Friday, May 29, 2015

သင်ခန်းစာ ၁၀။ နေ့စဉ်အသက်တာ၌ သခင်ယေရှုနောက်လိုက်ခြင်း (Text)

https://www.youtube.com/watch?v=zKnUAXn9HSk

အလွတ်ကျမ်းချက်
တမန်တော်တို့က၊ အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်။
(လုကာ ၁၇း၅)။


သခင်ယေရှုသည် နာမည်ကျော်သည့်ဆရာကြီးတစ်ဦးဖြစ်သည်။
သူသည် ဘာသာရေးကျောင်း (သို့မဟုတ်) ဒဿနိကဗေဒကျောင်းကို
ဖွင့်သည်မဟုတ်။ သူ၏ရည်ရွယ်ချက်ကား၊ ပျောက်သောသူကိုရှာပြီး ကယ်တင်
ရန်ဖြစ်သည်။ (လုကာ ၁၉း၁၀)။ သူသည် ထာဝရဘုရားရှင်၏စရိုက်ကိုပြရန်
ကြွရောက်ခဲ့သည်။ ကပ်တိုင်၌ ချစ်ခြင်းမေတ္တာ၏အကောင်းဆုံးပုံသက်သေကို
ပြခဲ့သည်။ ဘုရားသခင်သည် အမှန်တကယ်ဘယ်ကဲ့သို့ဖြစ်သည်ကို လူအားလုံး
နှင့်မကျရှုံးသောကမ္ဘာများကို ကပ်တိုင်ပေါ်၌ပြခဲ့သည်။ အပြစ်ရှိသောလူသား
များ ကယ်တင်ခြင်းရရှိရန်၊ သူသည် အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့သည်။

ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်၊ သူသည် ကယ်တင်ခြင်းရသည့် လူ့ဘောင်
အဖွဲ့အစည်းကို ဖွဲ့လိုက်သည်။ ဤလူ့အဖွဲ့အစည်းသည် သူ၏အသေခံခြင်း
ဖြင့် ကယ်တင်ခြင်းကိုရရှိပြီး၊ သူ၏အသက်တာနှင့်သွန်သင်ချက်များအတွက်
ပုံသက်သေများဖြစ်ရန် ရွေးချယ်ခြင်းခံသည်။

ဤကယ်တင်ခြင်းခံရသော လူ့ဘောင်အဖွဲ့သို့ဝင်ရန်ခေါ်ခြင်းသည်
ထိုသို့ခေါ်သောသူ ခရစ်တော်အပေါ် သစ္စာအပြည့်ရှိရန်ဖြစ်သည်။ သူပြော
သောအရာများသည် နောက်လိုက်တပည့်များအတွက် အသက်တာ၏ဥပဒေသ
ဖြစ်သည်။ သူ၏ဆန္ဒသည် နောက်လိုက်တပည့်များ၏အသက်တာ၏
ရည်ရွယ်ချက်ဖြစ်သည်။ အဘယ်မျှကောင်းသည်ဖြစ်စေ၊ စုံလင်သည်ဖြစ်စေ၊
ခရစ်တော်နှင့်သူ၏အလိုတော်အပေါ်သစ္စာရှိခြင်းကို အစားထိုး၍မရ။

နောက်လိုက်တပည့်ဖြစ်ခြင်းအရာသည် ကျွန်ုပ်တို့အတွင်း၌ ခရစ်တော်
သက်ရှင်နေထိုင်မှသာလျှင် ဖြစ်နိုင်၏။ အချို့သောစည်းမျဉ်းများကို အပြည့်
နားထောင်ရန်လိုအပ်သည်။ မည်သည့်အစားထိုးခြင်း၊ ပြောင်းလဲခြင်းကို
ခွင့်ပြုမည်မဟုတ်။

တနင်္ဂနွေ မေ ၃၁
ဖာရိရှဲများကဲ့သို့မဖြစ်နှင့် (လုကာ ၁၁း၃၇-၅၄)။


ဧဝံဂေလိကျမ်းထဲ၌ ဖာရိရှဲများအကြောင်း ဥပမာပေါင်း (၈၀)
ကျော်ရှိသည်။ ၂၅% မှာ ရှင်လုကာခရစ်ဝင်ကျမ်းတွင် တွေ့နိုင်သည်။
ဖာရိရှဲများသည် ၎င်းတို့၏တင်းကျပ်သောဥပဒေများဖြင့် အများကသိကြ
သည်။ သို့သော် ဇဒ္ဒုကဲတို့သည် ၎င်းတို့၏မတည်ငြိမ်သည့်သဘောထား
များဖြင့် အများကသိကြသည်။ ဖာရိရှဲများသည် များသောအားဖြင့် ပညတ်
တရားဝါဒီများဖြစ်ကြပြီး၊ ကရုဏာကျေးဇူးကို များသောအားဖြင့်ယုံကြည်
ကြသူများလည်းဖြစ်သည်။ သို့သော် သူတို့သည် ပညတ်တရားကို တင်းကျပ်
စွာစောင့်ခြင်းဖြင့် ကယ်တင်ခြင်းရသည်ဟု သွန်သင်သူများဖြစ်သည်။

(လုကာ ၁၁း၃၇-၅၄) ကိုဖတ်ပါ။ မည်သည့်အရာအကြောင်းကို
သခင်ယေရှုသတိပေးနေသနည်း။ ယနေ့ ဤအရေးပါသောစည်းမျဉ်းကို
ဘယ်ကဲ့သို့ပြသနည်း။ သခင်ယေရှုသတိပေးသည့်အရာများသို့မလိုက်ရန်
ကျွန်ုပ်တို့ဘယ်ကဲ့သို့သေချာအောင် ပြုလုပ်မည်နည်း။

စစ်မှန်သည့်ဘာသာရေးသို့ခေါ်ခြင်းသည် ကျွန်ုပ်တို့အပါအဝင်၊
မျိုးဆက်တိုင်းသို့ ဖြတ်သန်း၍သွားသည်ကို (လုကာ ၁၁း၄၂-၅၄) ဖာရိရှဲ
နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအပေါ် အမင်္ဂလာများကပြသည်။

သာဓက၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ဘုရားသခင်၏ပြုစုစောင့်ရှောက်
ခြင်းကို ကျွန်ုပ်တို့သိရှိကြောင်းပြသည်။ သို့သော်၊ လူသားတို့အတွက်
တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှုအဖြစ် ဘယ်သောအခါမျှ
အစားမထိုးနိုင်။ (ငယ် ၄၂)။

ဥပမာ၊ "တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်းအမှု" တို့ကို
ဂရုမစိုက်၊ မလေးစားဘဲ လျစ်လျူပြုထားသော ဤလူတို့ပင်လျှင်၊ "တရား
ဇရပ်၌ မြင့်မြတ်သောနေရာထိုင်ရာကိုလည်းကောင်း" နှစ်သက်ကြ၏။
(ငယ် ၄၂၊၄၃)။

စစ်မှန်သောဘာသာရေးသည် အပေါ်ယံဗန်းပြပြုလုပ်ခြင်းဟု ယုံကြည်
သောသူတို့သည် အမှန်ပင် သန့်ရှင်းသောသူများမဟုတ်ကြောင်း သခင်ယေရှု
သတိပေးလိုက်သည်။ သူတို့သည် အသေကောင်ကိုကိုင်မိသောသူကဲ့သို့ဖြစ်
သည်။ (လုကာ ၁၁း၄၄။ တော ၁၉း၁၆ ကိုလည်းဖတ်ပါ။) ဘုရားရှေ့တော်
၌ အရေးမပါသောအရာများနှင့် သန့်ရှင်းသောအရာတို့ကို အဘယ်မျှရှုပ်ထွေး
ရန် လွယ်ကူပါသနည်း။

ကျမ်းတတ်ပုဂ္ဂိုလ်တို့ကိုလည်း အမင်္ဂလာရှိကြောင်း သခင်ယေရှု
ကြေညာခဲ့သည်။ သူတို့သည် ၎င်းတို့၏အတွေ့အကြုံပညာအရည်အချင်းကို
အသုံးပြုကာ၊ သူတစ်ပါးအပေါ် "ထမ်းခဲ့သောဝန်" တင်ပြီး၊ ၎င်းတို့ကိုယ်
၌မူ "ကိုယ်လက်ဖျားနှင့်မျှမတို့ကြ" (လုကာ ၁၁း၄၆)။

ဖာရိရှဲတို့သည် သေလွန်သောပုရောဖက်များကို ရိုသေလေးစားကြ
သည်။ သို့သော် သက်ရှိထင်ရှားသောပုရောဖက်များကို ဆန့်ကျင်ပြုမူ
လုပ်ဆောင်ကြသည်။ သခင်ယေရှုစကားပြောနေစဉ်မှာပင် အချို့သောသူတို့
သည် ဘုရားသခင်၏သားတော်ကိုသတ်ရန် ကြံစည်နေကြသည်။ သေလွန်
သောပုရောဖက်တို့ကို ရိုသေလေးစားခြင်းသည် အရေးမကြီး။ အရေးကြီး
သည်မှာ ပုရောဖက်တို့၏ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ တရားသဖြင့်စီရင်ခြင်း
စသည့်သတင်းစကားများကို ၎င်းတို့နားထောင်ရန်ဖြစ်သည်။

နောက်ဆုံးအမင်္ဂလာသည် အလွန်မှပင်ကြောက်မက်ဖွယ်ရာဖြစ်၏။
အချို့သောဖာရိရှဲတို့သည် ဘုရားသခင်နိုင်ငံတော်၏သော့ကို ယုံကြည်စိတ်ချ
စွာဖြင့် အပ်နှင်းခြင်းခံရသည်။ သို့သော် သူတို့၏တာဝန်တို့ကို ကျေပွန်
အောင်မဆောင်ရွက်ကြ။ ဘုရားသခင်၏နိုင်ငံထဲသို့ လူတို့ဝင်ရောက်ရန်၊
သော့ကိုပညာရှိစွာဖြင့် အသုံးမပြု။ ထိုသို့ဖြစ်မည့်အစား၊ သူတို့သည်
ဘုရားသခင်၏လူတို့ကို သော့ခတ်ထားပြီး၊ သော့ကိုပစ်လိုက်ကြ၏။

တနင်္လာ ဇွန် ၁
ဘုရားသခင်ကိုကြောက်ရွံ့ပါ (လုကာ ၁၂း၎-၁၂)။


"ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့" (ဗျာ ၁၄း၇) သည်၊
ကောင်းကင်တမန် (၃) ပါး၏ပထမကောင်းကင်တမန်၏သတင်းစကား
ဖြစ်သည်။ ဗျာဒိတ် ၁၄ တွင်ပါရှိသည့် ဤသတင်းစကားသည် Sနလနညအိ့ပေ
ဗိလနညအင်အ် တို့၏အသက်တာနှင့်ယုံကြည်ခြင်း၌ အလွန်အရေးပါသည်။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းဆိုသည်မှာ ဘုရားသခင်ကိုကြောက်ရွံ့ထိတ်လန့်
သည်ဟုမဆိုလို။ ထိုသို့ဖြစ်မည့်အစား၊ ဘုရားသခင်သည် ဘယ်သူဖြစ်ကြောင်း
နှင့် ကျွန်ုပ်တို့ကို ဘယ်ကဲ့သို့ဖြစ်ရန်အလိုရှိသည်ကို သိရှိရန်ဖြစ်သည်။
ဘုရားသခင်အပေါ် သစ္စာအပြည့်ရှိရန် ယုံကြည်ခြင်းအမှုသည် လိုအပ်သည်။
ဘုရားသခင်သည်သာလျှင် ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့၏အသက်တာ၊ အတွေး၊
အလုပ်၊ ဆက်ဆံရေးနှင့် အနာဂတ်တို့ကို စီရင်သောသူဖြစ်၏။

(လုကာ ၁၂း၎-၁၂) ကိုဖတ်ပါ။ ကြောက်ရွံ့ခြင်းအကြောင်း
သခင်ယေရှုကျွန်ုပ်တို့ကို ဘာပြောနေသနည်း။

ကျမ်းပိုဒ်သည် မည်သူကိုကြောက်ရမည်၊ ဘယ်သူကိုမကြောက်ရ
ကြောင်း ပြသနည်း။ ယခု ဤလောက၌ ကျွန်ုပ်တို့ကိုတိုက်ခိုက်နိုင်သည့်
အရာများကို ကြောက်ရန်မလို။ ထိုသို့ဖြစ်မည့်အစား၊ ကျွန်ုပ်တို့သည် ဘုရားကို
နားထောင်ပြီး ကြောက်ရွံ့ရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်၊ သူ၏
လက်ထဲ၌ ကျွန်ုပ်တို့၏ထာဝရအနာဂတ်ရှိခြင်းကြောင့်ဖြစ်သည်။ သို့သော်
ကျွန်ုပ်တို့၏ဘုရားသည် စာငှက်တို့အပေါ်ကြည့်ရှုပြီး၊ ကျွန်ုပ်တို့၏ဆံပင်
အကုန်အစင်ကို ရေတွက်လျက်ရှိပြီး (လုကာ ၁၂း၆၊၇)။ ချစ်ခင်ယုယသော
ဘုရားဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့တစ်ယောက်စီတို့သည် သူ၏ရှေ့တော်
၌ ထာဝစဉ်အရေးပါ၏။ ထိုသို့ ကျွန်ုပ်တို့အမှန်တကယ်ယုံကြည်သော်၊
မည်မျှလောကီကြောက်ရွံ့ခြင်းများသည် လွင့်စဉ်သွားမည်နည်း။

(လုကာ ၁၂း၁၃-၂၁) ကိုဖတ်ပါ။ ဤနေရာ၌ သခင်ယေရှုသည်
ကျွန်ုပ်တို့ကို ဘာကိုသတိပေးသနည်း။

ပစ္စည်းဥစ္စာခွဲဝေမှုအပေါ် ရန်ဖြစ်နေသောညီအစ်ကိုနှစ်ဦးစပ်ကြား
သခင်ယေရှုဘက်လိုက်ရန်ငြင်းဆန်သည်။ သို့သော် မနာလိုမှု၏ဆိုးသွမ်းခြင်း
အကြောင်းကို ပညတ်တော်ဆယ်ပါးကို ညွှန်ပြသည်။ (ထွက် ၂ဝး၁၇)။
၎င်းအပြင် သူသည် အချိန်တိုင်း၌ မှန်သည့်အရေးကြီးသောအချက်ကို
ညွှန်ပြသည်။...."စည်းစမ်ရှိသော်လည်း၊ စည်းစိမ်၌အသက်မတည်" ဆိုသည့်
အချက်ဖြစ်သည်။ (လုကာ ၁၂း၁၅)။ မိုက်မဲသောသူဌေးသည်
သူ၏ကျဉ်းမြောင်းသည့်ကမ္ဘာကလေး၌သာ အသက်ရှင်သည်။ အခြား
ဘယ်အရာမျှ ၎င်းအတွက်အရေးမကြီး။ ဤကဲ့သို့ ကျွန်ုပ်တို့မဖြစ်ရန် အဘယ်မျှ
သတိရှိရမည်နည်း။ များစွာသောလောက၏စည်းစိမ်ဥစ္စာများကို ကောင်းချီး
ခံစားရသောသူတို့အတွက် ဤအချက်သည် အလွန်အရေးကြီးသည်။

ကျွန်ုပ်တို့အားလုံးတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို နှစ်သက်ကြ၏။
သို့သော် ထာဝရအကြောင်းကို ကျွန်ုပ်တို့စဉ်းစားလိုက်သည့်အခါ၊ ဤအရာ
တို့သည် အနည်းငယ်မျှသာ အမှန်တကယ်ကျေနပ်မှုပေးသည်ကိုစဉ်းစားပါ။
ဤသို့ဖြစ်သော်၊ ကျွန်ုပ်တို့သည် (လုကာ ၁၂း၁၆-၂၁) တွင် သခင်ယေရှု
သတိပေးချက်ကို အမှားပြုမိရန် အဘယ်ကြောင့်အလွန်လွယ်ကူသနည်း။

အင်္ဂါ ဇွန် ၂
ပြင်ဆင်ပြီးစောင့်နေကြလော့ (လုကာ ၁၂း၃၅-၅၃)။


"စောင့်ကြည့်ခြင်းနှင့်သစ္စာရှိခြင်းသည် ခေတ်အဆက်ဆက်
ခရစ်တော်၏နောက်လိုက်များရှိရမည့်အရာဖြစ်သည်။ သို့သော် ယခု ကျွန်ုပ်
တို့သည် ထာဝရလောက၏အစွန်၌ ရပ်နေလျက်ရှိ၏။ ကျွန်ုပ်တို့သည်
ဖြောင့်မတ်ခြင်းတရားနှင့်ကြီးစွာသောအလင်း အလွန်အရေးကြီးသည့်အလုပ်
ကို ကိုင်ထားလျက်ရှိသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အမြဲသတိရှိပြီး
သေချာစွာစောင့်ကြည့်ရမည်ဖြစ်၏။" E. G. White, Testimonies for the
Church, vol. 5, pp. 460, 461 မှ ကောက်နုတ်သည်။

သင်သည် သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းကို ကြာမြင့်စွာ
စောင့်နေရသည်ဖြစ်သော်၊ (လုကာ ၁၂း၃၅-၅၃) ကိုဖတ်ပြီး၊ ၎င်းကျမ်းပိုဒ်
များကို အနှစ်ချုပ်ပါ။

ခရစ်ယာန်များသည် ပျင်းရိခြင်း (သို့မဟုတ်) သက်သောင့်သက်သာ
နေရန် အခြေအနေမပေးပါ။ ခရစ်တော်ပြန်လည်ကြွလာတော်မူမည့်အချိန်ကို
မသိခြင်းသည် မီးခွက်များကိုဆီဖြည့်ကာ၊ ဝတ်ရုံတို့ကိုအဆင်သင့်ရှိရန်
ကျွန်ုပ်တို့ကိုဆော်ဩသင့်သည်။ မကြာမီ သူ၏ကြွလာခြင်းသည် ကျွန်ုပ်
တို့၏အသက်တာနှင့်အလုပ်အကိုင်၊ အသင့်ရှိမှုနှင့်သစ္စာရှိမှုအတွက် တွန်းအား
ဖြစ်ရမည်။ လောက၌ သူ၏အလိုတော်ကိုဆောင်ခြင်းနှင့် သူ့အားငြိမ်သက်စွာ
တွေ့မြင်ရန် အဆင်သင့်ရှိခြင်းတို့၌ သစ္စာရှိခြင်းသည် ကောင်းသောကျွန်
များနှင့် ဆိုးသွမ်းသောကျွန်များကို ခွဲခြားသည့်အရာဖြစ်သည်။

"ငါ့အ့အရှငှင်လ်လာခဲလဲလိမိမ့်မ့မည်" (လုကာ ၁၂း၄၅) ဟုဆိုသည့် မည်သို့
သောသစ္စာရှိမှုကို လျစ်လျူပြုမှုသည်၊ မိမိကိုယ်ကိုလေးနက်သော ဘုရားရှင်၏
စီရင်ခြင်းအောက်၌ ထားရှိခြင်းဖြစ်သည်။ (လုကာ ၁၂း၄၅-၄၈)။
လူတစ်ယောက်သည် ဘုရားရှင်၏အမှုတော်ကိုဆောင်ရွက်ရာ၌ ပို၍ဂုဏ်ပြု
ခြင်းခံရသည်ဟုဆိုကြပါစို့၊ ထိုသူကို ပို၍အလုပ်နှင့်တာဝန်ကိုပေးမည်ဖြစ်
သည်။ ထိုနောက် ဘုရားရှင်သည် ထိုသူထံမှ ပို၍ရရန်မျှော်လင့်မည်ဖြစ်၏။
(ငယ် ၄၈)။

"ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ....တို့သည် အမင်္ဂလာရှိ၏" ဟု
ရှေးပုရောဖက်စီရင်ချက်သည် (အာမုတ် ၆း၁)၊ ခရစ်ယာန်နောက်လိုက်
တပည့်များသည် ပျင်းရိစွာ (သို့မဟုတ်) သက်သောင့်သက်သာစွာမနေ
ကြရန် ခရစ်တော်ကသတိပေးခြင်းကိုပြသည်ဟု ထင်မြင်ရသည်။ ခရစ်ယာန်
တို့၏အသက်တာသည် ဝိညာဉ်ရေးတိုက်ပွဲအဖြစ် ရှင်ပေါလုရှင်းလင်းဖော်ပြ
ထားသည်။ (ဧဖက် ၆း၁၂)။ အရေးကြီးသည့်အချက်မှာ၊ ခရစ်ယာန်တိုင်း
သည် ခရစ်တော်နှင့်စာတန်စပ်ကြားတိုက်ပွဲ၌ ပါဝင်ခြင်းပင်ဖြစ်သည်။ ထိုနောက်
ကပ်တိုင်သည် ထိုနှစ်ခုစပ်ကြား၌၊ ခြားနားစွာစည်းခြားထားသည်။ ကပ်တိုင်
ပေါ်ရှိ ခရစ်တော်အပေါ် စဉ်ဆက်မပြတ်ယုံကြည်ခြင်းဖြင့်သာ အပြီးသတ်
အောင်မြင်ခြင်းကို ရရှိနိုင်မည်ဖြစ်၏။

များစွာပေးခြင်းခံရသောသူတို့ကို များစွာတောင်းခံမည်ဖြစ်၏။
'အကြင်သူသည် များစွာသောဥစ္စာကိုအပ်နှင်း၏။ ထိုသူကိုများစွာတောင်းလိမ့်
မည်' (လုကာ ၁၂း၄၈)။ ဤကျမ်းပိုဒ်သည် Seventh-day Adventists များ
အနေဖြင့် ဘယ်ကဲ့သို့အနက်ရှိသနည်း။

