လုကာ ၂၂း၆၉။)

အတိုချုပ်အားဖြင့်၊ "လူသား" ဟူသောဂုဏ်ပုဒ်သည် ခရစ်တော်
သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ သူဘာကိုပြုလုပ်ရန် ကြွလာခြင်းအကြောင်း
ကျွန်ုပ်တို့အတွက် ဘယ်အရာများကိုဆောင်ရွက်ပြီး၊ ကယ်တင်ခြင်းစီမံကိန်း
၌ ကျွန်ုပ်တို့အတွက် ဘာကိုပြုလုပ်ဦးမည်ဟူ၍၊ များစွာသောအစိတ်အပိုင်း
များပါရှိသည်။

ဗုဒ္ဓဟူး ဧပြီ ၁၅
ဘုရားသခင်၏ခရစ်တော် (လုကာ ၉း၁၈-၂၇)။

(လုကာ ၉း၁၈-၂၇) ကိုဖတ်ပါ။ သခင်ယေရှုသည် သူသိနှင့်ပြီး
သောအဖြေကို အဘယ်ကြောင့်တပည့်တော်များအား မေးရသနည်း။ သူ့
အကြောင်းနှင့် သူ့နောက်သို့လိုက်ခြင်းအကြောင်းကို မည်သည့်သင်ခန်းစာ
ရဖို့ သူသည် ကြိုးစားသင်ကြားနေသနည်း။

"ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်း"(လုကာ ၉း၂၀)။ နှစ်ပေါင်း
နှစ်ထောင်က ခရစ်တော်မေးခဲ့သောမေးခွန်းသည် သမိုင်းတစ်လျှောက်ဖြေဆို
ရန်ရှိဆဲပင်ဖြစ်သည်။ လူတို့သည် ခြားနားသည့်အဖြေများကိုပေးကြသည်။
ကျော်ကြားသည့်ဆရာတော်၊ လူ့အဖွဲ့အစည်းတို့၏ဥပဒေကျွမ်းကျင်သူ၊
သမ္မာတရား၏စစ်မှန်သည့်ကိုယ်စားလှယ်၊ တစ်ကိုယ်ကောင်းမဆန်သည့်
သာဓက၊ ကြောက်ရွံ့ခြင်းကင်းမဲ့သည့် (ဘုရားရှင်ထံမှအထူး) ပုရောဖက်၊
လူမှုတော်လှန်ရေးသမား၊ လူတို့ဖြစ်သင့်သည့် အရာခပ်သိမ်းတို့၏ စံ။ံ
သို့သော်၊ ပေတရု၏နှုတ်ခမ်းမှထွက်လာသောအဖြေသာလျှင်၊ တစ်ခုတည်း
သောအဖြေမှန်ဖြစ်သည်။

သခင်ယေရှုသည် သဘာဝအပေါ် ၎င်း၏ဩဇာတန်ခိုးကိုပြသည်။
(လုကာ ၈း၂၂-၂၅)။ နတ်ဆိုးများအပေါ်သူ၏တန်ခိုး၊ (ငယ် ၂၆-၃၅)။
အနာရောဂါအပေါ် ၎င်း၏ထိန်းချုပ်မှု (လုကာ ၅း၁၂-၁၅)၊ (လုကာ
၈း၄၃-၄၈)။ မဖြစ်စလောက်သောအရာမှ လူ (၅၀၀၀) ကို ကျွေးမွေးခြင်း။
(လုကာ ၉း၁၃-၁၇) သေခြင်းတရားအပေါ် ၎င်း၏အာဏာတန်ခိုး၊ (လုကာ
၈း၅၁-၅၆)။ ထိုနောက် သခင်ယေရှုသည် သူ၏တပည့်များအား မေးခွန်း
(၂) ခုဖြင့် ရင်ဆိုင်ခဲ့သည်။ (၁) အခြားသောသူများက ၎င်းကိုဘယ်သူ
ဖြစ်သည်ဟုဆိုခြင်း၊ (၂) ထိုနောက် ၎င်း၏တပည့်များကိုယ်တိုင် သူသည်
ဘယ်သူဖြစ်သည်ဟုဆိုခြင်းတို့ဖြစ်သည်။ သူသိပြီးသောအရာကို မေးနေခြင်း
မဟုတ်ပါ။ ထိုသို့ဖြစ်မည့်အစား၊ ဤကဲ့သို့မေးရခြင်းသည် သူဘယ်သူဖြစ်
ကြောင်းကို သူတို့နားလည်ရန်၊ အဖိုးအခအားဖြင့် အားလုံးအပ်နှံရန်လိုအပ်
ကြောင်း ၎င်းတို့သိစေဖို့ကူညီရန် မေးရခြင်းဖြစ်သည်။

"သခင်ယေရှုကို ကျွန်ုပ်တို့သိသောအသိဥာဏ်သည် ဘယ်သော
အခါမျှ တစ်ဆင့်ခံအသိမျိုးမဖြစ်စေရ။ သခင်ယေရှုအပေါ် ထင်မြင်ချက်
အားလုံးကို ကျွန်ုပ်တို့သိမည်ဖြစ်သည်၊ ခရစ်ယာန်ဘာသာရေးအကြောင်း
လူတို့စိတ်ကူးရှိသည်တို့ကို အားလုံးသိမည်ဖြစ်သည်။ ကျော်ကြားသည့်
တွေးခေါ်ရှင်များ သခင်ယေရှု၏သွန်သင်ချက်နှင့်ထင်မြင်ချက် အနှစ်ချုပ်တို့ကို
ကျွန်ုပ်တို့သိမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ခရစ်ယာန်များမဖြစ်
သေး။ ခရစ်ယာန်ဟူသည် သခင်ယေရ I အကြောင်းကိုသုသိ ခြင်းသာမဟုတ်။
အစဉ်သဖြင့် သခင်ယေရှုကို သိခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်ကို
သိခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်လိုသည်။ သခင်ယေရှုသည် ပေတရု
တစ်ဦးတည်းကိုမေးနေသည်မဟုတ်။ သူသည် ကျွန်ုပ်တို့အားလုံးကို မေးနေ
ခြင်းဖြစ်သည်။ "မင်းငါ့ကိုဘယ်သူလို့ထင်သလဲ။"The Gospel of
Matthew vol. 2, p. 161, William Barclay,မှ ကောက်နုတ်သည်။

သခင်ယေရှုမေးသည့် မေးခွန်း၏ကျွန်ုပ်တို့အဖြေသည်၊ ပေတရု
ဝန်ခံချက်ထက်မနည်းစေရ၊ သခင်ယေရှုသည် "ဘုရားသခင်၏ ခရစ်တော်"
ဖြစ်သည်။ (လုကာ ၉း၂၀)။ ခရစ်တော်သည် "ရွေးချယ်ခြင်းခံရသူ"
မေရှိယဖြစ်ပြီး သူ၏လုပ်ငန်းတာဝန်သည် လူတို့ကို စာတန်နှင့်အပြစ်၏
ဆုပ်ကိုင်မှုမှလွတ်မြောက်အောင် လုပ်ဆောင်မည့်ကယ်တင်ရှင်ဖြစ်သည်။
သူသည် သမ္မာတရားကျမ်းကိုလည်း ပြမည်ဖြစ်သည်။

သခင်ယေရှုသည် ဘယ်သူဖြစ်သည်ကိုသိရုံဖြင့်မလုံလောက်၊ ပို၍
တိကျသည်မှာ ကျွန်ုပ်တို့ ကိုယ်တိုင် သူတို့ကိုသိရန်ဖြစ်သည်။ အကယ်၍၊
သင်သည်သူ့ကိုသိသည်ဟုဆိုသော် သူ့အကြောင်းသင်ဘာသိသနည်း။
သင်ကိုယ်တိုင် သခင်ယေရှုကိုသိခြင်းသည် သူသည် ဘယ်သူအမှန်တကယ်
ဖြစ်ပြီး သူ့အကြောင်း သင့်အား ဘယ်ကဲ့သို့သွန်သင်သနည်း။