ဗုဒ္ဓဟူး ဇွန် ၃
အသီးသီးသောသက်သေများဖြစ်ပါ (လုကာ ၈း၎-၁၅)။


ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကမ္ဘာ
မတည်မီကပင် တွေ့ဆုံကြပြီး၊ ကယ်တင်ခြင်းစီမံကိန်းကို စီစဉ်ဆောင်ရွက်
ခဲ့သည်။ လူကိုမဖန်ဆင်းမီ၊ လူသည်အပြစ်မကျူးလွန်မီကပင် ဘုရားသခင်
သည် လောကကိုကယ်ရန် အစီအမံများရှိထားပြီးဖြစ်သည်။ ၎င်းအစီအစဉ်
သည် ကပ်တိုင်၌ဗဟိုပြုသည်။ ထိုနောက် ကပ်တိုင်၏ကောင်းသတင်းကို
လောကီရှိလူတိုင်းကိုပြောကြားရမည်ဖြစ်၏။ ထိုတာဝန်၏သက်သေသည်
ခရစ်ယာန်တိုင်းပေါ်၌ ကျရောက်၏။
"ယရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်
အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်" (တမန် ၁း၈)။ သခင်ယေရှု၏
နောက်ဆုံးမိန့်မှာချက်သည် ဘုရားရှင်၎င်း၏နောက်လိုက်များအပေါ် သက်သေခံ
ရန် ထားသည့်တာဝန်သည် အရေးကြီးကြောင်းပြ၏။

ခရစ်ယာန်သက်သေခံတို့သည် မျိုးစေ့ကိုကြဲသောသင်ခန်းစာပုံပြင်မှ
မည်သည့်သင်ခန်းစာကို သင်ကြားရယူနိုင်သနည်း။ (လုကာ ၈း၎-၁၅)။
သက်သေခံသောသူ၏ဆုရလဒ်သည် မည်သည့်အချိန်နှင့် မည်သည့်
အရာဖြစ်သနည်း။ (လုကာ ၁၈း၂၄-၃၀)။

သက်သေခံရာ၌၊ သစ္စာရှိခြင်းနှင့်တာဝန်သိခြင်းအကြောင်း (လုကာ
၁၉း၁၁-၂၇) တွင် ဖော်ပြသောသူဌေးနှင့် စာရင်းငှားသင်ခန်းစာပုံပြင်က
ဘယ်ကဲ့သို့သွန်သင်သနည်း။

ဤကျမ်းပိုဒ်တိုင်း၌၊ အန္တရာယ်၊ တာဝန်၊ သက်သေခံခြင်း၏ဆုရလဒ်
နှင့် ယုံကြည်စိတ်ချခြင်းအကြောင်း ပေးထားသည်။ လေးနက်သောတာဝန်
ကို ကျွန်ုပ်တို့အပ်နှင်းခံရသည်။ သို့သော် ကျွန်ုပ်တို့အတွက် သခင်ယေရှု၏
ဆက်ကပ်အပ်နှံခြင်းကို ကျွန်ုပ်တို့စဉ်းစားကြည့်သော်၊ ကျွန်ုပ်တို့ကိုတောင်းခံ
သောအရာသည် အဘယ်မျှအမှန်တကယ် အနည်းငယ်မျှသာဖြစ်သနည်း။

ကြာသပတေး ဇွန် ၎
ကျွန်တို့၏ခေါင်းဆောင်ဖြစ်ပါ (လုကာ ၂၂း၂၄-၂၇)။


(လုကာ ၂၂း၂၄-၂၇) ကိုဖတ်ပါ။ နောက်ဆုံးညစာစားပွဲကို ပြင်ဆင်
နေစဉ်၌ပင်၊ တပည့်တော်တို့သည် နိုင်ငံတော်၌ မည်သူသည်အကြီးဆုံးဖြစ်
မည်ကို အငြင်းအခုံပြုနေကြသည်။ ၎င်းတို့၏မိုက်မဲခြင်းကို သခင်ယေရှု
ဘယ်ကဲ့သို့ကိုင်တွယ်သနည်း။ သူ၏အဖြေကား၊ အဘယ်ကြောင့်အလွန်
ခြားနားသနည်း။

ခေါင်းဆောင်မှုသမိုင်း၌ သခင်ယေရှု၏အဖြေသည် အထူးဖြစ်၏။
ဖာရောဘုရင်၊ နေဗုခဒ်နေဇာမင်း၊ အလက်ဇန္ဒား၊ ဂျူးလိယက်စီစာ၊ နပိုလျံ
နှင့် Genghis Khan စသည့်သူတို့သည် သူတစ်ပါးအပေါ်အာဏာတန်ခိုးနှင့်
ခေါင်းဆောင်မှုကို ရရှိထားကြသည်။ လောကသည် အာဏာတန်ခိုးကို
ဘယ်ကဲ့သို့အမြဲ အသုံးပြုသည်ကိုပြသည်။

သို့သော် သခင်ယေရှုပြောသည်မှာ "သင်တို့မူကား၊ ထိုသို့မပြုကြနှင့်။
လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာ
လည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း
ကြွလာသည်ဖြစ်၍ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို
သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း
သင်တို့၏ကျွန်ဖြစ်စေဟု မိန့်တော်မူ၏" (မဿဲ ၂ဝး၂၆-၂၈)။

အစေခံခြင်းနှင့် မိမိကိုယ်ကိုငြင်းပယ်ခြင်းသည် သူ၏ခေါင်းဆောင်
မှုနှင့် သူ၏အခြေခံလုပ်ဆောင်မှုနည်းလမ်းအဖြစ်၊ သခင်ယေရှုဖော်ပြသည်။
ဤကဲ့သို့သောနည်းဖြင့် လူသားတို့၏ဆက်ဆံရေးစည်းမျဉ်းအသစ်ကို မိတ်ဆက်
ပေးလိုက်သည်။ ပြည့်စုံခြင်းသည် အာဏာတန်ခိုးမှလာသည်မဟုတ်၊ အစေ
ပြုခြင်းအရာမှလာခြင်းဖြစ်သည်ဟူတည်း။ ခေါင်းဆောင်မှုအာဏာသည်
လုပ်ဆောင်နိုင်သည့်စွမ်းရည်တန်ခိုးမှ လက်ခံရရှိသည်မဟုတ်၊ အစေပြုခြင်း
မှရရှိသည်။ ပလ္လင်တော်မှအပြောင်းအလဲစတင်သည်မဟုတ်၊ ကပ်တိုင်မှ
စတင်သည်ဖြစ်၏။ ရှင်ရန်အတွက်သေရ၏။ (ယော ၁၂း၂၄)။

သခင်ယေရှု၏တပည့်တော်များ၌ မည်သူကအကြီးအကဲဖြစ်မည့်
ပြဿနာနှင့် တူလုနီးပါး (လုကာ ၉း၄၆-၄၈) တွင် တွေ့ရသည်။ သူ၏
တပည့်တော်တို့၏စိတ်နှလုံးထဲ၌ လောက၏စည်းမျဉ်းများသည် ရှိနေဆဲ
ဖြစ်၏။

သခင်ယေရှု၏ဖြေကြားချက်သည် ပြဿနာ၏ဗဟိုချက်မကိုထိပြီး၊
ခရစ်ယာန်တို့၏အသက်တာ၌ အကြီးဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်လာသည်။
အထူးသဖြင့် သူ၏ "အငယ်ဆုံးသောသူ" ဆိုသည့်စကားသည် (ငယ်
၄၈) လောက၏စည်းမျဉ်းများဖြင့် အဘယ်မျှပင်ခြားနားသည်ကိုပြသည်။

ဤနေရာ၌ သခင်ယေရှု၏သွန်သင်ချက်များသည် လောက၏
စည်းမျဉ်းများနှင့် အလွန်ကွာခြား၏။ ထိုကြောင့် အကယ်၍ ကျွန်ုပ်တို့၏
အသက်တာ၌ သခင်ယေရှု၏စည်းမျဉ်းများကို အသုံးပြုသော်၊ ကျွန်ုပ်တို့
ဘယ်ကဲ့သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။

သောကြာ ဇွန် ၅
ထပ်ဆင့်လေ့လာရန်။


"ကျွန်ုပ်တို့နှလုံးသားကို ဘယ်သူပိုင်သနည်း။ ကျွန်ုပ်တို့၏အတွေး
များသည် မည်သူ့အပေါ်၌ရှိသနည်း။ မည်သူ့အကြောင်းကို ကျွန်ုပ်တို့ပြောရန်
နှစ်သက်သနည်း။ ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကျေးဇူးနှင့်စွမ်းအင်ကို
ဘယ်သူပိုင်သနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်အတွက်ဖြစ်သော် ကျွန်ုပ်
တို့၏အတွေးများသည် သူ့အပေါ်၌ရှိမည်ဖြစ်၏။ ကျွန်ုပ်တို့၏အချိုမြိန်ဆုံး
သောအတွေးသည် သူ့အကြောင်းသာဖြစ်မည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှတို့သည်
သူ့အားဆက်ကပ်ထားပြီ။ ကျွန်ုပ်တို့သည် သူ၏စရိုက်၊ သူ၏ဝိညာဉ်၊ သူ၏
အလိုတော်တို့နှင့် ပုံတူကူးချလိုသောဆန္ဒရှိပြီး၊ အရာခပ်သိမ်းတို့၌ သူ့အား
ဝမ်းမြောက်ပျော်ရွှင်စေမည်ဖြစ်၏။"  E. G. White, Steps to Christ, p. 58 မှ
ကောက်နုတ်သည်။
-၀-


Friday, May 22, 2015

သင်ခန်းစာ ၉။ သခင်ယေရှု၊ ဆရာ့ဆရာကြီး (Text)

https://www.youtube.com/watch?v=43A6TrT6z-Y

အလွတ်ကျမ်းချက်
"အာဏာနှင့်ဟောတော်မူသောကြောင့် ပရိသတ်တို့သည်
ဒေသနာတော်ကို အလွန်အံ့ဩကြ၏" (လုကာ ၄း၃၂)။


ခရစ်တော်လောကသို့ရောက်သည့်အချိန်၌၊ လူသားတို့သည် အနိမ့်ဆုံး
အဆင့်သို့ကျရောက်နေပြီဟု ထင်ရသည်။ လူ့ဘောင်အဖွဲ့အစည်းတို့၏
အခြေခံအုတ်မြစ်သည် ပြိုကျလျက်ရှိ၏။......လိမ်လည်ခြင်းတို့နှင့် လူတို့သည်
ခါးခါးသီးသီးမုန်းတီးလျက်ရှိ၏။ လူတို့သည် သစ္စာမရှိသောအသက်တာနှင့်
လောကီ၏အရာတို့ကိုနှစ်သက်ခြင်းဘက်သို့ လိုက်ကြ၏။ ဘုရားသခင်နှင့်
၎င်းတို့၏အနာဂတ်မေ့ပျောက်လျက်၊ ပစ္စုပ္ပန်အတွက်သာ အသက်ရှင်နေထိုင်
ကြ၏။

"ဘုရားရှင်ကိုအသိအမှတ်ပြုရန် မေ့လျက်ရှိသည်။ လူတို့ကို ဂုဏ်ရှိ
စွာဖြင့်ဆက်ဆံရန်မရှိတော့ပြီ။ ဖြောင့်မတ်ခြင်း၊ ဂုဏ်ပြုခြင်း၊ ရိုးသားခြင်းနှင့်
သနားကြင်နာခြင်းတို့သည် လောကကိုစွန့်ခွာလေပြီ။ တာဝန်၏သဘော
တရားနှင့် လူ့အခွင့်အရေးတို့သည် အိပ်မက်ကဲ့သို့ လွင့်စဉ်ပြီဖြစ်၏။ လောဘ
နှင့်အောင်မြင်လိုစိတ်သည် သံသယစိတ်ကိုမွေးဖွားလာ၏။ လူ့ဘောင်
အဖွဲ့အစည်း၌ ရာထူးနှင့်အာဏာရရှိရန် လိုလားသောသူတို့သည် သာမန်
လူတို့ကို တိရစ္ဆာန်ကဲ့သို့ ဆက်ဆံပြုမူ၏။ စည်းစိမ်ဖြင့်နေထိုင်ခြင်း၊ ချမ်းသာ
ကြွယ်ဝခြင်း၊ အာဏာတန်ခိုးရခြင်းသည် ၎င်းတို့၏ရည်ရွယ်ချက်ဖြစ်သည်။
သူတို့သည် ကျန်းမာခြင်းမရှိ၊ ထုံထိုင်းပြီး ဝိညာဉ်ရေးသေနေသူများဖြစ်သည်။
ဤကဲ့သို့လောက၌၊ သခင်ယေရှုနေထိုင်ခဲ့သည်။" E. G. White, Education,
pp. 74, 75 မှကောက်နုတ်သည်။

ဤကဲ့သို့လောကသည် ခရစ်တော်သွန်သင်သည့်အရာများနှင့် ပြုလုပ်
ခဲ့သည်တို့ကို၊ ကျွန်ုပ်တို့ပိုမိုနားလည်အောင်လည်း ကူညီမည်ဖြစ်သည်။

တနင်္ဂနွေ မေ ၂၄
သခင်ယေရှု၏အာဏာ (လုကာ ၈း၂၂-၂၅)။


လုကာသည် သမားတော်နှင့်သီးသန့်ပညာရည်ရှိသူတစ်ဦးဖြစ်သည်။
ထိုကြောင့် အာဏာ၏အနက်ကိုသူသိသည်။ သူသည် အစိုးရ၏အလုပ်အကိုင်
များ၌၊ ရောမတရားဥပဒေအာဏာကို သူသိသည်။ ရှင်ပေါလုနှင့်ခရီးသွား
ဖော်အဖြစ်သွားလာစဉ်၊ ပေါလုတည်ထောင်ခဲ့သော အသင်းတော်များအပေါ်
၎င်း၏ဩဇာအာဏာကို သူသိသည်။ ထိုကြောင့် လူတစ်ဦး၏ရာထူးနေရာ
သည် သူ၏အာဏာရှိမှုအပေါ် အခြေပြုသည်ကိုသူသိသည်။ သာဓကအားဖြင့်၊
တပည့်များနှင့်ဆရာတစ်ဦး၏ဆက်ဆံရေး။ အာဏာအလွှာအဆင့်ဆင့်ရှိသော
ခေါင်းဆောင်အမျိုးမျိုးနှင့် အတူရှိခဲ့သောကြောင့်၊ သခင်ယေရှု၏အာဏာ
သည် ပြိုင်ဘက်မရှိကြောင်းကို လုကာသည် သူ၏စာဖတ်ပရိသတ်တို့ကို
ဝေငှခြင်းဖြစ်သည်။ သခင်ယေရှုသည် လက်သမားအိမ်ထောင်စုတွင် မွေးဖွား
ခဲ့သည်။ သူသည် နာဇရက်မြို့၌ နှစ်ပေါင်း (၃၀) အထိ ကြီးပြင်းလာခဲ့
သည်။ လောက ကနာမည်ကြီးသူတို့သည် သူ့ကိုမသိပါ။ သို့သော်၊
သခင်ယေရှုသည် လူတိုင်းကိုရင်ဆိုင်သည်၊ ရောမအုပ်ချုပ်ရေးမှူးများ၊ ဂျူး
တွေးခေါ်ရှင်များ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ သာမန်လူများ၊ ဘာသာရေးနှင့်
အစိုးရခေါင်းဆောင်များအားလုံးကို မိမိ၏အလုပ်နှင့်သွန်သင်ချက်များကို
ပြသည်။ သူ၏မြို့သူမြို့သားများသည် "ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်
လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်းလျက်" ရှိသည်။
(လုကာ ၄း၂၂)။ သူသည် တစ်ချိန်က၊ နာဣနမြို့ရှိ မုဆိုးမသားကို သေရာ
မှပြန်လည်အသက်ရှင်စေသည်။ (လုကာ ၇း၁၁-၁၇)။ တစ်မြို့လုံးက
"ကြီးစွာသောပုရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ" ဟု ဆိုကြသည်။
(လုကာ ၇း၁၆)။ သခင်ယေရှု၏အာဏာတန်ခိုးသည် နာဣနမြို့၌သာမက
ဘဲ၊ "ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌
အနှံ့အပြားကျော်စောလေ၏" (ငယ် ၁၆၊၁၇)။

(လုကာ ၈း၂၂-၂၅။ လုကာ ၄း၃၁-၃၇။ လုကာ ၅း၂၄-၂၆။
လုကာ ၇း၄၉ နှင့် လုကာ ၁၂း၈) ကိုဖတ်ပါ။ သခင်ယေရှုသည် မည်သို့
သောအာဏာမျိုးကိုအသုံးပြုကြောင်း ဤကျမ်းပိုဒ်များက ဖော်ပြသနည်း။

ရှင်လုကာသည် မိမိ၏မိတ်ဆွေသော်ဖိလှအတွက်သာမကဘဲ၊
လာမည့်မျိုးဆက်များအတွက်ပါ အချိန်ယူပြီးမှတ်တမ်းတင်ထားသည်။
သခင်ယေရှု၏အာဏာတန်ခိုးသည် အထူးဖြစ်သည်ကို သူရှင်းပြသည်။
လူ့ဇာတိ၌ဘုရားအဖြစ်၊ သခင်ယေရှုသည် မည်သူမျှမရှိဘူးသောအာဏာကို
ရရှိခဲ့သည်။

များစွာသောသူတို့သည် ဘုရားသခင်၏နာမတော်အားဖြင့် အရာများ
ကိုပြုလုပ်ကြ၏။ ဤသူတို့၏လုပ်ဆောင်ချက်များအတွက် များစွာအာဏာ
ရှိမည်ဖြစ်၏။ "ဤအရာကိုလုပ်ဆောင်ရန် ကျွန်ုပ်ကိုပို့ဆောင်ပါဘုရား" ဟု
ကျွန်ုပ်တို့ပြောဆိုရာ၌၊ သူအမှန်တကယ်ပို့ဆောင်သည်ကို ကျွန်ုပ်တို့ဘယ်ကဲ့သို့
သိမည်နည်း။

တနင်္လာ မေ ၂၅
ခရစ်တော်၏အကျော်ကြားဆုံးတရားဟောပြောချက်
(လုကုကာ ၆း၂၀-၄၉)။

တောင်ပေါ်ဒေသနာတရားသည် (မဿဲ ၅-၇)၊ စာပေလောက၌၊
"ခရစ်ယာန်များအတွက် အရေးကြီးဆုံးသတင်းစကား" ဟု မကြာခဏဆို
သလို ချီးကျူးခြင်းခံရသည်။ (လုကာ ၆း၂၀-၄၉) နှင့် အခြားနေရာများ၌၊
ထိုဒေသနာတရားတစ်စိတ်တစ်ပိုင်းကို လုကာရေးသားဖော်ပြသည်။

တပည့်တော်တို့ကို "တရားဝင်" ရွေးချယ်ပြီးသည်နောက်၊ ဒေသနာကျမ်းကို
ရှင်လုကာဖော်ပြထားသည်။ ဤအကြောင်းကြောင့်၊ သမ္မာကျမ်းတွေးခေါ်ရှင်
အချို့တို့ယုံကြည်သည်မှာ၊ ဤဒေသနာတရားသည် တပည့်တော်တစ်ဆယ့်
နှစ်ပါးတို့အား သခင်ယေရှုပေးသည့် အထူးညွှန်ကြားချက်ဟုဆိုသည်။

(လုကာ ၆း၂၀-၄၉) တွင်၊ မင်္ဂလာလေးဖြာနှင့်အစပြုပြီး အမင်္ဂလာ
လေးပါးတို့နောက်ပါဝင်လာသည်။ ခရစ်ယာန်များအတွက် အရေးပါသော
အခြားသတင်းစကားများလည်း ပါဝင်သည်။

(လုကာ ၆း၂၀-၄၉) ကိုလေ့လာပြီး၊ သင်၏အသက်တာသည်
ဤစည်းမျဉ်းများကို အဘယ်မျှနီးကပ်စွာလိုက်လျှောက်ကြောင်း သင့်ကိုယ်ကို
မေးပါ။

၁။ ခရစ်ယာန်တို့၏ကောင်းချီးမင်္ဂလာ (လုကာ ၆း၂၀-၂၂)။
ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ငိုကြွေးခြင်းနှင့်မုန်းတီးခြင်းတို့
သည် မင်္ဂလာရှိရန် ဘယ်ကဲ့သို့ပို့ဆောင်သနည်း။

၂။ ပြဿနာများအလယ်၌ ခရစ်ယာန်တို့ဝမ်းမြောက်စရာ
ဖြစ်သည့်အကြောင်း (လုကာ ၆း၂၂၊၂၃)။

၃။ အမင်္ဂလာများကိုကာကွယ်သတိပြုရန် (လုကာ ၆း၂၄-
၂၆)။ အမင်္ဂလာလေးပါးလုံးကို လေ့လာပါ။ အဘယ်ကြောင့်
ခရစ်ယာန်တစ်ဦးသည် ၎င်းတို့ကို ဆန့်ကျင်အကာအကွယ်
ပြုရမည်နည်း။

၎။ ခရစ်ယာန်များနာခံရန်အမိန့် (လုကာ ၆း၂၇-၃၁)။
(gသိုနည မကူန သ် lသလန) - ရွှေမေတ္တာကျမ်းစည်းမျဉ်းထက်စောင့်
ရန် ဆက်ပြီးပို၍အငြင်းပွားစေသည့် ခရစ်တော်၏မိန့်မှာ
ချက်ကားမရှိ။ ၎င်းမိန့်မှာချက်များသည် အပြုသဘောနှင့်
အနုတ်သဘောလည်းဆောင်သည်။ ဘာမလုပ်ရဟူ၍ဆိုမည့်
အစား၊ ဘာကိုလုပ်ပါလည်းပါသည်။ "သင်၏ ရန်သူ ကို
မမုန်းနှင့်" ဟုမဆို၊ ထိုသို့ပြောမည့်အစား "သင်၏ရန်သူကို
ချစ်ပါ" ဟုဆိုသည်။ "သွားတစ်ချောင်းကိုတစ်ချောင်း}" "မျက်စိ
တစ်လုံးကိုတစ်လုံး" ဆိုသည့်စည်းမျဉ်းအစား၊ "ပါးတစ်ဖက်
ကိုလှည့်ပေးပါ" ဆိုသည့် ရွှေမေတ္တာစည်းမျဉ်းသည်၊
ကောင်းမြတ်ခြင်းကို အလေ့အကျင့်ပြုရန်လိုအပ်သည်။
(Mahatma Gandhi) မဟတ္တမဂန္ဓီသည်၊ ရွှေမေတ္တာစည်းမျဉ်း
မှ နိုင်ငံရေးအတွေးအခေါ်အသစ်ဖြစ်သည့် အကြမ်းဖက်မှုကို
ဆန့်ကျင်သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ဖွဲ့စည်း
တည်ထောင်လိုက်သည်။ နောက်ပိုင်း၌ အိန္ဒိယနိုင်ငံ၏
လွတ်လပ်ရေးကို အင်္ဂလိပ်နယ်ချဲ့များထံမှ ၎င်းစည်းမျဉ်းဖြင့်
ရယူနိုင်ခဲ့သည်။ ထိုနည်းတူ Mမေအငည Lကအ့နမ Kငညါ Jမ.
သည်လည်း အမေရိကန်နိုင်ငံ၌၊ လူဖြူလူမည်းတို့ကို ခွဲခြား
သည့်ဆိုးသွမ်းမှုကြီးကို၊ ရွှေမေတ္တာစည်းမျဉ်းဖြင့် ဖြိုခွင်းလိုက်
သည်။ မေတ္တာသည်စိုးမိုးသော်၊ ပလ္လင်တော်သည် မင်္ဂလာ
ရှိ၏။

၅။ ခရစ်ယာန်တို့၏နည်းလမ်း (လုကာ ၆း၃၇-၄၂)။ ခွင့်လွှတ်
ခြင်း၊ ပေးကမ်းခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းနှင့် သူတစ်ပါး
ကိုအရှိအတိုင်းလက်ခံရန်၊ ခရစ်တော်၏သွန်သင်ချက်များကို
သတိပြုပါ။

၆။ ခရစ်ယာန်များအသီးသီးခြင်း (လုကာ ၆း၄၃-၄၅)။

၇။ ခရစ်ယာန်များတည်ဆောက်ခြင်း (လုကာ ၆း၄၈၊၄၉)။


အင်္ဂါ မေ ၂၆
အိမ်ထောင်သစ် (လုကာ ၅း၂၇-၃၂)။


ခရစ်တော်မတိုင်မီအချိန်ကာလ၌ နာမည်ကြီးဆရာကြီးများသည်
ချစ်ခြင်းနှင့်ညီညွတ်ခြင်းအကြောင်းများကို သွန်သင်ဟောပြောကြသည်။
သို့သော် သခင်ယေရှုသည် လူသားတို့ကိုခွဲခြားသည့်နံရံများကို ဖြိုခွင်းလိုက်ပြီး
အိမ်ထောင်အသစ်ကို ယူဆောင်လာသည်။ ဤအိမ်ထောင်စုသည် လူတို့ကို
သာမန်ခွဲခြားသည့်အရာများကို အလေးမထားပါ။ 'agape ချစ်ခြင်း၏အလံ
တော်အောက်၌ ခရစ်တော်သည် ဤအိမ်ထောင်စုသစ်ကို ဖန်တီးလိုက်သည်။
ဤအိမ်ထောင်သည် ကမ္ဘာဦးစဖန်ဆင်းခြင်း၌စတင်သည့် မူလသဘောတရား
နှင့် အစီအစဉ်ကိုပြသည်။ ဤအချက်သည် လူသားတိုင်းကို ဘုရားသခင်၏
သဏ္ဌာန်နှင့်အညီဖန်ဆင်းပြီး၊ လူတိုင်းသည် ရှေ့တော်၌တန်းတူညီတူဖြစ်
ကြောင်းကို ထောက်ခံသည်။

(လုကာ ၈း၁၉-၂၁) ကိုဖတ်ပါ။ အိမ်ထောင်မိသားစုအချင်းချင်း
ဆက်ဆံသည့်နှောင်ဖွဲ့ချည်ကြိုးသည်လည်း အရေးကြီးသည်။ မိဘများနှင့်
ကလေးများ၊ ညီအစ်ကိုမောင်နှမများ စသည်တို့ဖြစ်သည်။ သို့သော်
သခင်ယေရှုသည် သွေးသားကိုကျော်လွန်ပြီး ကျွန်ုပ်တို့တစ်ဦးချင်းကို
"]ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး" ၌ ပါဝင်
သည်ကိုမြင်၏။ (ဧဖက် ၃း၁၅)။ ခရစ်ယာန်နောက်လိုက်တပည့်အိမ်ထောင်
သည်လည်း မိဘနှစ်ဦးမှဆင်းသက်လာသော ကလေးများနည်းတူ နီးကပ်စွာ
ရှိသင့်သည်။ သခင်ယေရှုအနေဖြင့် စစ်မှန်သည့်အိမ်ထောင်စုကိုစမ်းသပ်ခြင်း
သည် သွေးသားတော်စပ်မှုမဟုတ်ဘဲ၊ ဘုရားသခင်၏အလိုတော်ကိုလိုက်ခြင်း
သာဖြစ်သည်။

(လုကာ ၅း၂၇-၃၂။ လုကာ ၇း၁-၁၀။ လုကာ ၁၄း၁၅-၂၄ နှင့်
လုကာ ၁၇း၁၁-၁၉)။ ဤကျမ်းပိုဒ်များသည် ခရစ်တော်ဖြိုခွင်းလိုက်သည့်
ခြားနားသောနံရံများအကြောင်း ဘယ်ကဲ့သို့ပြောသနည်း။ (ဤနံရံများသည်
လူသားတို့ကို မကြာခဏခွဲခြားပြီး ဆိုးသည့်ရလဒ်များကိုလည်း မကြာခဏ
ဖြစ်စေသည်။)

သခင်ယေရှု၏လုပ်ငန်းတာဝန်နှင့်အမှုတော်၊ သူ၏ခွင့်လွှတ်သော
နှလုံးသားနှင့်ကျေးဇူးတော်သည် ဘယ်သူကိုမျှမငြင်းဆန်ပါ။ ထိုသို့ဖြစ်မည့်
အစား၊ သူ၏ခေါ်ဆောင်တော်မူခြင်းကို လက်ခံသောသူတိုင်းအဖို့ပါဝင်သည်။
သူ၏ထာဝရချစ်ခြင်းမေတ္တာတော်သည် လူ့အဖွဲ့အစည်းအမျိုးမျိုးတို့နှင့်
ထိတွေ့ရန် ယူဆောင်လာသည်။

အသင်းတော်အနေဖြင့် ဤအရေးကြီးသည့်စည်းမျဉ်းကို ပိုမိုကောင်းမွန်
အောင် ဘယ်ကဲ့သို့လိုက်လျှောက်မည်နည်း။

ဗုဒ္ဓဟူး မေ ၂၇
ချစ်ခြင်းမေတ္တာ၊ ရှင်းလင်းချက်၊ ကောင်းသောရှမာရိသင်ခန်းစာပုံပြင်၊

အပိုင်း (၁) (လုကာ ၁ဝး၂၅-၂၈)။

ခရစ်ဝင်ကျမ်း (၄) ကျမ်းအနက်၊ ရှင်လုကာသာလျှင် ပျောက်ဆုံး
သောသားထွေးပုံပြင်နှင့် ကောင်းသောရှမာရိလူသင်ခန်းစာပုံပြင်တို့ကို
မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရှိရသည်။ (လုကာ ၁ဝး၂၅-၃၇)။
ပထမပုံပြင်၌၊ အပြစ်သားအပေါ် အဘ၏အံ့ဩဖွယ်ကောင်းလှသောအကြောင်း
ကိုပြသည်။ ဒုတိယပုံပြင်သည် အခြားလူသားတို့အပေါ် ကျွန်ုပ်တို့ထားရှိ
ရမည့်ချစ်ခြင်းအကြောင်းပြသည်။ သခင်ယေရှုဖော်ပြသည့်၊ အိမ်နီးချင်း
ကို ကျွန်ုပ်တို့အားလုံးအသိအမှတ်ပြုရမည်ဖြစ်၏။ သူ၏မိန့်မှာချက်ကား၊
လူသားတိုင်းသည် ဘုရားရှင်၏သားသမီးများဖြစ်သဖြင့်၊ ချစ်ခြင်းနှင့်တန်းတူ
ညီတူဆက်ဆံရန် ထိုက်တန်သည်ဟူသောအချက်ဖြစ်သည်။

(လုကာ ၁ဝး၂၅-၂၈) ကိုဖတ်ပြီး၊ ဤကျမ်းများ၌ အရေးကြီးသည့်
မေးခွန်း (၂) ခုကို လေးနက်စွာစဉ်းစားပါ။ ခရစ်ယာန်တို့၏ယုံကြည်ခြင်း
နှင့် အသက်တာနှင့်ဤမေးခွန်းတစ်ခုစီက ဘယ်ကဲ့သို့သက်ဆိုင်သနည်း။

၁။ "အရှင်ဘုရား၊ ထာဝရအသက်ကိုအမွေခံရအံ့သောငှာ၊ အကျွန်ုပ်
ဘယ်အမှုကိုပြုရပါမည်နည်း (ငယ် ၂၅)။

ကျမ်းတတ်ပုဂ္ဂိုလ်သည်၊ ထာဝရအသက်ကိုအမွေခံရန်နည်းလမ်းကို
ရှာဖွေကြောင်းသတိပြုပါ။ အပြစ်မှကယ်တင်ခြင်းရရန်နှင့် ဘုရားသခင်
၏နိုင်ငံတော်ထဲသို့ဝင်စားခြင်းသည် လူတစ်ဦး၌ရှိရမည့် အမြတ်ဆုံး
ရည်ရွယ်ချက်ဖြစ်သည်။ သို့သော် ဤကျမ်းတတ်ဆရာသည် ထာဝရ
အသက်ကို ကောင်းသောအမှုများဖြင့် အဖိုးအခပေးပြီးရယူနိုင်သည့်
သဘောတရားဖြင့် ကြီးပြင်းလာသူဖြစ်သည်။ ကျမ်းတတ်ပုဂ္ဂိုလ်သည်
"အပြစ်တရား၏အခကား သေခြင်းပေတည်း၊ ဘုရားသခင်ပေးသနား
တော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်
ထာဝရအသက်ပေတည်း" ဟူသောအချက်ကို သူမသိ။ (ရောမ
၆း၂၃)။

၂။ ပညတ္တိကိကျမ်း၌အဘယ်သ်သို့လာသနည်း။ သင်သည်အဘယ်သို့ဖတ်
သနည်း (လုကာ ၁ဝး၂၆)။

သခင်ယေရှုသက်တော်ထင်ရှားစဉ်အချိန်ကာလ၌၊ ဤကျမ်းတတ်
ပုဂ္ဂိုလ်ကဲ့သို့အရေးပါသော ဂျူးလူမျိုးတို့၏ဓလေ့များတစ်ခုကား၊
လက်ကောက်ဝတ်တွင် သရေအိတ်ငယ်တစ်ခုကို ဝတ်ဆင်ထားခြင်း
ဖြစ်သည်။ ထိုသရေအိတ်ထဲ၌ အရေးကြီးသောကျမ်းပိုဒ်များထည့်
ထားသည်။ သခင်ယေရှု၏မေးခွန်းကိုဖြေသည့်အချက်ကား ဤ
သရေအိတ်ထဲတွင်ရှိသည်။ သခင်ယေရှုသည် ထိုကျမ်းတတ်ပုဂ္ဂိုလ်
ကို ဝတ်ပြုရာကျမ်း (ဝတ် ၁၉း၁၈) နှင့် တရားဟောရာကျမ်း
(တရား ၆း၅) တို့၌ ဘယ်ကဲ့သို့ရေးသားထားသည်ကို ရည်ညွှန်း
လိုက်သည်။ ကျမ်းတတ်၏လက်ကောက်ဝတ်သရေအိတ်ငယ်ထဲ၌
ပါသောအချက်ပင်ဖြစ်သည်။ သခင်ယေရှုမေးခွန်း၏အဖြေသည်၊
သူ၏လက်ကောက်ဝတ်၌ရှိသည်။ သို့သော် ၎င်း၏နှလုံးသားထဲ၌
မရှိ။ သခင်ယေရှုသည် သူ့အားဖြောင့်မတ်ခြင်းဖြစ်သည့် ထာဝရ
အသက်ကို ညွှန်ပြလိုက်ခြင်းဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားသည်
စည်းမျဉ်းများကို စောင့်ထိန်းသောအရာမဟုတ်၊ ဘုရားရှင်ကို
လုံးလုံးလျားလျားချစ်ရန်နှင့် ဘုရားရှင်၏ဖန်ဆင်းသော "အိမ်နီးချင်း"
ကိုလည်းချစ်ရန်ဖြစ်သည်။ သို့သော် ကျမ်းတတ်ပုဂ္ဂိုလ်သည်
ခေါင်းမာသည်။ စကားကိုလှည့်လိုက်ပြီး၊ "အဘယ်သူသည် ကျွန်ုပ်
နှင့်စပ်ဆိုင်သူဖြစ်သနည်း" ဟု မေးလိုက်လိုက်သည်။

သင်သည် ကျေးဇူးတော်ဖြင့် အမှန်တကယ်ကယ်တင်ခြင်းရသည်ဟု
မည်သည့်ရှင်းလင်းသောသက်သေက ပြသနည်း။ သာဓက၊ သင်သည်
ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြောင်းပြသည့် သင်၏အသက်တာ
ကား အဘယ်သို့နည်း။

ကြာသပတေး မေ ၂၈ချစ်ခြင်းမေတ္တာ၊ ရှင်းလင်းချက်၊ ကောင်းသောရှမာရိသင်ခန်းစာပုံပြင်၊
အပိုင်း (၂) (လုကာ ၁ဝး၃၀-၃၇)။


ထိုနောက် ကျမ်းတတ်ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုဖြောင့်မတ်သောသူ
အဖြစ် ချီးကျူးလိုသောကြောင့်၊ "အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သော
သူဖြစ်ပါသနည်း" ဟုမေး၏။ (လုကာ ၁ဝး၂၉)။

ဂျူးဥပဒေသများ၌ ကျွမ်းကျင်သူဖြစ်သည်နှင့်အညီ၊ ထိုမေးခွန်း၏
အဖြေကို သူသိမည်ဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈ တွင် ကိုယ်နှင့်စပ်ဆိုင်
သောသူ" ကို "သင့်အမျိုးသားချင်း" ဟု ဖော်ပြထားသည်ကို တွေ့ရ၏။
ထိုကြောင့် ကျမ်းတတ်ပုဂ္ဂိုလ်၏မေးခွန်းကို တိုက်ရိုက်ဖြေမည့်အစား (သို့မဟုတ်)
သူနှင့်အငြင်းပွားမည့်အစား၊ သခင်ယေရှုသည် နားထောင်နေသောသူများနှင့်
ကျမ်းတတ်ပုဂ္ဂိုလ်ကို မြင့်ရာအဆင့်သို့ မြှောက်တင်ပေးလိုက်သည်။

(လုကာ ၁ဝး၃၀-၃၇) ကိုဖတ်ပါ။ ဤပုံ၏အရေးကြီးသောအချက်
များကား အဘယ်နည်း။ သူတစ်ပါးကို ကျွန်ုပ်တို့ဘယ်ကဲ့သို့ဆက်ဆံရန်
ပြသနည်း။

"လူတစ်ယောက်" ဓားပြများနှင့်တွေ့သည်ဟု သခင်ယေရှုပြော
သည်ကို သတိပြုပါ။ အဘယ်ကြောင့် လူမျိုးနှင့်ရာထူးကိုမဖော်ပြသနည်း။
ပုံပြင်ကိုစိတ်တွင်ထားပြီး အဘယ်ကြောင့်အရေးပါသနည်း။ "ယဇ်ပုရောဟိတ်
လူတစ်ယောက်" နှင့် "]လေဝိလူတစ်ယောက်" သည် ဒဏ်ရာရရှိထားသော
"လူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏" ၎င်းတို့သည် လူနာကိုမကူညီ
ရခြင်းအကြောင်းရှိမည်ဖြစ်၏။ သို့သော် မေးရန်ရှိသည်ကား၊ စစ်မှန်သည့်
ဘာသာရေးဆိုသည်မှာ အဘယ်နည်း။ ဘယ်ကဲ့သို့ပြသင့်သနည်း။ (တရား
၁ဝး၁၂၊၁၃။ မိက္ခာ ၆း၈။ ယာကုပ် ၁း၂၇)။

ရှမာရိလူမျိုးနှင့်ဂျူးလူမျိုးတို့စပ်ကြားဆက်ဆံရေးသည် မုန်းတီးခြင်း
နှင့်ပြည့်လျက်ရှိသည်။ ထိုနောက် သခင်ယေရှုခေတ်ရောက်သည့်အခါ
ထိုဆက်ဆံရေးသည် ပို၍ဆိုးလာ၏။ (လုကာ ၉း၅၁-၅၄။ ယော ၄း၉)။
ထိုကြောင့် ပုံပြင်၌ ရှမာရိလူကိုအဓိကဇာတ်ကောင်ပြုလုပ်ခြင်းဖြင့် သခင်ယေရှု
သည် သူဆိုလိုသည့်အချက်၊ အထူးသဖြင့် ဂျူးလူမျိုးတို့ကိုထင်သည်ထက်
ပို၍လေးနက်စေခဲ့သည်။

သခင်ယေရှုသည် ရှမာရိလူအကူအညီပေးသည်တို့ကို သေချာစွာ
ဖော်ပြထားသည်။ လူနာကို ရှာမာရိလူမြင်သော် ကရုဏာစိတ်ရှိ၏။ သူသည်
လူနာအနီးသို့ချဉ်းကပ်၍ သူ၏အနာကို ဆီနှင့်စပျစ်ရည်ထည့်လျက်၊ အဝတ်
နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ ဇရပ်တစ်ခုသို့ဆောင်သွား၍
ပြုစုလေ၏။......ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက်၊ ဤသူကို
ကြည့်ရှုပြုစုပါ။ ကုန်သမျှကိုငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို၏"
ရှမာရိလူ၏အလုပ်အစိတ်အပိုင်းအားလုံးသည်၊ မှန်ကန်သည့်ချစ်ခြင်းသည်
အဘယ်မျှကြီးသည်ကိုပြ၏။ ဂျူးလူတစ်ယောက်အတွက် ဤအရာအားလုံး
ကို သူပြုလုပ်ခြင်းသည်၊ စစ်မှန်သည့်အချစ်သည် အကန့်အသတ်မရှိကြောင်း
ကို ပြလိုက်ခြင်းဖြစ်၏။

ယဇ်ပုရောဟိတ်နှင့်လေဝိလူတို့သည် ဤမေးခွန်းကို ၎င်းတို့ကိုယ်ကို
မေးကြသည်။ ဤလူကိုကျွန်ုပ်ရပ်ပြီးကူညီခဲ့သော်၊ ဘာဖြစ်မည်နည်း။ ရှမာရိ
လူကား ဤသို့မေး၏။ ဒီလူကိုငါအကူအညီမပေးလျှင် သူဘာဖြစ်သွားမှာလဲ။
ဤမေးခွန်းနှစ်ခု၏ခြားနားခြင်းကား အဘယ်သို့ဖြစ်သနည်း။

သောကြာ မေ ၂၉
ထပ်ဆင့်လေ့လာရန်။


"သူ၏အသက်တာနှင့်သွန်သင်ချက်များ၌၊ ခရစ်တော်သည်
ဘုရားသခင်မှအစပြုခဲ့သည့်အမှုတော်ကို ကိုယ်ကျိုးစွန့်ဆောင်ရွက်သည့် စုံလင်
သောသာဓကကို ပေးခဲ့သည်။ ထာဝရဘုရားသခင်သည် မိမိကိုယ်အတွက်
အသက်ရှင်သည်မဟုတ်။ လောကကိုဖန်ဆင်းပြီး အရာခပ်သိမ်းတို့ကို စီစဉ်
ဆောင်ရွက်ထားခြင်းဖြင့်၊ သူတစ်ပါးအတွက် အမြဲအလုပ်လုပ်နေသည်။
"အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဘသည်
ကောင်းသောသူ၊ မကောင်းသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်
မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေ
တော်မူ၏" (မဿဲ ၅း၄၅)။ ဤစံပြအမှုတော်ကို ဘုရားသခင်သည် မိမိ၏
သားတော်ကိုပေးခဲ့သည်။ လူတို့အားလုံး၏ပုံပမာအဖြစ် သခင်ယေရှုကို
ပေးခဲ့သည်။ သူ၏ပုံပမာဖြင့်၊ သူတစ်ပါးကိုကူညီခြင်း၏အနက်ကို သွန်သင်ရန်
ဖြစ်သည်။ သခင်ယေရှု၏အသက်တာတစ်ခုလုံးသည် သူတစ်ပါးကိုအစေပြု
ခြင်းဥပဒေအောက်၌ရှိသည်။ သူသည် လူအားလုံးကိုအစေပြုသည်၊ အားလုံးကို
ကူညီဆောင်ရွက်ပေးသည်။ ထိုကြောင့် သူသည် ဘုရားသခင်၏ဥပဒေနှင့်
အညီနေထိုင်ပြီး၊ ထိုဥပဒေကို ဘယ်ကဲ့သို့နားထောင်ရမည်ကို သူ၏ပုံသက်သေ
ဖြင့်ပြသည်။" E. G. White, DA , p. 649 မှ ကောက်နုတ်သည်။
-၀-


Sunday, May 17, 2015

Lesson 8.သခင်ယေရှု၏အမှုတော်လုပ်ငန်း-Pr. WinSleigh-2Q-2015


Lesson 8. သခင်ယေရှု၏အမှုတော်လုပ်ငန်း -Reading SSL-2Q-2015


သင်ခန်းစာ ၈။ သခင်ယေရှု၏အမှုတော်လုပ်ငန်း (Text)

Reading Myanmar Sabbath School Lesson on Youtube (ဆရာမ မူနန်း)
https://www.youtube.com/watch?v=bTsNJ5JT8LU&feature=youtu.be


Discussion Myanmar Sabbath School Lesson on Youtube (Pr. Winsleigh)
https://www.youtube.com/watch?v=I3S_WuAELbo