ကြာသပတေး ဧပြီ ၁၆
ဘုန်းအသရေထင်ရှားခြင်း (လုကာ ၉း၂၇-၃၆)။


ခရစ်ဝင်ကျမ်း (၃) ခုမှ သခင်ယေရှုဘုန်းအသရေထင်ရှားခြင်း
အကြောင်းကိုဖတ်ပါ။ (လုကာ ၉း၂၇-၃၆။ မဿဲ ၁၇း၁-၉။ မာကု ၉း၂-၈)။
 ပေတရုကိုယ်တိုင်တွေ့မြင်ချက်ကိုလည်းဖတ်ပါ။ ပေတရုကိုယ်တိုင်
မျက်မြင်သက်သေအတွေ့အကြုံကို သတိပြုပါ။ (၂ပေ ၁း၁၆-၁၈) ကိုဖတ်
ပါ။ ရှင်လုကာသည် မည်သည့်ထပ်မံသတင်းပေးသနည်း။ အဘယ်ကြောင့်
ဤအရာသည် အရေးကြီးသနည်း။

မဿဲနှင့်မာကုမဖော်ပြသည့် ပုံပြင်အသေးစိတ်ကို လုကာစတင်
ဖော်ပြသည်။ သခင်ယေရှုသည် ပေတရု၊ ယောဟန်နှင့် ယာကုပ်ကိုဆုတောင်း
ရန် တောင်ပေါ်သို့ခေါ်ဆောင်သွားသည်။ သခင်ယေရှု၏စိတ်တော်သည်
ယေရုရှလင်မြို့သို့ဦးတည်လျက်၊ ရှေ့၌သူခံစားရမည့်ဝေဒနာကို ကြိုတင်
ပြောလျက်ရှိသည်။ သူလုပ်နေသည့်အရာသည် ဘုရားသခင်အလိုရှိသည့်
အတိုင်းဖြစ်ရန် သေချာစေချင်သည်။ ဤကဲ့သို့သောအချိန်၌ ဆုတောင်းခြင်း
သည် ဘုရားသခင်၏အလိုတော်ကိုသိရန် တစ်ခုတည်းသောလမ်းဖြစ်သည်။
ဆုတောင်းခြင်း၏ဖြစ်စဉ်သည် သခင်ယေရှု၏ကိုယ်ပေါ်၌ ကောင်းကင်၏
ဘုန်းအသရေသည် လျင်မြန်စွာသွန်းလောင်းတော့သည်။ "ဆုတောင်းတော်
မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်
တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏" (လုကာ ၉း၂၉)။

ဘုန်းအသရေနှင့်ပြည့်လျက်ရှိသော သခင်ယေရှုသည် မောရှေနှင့်
ဧလိယတို့နှစ်ဦးနှင့် "ဆွးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်
အကြောင်းအရာကို ပြောကြ၏" (ငယ် ၃၁)။ "စုတေ့" ဆိုသည့်စကားရပ်
သည် (၂) မျိုးနားလည်နိုင်သည်။ (၁) ယေရုရှလင်မြို့၌ လာမည့်သူ၏
အသေခံခြင်း၊ (၂) "ထွက်ခွာခြင်း" ဟုလည်းဆိုနိုင်သည်။ ယေရုရှလင်
မြို့မှ လူအုပ်စုဖွဲ့၍ သခင်ယေရှုသည် ၎င်းတို့ကိုအပြစ်မှလွတ်ကင်းအောင်
ကြီးစွာသော ထွက်ခွာ သွားခြင်းကို ဦးဆောင်၍ပို့မည်ဖြစ်သည်။
သခင်ယေရှု၊ မောရှေနှင့်ဧလိယတို့၏တွေ့ဆုံပွဲကို ကောင်းကင်မှ
ထောက်ခံသောအသံဖြင့် ပြီးဆုံးခဲ့သည်။ "ဤသူကား၊ ငါ၏ချစ်သားပေ
တည်း၊ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးတိမ်ကအသံတော်ဖြစ်လေ
၏။" (လုကာ ၉း၃၅)။ ဘုန်းအသရေထင်ရှားခြင်းသည် သခင်ယေရှုကို
ဘုန်းတော်အားဖြင့် ကောင်းချီးပေးခြင်း၊ သားတော်အဖြစ် တစ်ဖန်ပြန်လည်
အတည်ပြုပြောဆိုခြင်း၊ ကယ်တင်ခြင်းသည် သားတော်၏အသက်ဖြင့်
အဖိုးအခကိုပေးရမည်ဟု ကြေညာခြင်းတို့ဖြစ်၏။ ထိုကြောင့် ကောင်းကင်၏
အသံသည် တပည့်တော်တို့အား သူ၏စကားကိုနားထောင်ရန် အမိန့်ပေး
ခြင်းဖြစ်၏။ နားထောင်ခြင်း၊ သစ္စာအပြည့်အဝရှိခြင်းတို့သည်မရှိခဲ့သော်၊
တပည့်တော်အရာဟူသည်လည်း ရှိမည်မဟုတ်။

န. G. White ရေးသားရာ၌၊ မောရှေနှင့်ဧလိယတို့သည် "သခင်ယေရှု
၏ဝေဒနာအကြောင်းကိုပြောကြားရန်၊ ပလ္လင်တော်အနားရှိ ကောင်းကင်တမန်
တိုင်းထက်၊ ရွေးချယ်ခြင်းခံရသူဖြစ်သည်။ သူတို့သည်လည်း ကောင်းကင်၏
စာနာမှုအကူအညီဖြင့်၊ သခင်ယေရှုကို လာရောက်နှစ်သိမ့်ထောက်ခံကြ၏။
လောက၏မျှော်လင့်ခြင်း၊ လူသားတိုင်းအတွက် ကယ်တင်ခြင်းသည် ၎င်းတို့၏
တွေ့ဆုံခြင်း၏ဆွေးနွေးသည့်ခေါင်းစဉ်ဖြစ်သည်။" DA> p. ၄၂၅ မှကောက်နုတ်
သည်။ သခင်ယေရှုကိုယ်တိုင်ပင် များစွာသောသူတို့ကို နှစ်သိမ့်ပေးခဲ့ရာ၊
မိမိကိုယ်တိုင်အတွက်လည်း နှစ်သိမ့်ခြင်းကို ခံယူလို၏။ ဤအချက်သည်
ခွန်အားကြီးမားသည့်ခေါင်းဆောင်များ၊ ဆရာများ၊ လမ်းညွှန်များပင်လျှင်၊
တစ်ခါတစ်ရံနှစ်သိမ့်ခြင်း၊ အားပေးခြင်းနှင့်အကူအညီကို အခြားသူများထံမှ
ရရှိရန် ဘယ်ကဲ့သို့ပြောသနည်း။ ယခုပင်လျှင် နှစ်သိမ့်ခြင်းနှင့်အားပေးမှု
ကိုလိုအပ်သည့် သင်သိသောသူရှိပါသလား။

သောကြာ ဧပြီ ၁၇
ထပ်ဆင့်လေ့လာရန်။

"ခရစ်တော်သည် လူသားအဖြစ်နားလည်မှုမှားနိုင်သည့် မေးခွန်း
များကိုရှောင်ပါ။ ခရစ်တော်ကို လူသားအဖြစ်ပြောဆိုရာ၌၊ သင်၏စကား
သည်၊ ခရစ်တော်ကိုလူအဖြစ်နှင့်ဘုရားအဖြစ် နားလည်မှုမှားစေသည့်
အကြောင်းအရင်းမဖြစ်စေရန်၊ သင်၏စကားအသုံးအနှုန်းတို့ကို သေချာသတိ
ရှိစေရန် လိုအပ်သည်။ သာဓကအားဖြင့်၊ သူ၏မွေးဖွားခြင်းသည် ဘုရားရှင်၏
နိမိတ်လက္ခာဖြစ်၏.........မည်သို့သောနည်းနှင့် ဘယ်သောအခါမျှ၊ လူတို့၏
စိတ်ထဲတွင်၊ ခရစ်တော်၌အပြစ်ရှိသည်၊ သို့တည်းမဟုတ် အပြစ်ထဲသို့ကျရောက်
သည်ဟူ၍ အနည်းငယ်မျှသဘောမချန်ရှိစေရ။ မှန်၏-သူသည် လူကဲ့သို့
စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ခံခဲ့ရသည်။ သို့သော်သူသည် "သန့်ရှင်း
သောသူ"
ဟူ၍ ခေါ်ဆိုခြင်းခံရသည်။ ကျွန်ုပ်တို့ကဲ့သို့ ခရစ်တော်သည်
အရာခပ်သိမ်း၌ စုံစမ်းသွေးဆောင်ခြင်းခံရပြီး၊ အပြစ်မရှိသည်မှာ လူသား
တို့အား ရှင်းပြမတတ်ကျန်ခဲ့သည့် နက်နဲသောလျှို့ဝှက်ချက်ဖြစ်၏။ ခရစ်တော်
သည် လူသားဖြစ်ပြီး၊ အစဉ်ဖြစ်ကျန်ခဲ့မည်မှာ နက်နဲသောလျှို့ဝှက်ချက်
ဖြစ်၏။" E. G. White, Comments, The SDA Bible Commentary, vol. 5,
pp. 1128, 1129 မှကောက်နုတ်သည်။
-၀-