အလွတ်ကျမ်းချက်
"လူသားသည်ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ
ကြွလာသတည်း။"  (လုကာ ၁၉း၁၀)။


ကျွန်ုပ်တို့သည် သခင်ယေရှု၏လုပ်ငန်းတာဝန်ပြဌာန်းချက်ကို
ရေးသားရသော်၊ သူ၏စကားထက် ပို၍ကောင်းသည်ကို ပြုလုပ်နိုင်မည်
မဟုတ်။ "ပျောက်သောသူကိုရှာ၍ကယ်တင်ရန်" (လုကာ ၁၉း၁၀)။
ဘယ်အရာသည် ပျောက်ဆုံးနေပါသနည်း။ ဘုရားသခင်ထံတော်မှ
ခွဲခွာသွားသောလူသားများဖြစ်သည်။ ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်း၊
မျှော်လင့်ခြင်းကင်းမဲ့ခြင်းတို့နှင့် ပြည့်လျက်ရှိပြီး သေဆုံးရန်သာရှိသည်။
ဘာမျှမပြုလုပ်ခဲ့သော်၊ အားလုံးဆုံးရှုံးဖို့သာရှိတော့သည်။
သို့သော် သခင်ယေရှု၏ကျေးဇူးတော်ကြောင့် မျှော်လင့်ခြင်းရှိရန်
ကြီးကျယ်သောအကြောင်းများရှိ၏။

"ကျဆုံးခြင်း၌ လူသည် ဘုရားထံမှ မိမိကိုယ်ကိုခွဲခြားလိုက်သည်။
မြေကြီးသည် ကောင်းကင်နှင့်အဆက်ဖြတ်တောက်သွားသည်။ ကျယ်ပြန့်
သည့်ကောင်းကင်နှင့်မြေကြီးစပ်ကြား ဘုရားသခင်နှင့်ဆက်သွယ်သည့်အရာ
မရှိတော့ပြီ။ သို့သော် ခရစ်တော်၌ ကောင်းကင်နှင့်မြေကြီးသည် ပြန်လည်
ဆက်သွယ်၏။ သူ၏လုပ်ဆောင်မှုဖြင့် အပြစ်အားဖြင့်ခွဲခြားထားသည့်
အရာကို ခရစ်တော်သည် ဆက်သွယ်သည့်တံတားထိုးပေးလိုက်သည်။.......
ကျဆုံးလေပြီးသော အားနည်းခြင်းနှင့်အကူညီမဲ့သည့်လူကို ဘုရားရှင်၏
တန်ခိုးဖြင့် ခရစ်တော်ပြန်လည်ဆက်သွယ်လိုက်သည်။" E. G. White, Steps
to Christ , p. 20 မှကောက်နုတ်သည်။
ကမ္ဘာဦးကျမ်းမှဗျာဒိတ်ကျမ်းအထိ၊ သမ္မာကျမ်းသည် ပျောက်ဆုံး
လေပြီးသောလူသားတို့ကို ဘုရားရှင်လိုက်လံရှာဖွေသော ပုံပြင်ဖြစ်သည်။
ဤအမှန်တရားကိုပြသရန်၊ အရေးကြီးသည့်ပုံပြင် (၃) ခုကို ရှင်လုကာ
အသုံးပြုသည်။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးပြား၊ ပျောက်သော
သားငယ်။ (လုကာ ၁၅း၎-၇၊ ၈-၁၀၊ ၁၁-၃၂)။

တနင်္ဂနွေ မေ ၁၇
ပျောက်သောသိုးနှင့်ပျောက်သောဒင်္ဂ
ါးပြား (လုကာ ၁၅း၎-၇)။

( လုကာ ၁၅း၎-၇) ကိုဖတ်ပါ။ ကျွန်ုပ်တို့အတွက် ဘုရားရှင်၏
အချစ်အကြောင်း ဘယ်ကဲ့သို့ပြောသနည်း။ ပျောက်သောသိုးကို လိုက်ရှာ
သောသူသည် သိုးထိန်းဖြစ်သည်မှာ နားလည်ရန်အဘယ်ကြောင့်အရေးကြီး
သနည်း။

လောကသည် ကျွန်ုပ်တို့ကိုဂရုမစိုက်၊ စိတ်ဝင်စားမှုမရှိဟု မြင်နိုင်
သည်။ သို့သော် ဤပုံပြင်သည် အံ့ဖွယ်ကောင်းသည့် အမှန်တရားကိုပြ
သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်သောကြောင့် သူကိုယ်တိုင်
ကျွန်ုပ်တို့ကို သူ့ထံသို့ပြန်လည်ယူဆောင်ရန် လာရောက်ရှာဖွေသည်။ လူတို့
သည် ဘုရားကိုရှာကြသည်ဟု ကျွန်ုပ်တို့မကြာခဏပြောဆိုကြသည်။ သို့သော်၊
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုအမှန်တကယ်လိုက်လံရှာဖွေနေခြင်းဖြစ်သည်။

"မိမိစိတ်နှလုံးကို ခရစ်တော်၌အပ်နှံသောသူသည် သူ၏ရှေ့တော်
၌ လောကတစ်ခုလုံးထက် တန်ဖိုးကြီးသည်။ လူတစ်ဦးတည်းအတွက်
နိုင်ငံတော်ထဲသို့ ကယ်တင်ခြင်းရရှိရန် သခင်ယေရှုသည် ကရာနီ၏ဝေဒနာ
ကို ခံယူမည်ဖြစ်သည်။ သူအသေခံသွားသောသူတစ်ဦးတစ်ယောက်ကိုပင်၊
စွန့်ခွာ၍သွားမည်မဟုတ်။ သူ၏နောက်လိုက်များသည် သူ့နောက်သို့လိုက်
ရန် ရွေးချယ်ခဲ့သော်၊ သူတို့ကို တင်းကျပ်စွာဖက်ထားမည်ဖြစ်သည်။"
E. G. White, DA , p. 483.

(လုကာ ၁၅း၈၊၉) ကိုဖတ်ပါ။ ဤသင်ခန်းစာပုံပြင်သည် ရှင်လုကာ
ခရစ်ဝင်ကျမ်းထဲ၌သာ တွေ့ရှိရသည်။ ပျောက်သောဒင်္ဂါးပြားသည် အနက်
တစ်ခု (သို့မဟုတ်) နှစ်ခုရှိနိုင်သည်။ (၁) သခင်ယေရှုခေတ်အချိန်ကာလ
၌၊ ယုဒပြည်သည် သူဆင်းရဲများနှင့်ပြည့်လျက်ရှိသည်။ အိမ်အများစုတို့၌၊
ဒင်္ဂါးတစ်ပြားသည် တစ်ရက်စာအတွက်လုပ်အားခထက် ပိုမည်ဖြစ်ပြီး၊
အိမ်ထောင်မိသားစုတစ်ခု၏တစ်ရက်စာအတွက် လုံလောက်ရုံမျှရှိမည်ဖြစ်
သည်။ (၂) မိန်းမတစ်ဦးသည် အိမ်ထောင်ကျပြီးဖြစ်သည့်လက္ခဏာအဖြစ်၊
ဒင်္ဂါးပြားတစ်ဆယ်ပြားကို ဦးခေါင်းဝတ်တန်ဆာအဖြစ်ပြုလုပ်ကာ ဝတ်ဆင်
ကြသည်။ ဆင်းရဲသောအိမ်ထောင်များ၌ ဒင်္ဂါးပြားတစ်ဆယ်ပြားကိုစုဆောင်း
ရန် အချိန်ကာလအတန်ကြာအောင် စုဆောင်းထားရသည်။

ဘယ်သို့ပင်ဖြစ်စေ၊ ဒင်္ဂါးတစ်ပြားပျောက်ဆုံးခြင်းသည် လေးနက်
သောအရာဖြစ်သည်။ ထိုကြောင့် ထိုမိန်းမသည် ဝမ်းနည်းခြင်းများစွာဖြင့်
မီးအိမ်ကိုမီးညှိပြီး (မတော်အိမ်သည်ပြတင်းပေါက်မရှိ၍သော်လည်းကောင်း၊
ပြတင်းပေါက်သေးငယ်မည်ဖြစ်၏) တံမြက်စည်းကိုကိုင်ကာ၊ တစ်အိမ်လုံး
ကို တွေ့သည်အထိ ပြောင်းပြန်လှန်လိုက်လံရှာဖွေ၏။ တွေ့သောအခါ၊
အလွန်ဝမ်းမြောက်သည်ဖြစ်ရာ၊ မိတ်ဆွေများထံသို့ ပြန့်သွားလေတော့သည်။

"ဒင်္ဂါးပြားသည် ဖုန်မှုန့်များထဲ၌ ဖုံးအုပ်လျက်ရှိသော်လည်း၊ ရွှေ
(သို့မဟုတ်) ငွေသားပင်ဖြစ်နေဆဲဖြစ်၏။ တန်ဖိုးရှိသည့်အတွက် သူ့သခင်
သည် လိုက်လံရှာဖွေ၏။ ထိုနည်းတူ ဝိညာဉ်တစ်လုံးသည် အပြစ်နှင့်စွန်းထင်း
နေမည်ဖြစ်သော်လည်း၊ ဘုရားသခင်သည် တန်ဖိုးထားဆဲဖြစ်သည်။ ဒင်္ဂါး
ပြားမျက်နှာပြင်ပေါ်၌ အုပ်ချုပ်သူ၏မျက်နှာနှင့်စာသားများ တွေ့ရမည်ဖြစ်
သည်။ ထိုနည်းတူ၊ လူသည် ဘုရားသခင်၏ပုံသဏ္ဌာန်ဖြင့်ပြုလုပ်ပြီး
ဘုရားရှင်၏နှုတ်တန်ခိုးဖြင့် အသက်ရှင်သောသတ္တဝါဖြစ်လာ၏။ ဟုတ်မှန်
ပါ၏။ ကျွန်ုပ်တို့သည် အပြစ်လွှမ်းမိုးမှုဖြင့် အလင်းမှိန်လျက်ရှိသောကမ္ဘာ
တွင် နေထိုင်လျက်ရှိ၏။ သို့သော် လူတိုင်း၏စိတ်နှလုံးထဲတွင် ဖန်ဆင်းရှင်
နှင့်တူသည့် ပုံတူအချို့ကို သယ်ဆောင်လျက်ရှိ၏။" E. G. White, Christ's
Object Lessons, p. 194 မှကောက်နုတ်သည်။

ကျွန်ုပ်တို့သည် အဓိပ္ပါယ်ကင်းမဲ့သည့် စကြ၀ဠာထဲ၌ မတော်တဆဖြစ်မှု
သာဖြစ်သည်ဟု မျက်မှောက်ခေတ်သိပ္ပံနှင့်ဒဿနိကဗေဒပညာရှင်
များကဆိုသည်။ ထိုနောက် ဤစကြ၀ဠာသည် ကျွန်ုပ်တို့၏အနာဂတ်ကို
ဂရုစိုက်သည်မဟုတ်။ မည်သည့်လုံးဝခြားနားသည့်ပုံရိပ်ကို ဤသင်ခန်းစာ
ပုံပြင် (၂) ခုက ဖော်ပြထားသနည်း။


တနင်္လာ မေ ၁၈
ပျောက်သောသားငယ်သင်ခန်းစာပုံပြင် (လုကုကာ ၁၅း၁၃-၁၆)။


ရှင်လုကာတစ်ဦးတည်းသာပြောသော ဤပုံပြင်သည် ချစ်ခြင်း၏
ခွင့်လွှတ်ခြင်းသဘောတရားအကြောင်း အလှပဆုံးပုံတို့အဖြစ် သမိုင်း၌
ချီးကျူးခြင်းခံရသည်။ အသုံးအဖြုန်းများသည့်သားငယ်သင်ခန်းစာပုံပြင်သည်၊
ပျောက်ဆုံးသောသားနှစ်ယောက်နှင့် ချစ်ဖွယ်ကောင်းသည့်ဖခင်တစ်ဦးတို့၏
သင်ခန်းစာပုံပြင်ဟုလည်း၊ မတော်ခေါ်နိုင်မည်ဖြစ်၏။ အခြားသားတစ်ဦး
သည် အိမ်၌နေသော်လည်း ဖခင်၏မေတ္တာကို အပြည့်အဝနားမလည်။
ညီအစ်ကိုဖြစ်ခြင်း၏အနက်ကိုလည်း သူနားမလည်။ သင်ခန်းစာပုံပြင်သည်
အပိုင်း (၇) ပိုင်းဖြင့် လေ့လာနိုင်မည်ဖြစ်၏။ သားငယ်အကြောင်း (၄)
ပိုင်း၊ ဖခင်နှင့် (၂) ပိုင်း၊ အစ်ကိုနှင့် (၁) ပိုင်းဖြစ်သည်။

၁။ အကျွန်ုပ်ကိုပေးပါ (လုကာ ၁၅း၁၂)။
သားငယ်သည် မိမိ၏ဖခင်အား ၎င်းနှင့်သက်ဆိုင်သည့်အမွေဥစ္စာ
ကိုတောင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ချက်ချင်းပေါ်ပေါက်လာသောအရာ
မဟုတ်။ အပြစ်သည်လည်း ကြာမြင့်စွာမှားသောအသက်တာ၌ လျှောက်လှမ်း
ခြင်း၏ရလဒ်ဖြစ်သည်။ သားထွေးသည် ရပ်ဝေး၌ ကောင်းသောအရာများ
အကြောင်းကို မိတ်ဆွေများထံမှကြားမည်ဖြစ်သည်။ အိမ်၌နေရသည်မှာ
စည်းကမ်းကြီးလွန်းသည်။ ချစ်ခြင်းမေတ္တာသည်ရှိ၏၊ သို့သော် ၎င်း၏
အတိုင်းအတာအကန့်အသတ်ရှိ၏။ ရပ်ဝေးမှသူ့အားကမ်းလှမ်းသောအသက်တာ
သည် စည်းမျဉ်းစည်းကမ်းမရှိ။ ဖခင်ကြီးသည် စည်းကမ်းကြီးလွန်းသည်၊
သူ၏ချစ်ခြင်းသည်လည်း အလွန်များ ၏။ သားသည် လွတ်လပ်မှုကို
အလိုရှိသည်၊ ထိုနောက် လွတ်လပ်မှုကိုရှာခြင်းအရာသည် ဖခင်ကြီးကို
ပုန်ကန်သည့်မျိုးစေ့ဖြစ်၏။

၂။ အဘယ်ကြောင့်အကျွန်ုပ်ဖြစ်ရသနည်း (လုကာ ၁၅း၁၃-၁၆)။

သားထွေးသည် သူ၏အမွေဥစ္စာအားလုံးကိုယူပြီး ဝေးစွာသောပြည်
သို့သွား၏။ ဝေးစွာသောပြည်သည် ဖခင်ကြီး၏နေအိမ်နှင့်ဝေးသောအရပ်
ဖြစ်သည်။ ကြင်နာခြင်းဖြင့်ကြည့်သောမျက်စိနှင့် အကာအကွယ်ပေးသည့်
ခြံစည်းရိုးစည်းကမ်းသည် ရပ်ဝေး၌မရှိ။ ဝေးသောအရပ်သည် ပရမ်းပတာ၊
အထိန်းအကွပ်မရှိနေထိုင်သည့်အရပ်ဖြစ်သည်။ (လုကာ ၁၅း၁၃)။ "riotous"
(ပရမ်းပတာ) ဆိုသည့် ဂရိဘာသာ (asသအသျ) စကားသည် ဓမ္မသစ်ကျမ်း၌
နာမ်အဖြစ် (၃) ကြိမ်တွေ့ရှိရသည်။ (၁) ယစ်မူးခြင်း (ဧဖက် ၅း၁၈)၊
(၂) နားမထောင်ခြင်း (ဘုရားကိုဆန့်ကျင်ပုန်ကန်ခြင်း) (တိတု ၁း၆)၊
(၃) ညစ်ညူးစွာနေထိုင်ခြင်း။ ဘုရားမဲ့၊ တရားမဲ့ အပျော်ကျူးခြင်းအသက်တာ
သည် သူ၏ကျန်းမာခြင်းနှင့် ပစ္စည်းဥစ္စာကိုထိခိုက်လာသည်။ များမကြာမီ၊
မိတ်ဆွေမဲ့၊ ငွေမဲ့၊ စားစရာမဲ့ဘ၀သို့ ရောက်ရှိသွား၏။ ဂုဏ်အသရေရှိသော
သူ၏အသက်တာသည် မြောင်းထဲသို့ရောက်သွားလေတော့သည်။ ဆင်းရဲ
ပြီးငတ်ပြတ်သည့်ဘ၀၌၊ ဂျူးလူမျိုးတစ်ဦးအတွက် အလွန်ယုတ်သည့်
ဝက်ကျောင်းဘ၀သို့ ရောက်ရှိလေတော့သည်။

၃။ ကျွန်ုပ်ကိုအလိုရှိသလိုပြုတော်မူပါ (လုကာ ၁၅း၁၇-၁၉)။

မည်သို့ပင်ဖြစ်စေ၊ လူငယ်သည် သားဖြစ်ဆဲပင်ရှိ၏။ ပြန်လှည့်
ရန်ရွေးချယ်ဖို့ သူ့မှာခွန်အားရှိသည်။ ထိုကြောင့် သားငယ်သည် "သတိရ
လျှင်" အိမ်ဟူသောနေရာနှင့် အချစ်ကြိုးဖြင့်ချည်နှောင်ထားသည့်ဖခင်ကို
ပြန်လည်သတိရသည်။ ဖခင်ကိုတောင်းပန်ရန် ပြောဆိုမည့်စကားကိုပြော
မည်ဟူသော အကြံအစည်နှင့်အိမ်သို့ပြန်လာလေ၏။ "သူငှားအရာ၌ အကျွန်ုပ်
ကိုထားတော်မူပါ" ဟုဆိုရာ၌ "အကျွန်ုပ်ကိုအလိုရှိသလိုပြုတော်မူပါ။ သို့သော်
ဖခင်၏ကြင်နာသောမျက်စိအောက်၌သော်လည်းကောင်း၊ မေတ္တာ၏ယုယမှု
အောက်မှသော်လည်းကောင်း အကျွန်ုပ်ကိုထားတော်မူပါ။ အဖ၏နှလုံးသား
အိမ်ထက် ကောင်းသည့်နေရာအဘယ်မှာရှိအံ့နည်း" ဟုဆိုလိုခြင်းဖြစ်သည်။

လောကသည် ဆွဲဆောင်မှုနှင့်ဖြားယောင်းမှုများစွာရှိသည်ဟု ထင်ရ
သည်။ "ဒါကတော့သိပ်မဆိုးပါဘူး" သို့သော်၊ သင့်စိတ်ထဲ၌ဆိုးသည်ကို
သိသည့် မည်သည့်လောက၏အရာတို့သည် သင့်အားဖြားယောင်းဆွဲဆောင်မှု
ပြုသနည်း။

အင်္ဂါ မေ ၁၉
ပျောက်သောသားငယ်သင်ခန်းစာပုံပြင် အပိုင်း(၂) (လုကုကာ ၁၅း၁၇-၂၀)။


၎။ အိမ်သို့ပြန်လာခြင်း (လုကာ ၁၅း၁၇-၂၀)။

သားအိမ်ပြန်လာခြင်းသည် နောင်တခရီးဖြစ်သည်။ သားငယ်သည်
မိမိကိုယ်ကို "သတိရလျှင်" မှခရီးစတင်သည်။ သူယခုလက်ရှိနေသည့်
နေရာကို ဖခင်၏အိမ်နှင့်နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ပို၍နားလည်လာ
သည။် ဤအချက်သည် "ငါထ၍၊ ငါ့အဘထံသို့သွားမည်" ကိုတွန်းအား
ပေးလိုက်သည်။ စစ်မှန်သောနောင်တတရားကိုပြသည့်စကား အပိုင်း (၄)
ပိုင်းနှင့် ပျောက်သောသားသည် အိမ်သို့ပြန်လာသည်။

၁။ ဖခင်ကြီးကို "ငါ့အဘ" ဟုဝန်ခံခြင်း။ ယခုပျောက်သော
သားသည် သခင်၏ချစ်ခြင်းနှင့်ခွင့်လွှတ်ခြင်းအပေါ် မှီခိုကိုးစားရန်လိုအပ်
သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကောင်းကင်ဘုံ၌ရှိသော ဖခင်၏ချစ်ခြင်းနှင့်
ခွင့်လွှတ်ခြင်းအပေါ် မှီခိုကိုးစားရန် သင်ကြားရယူရမည်ဖြစ်၏။

၂။ ဝန်ချတောင်းပန်ခြင်း။ ပျောက်သောသားသည် အမှားကို
ပြုလုပ်သည်သာမကဘဲ၊ ဖခင်ကြီးနှင့်ဘုရားကိုပါ ပစ်မှားခဲ့ခြင်းဖြစ်သည်။
(ငယ် ၁၈)။

၃။ (အမှားအတွက်) ယူကြုံးမရဖြစ်ခြင်း။ "ကိုယ်တော်၏သား
ဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ
" (ငယ် ၁၉)။ ဘုရားသခင်၏အဖိုးထိုက်မှုနှင့်
နှိုင်းယှဉ်ကြည့်သော် သူ၏မထိုက်တန်မှုကို ပို၍နားလည်လာသည်။ ဤ
အချက်သည် စစ်မှန်သည့်နောင်တတရားကို စတင်ရရှိရန် အရေးကြီးသည့်
အချက်ဖြစ်သည်။

၎။ တောင်းပန်ခြင်း။ "သူငှားအရာ၌အကျွန်ုပ်ကိုထားတော်မူပါ"
(ငယ် ၁၉)။ ဘုရားသခင်အလိုတော်ရှိသည်အတိုင်း အပ်နှံခြင်းသည်
နောင်တရခြင်း၏လက္ခဏာဖြစ်သည်။ သားသည်အိမ်သို့ပြန်လာပြီ။

၅။ စောင့်မျှော်သောသခင် (လုကာ ၁၅း၂၀၊၂၁)။ သားသည်
အိမ်မှထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စောင့်မျှော်ခြင်း၊ ဝမ်းနည်းခြင်းနှင့်
မျှော်လင့်ခြင်းတို့ စတင်လေတော့သည်။ အဝေး၌ ဖခင်သည်သားကိုမြင်
လျှင်၊ စောင့်ခြင်းအလုပ်သည်ပြီးစီးလေ၏။ ထိုနောက် ဖခင်ကြီးသည် "သနား
သောစိတ်ရှိသည်နှင့်ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက်နမ်းရှုပ်
လေ၏" (ငယ် ၂၀)။ ဘုရားသခင်၏စရိုက်ကို မည်သည့်ပုံရိပ်မျှစောင့်မျှော်
သောဖခင်ကဲ့သို့ ပြနိုင်ခြင်းမရှိပါ။

၆။ ပျော်ရွှင်သောအိမ်ထောင်မိသားစု (လုကာ ၁၅း၂၂-၂၅)။
ဖခင်ကြီးသည် သားကိုပွေ့ဖက်လျက်၊ မြတ်သောအဝတ်ကိုခြုံစေပြီးလျှင်
လက်စွပ်တန်ဆာကိုဆင်ကာ၊ ခြေနင်းကိုစီးစေ၍ ပွဲခံရန်အမိန့်ပေးလိုက်၏။
အိမ်ထောင်မိသားစုတို့သည် အောင်ပွဲကိုခံ၏။ အိမ်မှထွက်ခွာခြင်းသည်
သေခြင်း၊ ပြန်လာခြင်းသည်ထမြောက်ခြင်းဖြစ်၏။ သားထွေးသည် အမှန်ပင်
သုံးဖြုန်းပျောက်ဆုံးသောသူဖြစ်၏။ သို့သော် သားဖြစ်ဆဲပင်ဖြစ်၏။ ထိုကြောင့်
ပွဲခံထိုက်၏။ ထိုကြောင့် နောင်တရသောသူတိုင်းအတွက် ကောင်းကင်၌
ဝမ်းမြောက်ခြင်းရှိ၏။ (ငယ် ၇)။

၇။ သားကြီး (လုကာ ၁၅း၂၅-၃၂)။ သားထွေးသည် ရပ်ဝေး
သို့သွား၊ အိမ်မှထွက်ခွာသွားသည့်အခါ ပျောက်ဆုံးသွားပြီဖြစ်၏။ သားကြီး
၏ခန္ဓာကိုယ်သည် အိမ်၌ရှိပြီး စိတ်သည်ရပ်ဝေးမှာရောက်နေသည့်အတွက်
သူသည်ပျောက်ဆုံးလျက်ရှိ၏။ ထိုသို့သောစိတ်သည် အမျက်ထွက်ခြင်း၊
ညည်းညူခြင်း၊ မိမိကိုယ်ကိုအထင်ကြီးခြင်း (ငယ် ၂၉)၊ ညီငယ်ကိုအသိအမှတ်
ပြုရန်ငြင်းဆိုခြင်းဖြစ်၏။ ဥစ္စာကိုဖြုန်းသောသား၊ အကျင့်စာရိတ္တမကောင်း
သော 'သင်၏သား' ဟုသာမြင်၏။ သားကြီး၏ဖခင်အပေါ်သဘောထား
ခြင်းသည် သခင်ယေရှုကိုဝေဖန်ပြောဆိုသော ဖာရိရှဲများနှင့်အတူတူပင်ဖြစ်
သည်။ "ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူစားပါသည်"
(လုကာ ၁၅း၂)။ ဖခင်ကြီးသည် သားကြီးကိုနောက်ဆုံးပြောသောစကား
သည် ဝမ်းနည်းသောအပြစ်သားများအပေါ် ကောင်းကင်၏သဘောထားနှင့်
တူသည်။ "သင်၏ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်က
ပျောက်၏၊ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း
ရှိ၏" (ငယ် ၃၂)။

သင့်ကိုယ်ကိုသားကြီးနေရာတွင်ထားပါ။ သူ၏အတွေးသည်
မှားမည်ဖြစ်၏။ သို့သော် အဘယ်ကြောင့် သူသည် ထိုသို့သောခံစားချက်
ဖြင့် သိရှိသဘောပေါက်သနည်း။ လောကအတွက်အဓိပ္ပါယ်မရှိဟု ထင်ရ
သောအရာတို့ကို ခရစ်ဝင်ကျမ်းက ဘယ်ကဲ့သို့သောနည်းဖြင့် ကျွန်ုပ်တို့အား
ပြုလုပ်ရန် ဤပုံပြင်ကပြသနည်း။

ဗုဒ္ဓဟူး မေ ၂၀
ဆုံးရှုံးသည့်အခွင့်ရေးများ (လုကာ ၁၆း၁၉-၃၁)။


အပြစ်၌ပျောက်ဆုံးနေသောသူတို့ကိုရှာပြီး ကယ်တင်ရန် သခင်ယေရှု
လာရောက်ခြင်းဖြစ်သည်။ သူကမ်းလှမ်းသည့်ကယ်တင်ခြင်းကို သူသည်
ဘယ်သူ့ကိုမျှ အတင်းအဓမ္မမတိုက်တွန်းပါ။ ကယ်တင်ခြင်းသည် အခမဲ့
ဖြစ်ပြီး လူတိုင်းအတွက်ရနိုင်သောအရာဖြစ်သည်။ သို့သော် ဤအခမဲ့ကမ်းလှမ်း
ခြင်းကို ယုံကြည်ခြင်းဖြင့်လက်ခံရမည်ဖြစ်၏။ ထိုသို့လက်ခံခြင်းသည်
ဘုရားသခင်၏အလိုတော်နှင့်ညီသောအသက်တာသို့ ပို့ဆောင်မည်ဖြစ်၏။
ထိုသို့သောအခွင့်အရေးကို ကျွန်ုပ်တို့ဤလောက၌ရှိစဉ်အခါ၌သာ ရရှိခွင့်
ရှိသည်။ အခြားမည်သည့်အခွင့်အရေးမျှမရှိ။

(လုကာ ၁၆း၁၉-၃၁) ကိုဖတ်ပါ။ ဤသင်ခန်းစာပုံပြင်၌ အရေးကြီး
သည့်သတင်းစကားကား အဘယ်နည်း။

ဤပုံပြင်သည် ရှင်လုကာခရစ်ဝင်ကျမ်း၌သာ ရေးသားထားသည်။
ကယ်တင်ခြင်းအကြောင်း အရေးကြီးသည့်ဖြောင့်မတ်ခြင်းတရား (၂) ချက်
ပါရှိသည်။ (၁) ကယ်တင်ခြင်း၌၊ "ယနေ့" ၏အရေးကြီးပုံ၊ (၂) သေပြီး
နောက် ကယ်တင်ခြင်းအတွက် နောက်ထပ်အခွင့်အရေးမရှိခြင်းတို့ဖြစ်သည်။
ယခုပင်ကယ်တင်ရာနေ့ရက်ကာလရှိ၏။ ဤသင်ခန်းစာပုံပြင်
သည် ကြွယ်ဝချမ်းသာခြင်း၌ ဆိုးသောအရာ (သို့မဟုတ်) ဆင်းရဲခြင်း၌
အလွန်ကောင်းသောအရာရှိသည်ဟု သွန်သင်သည်မဟုတ်။ သွန်သင်သည့်
အရာကား၊ ကျွန်ုပ်တို့ဤလောက၌ အသက်ရှင်နေဆဲအချိန်၌၊ ကယ်တင်ခြင်း
အခွင့်အရေးနှင့် ကယ်တင်ခြင်းအသက်တာ၌နေထိုင်ရန်အခွင့်အရေးကို
မလွှတ်ရန်ဖြစ်သည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ပညာရှိ
သည်ဖြစ်စေ၊ ပညာမရှိသည်ဖြစ်စေ၊ အာဏာရှိသည်ဖြစ်စေ၊ အာဏာမဲ့သည်
ဖြစ်စေ ကျွန်ုပ်တို့အတွက် ဒုတိယအခွင့်အရေးဆိုသည်မှာမရှိ။ ယနေ့၊ ယခု
သခင်ယေရှုအပေါ်ထားရှိသည့်သဘောထားအပေါ် အခြေပြုပြီး အားလုံးစီရင်
ခြင်းနှင့် ကယ်တင်ခြင်းကိုရမည်ဖြစ်၏။ "ယခုပင်နှစ်သက်ဖွယ်သောအချိန်
ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလရှိ၏" (၂ကော ၆း၂)။
ထာဝရရလဒ်သည် ဤလောက၌ပိုင်ဆိုင်မှုများဖြင့် လုံးဝသက်ဆိုင်
မှုမရှိကြောင်းကိုလည်း ဤသင်ခန်းစာပုံပြင်က သွန်သင်သည်။ သူဌေးသည်
"နီမောင်းသောကမ္ပလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ်စည်းစိမ်၌
နေ့တိုင်းပျော်မွေ့လျက်နေ၏" (လုကာ ၁၆း၁၉)။ သို့သော် သူသည်
အသက်တာ၏အရေးကြီးဆုံးအပိုင်းကို လွဲချော်ခဲ့သည်။ ဘုရားပင်ဖြစ်၏။
ဘုရားသခင်ကို အသိအမှတ်မပြုသော်၊ လူသားချင်လည်း သတိပြုမည်မဟုတ်။
သူဌေး၏အပြစ်သည် သူ၏ချမ်းသာကြွယ်ဝမှု၌ဖြစ်သည်မဟုတ်။ ထိုသို့
ဖြစ်မည့်အစား သူလက်ခံရန်ရှိသည်ထက်၊ ဘုရားသခင်၏အိမ်ထောင်စုသည်
ပို၍ကြီးသည်ကို အသိအမှတ်ပြုရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်သည်။
သေပြီးသည့်နောက် ကယ်တင်ခြင်းအတွက်ဒုတိယအခွင့်အရေး
မရှိ။ ဤပုံပြင်၏ဒုတိယအမှန်တရားကား၊ သေပြီးနောက် ကယ်တင်ခြင်း
အတွက် ဒုတိယအခွင့်အရေးမရှိဆိုသည့်အချက်ဖြစ်သည်။ "လူသည်
တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့"
(ဟေဗြဲ ၉း၂၇)။ ဤသင်ခန်းစာပုံပြင်၏အခြားတစ်ချက်ကား၊ ဘုရားသခင်
အတွက် (သို့မဟုတ်) ဘုရားသခင်ကိုဆန့်ကျင်ရန် ရွေးချယ်ပိုင်ခွင့်ကို
ယခုပြုလုပ်ရန် လုံလောက်သောသက်သေများ ပေးထားပြီဖြစ်ကြောင်းကို
သတိပြုမိစေရန် လူတို့ကိုပြခြင်းဖြစ်သည်။ သေပြီးသည်နောက် "ဒုတိယ
အခွင့်"
ရှိသည်ဟု သွန်သင်သည့် မည်သို့သောဘာသာမဆို၊ ကြီးသည့်
လိမ်ညာခြင်းပင်ဖြစ်သည်။

ဘုရားသခင်ကျွန်ုပ်တို့ကိုကယ်တင်ရန် ပြုလုပ်ပေးသမျှနှင့် ဘုရားရှင်
သည် ကျွန်ုပ်တို့ကိုအဘယ်မျှချစ်သည်ကို ကျွန်ုပ်တို့ပြောရန်နှစ်သက်သည်။
သို့သော် ဘုရားရှင်၏ချစ်ခြင်းနှင့် ကမ်းလှမ်းသည့်ကယ်တင်ခြင်းကို လေးနက်
စွာမခံယူသည့်အန္တရာယ်အကြောင်း ဤသင်ခန်းစာပုံပြင်သည် ဘယ်ကဲ့သို့
ကျွန်ုပ်တို့ကိုသွန်သင်သင့်သနည်း။

ကြာသပတေး မေ ၂၁
ယခင်ကကန်းပြီ၊ ယခုကားမြင်ပြီ (လုကာ ၁၈း၃၅-၄၃)။


သခင်ယေရှု၏လုပ်ငန်းတာဝန်ပြဌာန်းချက်သည် ပျောက်သောသူကို
ရှာပြီး ကယ်တင်ရန်ဖြစ်သည်။ လူတို့ကို လုံးလုံးလျားလျားစုံလင်ရန်နှင့်
ကာယ၊ ဥာဏ၊ စိတ္တ၊ မိတ္တတို့ကို ပြောင်းလဲရန်ကြွလာခြင်းဖြစ်သည်။
ကျိုးပဲ့သောသူနှစ်ဦးကို သခင်ယေရှုဘယ်ကဲ့သို့ စုံလင်စွာအကောင်းပကတိ
အဖြစ်သို့ ပြန်လည်ပြုပြင်သည့်ဥပမာနှစ်ခုကို ရှင်လုကာကျွန်ုပ်တို့ကိုပေးသည်။
တစ်ဦးကား ကာယအကန်း၊ အခြားတစ်ဦးကား ဝိဥာဏအကန်းဖြစ်သည်။
နှစ်ဦးလုံးသည် လူ့ဘောင်အဖွဲ့တွင် အဝင်မဆန့်သူများဖြစ်သည်။ တစ်ဦး
ကားသူတောင်းစား၊ အခြားတစ်ဦးကားအခွန်ခံ။ သို့သော် ၎င်းတို့နှစ်ဦးလုံး
သည် ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းကိုရရန် ကိုယ်စာလှယ်လောင်း
များဖြစ်သည်။

(လုကာ ၁၈း၃၅-၄၃) ကိုဖတ်ပါ။ ဘုရားသခင်အပေါ် ကျွန်ုပ်တို့
လုံးလုံးလျားလျားအမှီပြုရန် ဘယ်ကဲ့သို့သွန်သင်သနည်း။ ကျွန်ုပ်တို့အထဲ၌
"အကျွန်ုပ်ကိုကယ်မသနားတော်မူပါ" ဟု မအော်သောသူတစ်ဦးတစ်ယောက်
ရှိပါသလား။

ထိုလူကို ဗာတိမဲဟု ရှင်မာကုကဖော်ပြသည် (မာကု ၁ဝး၄၆)။
သူသည် ယေရိခေါမြို့ပြင်မှ သူတောင်းစားဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်း
သည် သူ့အားလက်မခံ၊ သူသည် ဆင်းရဲပြီးဒုက္ခိတတစ်ဦးဖြစ်သည်။ သို့သော်
ရုတ်တရက်ဆိုသလို သူသည် ကောင်းကင်၏အံ့ဖွယ်ကောင်းသည့် အဝိုင်း
အဝန်း၌ ရောက်ရှိနေသည်ကိုတွေ့ရ၏။ "နာဇရက်မြို့သားယေရှုကြွသွား
ကြောင်းကို သူတစ်ပါးပြောလျှင်" (လုကာ ၁၈း၃၇)၊ သူ၏ယုံကြည်ခြင်း
သည် နိုးထလာ၍ "ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကိုကယ်မသနား
တော်မူပါဟု ဟစ်ကြော်လေ၏" (ငယ် ၃၉)။ ယုံကြည်ခြင်းသည် မျက်စိ၊
နား၊ ခြေနှင့်လက်မလို လောကကိုဖန်ဆင်းသောဖန်ဆင်းရှင်နှင့်ဆက်သွယ်
သည့် နှလုံးသားသာလို၏။

(လုကာ ၁၉း၁-၁၀) ကိုဖတ်ပါ။ ဤပုံပြင်၌ မျက်ကန်းသည်
အဘယ်သူနည်း။

ရှင်လုကာတစ်ဦးတည်းသာ ပြည်သူများနှင့်ရေပန်းမစားသည့်
အခွန်ခံဇက္ခဲအကြောင်းကိုပြောသည်။ ပျောက်သောသူကိုရှာပြီး ကယ်တင်ရန်
ဆိုသည့် ခရစ်တော်၏လုပ်ငန်းတာဝန်ပြဌာန်းချက်သည် ဇက္ခဲနှင့်တွေ့ကြုံ
သည့်ပွဲ၌ ဘုန်းအသရေကြီးစွာဖြင့်ပြည့်စုံ၏။ ဇက္ခဲသည် ယေရိခေါမြို့၏
အခွန်ခံခေါင်းဆောင်ဖြစ်သည်။ ထိုမြို့၌ရှိသော ဖာရိရှဲတို့သည် ဇက္ခဲကို
အကြီးဆုံးအပြစ်သားဟု ယူဆသည်။ သို့သော် သူသည် ကယ်တင်ရှင်
ရှာတွေ့၍ ကယ်တင်ခဲ့သော အကြီးဆုံးအပြစ်သားဖြစ်၏။ သူ၏လုပ်ငန်း၌
ထူးဆန်းသည့်နေရာနှင့်လုပ်နည်းကို သခင်ယေရှုအသုံးပြုခဲ့သည်။ သဖန်းပင်
နှင့် သခင်ယေရှုကိုတွေ့လိုသည့်စိတ်ပြင်းပြသောသူ၊ ထိုနောက် ချစ်ဖွယ်
ကောင်းသည့်သခင်၏သစ်ပင်အောက်သို့ဆင်းလာရန်အမိန့်တို့ဖြစ်သည်။
ဇက္ခဲနှင့်အတူထမင်းစားရန် သခင်ယေရှုသည် မိမိကိုယ်ကိုဖိတ်ကြားလိုက်
သည်။ သို့သော် ပို၍အရေးကြီးသည်မှာ သခင်ယေရှုသည် ပြောရန်ရှိသည်။
"ယနေ့ပင် ကယ်တင်တော်မူခြင်းကျေးဇူးသည် ဤအိမ်ပေါ်မှာသက်ရောက်
လေ၏" (လုကာ ၁၉း၉)။ သို့သော် ဇက္ခဲသည် မိမိ၏အမှားများကို ဦးစွာ
မြင်ပြီးမှသာလျှင် ဖြစ်မည်ဖြစ်၏။ (ငယ် ၈)။

သူတစ်ပါး၏အမှားများနှင့်အားနည်းချက်တို့ကိုမြင်ရန် လွယ်ကူ
သည်။ သို့သော် ကျွန်ုပ်တို့သည် မိမိ၏အမှားတို့ကိုမြင်ရန် မျက်စိသည်
ကန်းလျက်ရှိသည်။ ကြာမြင့်စွာဆိုင်းငံ့ထားသောအရာများကို အောင်မြင်စွာ
ကျော်လွှားနိုင်ရန် သင်၏အသက်တာ၌ မည်သည့်နယ်ပယ်တို့တွင် ရင်ဆိုင်၊
ဝန်ခံရန်လိုအပ်သနည်း။

သောကြာ မေ ၂၂
ထပ်ဆင့်လေ့လာရန်။


"ပျောက်သောသိုးဟုဆိုရာ၌၊ လမ်းခုလတ်တွင်ကျဆုံးသွားကာ အပြစ်
ဖြင့်ပျက်စီးခံရသည့်ကမ္ဘာတစ်လုံးနှင့် အပြစ်သားနှစ်ခုလုံးကို ဆိုလိုခြင်း
ဖြစ်သည်။"E. G. White, Christ's Object Lessons, p. 190.