Sunday, April 5, 2015

သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ (Text)

အလွတ်ကျမ်းချက်
"သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက်
ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊
သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု
ကောင်းကင်ကအသံတော်ဖြစ်လေ၏။"
 (လုကာ ၃း၂၂)။



ရှင်လုကာသည် သူသက်ရှိထင်ရှားစဉ်အချိန်ကာလရှိ၊ တိုင်းပြည်ကို
အုပ်ချုပ်သည့်မင်းများကိုလည်း ထည့်သွင်းရေးသားထားသည်ကို ယခင်အပတ်
ကတွေ့ရသည်။ ဤကဲ့သို့ထည့်သွင်းရေးသားခြင်းသည် သခင်ယေရှုနှင့်
ယောဟန်တို့၏အကြောင်းသည် ထိုပုဂ္ဂိုလ်များနည်းတူ သမိုင်းဝင်ပုဂ္ဂိုလ်များ
ဖြစ်ကြောင်းကို သိရှိရန်ဖြစ်ကြောင်းဟု ယူဆနိုင်သည်။

သို့သော် ဤအာဏာဩဇာရှိသူများအကြောင်း ထည့်သွင်းရေးသား
ရခြင်း၏အခြားအရေးကြီးသောအကြောင်းရှိသည်။ တောထဲ၌ နှိမ့်ချစွာနေထိုင်
သော ဗတ္တိဇံယောဟန်နှင့် ၎င်းတို့စပ်ကြား အလွန်ခြားနားခြင်းကိုပြရန်ဖြစ်
သည်။ ဗတ္တိဇံယောဟန်သည် လောက၏ကယ်တင်ရှင်သခင်ယေရှုလာရောက်
မည့် လူ့သမိုင်းတွင် အရေးကြီးဆုံးသော "ထာဝရဘုရားကြွလာတော်မူရာ
လမ်းကိုပြင်" ရန်၊ သတင်းကိုကြေညာရန်၊ ဘုရားရှင်၏သတင်းပို့သူအဖြစ်၊
ရွေးချယ်ခြင်းခံရသောသူဖြစ်သည်။ ဘုရားသခင်သည် မေရှိယလမ်းကိုပြင်ရန်
လောကမှ ကျော်ကြား သောပုဂ္ဂိုလ်တစ်ဦးဦးကို အသုံးပြုရန် ရွေးချယ်ခြင်း
မပြုဘဲ၊ နှိမ့်ချ ဆုံးသောသူတစ်ဦးကို အသုံးပြုသည်မှာ စိတ်ဝင်စားဖွယ်
ကောင်း၏။

ကျမ်းတွေးခေါ်ရှင်များသည် သမိုင်းကျော်ကြားသည့်ပုဂ္ဂိုလ်ကြီးများ
နှင့်အတူ ဗတ္တိဇံဆရာယောဟန်နှင့် သခင်ယေရှုတို့၏အမှုတော်စတင်ဆောင်
ရွက်သည့်နှစ်ကိုAD ၂၇ (သို့မဟုတ်) ၂၈ ၌သတ်မှတ်သည်။ ရောမ
အင်ပါယာခေါင်းဆောင်များ သက်ရှိထင်ရှားသည့် သမိုင်းကာလဘောင်
တစ်ချိန်တည်း၌ သခင်ယေရှုသည် ဗတ္တိဇံကိုခံယူခဲ့ပြီး၊ "ငါနှစ်သက်မြတ်နိုးရာ
ငါ၏ချစ်သား" ဟူသော ကောင်းကင်၏ကောင်းချီးမင်္ဂလာကိုလည်း
ခံယူရရှိခဲ့သည်။ (လုကာ ၃း၂၂)။ ဤအချက်ကို ရှင်လုကာသည်၊
သခင်ယေရှုခရစ်အမှုတော်စတင်ဆောင်ရွက်ခြင်းမပြုမီ၊ "အစဉ်အတိုင်းမှတ်သား
သောစာကိုစီရင်" မရေးသားမီပင်၊ သူသည် မှတ်တမ်းပြုရေးသားခဲ့သည်။



တနင်္ဂနွေ ဧပြီ ၅
ထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့ (လုကာ ၃း၁-၁၄)။

ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး (၃) ၌၊ ဗတ္တိဇံဆရာယောဟန်
သည် ကယ်တင်ခြင်းသမိုင်း၌ အထူးအရေးကြီးသည့် သူ၏လုပ်ငန်းလုပ်ဆောင်
သည်ကို တွေ့ရ၏။ ယောဟန်ဟောပြောသည့်အခါ၊ သူသည် ပရိသတ်
တို့ကြိုက်နှစ်သက်အောင် မြှောက်ပင့်ပြောဆိုသောစကားများကို အသုံးမပြုပါ။

(လုကာ ၃း၁-၁၄) ကိုဖတ်ပါ။ သူ၏စကားသည် ကျွန်ုပ်တို့အတွက်
အရေးပါသော ဖြောင့်မတ်ခြင်းတရားများဖြင့် ပြည့်လျက်ရှိသည်။ ဤနေရာ
တွင် ယောဟန်ပြောဆိုရာ၌ မည်သည့်အရေးကြီးသောအချက်ကို သင်ယူ
ရရှိနိုင်မည်နည်း။

နောင်တရခြင်းသည် ဘာမျှမပါရှိသည့်သဘောတရားမဟုတ်။
အသက်ရှင်နေထိုင်ခြင်း၏နည်းလမ်းဖြစ်သည်။ ဂရိဘာသာစကားအနက်အရ၊
အသက်တာအသစ်ကိုပို့ဆောင်သည့် စိတ်၏ပြောင်းလဲခြင်းဟု အနက်ရှိသည်။