ဝိညာဉ်တစ်လုံး၏တန်ဖိုး။ မည်သူသည်ဝိညာဉ်တစ်လုံး၏တန်ဖိုး
ကို သိနိုင်မည်နည်း။ ထိုတန်ဖိုးကိုသိရှိရန်၊ ဂေသရှေမန်ဥယျာဉ်သို့သွားပြီး
ခရစ်တော်နှင့်အတူ၊ ထိုဝေဒနာခံစားရသည့်အချိန်တို့ကိုကြည့်ပါ။ သွေးများသည်
ချွေးကဲ့သို့ယိုစီးကျလာသည်ကိုကြည့်ပါ။ ကပ်တိုင်ပေါ်သို့ မြှောက်တင်ခြင်း
ခံရသောကယ်တင်ရှင်ကိုမျှော်ကြည့်ပါ။.......ကပ်တိုင်ခြေရင်း၌၊ အပြစ်သား
တစ်ဦးအတွက် ခရစ်တော်သည် မိမိအသက်ကိုစွန့်လွှတ်မည်ကို သတိရပါ။
ထိုနောက် ဝိညာဉ်တစ်လုံး၏တန်ဖိုးကို သင်ခန့်မှန်းနိုင်မည်ဖြစ်၏။" . G.
White, Christ's Object Lessons, p. 196 မှကောက်နုတ်သည်။
-၀-

Thursday, May 7, 2015

Lesson 7.သခင်ယေရှု၊၀ိညာဉ်တော်နှင့်ဆုတောင်းခြင်း -Mr. Pha Htoo-2Q-2015


သင်ခန်းစာ ၇။ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆုတောင်းခြင်း (Text)

https://www.youtube.com/watch?v=AKtppmPZKn0

အလွတ်ကျမ်းချက်
"တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့၊ တောင်းလျှင်
ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊
ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူ
လည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏" (လုကာ ၁၁း၉-၁၀)။


ပထမခရစ်ဝင်ကျမ်း (၃) ကျမ်းတွင် သခင်ယေရှုနှင့်သန့်ရှင်းသော
ဝိညာဉ်တော်တို့၏ဆက်ဆံရေးအကြောင်း ရှင်လုကာသည် အခြားသူများထက်
ပို၍ရေးသားသည်ကို တွေ့ရ၏။ မဿဲ၊ ဝိညာဉ်တော်အကြောင်း (၁၂)
ကြိမ်ပြောသည်။ မာကု (၆) ကြိမ်နှင့် လုကာ (၁၇) ကြိမ်နှင့် တမန်တော်
ဝတ္ထု၌ (၅၇) ကြိမ် ဖော်ပြရေးသားသည်။ သခင်ယေရှုသည် လူသားအဖြစ်
မွေးဖွားချိန်မှသည် (လုကာ ၁း၃၅)၊ ကမ္ဘာတစ်ဝန်းအမှုတော်ဆောင်ရွက်ရန်
တာဝန်ယူသည်အထိ (လုကာ၂၄း၄၄-၄၉)၊ သခင်ယေရှုနှင့်သန့်ရှင်းသော
ဝိညာဉ်တော်စပ်ကြား ခိုင်မာသည့်လုပ်ငန်းဆက်သွယ်မှုရှိသည်ဟု လုကာ
မြင်သည်။ ကယ်တင်ရှင်၏လုပ်ငန်းကိုနားလည်ရန် ဤဆက်နွှယ်မှုသည်
အရေးပါ၏။ သခင်ယေရှု၏အသက်တာနှင့်အမှုတော်၌၊ ဆုတောင်းခြင်းသည်
အရေးကြီးသည်ဟုလည်း လုကာမြင်၏။ အဖခမည်းတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်နှင့်အတူ ဘုရားဖြစ်လျက်ပင် လူသားအသွင်ဖြင့် သူသည်
ကျွန်ုပ်တို့ကိုဆုတောင်းခြင်း၏ပုံပမာကိုထားခဲ့သည်။

ဆုတောင်းခြင်းသည်လိုအပ်သည်ဟု သခင်ယေရှုမြင်သော်၊ အဘယ်
မျှကျွန်ုပ်တို့ပို၍လိုအပ်မည်နည်း။

"စောင့်ကြည့်ဆုတောင်းခြင်းကင်းမဲ့သော်၊ ပေါ့ပေါ့တန်တန်ကြီးထွား
လာခြင်းနှင့် လမ်းမှန်မှသွေဖည်သွားသည့်အန္တရာယ်၌ ကျွန်ုပ်တို့ကျရောက်
နိုင်သည်။ စာတန်သည် ကရုဏာပလ္လင်သို့သွားသောလမ်းကို အမြဲပိတ်ဆို့
ထားရန် ကြိုးစားသည်။ ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းဖြင့် စုံစမ်းနှောင့်ယှက်
ခြင်းကိုတားဆီးရန်နှင့် ကရုဏာနှင့်တန်ခိုးကိုကျွန်ုပ်တို့လက်ခံမရရှိနိုင်ရန်
စာတန်ဤကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်။"
E. G. White, Steps to Christ, p. 95 မှကောက်နုတ်သည်။

တနင်္ဂနွေ မေ ၁၀
သခင်ယေရှုနှင့်သန့်ရှင်းသောဝိညာ
ဉ်တော် (လုကာ ၁း၃၅၊၄၁)။

ရှင်လုကာသည် ယုံကြည်သူတစ်ပါးအမျိုးသားဖြစ်သည်။ သူသည်
တမန်တော်ရှင်ပေါလုနှင့်အတူ သာသနာခရီးထွက်သောသူလည်းဖြစ်သည်။
ရှင်လုကာသည် သခင်ယေရှု၏သမိုင်းကို ရေးသားရာ၌၊ မွေးဖွားချိန်မှသည်
ကောင်းကင်သို့ပြန်လည်ကြွမြန်းသည်အထိနှင့် အသင်းတော်၏ကြီးထွားခြင်း
အကြောင်းတို့ သေချာစွာမှတ်တမ်းတင်ရေးသားခဲ့သည်။ ဤအချိန်ကာလကို
သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုဖြင့် ဘုရားသခင်ထံမှ နိမိတ်လက္ခဏာ
အချိန်ကာလဟု ရှင်လုကာမြင်၏။ သခင်ယေရှု၏အသက်တာ၌ ကျွန်ုပ်တို့၏
ကယ်တင်ခြင်းအတွက်၊ (သုံးပါးတစ်ဆူ) ထာဝရဘုရားရှင်အလုပ်လုပ်နေသည်
ကို ကျွန်ုပ်တို့မြင်နိုင်၏။ (လုကာ ၃း၂၁၊၂၂)။ ဤအချိန်ကာလ၌ သန့်ရှင်း
သောဝိညာဉ်တော်၏ဦးဆောင်မှုအကြောင်းကို ရှင်လုကာအလေးထားညွှန်ပြ
သည်။

လူသားအဖြစ် ခရစ်တော်ကြွလာခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်
၏လုပ်ဆောင်မှုအကြောင်း (လုကာ ၁း၃၅၊၄၁ နှင့် လုကာ ၂း၂၅-၃၂)
တွင် လုကာဘယ်ကဲ့သို့ဖော်ပြထားသနည်း။

သခင်ယေရှု၏အမှုတော်သည် များစွာသော သန့်ရှင်းသောဝိညာဉ်
တော်၏ဥပမာများဖြင့်စတင်သည်။ လုကာ၏ပြောဆိုချက်အရ၊ ဗတ္တိဇံ
ယောဟန်သည် ရေဖြင့်ဗတ္တိဇံကိုပေးသည်၊ သို့သော် သခင်ယေရှုသည်
သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးမည်ဟု ကြိုတင်ဟောကြားခဲ့သည်။
(လုကာ ၃း၁၆)။ သခင်ယေရှုဗတ္တိဇံခံယူစဉ်၌ ကယ်တင်ရှင်အဖြစ်
သခင်ယေရှု၏အလုပ်ကို အဖခမည်းတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်နှစ်ဦး
လုံး ထောက်ခံကြောင်းကြေညာခဲ့သည်။ ခရစ်တော်သည် လူတို့ကိုကယ်တင်
ရန်စေလွှတ်ခြင်းခံရသော သူ၏ချစ်သားဖြစ်ကြောင်း ထာဝရဘုရားရှင်ကောင်းကင်
မှကြေညာခဲ့သည်။ ဤအတောအတွင်း သန့်ရှင်းသောဝိညာဉ်တော်သည်
ချိုးငှက်အသွင်ဖြင့် ခရစ်တော်၏ခေါင်းပေါ်၌ သက်ရောက်ခဲ့သည်။ (လုကာ
၃း၂၁၊၂၂)။ ]]ထိုနောက်မှစ၍ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်
ပြည့်စုံလျက်ရှိ၏}} (လုကာ ၄း၁)။ ထိုနောက် သူသည် ရန်သူ (စာတန်)
ကို တောထဲ၌ရင်ဆိုင်ရန် အသင့်ရှိပြီဖြစ်သည်။ တစ်ချိန်တည်း၌၊ သူ၏
အလုပ်ကို စတင်ဆောင်ရွက်နေပြီဖြစ်၏။ (လုကာ ၄း၁၄)။

နာဇရက်မြို့၌၊ သခင်ယေရှုအဖွင့်တရားဟောပြောရာ၌ ပုရောဖက်
ဟေရှာယအနာဂတ္တိကျမ်းတွင် မိမိကိုယ်ကိုမေရှိယအဖြစ် အကြောင်းပြောရာ၊
အများသူငါတို့၏အာရုံစိုက်မှု ရယူခဲ့သည်။ "ထာဝရဘုရား၏ဝိညာဉ်တော်
သည် ငါ့အပေါ်၌တည်တော်မူ၏" (လုကာ ၄း၁၈)။ သန့်ရှင်းသောဝိညာဉ်
တော်သည် သခင်ယေရှုနှင့်အစဉ်တည်ရှိ၍ သူ့ကိုခွန်အားဖြစ်စေသည်။
သခင်ယေရှုကောင်းကင်သို့ တက်ကြွသွားသည့်အခါ၌လည်း၊ သန့်ရှင်းသော
ဝိညာဉ်တော်သည် သူ၏နောက်လိုက်တပည့်များနှင့်အတူရှိ၏။ (ယော ၁၆း၅-
၇)။ ထို့အပြင်၊ တောင်းသောသူတို့အား ဝိညာဉ်တော်၏ဆုကျေးဇူးကိုပေးမည်
ဟု သခင်ယေရှုကတိပေးတော်မူ၏။ (လုကာ ၁၁း၁၃)။ သခင်ယေရှု၏
အမှုတော်၌ အဖခမည်းတော်နှင့် ခရစ်တော်ကိုဆက်နွှယ်သည့်ဝိညာဉ်တော်
သည်၊ ယုံကြည်ခြင်းခရီး၌ နောက်လိုက်တပည့်များအား ခွန်အားပေးမည့်
ဝိညာဉ်တော်နှင့်အတူတူပင်ဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်၏အသက်တာ၌၊
ဝိညာဉ်တော်၏ဦးဆောင်မှုသည် အလွန်အရေးကြီး၏။ ထိုကြောင့် ဝိညာဉ်
တော်ကိုပြစ်မှားခြင်းသည် အလေးနက်ဆုံးသောအပြစ်ဖြစ်၏။ (လုကာ ၁၂း၁၀)။

သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်မှုကို ကျွန်ုပ်တို့ဖွင့်ပေးရန်
အကောင်းဆုံးအသုံးဝင်သောနည်းကား အဘယ်နည်း။ ကျွန်ုပ်တို့၏ရွေးချယ်မှု
များသည် ဝိညာဉ်တော်၏အသံကို တင်းမာမှုမဖြစ်စေရန် ဘယ်ကဲ့သို့သတိ
ရှိရမည်နည်း။

တနင်္လာ မေ ၁၁
သခင်ယေရှု၏ဆုတောင်းခြင်းအသက်တာ (လုကာ ၃း၂၁)။


ကြိမ်ဖန်များစွာ သခင်ယေရှုဆုတောင်းသည်တို့အနက်၊ အချို့တို့မှာ
လုကာတစ်ဦးတည်းသာလျှင် ရေးသားထား၏။ အလွန်အရေးကြီးသောအချိန်
များ၌၊ သခင်ယေရှုဆုတောင်းခြင်းကိုပြသည့် အောက်ဖော်ပြပါအခြင်းအရာ
ကို သတိပြုပါ။

၁။ ဗတ္တိဇံခံယူချိန်၌်သခင်ယေရှုဆုတောင်းခြင်း (လုကာ ၃း၂၁)။
"အရေးကြီးပြီး အသစ်သောကာလသည် သူ့အတွက်ဖွင့်လာပြီဖြစ်၏။
သူသည် ယခုအချိန်၌ အသက်တာ၏တိုက်ပွဲကို ဝင်ရောက်နေပြီဖြစ်၏။"
E. G. White, DA, p. 111 မှကောက်နုတ်သည်။ သခင်ယေရှုသည် ကပ်တိုင်
သို့သူ့အားပို့ဆောင်မည့် အရေးကြီးသောလူထုအတွက် အမှုတော်ဆောင်
လုပ်ငန်းကိုမစမီ ဆုတောင်းခြင်းဖြင့်စတင်မလုပ်ဘဲ သခင်ယေရှုမပြုလုပ်ဝံ့ပါ။

၂။ နောက်လိုက်တပည့်တစ်ကျိပ်နှစ်ပါးကိုမရွေးမှီသခင်ယေရှု
သည်ဆုတောင်း၏ (လုကာ ၆း၁၂၊၁၃)။

မည်သည့်ခေါင်းဆောင်မျှ မိမိ၏နောက်လိုက်တပည့်ကို သတိမရှိ
မစဉ်းစားဘဲရွေးချယ်မည်မဟုတ်။ သို့သော်သခင်ယေရှုသည် နောက်လိုက်များ
ကိုသာ ရွေးချယ်နေခြင်းမဟုတ်။ သူ့လုပ်ငန်း၌ လုံးလုံးလျားလျား သူ့ဘက်၌
ပါဝင်နားလည်သောသူများကို ရွေးချယ်နေခြင်းဖြစ်သည်။ "သူတို့၏အလုပ်
သည် (တပည့်များ) လူသားတို့လုပ်ဆောင်ရန်ခေါ်သည့် အရေးကြီးဆုံးအလုပ်
ဖြစ်သည်။ ခရစ်တော်တစ်ဦးတည်းကိုသာ ဒုတိယဖြစ်သည်။ . G. White,
DA, p. 291.

၃။ သူ၏တပည့်တော်များအတွက်သခင်ယေရှုဆုတောင်းပေး၏
(လုကာ ၉း၁၈)။

တပည့်တော်ဖြစ်ခြင်းအရာသည် သခင်ယေရှုကို သစ္စာအပြည့်ရှိပြီး၊
သူသည် မည်သူမည်ဝါဖြစ်သည်ကို အမှန်တကယ်သိခြင်းဖြစ်သည်။ သူသည်
ဘယ်သူဖြစ်သည်ကို တစ်ကျိပ်နှစ်ပါးသော တပည့်တော်များသိရှိရန်၊
"ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူ၏" (လုကာ ၉း၁၈)။ ထိုနောက်
သူတို့ကို ဤအရေးကြီးသည့်မေးခွန်းနှင့် စိန်ခေါ်လိုက်သည်။ "သင်တို့လည်း၊
ငါ့ကိုအဘယ်သူဖြစ်သည်သိကြသနည်းဟု မေးတော်မူ၏" (လုကာ ၉း၂၀)။
၎။ သခင်ယေရှုဘုန်းသရေရောင်ခြည်မထင်ရှားမီဆုတောင်း
သည် (လုကာ ၉း၂၈-၃၆)။

"ဤသူကား ငါ၏ချစ်သားပေတည်း" ဟု ဒုတိယအကြိမ်ဘုရားသခင်
၏သားတော်ဖြစ်ကြောင်း ကောင်းကင်မှထောက်ခံချက်ကို လက်ခံရရှိသည်။
အဖခမည်းတော်နှင့်သားတော်စပ်ကြား နီးကပ်သောဆက်နွှယ်မှုကို ဘယ်အရာ
မျှပြောင်းလဲနိုင်မည်မဟုတ်။ ထိုဆုတောင်းခြင်း၏ရလဒ်ကား၊ တပည့်တော်
တို့သည် "ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏"
(၂ပေ ၁း၁၆)။

၅။ ဂေသရှေမန်ဥယျာဉ်၌သခင်ယေရှုဆုတောင်း၏ (လုကာ ၂၂း၃၉-၄၆)။

ဤဆုတောင်းချက်သည် ကယ်တင်ခြင်းသမိုင်း၌ မတော်အရေးကြီး
ဆုံးသော ဆုတောင်းခြင်းဖြစ်မည်။ ဤနေရာ၌ ကယ်တင်ရှင်သည် ကောင်းကင်
နှင့်မြေကြီးကို နီးကပ်စွာဆက်ထားလျက်ရှိသည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်
သခင်ယေရှုသည် အရေးကြီးသည့်စည်းမျဉ်း (၃) ချက်ကို ပြဌာန်းလိုက်
သည်။ ထာဝရဘုရား၏အလိုတော်နှင့်ရည်ရွယ်ချက်သည် အရေးကြီး
ကြောင်း......သွေးနှင့်သေခြင်းအန္တရာယ်ကိုရင်ဆိုင်ရစေကာမူ၊ ဘုရားသခင်၏
အလိုတော်ကို နားထောင်ခြင်း။- ထိုနောက် ဘုရားရှင်၏အလိုတော်ကို
လိုက်လျှောက်စဉ်၊ စုံစမ်းနှောင့်ယှက်ခြင်းတိုင်းကို အောင်မြင်ရန်ခွန်အား။

၆။ သခင်ယေရှုဆုတောင်းပြီး မိမိကိုယ်ကိုထာဝရဘုရားလက်ထဲ
သို့အပ်နှံ၏ (လုကာ ၂၃း၄၆)။


ကပ်တိုင်ပေါ်၌ သခင်ယေရှု၏နောက်ဆုံးစကားသည် "အိုအဖ၊
အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏" ဆုတောင်း
ခြင်း၏အကြီးဆုံးသောရည်ရွယ်ချက်ကို သခင်ယေရှုကျွန်ုပ်တို့ကိုပေးခဲ့သည်။
မွေးချိန် (သို့မဟုတ်) သေချိန်၊ မိတ်ဆွေ (သို့မဟုတ်) ရန်သူရှေ့၊ အိပ်သည်
ဖြစ်စေ၊ နိုးသည်ဖြစ်စေ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်ကျွန်ုပ်တို့
ကာလအစဉ်အမြဲ ဆက်သွယ်ထားရမည်ဖြစ်၏။

ဤဥပမာများသည် သင်၏ဆုတောင်းခြင်းအသက်တာအကြောင်း
ကို ဘယ်ကဲ့သို့ပြောသနည်း။

အင်္ဂါ မေ ၁၂
စံပြဆုတောင်းချက်။ အပိုင်း (၁) (လုကာ ၁၁း၁-၄)။


(လုကာ ၁၁း၁-၄) ကိုဖတ်ပါ။ ဆုတောင်းခြင်းသည် ဘယ်ကဲ့သို့
အလုပ်လုပ်သည်ကို ကျွန်ုပ်တို့နားလည်ရန် ဤကျမ်းပိုဒ်များက ဘယ်ကဲ့သို့
ကူညီသနည်း။

ထာဝရဘုရားသခင်ကို ခရစ်တော်ဖော်ပြရာ၌ အနှစ်သက်ဆုံးသည်
"အဘ" ဖြစ်၏။ ခရစ်ဝင်ကျမ်း (၄) ကျမ်း၌ အကြိမ်ပေါင်း (၁၇၀) ရေး
သားထားသည်ကိုတွေ့ရ၏။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ]]အဘ}} ဟု
ခေါ်ရာ၌၊ ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းနှင့် လူသားတို့နှင့်
နီးကပ်စွာဆက်ဆံသည့် ပျော်ရွှင်မှုကိုလည်း ရရှိနိုင်သူဖြစ်သည်ဟု ကျွန်ုပ်
တို့လက်ခံ၏။ ဘုရားသခင်သည် လူသားတို့၏ဖခင်တစ်ဦးကဲ့သို့၊ ချစ်နှစ်သက်
ဖွယ်ကောင်းပြီး ညှာတာ၊ ကြင်နာယုယစောင့်ရှောက်တတ်၏။ သို့သော်
သူသည် ကောင်းကင်၌ရှိသောအဘဖြစ်၏။ လောကီ၏ဖခင်နှင့်ခြားနားသည်
မှာ သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး နေရာတိုင်း၌တည်ရှိကာ၊ အားလုံးကို
မြင်နိုင်စွမ်းရည်နှင့် စုံလင်စွာသန့်ရှင်း၏။

"ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့၏အဘ" ဆိုသည့်
စကားရပ်သည် ကျွန်ုပ်တို့ကို ဘုရားသခင်သည် သန့်ရှင်းပြီး ပုဂ္ဂလိကပုဂ္ဂိုလ်
ဖြစ်သည်ကို ကျွန်ုပ်တို့အားသတိရစေသည်။

"နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော" (လုကာ ၁၁း၂)။
ဤနေရာ၌ ဘုရားသခင်သည် သန့်ရှင်းသည်ဆိုသည့်အချက်ကို
သတိရစေခြင်းဖြစ်သည်။ သူ့နောက်သို့လိုက်သည်ဟု ခံယူသောသူတို့သည်
သူ၏နာမတော်ကို နှုတ်အားဖြင့်သော်လည်းကောင်း၊ အပြုအမူအားဖြင့်သော်
လည်းကောင်း၊ သန့်ရှင်းစေရမည်ဖြစ်၏။ သူ့နောက်သို့လိုက်သည်ဟုခံယူ
ပြီး အပြစ်ထဲ၌ကျင်လည်ဆဲရှိနေသော်၊ သူ၏နာမကို မလေးစားရာကျမည်
ဖြစ်၏။ (မဿဲ ၇း၂၁-၂၃) ၌ သခင်ယေရှု၏စကားသည် ဘုရားသခင်၏
နာမတော်ကို သန့်ရှင်းအောင်ထားရှိဖို့ ကျွန်ုပ်တို့နားလည်ရန် ကူညီမည်
ဖြစ်၏။

"နိုင်ငံတော်တည်ထောင်ပါစေသော်" (လုကာ ၁၁း၂)။
ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ ခရစ်ဝင်ကျမ်းများသည် အကြိမ်ပေါင်း
(၁၀၀) ကျော်ဖော်ပြခဲ့သည်။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် အကြိမ် (၄၀)
နီးပါးနှင့် မဿဲခရစ်ဝင်ကျမ်း၌ (၅၀) နီးပါး၊ ရှင်မာကုခရစ်ဝင်ကျမ်းတွင်
(၁၆) ကြိမ်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ (၃) ကြိမ် အသီးသီးဖော်ပြ
ထားသည်ကို တွေ့ရှိရ၏။

သခင်ယေရှုသည် ကျေးဇူးကရုဏာနိုင်ငံ (လောက) နှင့်
ဘုန်းအသရေနိုင်ငံတော် (ကောင်းကင်) တို့၏အမှန်တရားကို ပြသရန်
လာရောက်ခြင်းဖြစ်သည်။ ပထမနိုင်ငံတော်သို့ ဝင်ရောက်ခြင်းမရှိပါက၊
ဒုတိယနိုင်ငံတော်သို့ ဝင်ခွင့်ရမည်မဟုတ်။ ထိုကြောင့် ကယ်တင်ရှင်သည်
သူ၏နောက်လိုက်တပည့်များကို ဒုတိယနိုင်ငံကိုမျှော်လင့်ရင်းနှင့် ပထမနိုင်ငံသို့
တွေ့ကြုံခံစားခွင့်ရရှိရန် မျှော်လင့်သည်။

"အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ
ပြည့်စုံပါစေသော" (လုကာ ၁၁း၂)။ ဘုရားသခင်၏အလိုတော်သည်
ကောင်းကင်၌တည်ရှိပြီး နာခံခြင်းကိုရရှိသည်။ ထိုအချက်ကို သခင်ယေရှု
သည်လက်ခံပြီး မြေကြီးပေါ်၌လည်း ဤကဲ့သို့ဖြစ်ရန်မျှော်လင့်သည်။
ဘုရားသခင်၏အလိုတော်သည် မြေကြီးပေါ်မှာပြည့်စုံပါစေသော၊ သို့သော်
ကျွန်ုပ်တို့တစ်ဦးစီ၌စတင်ပါစေ။

ဘုရားသခင်ကိုသင်သိပါသလား (သို့မဟုတ်) သူ့အကြောင်းကိုသာ
သိပါသလား။ သင်၏ဆုတောင်းခြင်းအသက်တာသည် သူနှင့်ဘယ်ကဲ့သို့
နီးကပ်စွာယူဆောင်လာမည်နည်း။

ဗုဒ္ဓဟူး မေ ၁၃
စံပြဆုတောင်းချက်။ အပိုင်း (၂) (လုကာ ၁၁း၉-၁၃)။


"အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက်
အစဉ်အတိုင်းပေးသနားတော်မူပါ" (လုကာ ၁၁း၃)။
ကိုယ်တော်၏ဆုတောင်းချက်သည် ပေးသနား တော်မူပါနှင့်
အစပြုသည်။ သန်းကြွယ်သူဌေး၏နှုတ်မှ (သို့မဟုတ်) မိဘမဲ့သူဆင်းရဲ၏
နှုတ်မှ ဆုတောင်းချက်သည် ဘုရားသခင်ပေါ်အမှီပြုကာ၊ ကိုးစားကြောင်း
ဝန်ခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်အပေါ်အမှီတံကဲပြုကြ
၏။ "ပေးသနားတော်မူပါ" ဆိုသည့်တောင်းပန်ချက်သည် ဆုကျေးဇူး
အရာခပ်သိမ်းတို့ကို ပေးပိုင်ခွင့်ရှိသောသူသည် ဘုရားသခင်သာဖြစ်ကြောင်း
အသိအမှတ်ပြုရန် ကျွန်ုပ်တို့တိုက်တွန်းခြင်းဖြစ်သည်။ သူသည် ဖန်ဆင်းရှင်
ဖြစ်၏။ သူ၌ကျွန်ုပ်တို့အသက်ရှင်၏၊ လှုပ်ရှားသွားလာ၏၊ ထိုနောက်
အသက်ကိုရရှိ၏။ "ထာဝရဘုရားသခင်သည် ငါတို့ကိုဖန်ဆင်းတော်မူ၍၊
ငါတို့၏အရှင်ဖြစ်တော်မူ၏" (ဆာလံ ၁၀ဝး၃)။

ဘုရားသခင်သည် အဘဖြစ်တော်မူ၍ သူသည် ကျွန်ုပ်တို့လိုအပ်
သောအရာခပ်သိမ်းကို ပေးတော်မူ၏။ ဤကတိတော်မှ မည်သည့်အံ့ဩ
ဖွယ်ကောင်းသည့်သတင်းစကားကို (လုကာ ၁၁း၉-၁၃) တွင် တွေ့နိုင်
သနည်း။

"အကျွန်ုတို့၏အပြစ်များကိုလွတ်တော်မူပါ" (လုကာ ၁၁း၎)။
ခွင့်လွှတ်ခြင်းသည် ခရစ်ဝင်ကျမ်း၏နှလုံးသား၌ရှိသည်။ ဘုရားသခင်၏
ခွင့်လွှတ်ခြင်းမရရှိဘဲ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကိုလည်း ရရှိနိုင်မည်
မဟုတ်။ "အပြစ်၌သေလျက်နေသောသင်တို့ကို ခရစ်တော်နှင့်အတူအသက်ရှင်
စေ၍၊ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏" (ကောလောသဲ ၂း၁၃)။
ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို တွေ့ကြုံခံစားရသောသူတို့သည် သူတို့အား
ပြစ်မှားသောသူတို့ကိုလက်လှမ်း၍ တင်းကျပ်စွာဖက်ထားရမည်ဖြစ်၏။
"အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့လွှတ်
သောကြောင့် အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ" (လုကာ ၁၁း၎)
ဟု ဆုတောင်းခြင်းသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းသည် သူတစ်ပါးကို
ကျွန်ုပ်တို့ခွင့်လွှတ်သည့်အပေါ် မူတည်သည်ဟု ဆိုလိုသည်မဟုတ်။ ထိုသို့
ဖြစ်မည့်အစား၊ ကျွန်ုပ်တို့ခွင့်လွှတ်ခြင်းခံရခြင်းကြောင့် နောက်လိုက်တပည့်
များအနေဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံရရှိသည့် တိုးပွားလျက်
ရှိသောလူစုထဲ၌ အမြဲသက်ရှင်နေထိုင်ရမည်ဖြစ်၏။ တစ်ချိန်ထဲ၌ပင် ကျွန်ုပ်
တို့ကို နာကျင်စေသောသူတို့ကို ဘုရားရှင်၏ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို
ပြရမည်ဖြစ်၏။
"အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ၊ မကောင်းသော
အမှုအရာ.......ကယ်နုတ်တော်မူပါ" (လုကာ ၁၁း၎)။ အချက် (၂)
ချက်ကို သတိပြုရမည်။ (၁) သွေးဆောင်ခြင်းသည်အပြစ်မဟုတ်။ ဂရိ
ဘာသာစကားအရ၊ သွေးဆောင်ခြင်းသည် အကြောင်းတစ်ခု၏ရလဒ်မဟုတ်ဘဲ
ဖြစ်စဉ် သာဖြစ်သည်။ အကျိုးအကြောင်းတစ်ခုရလဒ်ရရှိရန် ပြုလုပ်သည့်
နည်း (သို့မဟုတ်) ဖြစ်စဉ်ဖြစ်သည်။ သမ္မာကျမ်းသည် သွေးဆောင်ခြင်းကို
နောက်ဆုံးရလဒ်ဟုမဆို။ စုံစမ်းနှောင့်ယှက်ခြင်းသည် အပြစ်မဟုတ်၊ သို့သော်
ထိုသွေးဆောင်ခြင်းကိုလက်ခံပါက၊ အပြစ်ဖြစ်၏။ (၂) ထာဝရဘုရားသခင်
သည် ဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူပါ။ (ယာကုပ် ၁း၁၃)။
ဘုရားသခင်သည် သွေးဆောင်ခြင်းကိုပေးလာမည်ဖြစ်သည်။ သို့သော် သူသည်
ကျွန်ုပ်တို့ကို ဘယ်သောအခါမျှ အပြစ်သွေးဆောင်ရာသို့ ပို့ဆောင်ခြင်းမပြု။
ထိုကြောင့် ဆုတောင်းခြင်းသည် ဘုရားသခင်၌ စာတန်၏ထောင်ချောက်
ထဲသို့ကျရန် ငြင်းဆန်ဖို့ခွန်အားရှိသည်ကို ကျွန်ုပ်တို့သိရန်ကူညီသည်။

(လုကာ ၁၁း၁-၄) ကိုပြန်ဖတ်ပါ။ ပြဿနာဖြစ်စေသည့်အကြောင်း
များကိုစဉ်းစားပါ။ သင်၏တွေ့ကြုံခံစားမှုတို့သည် ဆုတောင်းခြင်းဖြင့် ဤ
ပြဿနာတိုင်းကို ဘယ်ကဲ့သို့သောနည်းဖြင့် လေးနက်ကြွယ်ဝစေသနည်း။

ကြာသပတေး မေ ၁၄
ဆုတောင်းခြင်းနှင့်ဆိုင်သည့်နောက်ထပ်သင်ခန်
းစာများ (လုကာ ၁၈း၉-၁၄)။

၎င်း၏တပည့်များကို စံပြဆုတောင်းချက်ကိုပေးပြီးလျှင်ပြီးချင်း၊
သခင်ယေရှုသည် သူတို့အားမိတ်ဆွေတစ်ဦး၏သန်းခေါင်ယံအချိန် သင်ခန်းစာ
ပုံပြင်ကိုပြောပြ၏။ (လုကာ ၁၁း၅-၁၃)။ ဤသင်ခန်းစာပုံပြင်မှ သူတို့ကို
သခင်ယေရှုက၊ ဆုတောင်းခြင်း၌သစ္စာရှိရန်လိုအပ်ကြောင်း သင်ကြားပေး
ခြင်းဖြစ်သည်။ ထိုနောက် သခင်ယေရှု၏အမှုတော်သည် ဆုံးခန်းရောက်လု
နီးချိန်တွင် သူ၏နောက်လိုက်များအား မိမိတို့အပြစ်အတွက် ဝမ်းနည်းခြင်း
နှင့်နှိမ့်ချသောစိတ်ဖြင့် ဆုတောင်းရန်သတိပေးခဲ့သည်။ (လုကာ ၁၈း၉-၁၄)။
ဆုတောင်းခြင်းသည် သမားရိုးကျအလေ့အကျင့်မဟုတ်ဘဲ၊ သစ္စာရှိခြင်း၊
အဖခမည်းတော်နှင့်အတူလျှောက်လှမ်းပြောဆိုနေထိုင်ခြင်းဖြစ်သည်။

(လုကာ ၁၁း၅-၈) ကိုဖတ်ပါ။ အမြဲဆုတောင်းရန်၊ လူတို့ကို
တိုက်တွန်းအားပေးရန် ဤသင်ခန်းစာပုံပြင်ကို သခင်ယေရှုပြောခြင်းဖြစ်
သည်။ ဆုတောင်းခြင်းလုပ်နေကျသမားရိုးကျ အလေ့အကျင့်အဖြင့် မဖြစ်သင့်
ပါ။ ထိုသို့ဖြစ်မည့်အစား ဆုတောင်းခြင်းသည် ဘုရားသခင်အပေါ် လုံးလုံး
လျားလျားအမှီပြုသည့် ဆက်ဆံရေး၏အခြေခံအုတ်မြစ်ဖြစ်သင့်သည်။
ဆုတောင်းခြင်းသည် ဝိညာဉ်၏လေဝင်လေထွက်ဖြစ်သည်။ ထိုအရာမရှိခဲ့
သော်၊ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးသေသူများဖြစ်၏။ အိမ်နီးနားချင်းမဆန်
သည့် သင်ခန်းစာပုံပြင်ကို သခင်ယေရှုပြောသည်။ ညသန်းခေါင်ယံအချိန်
၌ အရေးပေါ်ဧည့်သည်မိတ်ဆွေတစ်ဦးအားကျွေးရန် မုန့်သုံးလုံးချေးပေးရန်
အိမ်ရှင်ကိုတောင်းဆိုရာ မနှောင့်ယှက်နှင့်ဟု ငြင်းဆန်ပြီးအိမ်တံခါးကိုပိတ်
လိုက်သည်။ သို့သော် နောက်ဆုံး၌ "အားမလျော့ဘဲ တောင်း၍နေသောကြောင့်
ထ၍လိုချင်သမျှကိုပေး၏" (ငယ် ၈)။ ဆုတောင်းခြင်း၌ သစ္စာရှိသောသူ
တစ်ဦးကို ဘုရားသခင်သည် အဘယ်မျှပို၍ပွင့်လင်းမှုရှိမည်နည်း။ ထိုသို့
သောသစ္စာရှိခြင်းသည် ဘုရားသခင်၏စိတ်ကို ပြောင်းလဲစေသည်မဟုတ်၊
ကျွန်ုပ်တို့ယုံကြည်ကိုးစားခြင်း ပို၍ခိုင်မြဲအားသန်လာရန်ဖြစ်သည်။

(လုကာ ၁၈း၉-၁၄) ကိုဖတ်ပါ။ ဆုတောင်းခြင်း၏အရေးကြီး
သောသင်ခန်းစာကားအဘယ်နည်း။

ဖာရိရှဲ (ဘာသာရေးခေါင်းဆောင်) သည်၊ သူ၏ ကောင်းမှု
တို့ကိုအခြေခံပြီး ဘုရားသခင်သူ့အားလက်ခံရန် မျှော်လင့်သည်။ အခွန်ခံ
သည် မိမိကိုယ်ကို ဘုရားရှင်၏ကရုဏာအပေါ်သို့ပစ်ချကာ၊ ဘုရားသခင်၏
ကျေးဇူးတော်အပေါ်လက်ခံရန် အခြေပြုသည်။ ကျွန်ုပ်တို့သည် ဘယ်သူ
ဘယ်ဝါဖြစ်သည့်အပေါ် အမှီပြုပြီး ဘုရားရှင်ကျွန်ုပ်တို့ကိုလက်ခံသည်မဟုတ်၊
သူ၏ကျေးဇူးကရုဏာတစ်ခုတည်းဖြင့်သာ လက်ခံခြင်းဖြစ်သည်။
"ဟန်ဆောင်မှုကင်းမဲ့ပြီး ရိုကျိုးနှိမ့်ချသောစိတ်သည် အောင်မြင်
ခြင်း၏အခြေအနေများဖြစ်သည်။ ကပ်တိုင်၏ခြေတော်ရင်း၌ ဦးချသော
သူတို့ကို ဘုန်းရောင်ခြည်သရဖူသည် စောင့်လျက်ရှိ၏။" E. G. White,
Prophets and Kings, p. 590 မှကောက်နုတ်သည်။

သခင်ဘုရားကိုမသိသောသူတို့သည် ၎င်းတို့ထက်ပို၍ဆိုးသောသူ
တို့နှင့် ၎င်းတို့ကိုယ်ကိုနှိုင်းယှဉ်ရန်နှစ်သက်သည်။ သူတို့သည် သိပ်မဆိုးဟု
မိမိတို့ကိုယ်ကိုယုံကြည်ရန် ဤကဲ့သို့ပြုသည်။ ဤအရာသည် အဘယ်ကြောင့်
ဆိုးသောသဘောဖြစ်သနည်း။ သူတစ်ပါးသည် ကျွန်ုပ်ထက်ပို၍ဆိုးခြင်းသည်၊
ဘာဖြစ်မည်နည်။

သောကြာ မေ ၁၅
ထပ်ဆင့်လေ့လာရန်။


"ဘုရားသခင်၏အကူအညီ၊ အထောက်အပံ့နှင့်တန်ခိုးကို နေ့စဉ်
လေးနက်သောဆုတောင်းခြင်းဖြင့် တောင်းခံသောဝိညာဉ်သည် ပို၍မြင့်မြတ်
သောခံစားချက်များ၊ တာဝန်နှင့်ဖြောင့်မတ်ခြင်းတရားကို ပို၍ရှင်းလင်းစွာ
နားလည်ခြင်း၊ ပို၍မြင့်သောလုပ်ငန်းရည်ရွယ်ချက်နှင့် စုံလင်သောခရစ်တော်၏
စရိုက်ကို ပို၍ငတ်မွတ်ဆာလောင်သော ဆန္ဒရှိမည်ဖြစ်၏။ ဘုရားသခင်နှင့်
ဆက်သွယ်ခြင်းဖြင့်၊ ကျွန်ုပ်တို့၏စိတ်တွင်း၌ အုပ်စိုးသည့်ငြိမ်သက်ခြင်းနှင့်
အလင်းကို သူတစ်ပါးတို့နှင့်ဝေငှနိုင်မည်ဖြစ်၏။ ဆုတောင်းခြင်းသည်
သူတစ်ဦးကို ခွန်အားရရှိရန်ကူညီပြီး၊ ဆုတောင်းစဉ်တောင်းဆိုရမည့်အရာ
တို့ကို စီစဉ်ရန် စိတ်ကိုအလေ့အကျင့်ပေးသည်။ ဤအကြောင်းအရာနှစ်ချက်
သည် လူတစ်ဦးကို နေ့စဉ်ပြုလုပ်ရမည့်လုပ်ငန်းဆောင်တာများကို အသင့်ရှိရန်
ပြင်ဆင်ပြီး၊ စိတ်ကို အချိန်တိုင်းငြိမ်သက်ခြင်းရှိရန် ထားရှိမည်ဖြစ်၏။"
E. G. White, Thoughts From the Mount of Blessing , p. 85.

"ဘုရားသခင်ကိုအဖဟုခေါ်ခြင်းသည် သူ၏သားသမီးများကို
ကျွန်ုပ်တို့၏ညီအစ်ကိုများအဖြစ် အသိအမှတ်ပြုသည်။ ကျွန်ုပ်တို့အားလုံး
သည် အိမ်ထောင်စုကြီးတစ်ခု၏တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်။ ဆုတောင်း
ရာ၌၊ ကျွန်ုပ်တို့အတွက်ဖြစ်သကဲ့သို့၊ ကျွန်ုပ်တို့၏အိမ်နီးနားချင်းအတွက်
လည်း ပါဝင်ရမည်။ အဘယ်သူမျှ မိမိကိုယ်အတွက်သာ ကောင်းချီးရရန်
တောင်းဆိုသောသူသည် မှန်သောနည်းဖြင့်ဆုတောင်းခြင်းမဟုတ်။"
E. G. White, Thoughts From the Mount of Blessing , p. 105မှကောက်နုတ်သည်။
-၀-

Friday, May 1, 2015

သင်ခန်းစာ ၅။ ဥပုသ်နေ့၏သခင်၊ ယေရှု (Photo)









သင်ခန်းစာ ၆။ သခင်ယေရှု၏အမှုတော်၌အမျိုးသမီးများ (Text)

အလွတ်ကျမ်းချက်
"အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည်
ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။ . . .
ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောင်္ကျားမရှိ၊
မိန်းမမရှိ၊ ထိုသခင်၌သင်တို့အပေါင်းသည် တစ်လုံးတ၀တည်းဖြစ်ကြ၏။"
ဂလာတိ ၃း၂၆-၂၈။


ရှင်လုကာခရစ်ဝင်ကျမ်းသည် တစ်ခါတစ်ရံ "အမျိုးသမီးများ
ခရစ်ဝင်ကျမ်း" ခေါ်သည်ဟုဆို၏။ ဤအရာသည် အမျိုးသမီးတို့၏လိုအပ်
ချက်များကို သခင်ယေရှုအဘယ်မျှဂရုစိုက်ကြောင်းကို ပြသခြင်းကြောင့်ဖြစ်
သည်။ သူ၏အမှုတော်ထဲ၌ အမျိုးသမီးများ အဘယ်မျှပါဝင်သည်ကိုလည်း
ပြသည်။

သခင်ယေရှုသက်တော်ထင်ရှားစဉ်အချိန်ကာလ၊ ယနေ့ အချို့သော
ယဉ်ကျေးမှုများနည်းတူ၊ အမျိုးသမီးများသည် "ဒုတိယတန်းစားနိုင်ငံသား"
များဖြစ်ကြသည်။ ထိုခေတ်ကာလအချိန်၌ လူယောက်ျm;တို့သည် ကျွန်အဖြစ်
သော်လည်းကောင်း၊ တစ်ပါးအမျိုးသားအဖြစ်သော်လည်းကောင်း၊ မိန်းမ
အဖြစ်သော်လည်းကောင်း ဖန်ဆင်းခြင်းမခံရသည်ကို ဘုရားသခင်ကိုအလွန်
ကျေးဇူးတင်သည်ဟုဆိုသည်။ ရောမနှင့်ဂရိလူ့ဘောင်အဖွဲ့အစည်းများသည်
တစ်ခါတစ်ရံ အမျိုးသမီးများကို ပို၍ဆက်ဆံမှုဆိုးဝါးသည်။ ရောမယဉ်ကျေးမှု
တွင်၊ မကြာခဏဆိုသလို လူတစ်ယောက်သည် မိမိဥစ္စာကို အမွေပေးရန်
အတွက်၊ ကလေးရရန်အတွက်သာ မိန်းမယူရခြင်းဖြစ်သည်။ အပျော်မယား
များလည်းထားကြသည်။

များစွာသောလူ့ဘောင်အဖွဲ့တို့၌ မိန်းမများကို ဆိုးဝါးစွာဆက်ဆံ
ကြသည်။ မိန်းမများသည် အမှန်ပင်အာဗြဟံ၏သမီးများဖြစ်ကြောင်း၊ ကောင်း
သောသတင်းကို သခင်ယေရှုယူဆောင်လာခဲ့သည်။ (လုကာ ၁၃း၁၆)။
ထိုအချိန်၌ မိန်းမများသည် ဤကဲ့သို့ကြားရသည်ကို အဘယ်မျှပျော်ကြ
မည်နည်း။ သခင်ယေရှုအဖို့ သူတို့သည် ဘုရားသခင်၏သားသမီးများသာ
ဖြစ်ပြီး ဘုရားသခင်ရှေ့၌ ယောက်ျm;များနည်းတူ တန်ဖိုးရှိ၏။ ယနေ့နိုင်ငံ
အသီးသီးမှ အမျိုးသမီးများအားလုံးအတွက် သတင်းစကားသည် အတူတူ
ပင်ဖြစ်သည်။ ကျွန်ုပ်တို့ယောက်ျားမိန်းမအားလုံးတို့သည် သခင်ယေရှု၌
တစ်လုံးတစ်ဝတည်းဖြစ်၏။

တနင်္ဂနွေ မေ ၃
ခရစ်တော်၏ (ပထမအကြိမ်) ကြွလာခြင်းကိုကြိုဆိုသောအမျိုး
သမီးများ (လုကာ ၁း၃၉-၄၅)။

လူသားတို့ကိုကယ်တင်ရန် ဘုရားသခင်၏လုပ်ငန်းနှင့် သူ၏လူ
တို့မျှော်လင့်သော မေရှိယပြည့်စုံခြင်းအလို့ငှာ၊ ဘုရားသခင်၏သားတော်
သည် လူ့ဇာတိကိုခံယူသောအခါ မိန်းမများသည် အဘယ်မျှဝမ်းမြောက်
သည်ကို ရှင်လုကာတစ်ဦးတည်းသာလျှင် ဖော်ပြထားသည်ကိုတွေ့ရ၏။
ဤမိန်းမများသည်သာဖြစ်နေသည်ကို သူတို့အပြည့်အဝနားမလည်ကြပါ။
သို့သော် ဤအံ့ဩဖွယ်ကောင်းလှသောအဖြစ်အပျက်များအတွက် သူတို့၏
အပြုအမူနှင့်စကားသည် ဘုရားသခင်၏အလုပ်၌ ၎င်းတို့၏ယုံကြည်ခြင်းကို
ပြသည်။

(လုကာ ၁း၃၉-၄၅) ကိုဖတ်ပါ။ မာရိနှင့်ဧလိရှဗက်တို့တွေ့ဆုံခန်း
ဖြစ်သည်။ လာမည့်ဖြစ်ပျက်မည့်အခြင်းအရာများအကြောင်း နားလည်ကြောင်း
ပြရန် ဧလိရှဗက်ဘယ်ကဲ့သို့ပြောသနည်း