"ဗတ္တိဇံ" ခံယူခြင်းဆိုသည်မှာ၊ ရေတွင်အပြည့်အဝနှစ်သည်ဟု
ဆိုလိုခြင်းဖြစ်သည်။ ရေ၌ နှစ်ခြင်း ဆိုသည်မှာ လေးနက်သည့်အဓိပ္ပါယ်
ရှိသည်။ ယောဟန်၏အချိန်မတိုင်မီကပင်၊ ဂျူးလူမျိုးတို့သည် ဗတ္တိဇံကို
ရေတွင် အပြည့်မြုပ်နှံ သည်ဟု နားလည်သဘောပေါက်ကြသည်။ ဂျူး
လူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားတို့သည် ဂျူးလူမျိုးတို့၏ယုံကြည်ခြင်း
ကိုလက်ခံရန် ရွေးချယ်သည့်အခါ၊ ကျင့်သုံးသည့်အလေ့အကျင့်ဖြစ်သည်။
ဂျူးလူမျိုးတို့ကို ဗတ္တိဇံခံယူရန်ဖိတ်ခေါ်ရာ၌၊ ယောဟန်သည်
စည်းမျဉ်းအသစ်တို့ကို ပြဌာန်းလိုက်သည်။ ဗတ္တိဇံဆိုသည်မှာ၊ လူတစ်ဦး
တစ်ယောက်သည် မိမိအသက်တာအဟောင်း၌ အပြစ်တို့ကိုစွန့်လွှတ်၍၊
မေရှိယကြွလာခြင်းကို ပြင်ဆင်နေကြောင်းကို လူထုတစ်ရပ်လုံးကို ကြေညာ
သည့်အခြင်းအရာဖြစ်သည်။ ဗတ္တိဇံယောဟန်သည် ကောင်းကင်၏နိုင်ငံသား
များအဖြစ်သို့ပို့ဆောင်ရန် အပြစ်တို့ကိုစွန့်လွှတ်သည့်သင်္ကေတကို ပရိသတ်
တို့အားမိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ ဤအသက်တာသစ်သည် သခင်
ယေရှုစတင်တော့မည်ဖြစ်သည်။ ယောဟန်သည် လျင်မြန်စွာဆက်လက်
ပြောဆိုရာ၌၊ သူသည် ရေဖြင့်သာဗတ္တိဇံကိုပေးမည်ဖြစ်ပြီး သူ့နောက်မှာလာ
သော "သူသည် သန့်ရှင်းသောဝိညာဉ်၌လည်းကောင်း၊ မီး၌လည်းကောင်း
သင်တို့ကို ဗတ္တိဇံပေးမည်" ဟုဆိုသည်။ (လုကာ ၃း၁၆)။ ထိုကြောင့်
အရေးကြီးသည့်အချက်မှာ၊ ရေ၌ မြုပ် ခြင်းအမှု၌၊ ဗတ္တိဇံသည် အတွင်း
ပိုင်း၏ပြောင်းလဲခြင်းကို ပြသောသင်္ကေတဖြစ်သည်။ ဤပြောင်းလဲခြင်းသည်
နောက်ပိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံဖြင့် တံဆိပ်ခတ်မည်ဖြစ်
သည်။

(ရောမ ၆း၁-၆) ကိုဖတ်ပါ။ ဗတ္တိဇံခံယူခြင်းအမှုနှင့်ဆက်စပ်ပြီး
တမန်တော်ရှင်ပေါလုသည် မည်သည့်ဝိညာဉ်ရေးသင်ခန်းစာကို ပေးသနည်း။
ရေ၌သင်္ဂြိုဟ်ပြီးထွက်လာခြင်းကို၊ အပြစ်မှသေပြီးနောက် ဖြောင့်မတ်သော
အသက်တာ၌နေထိုင်ခြင်းဖြင့် နှိုင်းယှဉ်ထားသည်ကို သတိပြုပါ။ ဤ
ခရစ်တော်၌ အသစ်သောအသက်တာသည် သင့်အတွက် မည်မျှအစစ်အမှန်
ဖြစ်သနည်း။

တနင်္လာ ဧပြီ ၆
ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား (မဿဲ ၃း၁၃-၁၇)။

(လုကာ ၂း၄၁-၅၀) ၌၊ ယေရုရှလင်မြို့၌ ယောသပ်နှင့်မာရိသည်
သူငယ်ယေရှုကို ပျောက်ဆုံးသောကျော်ကြားသည့်ပုံပြင်ကို ဖတ်ရ၏။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မာရိ၏ဆူပူမှုကို သူငယ်ယေရှု၏အဖြေ
ဖြစ်၏။ "ယရှုက၊ မိဘသည် အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်း။
အကျွန်ုပ်သည် အဘ၏အိမ်၌နေရသည်ကို မသိပါသလော" ဟုဆို၏။
(လုကာ ၂း၄၈၊၄၉)။ ယောသပ်နှင့်မာရိသည် ယေရှုဘာပြောသည်ကို အားလုံး
နားလည်ခြင်းမရှိ။ သူတို့ဘယ်ကဲ့သို့နားလည်နိုင်မည်နည်း။ သူ၏နောက်လိုက်
တပည့်များပင်လျှင် နှစ်ပေါင်းများစွာ သူနှင့်အတူတကွနေပြီးမှ သူသည်
ဘယ်သူဖြစ်ကြောင်းနှင့် ဘာကိုလုပ်ရမည့်အကြောင်း အပြည့်အဝနားလည်
ခြင်းမရှိပါ။

သာဓကအားဖြင့်၊ သခင်ယေရှုသည် ထမြောက်တော်မူပြီးနောက်၊
ဧမောက်ရွာသို့ခရီးသွားလမ်း၌၊ တပည့်တော်နှစ်ဦးနှင့်စကားပြောစဉ်၊ တစ်ဦး
က၊ "ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ နှုတ်သတ္တိ၊
လက်သတ္တိနှင့်ပြည့်စုံသော ပုရောဖက်ဖြစ်၏" ဟုဆိုသည်။ (လုကာ ၂၄း၁၉)။
အမှန်ပင် သခင်ယေရှုသည် ပုရောဖက်ထက်သာလွန်၏။ ထိုအချိန်၌ပင်၊
တပည့်တော်များသည် သူဘယ်သူဘယ်ဝါဖြစ်ပြီး၊ ဘယ်အတွက်ကြောင့်
လာသည်ကို နားလည်သည်မဟုတ်။
(မဿဲ ၃း၁၃-၁၇။ ယောဟန် ၁း၂၉-၃၄။ လုကာ ၃း၂၁၊၂၂ ကို
ဖတ်ပါ။ သခင်ယေရှုဗတ္တိဇံခံယူခြင်းသည် အဘယ်ကြောင့်အလွန်အရေးကြီး
သနည်း။

သခင်ယေရှုဗတ္တိဇံခံယူချိန်၌၊ ကောင်းကင်သည် သူ့အားထာဝရဘုရား
သားတော်ဖြစ်သည်ကို ထောက်ခံခဲ့သည်။ သခင်ယေရှုဗတ္တိဇံကိုခံယူခြင်း
သည်၊ လိုအပ်ခြင်းကြောင့်ဖြစ်သည်မဟုတ်။ အခြားသောသူများအတွက်
ပုံပမာပေးရန် သူအလိုတော်ရှိခြင်းကြောင့်ဖြစ်သည်။ (မဿဲ ၃း၁၄၊၁၅)။
သခင်ယေရှုဗတ္တိဇံခံယူရာ၌၊ အရေးကြီးသည့်အချက် (၃) ချက်ပေါ်လွင်သည်။
      ၁။ ဗတ္တိဇံကြေညာချက်၊ "ဤလောက၏အပြစ်ကိုဆောင်သွား
သော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့" (ယော ၁း၂၉)။
     ၂။ ရှေ့အမှုတော်ဆောင်ရန်အတွက်၊ သခင်ယေရှု၏အသက်တာ
ကို သန့်ရှင်းသောဝိညာဉ်တော်၏ပို့ဆောင်ခြင်း။
     ၃။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့်
ခမည်းတော်သည် ၎င်းကိုချစ်နှစ်သက်ကြောင်း၊ ကောင်းကင်၏
ကြေညာခြင်း။

စဉ်းစားကြည့်ပါ။ စုံလင်သောဘုရားသခင်၏သားတော်၊ စကြ၀ဠာ
၏ဖန်ဆင်းရှင်သည် နှိမ့်ချသောလူသား၌ ဗတ္တိဇံခံယူခြင်းသည် ကယ်တင်
ခြင်းစီမံကိန်း၏အစိတ်အပိုင်းဖြစ်သည်။ ဘယ်အချိန်၌လိုအပ်သည်မဆို၊
ကျွန်ုပ်တို့ကိုယ်ကိုနှိမ့်ချရန်ဆန္ဒရှိဖို့၊ သခင်ယေရှု၏နှိမ့်ချခြင်းသည် ဘယ်ကဲ့သို့
ကူညီသနည်း။

အင်္ဂါ ဧပြီ ၇
"မုန့်" အားဖြင့်သာမဟုတ် (လုကာ ၄း၎)။

"သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိပြီး
......ဝိညာဉ်တော်သည် တောထဲသို့ပို့ဆောင်တော်မူ၏။ အရက်လေးဆယ်
ပတ်လုံး မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။" (လုကာ ၄း၁၊၂)။
သူသည် ဘုရားသခင်ထိန်းချုပ်မှုအာဏာအမိန့်အောက်မှ တာဝန်ထမ်းဆောင်
ရန် မွေးဖွားလာခြင်းဖြစ်သည်။ ဗတ္တိဇံကိုခံယူခြင်းဖြင့် မိမိ၏တာဝန်ကို
စတင်ထမ်းဆောင်ခဲ့သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
ခွန်အားကိုရရှိသည်။ ထိုနောက် ရှေ့လုပ်ငန်းကိုပြင်ဆင်ရန်အတွက် သူသည်
တောထဲသို့သွားသည်။

တောထဲ၌ စုံစမ်းသွေးဆောင်ခြင်းသည် မာရ်နတ်နှင့်ခရစ်တော်စပ်
ကြား၊ အရေးကြီးသည့်အမှား^အမှန် ပဋိပက္ခအငြင်းပွားမှုကြီး တိုက်ပွဲကြီး
တစ်ခုဖြစ်သည်။ ဤတိုက်ပွဲကြီးသည် ကောင်းကင်၌ စာတန်ထကြွပုန်ကန်
ချိန်ကစတင်ဖြစ်ပွားခဲ့သည်။ တောထဲ၌ ကယ်တင်ရှင်သည် ရက် (၄၀)
တိုင် အစာငတ်ခံခြင်းဖြင့် ခွန်အားနည်းလျက်ရှိပြီး ရှေ့လုပ်ဆောင်ရမည့်
အလုပ်သည် မှေးမှိန်စွာဖြင့် မထင်ရှားဘဲ မျှော်လင့်ခြင်းကင်းမဲ့လျက်ရှိသည်။
ထိုနောက် စာတန်သည် သခင်ယေရှုကိုတိုက်ခိုက်ရန် ကိုယ်တိုင်အမိန့်အာဏာ
ယူလိုက်သည်။ "စာတန်သည် သခင်ယေရှုကို အောင်မြင်အောင်တိုက်ခိုက်
ရမည် (သို့မဟုတ်) အရှုံးပေးရမည်ကို သူမြင်သည်။ ၎င်းတို့နှစ်ဦးစပ်ကြား
တိုက်ပွဲသည် အလွန်အရေးကြီးရာ စာတန်သည် သူ၏ကောင်းကင်တမန်
များကို အားကိုးရန်စိတ်မချ၊ သူကိုယ်တိုင် ဤတိုက်ပွဲကြီးကိုဦးဆောင်ရ
မည်ဖြစ်၏။" EGWhite DA. p. ၁၁၆.

ခရစ်တော်ကိုစာတန်ပြောသည့်စကားကိုမှတ်ပါ။ "ကိုယ်တော်သည်
ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲကိုမုန့်ဖြစ်စေခြင်းငှာ အမိန့်
ရှိတော်မူပါဟု လျှောက်လေ၏" (လုကာ ၄း၃)။ ကောင်းကင်၌ စာတန်
ဘာကိုကြိုးစားလုပ်ဆောင်ခဲ့ကြောင်းနှင့် ဤပုံပြင်၌ စာတန်သည်ဘာကို
ကြိုးစားလုပ်ဆောင်နေသနည်း။

ဤနေရာ၌ မုန့်သည် အလွန်အရေးကြီးဆုံးအရာမဟုတ်၊ မှန်ပေ၏။
ရက်ပေါင်း (၄၀) အစာရှောင်ခြင်းသည် ကယ်တင်ရှင်ကိုအလွန်ငတ်မွတ်
စေပါသည်။ ထိုနောက် စာတန်သည် သခင်ယေရှု၏ငတ်မွတ်ခြင်းကို
အသုံးပြုကာ၊ အပြစ်လုပ်ရန်လှည့်ဖြားသွေးဆောင်လိုက်ခြင်းဖြစ်သည်။ သို့သော်
ခရစ်တော်သည် စကြ၀ဠာကြီး၏ဖန်ဆင်းရှင်ဖြစ်သည်ကိုသိ၏။ လွတ်လပ်
လဟာမှ သခင်ယေရှုကိုယ်တိုင် စကြ၀ဠာကိုဖန်ဆင်းခဲ့သည်။ ထိုကြောင့်
ကျောက်ခဲမှမုန့်လုပ်ခြင်းသည် အကြောင်းမဟုတ်ပါ။ အရေးကြီးသည့်
အကြောင်းကား "ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်" တွင်
တစ်စိတ်တစ်ပိုင်းတွေ့နိုင်သည်။ လွန်ခဲ့သည့်ရက် (၄၀) ၌ သခင်ယေရှု
သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ကောင်းကင်ကအသံသည်
ကြေညာခဲ့သည်။ ကောင်းကင်ကကြေညာခဲ့သည့်အသံကို ယခုသခင်ယေရှု
မသေချာဖြစ်နေပါသလား။ ဘုရားသခင်၏စကားကို ယုံမှားသံသယရှိခြင်း
သည် အပြစ်ကျူးလွန်ရန် ပထမခြေလှမ်းဖြစ်သည်။ ကောင်းကင်၌ စာတန်
သည် ဘုရားသခင်၏အာဏာကို စိန်ခေါ်ခဲ့သည်။ အလားတူ ဤနေရာ၌
စာတန်သည် ကောင်းကင်တွင်ပြုလုပ်သည့်နည်းထက် ပို၍ဖုံးအုပ်မည်ဖြစ်
သော်လည်း၊ သူကြိုးစားလုပ်ဆောင်လျက်ရှိသည်။

ဘုရားသခင်၏ကတိတော်များကို ယုံမှားသံသယရှိရန်၊ စာတန်၏
ထောင်ချောက်ထဲသို့မကျရောက်ရန် သင်ဘယ်ကဲ့သို့သင်ကြားရယူမည်နည်း။

ဗုဒ္ဓဟူး ဧပြီ ၈
ငါ့ကိုကိုးကွယ်လျှင် (လုကာ ၄း၅-၈)။

(လုကာ ၄း၅-၈) ကိုဖတ်ပါ။ စာတန်သည် အဘယ်ကြောင့်
သခင်ယေရှုကို သူ့အားကိုးကွယ်ရန်အလိုရှိသနည်း။
ထာဝရဘုရားသခင်တစ်ပါးတည်းသာလျှင် ကိုးကွယ်ထိုက်သူဖြစ်
သည်။ သူ၏ကိုးကွယ်ထိုက်သည့် ရပိုင်ခွင့်သည်၊ ဖန်ဆင်းခံနှင့်ဖန်ဆင်းရှင်
ကို ထာဝရခွဲထားခြင်းအရာဖြစ်သည်။ ကောင်းကင်၌ စာတန်သည်
ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သည့်အကြောင်းအရာတစ်ခုကား၊ ဝတ်ပြုခြင်း
ဖြစ်၏။ ဟေရှာယသည် စာတန်၏ရည်ရွယ်ချက်ကို ဟေရှာ ၁၄း၁၃၊၁၄
တွင် ဖော်ပြထားသည်ကိုတွေ့ရ၏။ သူသည် ကောင်းကင်ပေါ်သို့တက်မည်၊
ဘုရားသခင်၏ကြယ်တို့အပေါ်မှာ သူ၏ပလ္လင်ကိုချီးမြှောက်မည်၊ အမြင့်ဆုံး
သောဘုရားကဲ့သို့နေမည်ဟု စိတ်အကြံရှိသည်။ သူသည် ဖန်ဆင်းရှင်တစ်ဦး
တည်းနှင့်သက်ဆိုင်သောအာဏာကို လုယူရန်ကြိုးစားသည်။

ထိုကြောင့် ဤစုံစမ်းသွေးဆောင်ခြင်းသည် ဘယ်ကဲ့သို့ဖြစ်နေသည်
ကို ကျွန်ုပ်တို့ပိုမိုနားလည်နိုင်မည်ဖြစ်၏။ သခင်ယေရှုသည် လောကကို
ဘုရားသခင်၏အာဏာနှင့် ပိုင်ဆိုင်မှုအောက်သို့ ပြန်လည်ရောက်ရှိစေရန်
အမှုတော်ကိုစတင်ဆောင်ရွက်စဉ်၊ စာတန်သည် သူ့ကိုတောင်ထိပ်ပေါ်သို့
ယူဆောင်သွားသည်။ စာတန်သည် သခင်ယေရှုကို လောကနိုင်ငံများကို
မြင်နိုင်ရန် မြင်ကွင်းကျယ်ကိုပြလိုက်သည်။ ထိုနောက် ဤနိုင်ငံများကို
သခင်ယေရှုအားပေးရန် ကမ်းလှမ်းချက်၌၊ "ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံ
တို့သည် ကိုယ်တော်၏ဥစ္စာဖြစ်လိမ့်မည်" ဟုဆို၏။ (လုကာ ၄း၇)။

ခရစ်တော်သည် ဘုရားကဲ့သို့အာဏာရှိခြင်းအပေါ် အာရုံစိုက်မှုကို
စာတန်သည်ဆွဲယူရန်ကြိုးစားနေသည်။ ဂုဏ်အသရေ၊ ဘုန်းအသရေတို့ဖြင့်၊
အဖိုးမပေးဘဲ စာတန်သည် သူ့ကိုဦးချရုံမျှဖြင့်ပေးမည်ဟု ခရစ်တော်ကို
ကြိုးစားသွေးဆောင်နေသည်။ စာတန်သည် ကောင်းကင်၌မရရှိသည့်အာဏာ
တန်ခိုးနှင့် ဝတ်ပြုကိုးကွယ်ခြင်းအမှုအရာတို့ကို ကြိုးစားရယူနေခြင်းဖြစ်သည်။
သွေးဆောင်သူစာတန်အား၊ ပြင်းထန်သောမုန်းတီးစက်ဆုပ်မှုဖြင့် ခရစ်တော်
ပြန်လည်ဖြေကြားသည်ကို သတိပြုပါ။ "အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်
လော့" (ငယ် ၈)။ ဝတ်ပြုခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကိစ္စအရပ်ရပ်
တို့သည် ဖန်ဆင်းရှင်ဘုရားနှင့်သာ သက်ဆိုင်သည်။ ဤနေရာ၌လည်း
ထာဝရဘုရား၏အကူအညီသည် ခရစ်တော်ထံရောက်လာသည်။ မောရှေ
အားဖြင့် ဝိညာဉ်တော်သည် ဤသို့ဆိုသည်မဟုတ်လော။ "အိုဣသရေလ
အမျိုး၊ နားထောင်လော့၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူ
တည်းသောဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားကို
ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်။" (တရားဟော
၆း၎၊၅၊၁၃)။ စာတန်၏လှည့်ကွက်နှင့် မုသားစကားအတွက် အကောင်းဆုံး
အဖြေကား၊ ဘုရားသခင်၌ ယုံကြည်ခြင်း၊ နားထောင်ခြင်းဖြင့် ခိုင်မြဲစွာ
နောက်လိုက်ခြင်းဖြစ်၏။

"သေးငယ်သောအရာ" ၌ပင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို
အားနည်းစေရန်၊ သွေးဆောင်ခြင်းကို ဘယ်သူမဆို ရင်ဆိုင်ခံရနိုင်ဖွယ်ရှိ
သည်။ သာဓကအားဖြင့်၊ သင်၏အလုပ်ခွင်၌လည်းကောင်း၊ ကျောင်းများ
၌စာမေးပွဲဖြေဆိုရာ၌လည်းကောင်း၊ ရာထူးတိုးရာ၌လည်းကောင်း ဥပုသ်နေ့
နှင့်သက်ဆိုင်သည့် အလျော့ပေးခြင်းမျိုး ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်သော်
လုပ်ငန်းကိုဘယ်အချိန်၌ သဘောတူလုပ်ဆောင်နိုင်မည်နည်း။ ဘယ်အချိန်၌
ပေးရသည့်အဖိုးသည် သင့်မြတ်လျော်ကန်မှုရှိမည်နည်း။


ကြာသပတေး ဧပြီ ၉
အောင်မြင်သူခရစ်တော် (လုကာ ၄း၉-၁၃)။

ရှင်လုကာနှင့်ရှင်မဿဲသည် ဒုတိယနှင့်တတိယစုံစမ်းသွေးဆောင်
ခြင်းကို ပြောင်းပြန်လှန်လိုက်သည်။ ထိုသို့ဖြစ်ရခြင်းကားမရှင်း၊ သို့သော်
အရေးမကြီးပါ။ အရေးကြီးသည့်အချက်မှာ၊ ဧဝံဂေလိကျမ်းနှစ်အုပ်လုံး၌
ခရစ်တော်သည် အောင်မြင်သူဖြစ်သည်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။
အခြားအရေးကြီးသောအချက်သည် သခင်ယေရှုခရစ်သည် ကျွန်ုပ်တို့ကဲ့သို့ပင်
သွေးဆောင်ခြင်းကိုခံရသော်လည်း သူသည် အပြစ်ကိုကျူးလွန်ခြင်းမရှိ။
(ဟေဗြဲ ၄း၁၅)။ သွေးဆောင်ခြင်းနှစ်ခုလုံးကို အောင်မြင်ခြင်းသည် မာရ်နတ်
အပေါ်အောင်မြင်ခြင်းဖြစ်ပြီး၊ ဆုတောင်းခြင်းနှင့် ဘုရားရှင်၏နှုတ်ကပတ်
တော်သည် သူ၏နှုတ်၌ရှိသည်ဖြစ်၍၊ သခင်ယေရှုသည် ဘုရားသခင်၏
နိုင်ငံတော်အကြောင်းကိုဟောကြားပြီး ခရစ်ယာန်တို့၏ခေတ်သမိုင်းကို စတင်
လေတော့သည်။

(လုကာ ၄း၉-၁၃ နှင့် မဿဲ ၄း၅-၇) ကိုဖတ်ပါ။ ပထမသွေးဆောင်
ခြင်းနှစ်ခု၌၊ သခင်ယေရှုသည် စာတန်၏ငါးစာကို ကျော်လွှားနိုင်ရန်၊
သမ္မာကျမ်းကိုအသုံးပြုသည်။ ယခု၊ တတိယသွေးဆောင်ခြင်း၌ စာတန်သည်
ထိုနည်းတူပြုလုပ်ပြီး သခင်ယေရှုသည် ဘုရားသခင်၏နှုတ်စကားကို
အမှန်တကယ် လေးနက်စွာယူမယူကိုစမ်းသပ်ရန် သမ္မာကျမ်းကို ကိုးကား
ပြောဆိုသည်။ ဤနေရာ၌ ဘယ်ကဲ့သို့ဖြစ်ပြီး သခင်ယေရှုဘယ်ကဲ့သို့ဖြေ
ကြားသနည်း။

စာတန်သည် သခင်ယေရှုကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်ထက်၊
ဂျူးလူမျိုးတို့၏သမိုင်းတွင် အထွတ်အမြတ်ဆုံးနေရာသို့ ခေါ်ဆောင်သွား
သည်။ ဘုရားသခင် သူ၏လူတို့တွင်နေတော်မူသည့် ဗိမာန်တော်သည်၊
စာတန်နှင့်သခင်ယေရှုနှစ်ဦးတို့၏စစ်မြေပြင်ဖြစ်လာ၏။ တစ်ဖန် စိန်ခေါ်မှု
သည် "ကိုယ်တော်သည်၊ ဘုရားသခင်၏သားတော်မှန်လျှင်" ဖြင့်စတင်
လိုက်သည်။ စာတန်ဘာကိုပြောသည်ကိုကြည့်ပါ။" အကယ်၍ ဘုရားသခင်
သည် သင်၏အဖခမည်းတော်အမှန်ဖြစ်သော်၊ ထိုနောက် သင်၏အလုပ်
တာဝန်သည် သူ၏အမိန့်တော်၌ရှိသော်၊ မိမိကိုယ်ကို ဤအထွတ်မှခုန်ချ
လော့။ ဤအရာခပ်သိမ်းတို့သည် မှန်သည်ဖြစ်သော်၊ ဘုရားသခင်သည်
သင့်အားထိခိုက်စေမည်မဟုတ်။ ထိုနောက် သူသည် သမ္မာကျမ်းကိုရည်ညွှန်း
ပြောဆို၏။ "ကျမ်းစာလာသည်ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှာ
ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေ
ကိုကျောက်နှင့်မထိမခိုက်စေရန် လက်နှင့်မစချီပင့်ကြလိမ့်မည်" ဟုဆိုသည်။
(လုကာ ၄း၁၀)။

စာတန်သည် သမ္မာကျမ်းကိုကျွမ်းသည်၊ သို့သော် လိမ်ကျစ်ထား
သည်။ သူ၏အစီအစဉ်သည် ဘုရားသခင်ကိုစမ်းသပ်ရန် သခင်ယေရှုကို
အသုံးပြုခဲ့သည်။ သခင်ယေရှုသည် အဖခမည်းတော်၏အလိုတော်ကို
လိုက်လျှောက်သရွေ့၊ ဘုရားသခင်သည် သူ၏ကောင်းကင်တမန်များကို
သခင်ယေရှုအားကာကွယ်ပေးရန် ကတိပြုထားပြီးဖြစ်သည်။ ဒံယေလနှင့်
သူ၏မိတ်ဆွေများလည်း ဤနည်းတူဖြစ်သည်။ သခင်ယေရှုသည် တစ်ဖန်
သမ္မာကျမ်းကိုအသုံးပြုပြီး စာတန်ကိုဖြေကြားသည်။ ကျွန်ုပ်တို့သည်
ဘုရားသခင်ကိုစမ်းသပ်ရန်မဟုတ်ဟုဆိုသည်။ (ငယ် ၁၂)။ ကျွန်ုပ်တို့၏
တာဝန်သည် မိမိတို့၏ကိုယ်ကို ဘုရားရှင်ထံသို့အပ်နှံရန်ဖြစ်ပြီး ကျန်ရှိသည်
တို့ကို သူလုပ်ဆောင်ရန် ချန်ထားရုံသာဖြစ်သည်။

သွေးဆောင်ခြင်းအပေါ် အရေးကြီးသည့် သမ္မာကျမ်း၏သွန်သင်
ချက် (၄) ခုကို သတိပြုပါ။ (၁) မည်သူမျှသွေးဆောင်ခြင်းမှ လွတ်ကင်း
သည်မရှိ။ (၂) ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသွေးဆောင်ရန်ခွင့်ပြုသော်၊
ထိုစုံစမ်းသွေးဆောင်ခြင်းကို ကျော်လွှားနိုင်ရန် ကျေးဇူးတော်နှင့်ခွန်အားကို
ပေးသည်။ (၃) သွေးဆောင်ခြင်းသည် တူညီသောနည်းဖြင့် အချိန်တိုင်း
လာသည်မဟုတ်။ (၄) မခံမရပ်နိုင်သောသွေးဆောင်ခြင်းကို မည်သူမျှပေး
မည်မဟုတ်။ (၁ကော ၁ဝး၁၃)။

သောကြာ ဧပြီ ၁၀
ထပ်ဆင့်လေ့လာရန်။

"ယာသပ်နှင့်မာရိသည် မိမိတို့စိတ်နှလုံးကို ဘုရားသခင်ပေါ်အာရုံပြု
ပြီး ဆုတောင်းလျက်နေသည်ဟု ဆိုကြပါစို့။ ထိုသို့ပြုသော်၊ သူတို့၏သန့်ရှင်း
လေးနက်သောတာဝန်ကို သိမည်ဖြစ်သည်။ ထိုနောက် သူတို့သည် သူငယ်
ယေရှုကို ပျောက်ဆုံးမည်မဟုတ်။ တစ်ရက်လျစ်လျူရှုခြင်းဖြင့်၊ ကယ်တင်ရှင်
ကို သူတို့ပျောက်ဆုံးခဲ့သည်။ သို့သော် သူ့ကိုပြန်လည်တွေ့ရှိရန် စိတ်ပူပန်
ခြင်းဖြင့် သုံးရက်အဖိုးအခပေးလိုက်ရသည်။ ထိုနည်းလည်းကောင်း၊ ကျွန်ုပ်
တို့သည်လည်း၊ အဓိပ္ပါယ်ကင်းမဲ့သည့်စကားကိုပြောဆိုခြင်း၊ ဆိုးသွမ်းသော
စကားကိုပြောခြင်း၊ ဆုတောင်းရန်ပေါ့လျော့ခြင်းတို့ဖြင့် တစ်ရက်အတွင်း၊
ကယ်တင်ရှင်နှင့်အတူရှိခြင်းကို ပျောက်ဆုံးနိုင်သည်။ ထိုသို့ပျောက်ဆုံးသွား
သောငြိမ်သက်ခြင်းကို တစ်ဖန်ပြန်လည်ရရှိရန်၊ ရက်ပေါင်းများစွာ စိတ်ပူပန်
သောကတို့ဖြင့် သူ့အားတွေ့အောင်ရှာရမည်ဖြစ်၏။" EGWhite DA. P. ၈၃
မှကောက်နုတ်သည်။
-၀-


Friday, April 3, 2015

သင်ခန်းစာ ၁။ သခင်ယေရှုကြွာလာတော်မူခြင်း-2Q-2015-(PDF,PPTX)


PDF File


MY_2015t201 -

Power Point (PPTX file)


MY_2015t201 -

၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ သခင်ယေရှုကြွာလာတော်မူခြင်း-2Q-2015
သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ-2Q-2015
သင်ခန်းစာ ၃။ သခင်ယေရှုခရစ်သည်အဘယ်သူနည်း-2Q-2015
သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း-2Q-2015
သင်ခန်းစာ ၅။ ဥပုသ်၏သခင်ယေရှု-2Q-2015
သင်ခန်းစာ ၆။ သခင်ယေရှု၏ အမှုတော်၌အမျိုးသမီးများ-2Q-2015
သင်ခန်းစာ ၇။ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆုတောင်းခြင်း-2Q-2015
သင်ခန်းစာ ၈။ သခင်ယေရှု၏ အမှုတော်လုပ်ငန်း-2Q-2015
သင်ခန်းစာ ၉။ သခင်ယေရှု၊ ဆရာ့ဆရာကြီး-2Q-2015
သင်ခန်းစာ ၁၀။ နေ့စဉ်အသက်တာ၌ သခင်ယေရှုနောက်လိုက်ခြင်း-2Q-2015
သင်ခန်းစာ ၁၁။ ထာဝရဘုရား၏နိုင်ငံတော်-2Q-2015
သင်ခန်းစာ ၁၂။ ယေရုရှလင်၌ သခင်ယေရှု-2Q-2015
သင်ခန်းစာ ၁၃။ ကားတိုင်ပေါ်အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း-2Q-2015

Wednesday, April 1, 2015

၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ သခင်ယေရှုကြွာလာတော်မူခြင်း-2Q-2015
သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ-2Q-2015
သင်ခန်းစာ ၃။ သခင်ယေရှုခရစ်သည်အဘယ်သူနည်း-2Q-2015
သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း-2Q-2015
သင်ခန်းစာ ၅။ ဥပုသ်၏သခင်ယေရှု-2Q-2015
သင်ခန်းစာ ၆။ သခင်ယေရှု၏ အမှုတော်၌အမျိုးသမီးများ-2Q-2015
သင်ခန်းစာ ၇။ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆုတောင်းခြင်း-2Q-2015
သင်ခန်းစာ ၈။ သခင်ယေရှု၏ အမှုတော်လုပ်ငန်း-2Q-2015
သင်ခန်းစာ ၉။ သခင်ယေရှု၊ ဆရာ့ဆရာကြီး-2Q-2015
သင်ခန်းစာ ၁၀။ နေ့စဉ်အသက်တာ၌ သခင်ယေရှုနောက်လိုက်ခြင်း-2Q-2015
သင်ခန်းစာ ၁၁။ ထာဝရဘုရား၏နိုင်ငံတော်-2Q-2015
သင်ခန်းစာ ၁၂။ ယေရုရှလင်၌ သခင်ယေရှု-2Q-2015
သင်ခန်းစာ ၁၃။ ကားတိုင်ပေါ်အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း-2Q-2015

၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ သခင်ယေရှုကြွာလာတော်မူခြင်း-2Q-2015
သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ-2Q-2015
သင်ခန်းစာ ၃။ သခင်ယေရှုခရစ်သည်အဘယ်သူနည်း-2Q-2015
သင်ခန်းစာ ၄။ တပည့်တော်အဖြစ်ခေါ်ခြင်း-2Q-2015
သင်ခန်းစာ ၅။ ဥပုသ်၏သခင်ယေရှု-2Q-2015
သင်ခန်းစာ ၆။ သခင်ယေရှု၏ အမှုတော်၌အမျိုးသမီးများ-2Q-2015
သင်ခန်းစာ ၇။ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆုတောင်းခြင်း-2Q-2015
သင်ခန်းစာ ၈။ သခင်ယေရှု၏ အမှုတော်လုပ်ငန်း-2Q-2015
သင်ခန်းစာ ၉။ သခင်ယေရှု၊ ဆရာ့ဆရာကြီး-2Q-2015
သင်ခန်းစာ ၁၀။ နေ့စဉ်အသက်တာ၌ သခင်ယေရှုနောက်လိုက်ခြင်း-2Q-2015
သင်ခန်းစာ ၁၁။ ထာဝရဘုရား၏နိုင်ငံတော်-2Q-2015
သင်ခန်းစာ ၁၂။ ယေရုရှလင်၌ သခင်ယေရှု-2Q-2015
သင်ခန်းစာ ၁၃။ ကားတိုင်ပေါ်အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း-2Q-2015

၁။ သုတ္တံကျမ်း-ပထမကွာတာ-၂၀၁၅

သင်ခန်းစာ ၁။ ပညာဥာဏ်၏ဖိတ်ခေါ်သံ-1Q-2015
သင်ခန်းစာ ၂။ နားမှခြေအထိ-1Q-2015
သင်ခန်းစာ ၃။ သေရေးရှင်ရေးကိစ္စ-1Q-2015
သင်ခန်းစာ ၄။ ဘုရားနှင့်ဆိုင်သောဥာဏ်ပညာ-1Q-2015
သင်ခန်းစာ ၅။ ဖြောင့်မတ်သူတို့၏ကောင်းကြီးမင်္ဂလာများ-1Q-2015
သင်ခန်းစာ ၆။ သင်ရရှိသောအရာသည် သင်မြင်ရသောအရာမဟုတ်-1Q-2015
သင်ခန်းစာ ၇။ ရန်တွေ့ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း-1Q-2015
သင်ခန်းစာ ၈။ ပညာရှိသောစကားများ-1Q-2015
သင်ခန်းစာ ၉။ သမ္မာတရားစကား-1Q-2015
သင်ခန်းစာ ၁၀။ မျက်နှာဖုံးနောက်ကွယ်၌-1Q-2015
သင်ခန်းစာ ၁၁။ ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်း-1Q-2015
သင်ခန်းစာ ၁၂။ ပညာရှိတို့၏နှိမ့်ချခြင်း-1Q-2015
သင်ခန်းစာ ၁၃။ မိန်းမနှင့်သေရည်သေရက်-1Q-2015

T-2015

၁။ သုတ္တံကျမ်း-ပထမကွာတာ-၂၀၁၅
၂။ ရှင်လုကာခရစ်ဝင်-ဒုတိယကွာတာ-၂၀၁၅

သင်ခန်းစာ ၁၃။ ထာဝရဧ၀ံဂေလိတရားတော်-4Q-2014


သင်ခန်းစာ ၁၂။ဆုတောင်းခြင်း၊ကုသခြင်းနှင့်မူလအဆင့်အထိပြုပြင်ပြောင်းလဲခြင်း-4Q-2014


သင်ခန်းစာ ၁၁။ ကောက်ရိတ်သိမ်းရန်အသင့်ပြင်ဆင်ခြင်း-4Q-2014


သင်ခန်းစာ ၁၀။ ငိုကြွေးအော်ဟစ်ကြ- 4Q-2014


သင်ခန်းစာ ၉။ ပညတ်ပေးပိုင်သူ နှင့် စစ်ကြောစီရင်သူ တစ်ပါးတည်းရှိခြင်း- 4Q-2014


သင်ခန်းစာ ၈။ နှိမ့်ချသောကောင်းကင်၏ဥာဏ်ပညာ-4Q-2014


သင်ခန်းစာ ၇။ လျှာကိုယဉ်ပါးစေခြင်း-4Q-2014


သင်ခန်းစာ ၆။ အလုပ်ဖြစ်သည့်ယုံကြည်ခြင်း-4Q-2014


သင်ခန်းစာ ၅။ ချစ်ခြင်းနှင့်ပညတ်တော်-4Q-2014


သင်ခန်းစာ ၄။ ဖြစ်ခြင်းနှင့်ကျင့်ခြင်း 4Q-2014


သင်ခန်းစာ ၃။ စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံခြင်း-4Q-2014


သင်ခန်းစာ ၂။ ယုံကြည်ခြင်းကိုစုံလင်စေတော်မူခြင်း-4Q-2014


သင်ခန်းစာ ၁။ ရှင်ယာကုပ်၊ ကိုယ်တော်၏အစ်ကို -4Q-2014


၎။ ရှင်ယာကုပ်သြ၀ါဒစာ - စတုတ္ထကွာတာ - ၂၀၁၄

သင်ခန်းစာ ၁။ ရှင်ယာကုပ်၊ ကိုယ်တော်၏အစ်ကို -4Q-2014

သင်ခန်းစာ ၂။ ယုံကြည်ခြင်းကိုစုံလင်စေတော်မူခြင်း-4Q-2014
သင်ခန်းစာ ၃။ စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံခြင်း-4Q-2014
သင်ခန်းစာ ၄။ ဖြစ်ခြင်းနှင့်ကျင့်ခြင်း 4Q-2014
သင်ခန်းစာ ၅။ ချစ်ခြင်းနှင့်ပညတ်တော်-4Q-2014
သင်ခန်းစာ ၆။ အလုပ်ဖြစ်သည့်ယုံကြည်ခြင်း-4Q-2014
သင်ခန်းစာ ၇။ လျှာကိုယဉ်ပါးစေခြင်း-4Q-2014
သင်ခန်းစာ ၈။ နှိမ့်ချသောကောင်းကင်၏ဥာဏ်ပညာ-4Q-2014
သင်ခန်းစာ ၉။ ပညတ်ပေးပိုင်သူ နှင့် စစ်ကြောစီရင်သူ တစ်ပါးတည်းရှိခြင်း- 4Q-2014
သင်ခန်းစာ ၁၀။ ငိုကြွေးအော်ဟစ်ကြ- 4Q-2014
သင်ခန်းစာ ၁၁။ ကောက်ရိတ်သိမ်းရန်အသင့်ပြင်ဆင်ခြင်း-4Q-2014
သင်ခန်းစာ ၁၂။ဆုတောင်းခြင်း၊ကုသခြင်းနှင့်မူလအဆင့်အထိပြုပြင်ပြောင်းလဲခြင်း-4Q-2014
သင်ခန်းစာ ၁၃။ ထာဝရဧ၀ံဂေလိတရားတော်-4Q-2014

သင်ခန်းစာ ၁၃။ သခင်ယေရှုဒုတိယအကြိမ်ကြွလာတော်မူခြင်း-3Q-2014


သင်ခန်းစာ ၁၂။ သေခြင်းနှင့်ပြန်လည်ထမြောက်ခြင်း-3Q-2014


သင်ခန်းစာ ၁၁။ ဥပုသ်နေ့-3Q-2014


သင်ခန်းစာ ၁၀။ ထာဝရဘုရား၏ပညတ်တော်-3Q-2014