ဧလိရှဗက်ပြောပြီးနောက် မာရိလည်း သူ၏စကားဖြင့်ပြော၏။
(လုကာ ၁း၄၆-၅၅)။ ၎င်းတို့ပြောဆိုသလို လူတို့သည် စကားအစား
သူတို့အတွက်သီချင်းသံဟု နားလည်ကြသည်။ ဘယ်ကဲ့သို့ဖြစ်သည်ဖြစ်စေ၊
ဤစကားများသည် ဓမ္မဟောင်းကျမ်းမှကျမ်းပိုဒ်များနှင့် ပြည့်လျက်ရှိ၏။
မာရိသည် သမ္မာကျမ်းကိုလေ့လာသည့် သစ္စာရှိသူဖြစ်ကြောင်းပြပြီး၊ သူမ
သည် သခင်ယေရှု၏မိခင်ဖြစ်ရန် သင့်လျော်ကြောင်းကိုပြ၏။ မာရိ၏သီချင်း
သည် သမ္မာကျမ်း၌သာ အခြေခံသည်မဟုတ်၊ ဘုရားသခင်နှင့်သူမ၏
ဆက်ဆံရေးစပ်ကြား လေးနက်စွာအမြစ်တွယ်ခြင်းဖြစ်သည်။ ဤသီချင်း
သည် သူမနှင့်သူမ၏သခင်တို့ဝိညာဉ်စပ်ကြား၊ သူမနှင့်အာဗြဟံ၏ယုံကြည်
ခြင်းစပ်ကြား ခိုင်မာသည့်ဆက်နွှယ်မှုကိုပြသည်။

(လုကာ ၂း၃၆-၃၈) ကိုဖတ်ပါ။ ဗိမာန်တော်၌ရှိသော အန္န၏
ပုံပြင်သည် မည်သည့်အရေးကြီးသော ဖြောင့်မတ်ခြင်းအကြောင်းကို ယူဆောင်
လာသနည်း။

ဤမျှော်မှန်းထားသောမျှော်လင့်ခြင်းသည် မမျှော်လင့်ဘဲ သခင်ယေရှု
၌ပြည့်စုံ၏။ အနှစ် (၈၀) ကျော် မုဆိုးမအိုသည် ဤနိမိတ်လက္ခဏာကို
သိသည်။ ထိုနောက်မှစပြီး၊ ဗိမာန်တော်ထဲသို့လာရောက်သောသူတို့ကို
ကယ်တင်ရှင်အကြောင်းဟောပြောရန် သူမ၏အရေးတကြီးအလုပ်ဖြစ်၏။
သူမသည် ပထမဦးဆုံး ဧဝံဂေလိသတင်းစကားကို ဟောကြားသောအမျိုးသမီး
တစ်ဦးဖြစ်သည်။

ဤအံ့ဩဖွယ်ကောင်းလှသော အမျိုးသမီးများတို့၏ဝန်းကျင်၌
အဖြစ်အပျက်များကိုစဉ်းစားပါ။ ဤအံ့ဩဖွယ်ကောင်းလှသော ဖြောင့်မတ်
ခြင်းတရားများကို ဟောပြောရန်ခေါ်တော်မူခြင်းခံရသော ကျွန်ုပ်တို့၏နှလုံးသား
များထဲ၌ ရှင်သန်နေရန်ကူညီဖို့ ဘယ်ကဲ့သို့ပြုလုပ်နိုင်မည်နည်း။


တနင်္လာ မေ ၎
အမျိုးသမီးများနှင့်သခင်ယေရှု၏ကု
သခြင်းအလုပ် (လုကာ ၇း၁၁-၁၇)။

နာဣနမြို့၌ နိမိတ်လက္ခဏာအကြောင်းကို လုကာ ၇း၁၁-၁၇
တွင်ဖတ်ပါ။ ဤဆင်းရဲသည့် မုဆိုးမသည် မိမိ၏တစ်ဦးတည်းသောသား၏
သေခြင်းနှင့် ရင်ဆိုင်နေရသည်။ အသုဘပို့လူအုပ်ကြီးမှ ငိုခြင်းသည်များ
လည်းပါသည်။ ဤလူတို့သည် ဝမ်းနည်းခြင်းနှင့် စာနာခြင်းတရားကိုပြ
သည်။ တစ်ဦးတည်းသောသားကိုဆုံးရှုံးရပြီး မရေရာသောအနာဂတ်နှင့်
အထီးကျန်သောအသက်တာသည် မျှော်လင့်ခြင်းကင်းမဲ့ကာ အလွန်ဝမ်းနည်း
ခြင်းဖြစ်၏။

မြို့ပြင်သို့ အသုဘပို့ရန်ထွက်သွားသောလူစုသည် မြို့တွင်းသို့ဝင်
လာသော အခြားလူတစ်စုနှင့်ဆုံကြသည်။ မြို့ပြင်သို့ထွက်ခွာသွားသော
လူစု၏ရှေ့၊ ခေါင်းထဲ၌သေခြင်းရှိ၏။ မြို့တွင်းသို့လာသောလူစု၏ရှေ့
ဖန်ဆင်းရှင်၌အသက်ရှိ၏။ လူအုပ်စုနှစ်ခုဆုံသည့်အခါ၊ ဝမ်းနည်းခြင်းပြည့်
လျက်ရှိသော မုဆိုးမကိုသခင်ယေရှုတွေ့၏။ "သခင်ဘုရားသည် ထိုမိန်းမ
ကိုမြင်လျှင်၊ သနားခြင်းစိတ်ရှိတော်မူ၍ မငိုနှင့်ဟု မိန့်တော်မူလျက် (လုကာ
၇း၁၃) မငိုရန် အခြားသူတစ်ဦးပြောမည်ဆိုသော်၊ အသုံးဝင်မည်မဟုတ်။
သို့သော် အသက်၏သခင်၊ သခင်ယေရှုသည် ခြားနား၏ "မငိုနှင့်" ဟု
ဆိုသောအမိန့်နောက်၌ သူမ၏ငိုကြွေးခြင်းကို ဖယ်ရှားနိုင်သည့် တန်ခိုး
ရှိ၏။ သခင်ယေရှုသည် ရှေ့သို့လျှောက်ပြီး၊ တလားကိုတို့ကာ၊ လူငယ်
ကိုထလော့ဟု အမိန့်ပေးလိုက်သည်။ တလားကိုတို့ထိခြင်းသည် "မသန့်ရှင်း"
ဟုဆိုရာ ပညတ်တရားကိုချိုးဖောက်သည်ဟု လူမျိုးများအထင်ရှိသည်။
(တော ၁၉း၁၁-၁၃)။ သို့သော် ခရစ်တော်အတွက် သနားကရုဏာသည်
စည်းမျဉ်းများထက် ပို၍အရေးကြီးသည်။ ထိုနောက် လူသားတို့၏လိုအပ်
ချက်များကို ဖြည့်ဆည်းပေးခြင်းသည် စည်းမျဉ်းများကိုနားထောင်သည်ထက်
ပို၍အရေးကြီးသည်။

နာဣနမြို့သည် ကြီးသောနိမိတ်လက္ခဏာတွေ့မြင်ရပြီး အံ့ဖွယ်
ကောင်းသည့်သတင်းစကားကိုလည်း လက်ခံရရှိသည်။ သခင်ယေရှု၏ရှေ့
တော်၌ မိန်းမများသည် ယောက်ျm;များထက်မနည်းဘဲ လေးနက်စွာခံစား
ကြရသည်။ ထိုနောက် သခင်ယေရှုသည် သေခြင်းကိုအနိုင်ရရှိခဲ့သည်။
(လုကာ ၈း၄၁၊၄၂၊ ၄၉-၅၆) ကိုလည်းဖတ်ပါ။ ဤပုံပြင်တွင်
အရေးကြီးသည့်ပုဂ္ဂိုလ်ဖြစ်သော ယာဣရုအကြောင်းကို တွေ့ရှိရ၏။ သူသည်
တရားဇရပ်မှူးဖြစ်သည်။ ဝတ်ပြုခြင်းနှင့်တရားဇရပ်အလုပ်တို့ကို တာဝန်ခံ
ရန်ပုဂ္ဂိလ်ဖြစ်သည်။ ဥပုသ်နေ့တိုင်း၌ ဆုတောင်းခြင်းကိုဦးဆောင်သည့်သူ၊
သမ္မာကျမ်းကိုဖတ်ရန်နှင့် တရားဟောပြောရန် ရွေးချယ်ခံရသောသူဖြစ်သည်။
သူသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသောသူဖြစ်သည်။ သူသည်
သူ၏သမီးကိုချစ်၏။ သူ၏သမီးကိုကုသရန် သခင်ယေရှုထံသို့ အချိန်မဖြုန်း
ဘဲ၊ အချိန်မီရောက်လာသည်။

ဤပုံပြင်များ၌၊ သခင်ယေရှုစကား၏တန်ခိုးကြောင့် သေသော
သားသည် အမိထံသို့လည်းကောင်း၊ သေသောသမီးသည် အဖထံသို့လည်း
ကောင်း ပြန်လည်အသက်ရှင်ယူဆောင်ခဲ့သည်။ ဤအခြင်းအရာတို့ကို
တွေ့မြင်သမျှသောသူတို့အတွက် အဘယ်မျှအံ့ဩဖွယ်ဖြစ်မည်ကို စဉ်းစားပါ။
အထူးသဖြင့် မိဘများအံ့မခန်းဖြစ်၏။ ဤပုံပြင်များသည် ဘုရားသခင်၏
တန်ခိုးအကြောင်း ကျွန်ုပ်တို့ကို ဘယ်ကဲ့သို့ပြောသနည်း။ ထိုတန်ခိုးကို
နားလည်ရန် ကျွန်ုပ်တို့အဘယ်မျှ အကန့်အသတ်ရှိသည်ကို ကျွန်ုပ်တို့ကို
ဘယ်ကဲ့သို့ပြောသနည်း။ ( သိပ္ပံပညာပင်လျှင်၊ ယခုအချိန်၌ ဘယ်ကဲ့သို့
ဖြစ်ပျက်သည်ကို သဲလွန်စ၊ သက်သေခံတစ်စွန်းတစ်စမျှမရှိပါ။) သို့သော်
အရေးကြီးဆုံးအချက်သည် ကျွန်ုပ်တို့ဘယ်ကဲ့သို့သောအခြေအနေ၌ရှိသည်
ဖြစ်စေ၊ ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်တန်ခိုးကို ဘယ်ကဲ့သို့ယုံကြည်
ကိုးစားရန်ဖြစ်သည်။

အင်္ဂါ မေ ၅
ယုံကြည်ခြင်းနှင့်ကျေးဇူးတင်သော
သဘောရှိသည့်မိန်းမများ (လုကာ ၇း၃၆-၅၀)။

(လုကာ ၇း၃၆-၅၀) တွင် ထမင်းပွဲကို အံ့ဩဖွယ်ကောင်းသည့်
ဝိညာဉ်ရေးသင်ခန်းစာအားဖြင့် သခင်ယေရှုသည် လှည့်လိုက်ပြီး အပြစ်ရှိ
သောမိန်းမတစ်ဦးကို ဂုဏ်ပြုရာမြှောက်ခဲ့၏။ ရှိမုန်ဆိုသည့် ဖာရိရှဲတစ်ဦး
သည် သခင်ယေရှုကို မိမိအိမ်၌ထမင်းစားရန် ခေါ်ဖိတ်ခဲ့သည်။ ဧည့်သည်
များနေရာယူပြီးသည့်နောက် အခြင်းအရာတစ်ရပ်ဖြစ်ပွားခဲ့သည်။ "ထိုမြို့၌
ဆိုးသောမိန်းမတစ်ယောက်သည်" (ငယ် ၃၇)။ သခင်ယေရှုထံသို့ချဉ်းကပ်
ပြီးလျှင် အဖိုးတန်သည့်ဆီမွှေးနှင့်ခြေတော်ကိုလိမ်းပြီး "မျက်ရည်ကျလျှင်
မိမိဆံပင်နှင့်သုတ်လေ၏" (ငယ် ၃၈)။

(လုကာ ၇း၃၆-၅၀) ကိုဖတ်ပါ။ မိန်းမ၏ကျေးဇူးတင်သော
လက်ဆောင်နှင့် သူမ၏ယုံကြည်ခြင်းဖြင့် လုပ်ဆောင်မှုကို သခင်ယေရှု
လက်ခံခြင်းသည် ကျွန်ုပ်တို့အတွက် ဘယ်ကဲ့သို့သောသင်ခန်းစာရယူနိုင်
မည်နည်း။

"လူ့အမြင်အားဖြင့် သူမ၏အမှုသည် မျှော်လင့်ခြင်းကင်းမဲ့သည်ဟု
မြင်မည်ဖြစ်၏။ မာရိ၌ ကောင်းသောအရည်အချင်းများရှိသည်ကို ခရစ်တော်
မြင်၏။ သူမ၏ကောင်းသောစရိုက်စာမျက်နှာဘက်ကို သူမြင်သည်။
ကယ်တင်ခြင်းစီမံကိန်းသည် မာရိအတွက် ကြီးစွာသောမျှော်လင့်ခြင်းရှိသကဲ့သို့
လူသားများအတွက်လည်းရှိ၏။ ခရစ်တော်၏ကရုဏာကျေးဇူးတော်ကြောင့်
မာရိသည် ဘုရားရှင်၏စရိုက်ကို ပါဝင်ခွင့်ရသည်။ ခရစ်တော်ရှင်သည်
ထမြောက်ပြီးနောက် မာရိသည် သချုØင်းသို့ပထမဦးဆုံးရောက်ရှိသောသူ
ဖြစ်သည်။ မာရိသည် ကယ်တင်ရှင်ပြန်လည်ထမြောက်ခြင်းကို ဦးစွာကြေညာ
ခဲ့သူဖြစ်သည်။" E. G. White, DA, p. 568  မှ ကောက်နုတ်သည်။

(လုကာ ၈း၄၃-၄၈) တွင် ကြီးစွာသောဝေဒနာခံစားခြင်းအမှုသည်
ကယ်တင်ရှင်၏ကြီးစွာသောကရုဏာကျေးဇူးအကြောင်း ခေါင်းစဉ်ဖြစ်လာ၏။
ကုသခြင်းမပျောက်နိုင်သည့်ရောဂါကို ဤမိန်းမခံစားနေရသည်မှာ ကြာမြင့်
ပြီဖြစ်၏။ သူမ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပြီးဖြစ်၏။
တစ်ဆယ့်နှစ်နှစ်အကြာ ဝမ်းနည်းခြင်းခံစားရပြီးနောက်၊ မျှော်လင့်ခြင်း
အလင်းရောင်အနည်းငယ်သန်းလာ၏။ သူမသည် "ယရှု၏သတင်းကို
ကြား၏" (မာကု ၅း၂၇)။

သူမဘာကိုကြားသနား။ ဘာကြားသည်ကိုကျွန်ုပ်တို့မသိပါ။
အနည်းငယ် သို့တည်းမဟုတ် အများကြီးလားဆိုသည်မှာမသိပါ။ သို့သော်
သခင်ယေရှုသည် ဆင်းရဲသားများအား ဂရုစိုက်သည်ကိုသူမသိ၏။ နူနာစွဲ
သူတို့ကိုသူကိုင်တွယ်၏။ ရေကိုစပျစ်ရည်အဖြစ်ပြုလုပ်သည်ကို သူမသိ၏။
အခြားသူများလက်မခံသောသူတို့ကို သူလက်ခံသည်ကို သူမသိ၏။ ထို့အပြင်
သူသည် မျှော်လင့်ခြင်းကင်းမဲ့သောသူတို့ကို ဂရုစိုက်၏။ သူမသည်
မျှော်လင့်ခြင်းကင်းမဲ့သူတစ်ဦးဖြစ်၏။ သို့သော် ကြားရုံမျှနှင့်မလုံလောက်။
ကြားခြင်းသည် ယုံကြည်ခြင်းသို့ပို့ဆောင်ရမည်။ (ရောမ ၁ဝး၁၇)။ ထို
ယုံကြည်ခြင်းသည် သူ၏ဝတ်ရုံအနားကိုတို့ထိရန် ရိုးသားသည့်အပြုအမူသို့
ပို့ဆောင်ခဲ့၏။ ထိုတို့ထိခြင်းသည် ယုံကြည်ခြင်းရှိရန်လိုအပ်သည်။ ထိုသို့
သောယုံကြည်ခြင်းသာလျှင် အသက်ပေးပိုင်ရှင်၏ကောင်းချီးမင်္ဂလာကို
လက်ခံရရှိမည်ဖြစ်၏။ "သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေ
ပြီ" (လုကာ ၈း၄၈)။

သူတစ်ပါးကိုကြည့်ပြီး ဝေဖန်စီရင်ရသည်မှာ၊ အလွန်ပင်လွယ်ကူ
သည်မဟုတ်လော။ ကျွန်ုပ်တို့မပြောသော်လည်း စိတ်ထဲ၌ ကျွန်ုပ်တို့စီရင်
နေ၏။ အလွန်မှားသောအရာဖြစ်သည်။ သူတို့၏အခြေအနေ၌ ကျွန်ုပ်တို့
ရှိနေသော် ဘယ်ကဲ့သို့လုပ်မည်ကို သိမည်မဟုတ်သည့်အတွက်၊ သူတစ်ပါး
ကိုစီရင်ခြင်းအရာကို ရပ်ဆိုင်းဖို့ဘယ်ကဲ့သို့သင်ကြားရယူမည်နည်း။

ဗုဒ္ဓဟူး မေ ၆
သခင်ယေရှုနောက်လိုက်သောအမျိုးသမီ
းတချို့ (လုကာ ၁ဝး၃၈-၄၂)။

(လုကာ ၁ဝး၃၈-၄၂) ကိုဖတ်ပါ။ မည်သည့်ဝိညာဉ်ရေးဖြောင့်မတ်
ခြင်းတရားများ ဤပုံပြင်မှသင်ကြားရယူနိုင်မည်နည်း။ (လုကာ ၈း၁၄)
ကိုဖတ်ပါ။

အိမ်ရှင်အဖြစ်မာသသည် "လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်း
ရှိသဖြင့်" (လုကာ ၁ဝး၄၀)။ ဧည့်သည်များအတွက် အကောင်းဆုံး
ကျွေးမွေးရန် သူမသည် အလုပ်များနေခြင်းဖြစ်သည်။ သို့သော် "မာရိသည်
ယေရှု၏ခြေတော်ရင်း၌ထိုင်၍ စကားတော်ကိုနားထောင်လျက်နေ၏"
(ငယ် ၃၉)။ မာသသည် သူမတစ်ယောက်တည်းအလုပ်လုပ်ရသည်အတွက်
မကျေနပ်ဘဲညည်းတွားပြီး သခင်ယေရှုကိုတိုင်ပြောသည်။ သခင်ယေရှုသည်
လူများအားပြုစုရန်၊ အလုပ်များရန်ရွေးချယ်ခြင်းကို မာသအားမဆူပါ။ သို့သော်
အသက်တာ၌အရေးကြီးဆုံးအရာကို ဦးစားပေးရန်လိုအပ်ကြောင်း ညွှန်ပြ
သည်။ မိတ်သဟာယဖွဲ့ခြင်းအရာသည် နောက်မှလာနိုင်သည်။ သခင်ယေရှု
နှင့်မိတ်သဟာယဖွဲ့ခြင်းသည် တပည့်တော်ဖြစ်ခြင်းအရာ၌ အရေးအကြီးဆုံး
ဖြစ်သည်။

"ခရစ်တော်၏အမှုတော်သည် အလုပ်ကိုသေချာပြီးကြိုးစားလုပ်သော
လုပ်သားများလိုသည်။ မာသများအတွက် တက်ကြွသည့်ဘာသာရေးလုပ်ငန်း
များအတွက် လုပ်ကွက်များစွာရှိသည်။ သို့သော် ဦးစွာမာရိနှင့်အတူသခင်ယေရှု
ခြေတော်ရင်း၌ထိုင်ပါစေ။ ခက်ခဲသောအလုပ်များနှင့် ခွန်အားများကို
ခရစ်တော်၏ကျေးဇူးတော်တန်ခိုးနှင့် သန့်ရှင်းပါစေ။ ထိုနောက် အသက်တာ
သည် အကောင်းအတွက်မရှုံးနိမ့်နိုင်သော တန်ခိုးဖြစ်မည်ဖြစ်၏။"
E. G. White, DA, p. 525.

(လုကာ ၈း၁-၃။ လုကာ ၂၃း၅၅၊၅၆ နှင့် လုကာ ၂၄း၁-၁၂)
ကိုဖတ်ပါ။ ခရစ်တော်၏အမှုတော်၌ အမျိုးသမီးများသည် မည်သည့်အလုပ်
ကိုလုပ်ဆောင်ကြောင်း ဤကျမ်းပိုဒ်များကပြောသနည်း။

သခင်ယေရှု၏လုပ်ငန်းသည် တိုးတက်လာသည့်အခါ၊ "ကိုယ်တော်
သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်
နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏" (လုကာ ၈း၁)။ သူနှင့်
အတူ တပည့်တော်တစ်ကျိပ်နှစ်ပါးရှိ၏။ သူ၏သွန်သင်ချက်များဖြင့်တို့ထိပြီး
ရောဂါကိုငြိမ်းစေခဲ့သည့် အချို့သောမိန်းမတို့၏တန်ခိုးကြီးသောသက်သေခံ
ချက်များကိုလည်း ရှင်လုကာမှတ်တမ်းတင်ခဲ့သည်။ ချမ်းသာသောအမျိုးသမီး
များသည်လည်း သူ၏တိုးပွားနေသောအမှုတော်နောက်သို့ ပါဝင်လိုက်လျှောက်
သည်။ အချို့သောမိန်းမများကို လုကာဖော်ပြရာ၌၊ (၁) နတ်ဆိုးစွဲသော
မာဂဒလဟု ခေါ်သောမာရိအပါအဝင် ရောဂါငြိမ်းစေခဲ့သော မိန်းမတချို့၊
(၂) ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား ယောဟန္န၊ (၃) ရှုရှန္နနှင့်
(၄) မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကိုလုပ်ကျွေးသောအခြားမိန်းမအများ
ပါကြ၏။ (ငယ် ၃)။

လူသားတိုင်းအတွက် သခင်ယေရှုသည် အသေခံခဲ့သည်ကို ကျွန်ုပ်တို့
သိသည်။ ဤအရာသည် လူတိုင်းက ဘုရားသခင်အရှေ့၌ တူညီသည်ကို
ကျွန်ုပ်တို့နားလည်ရန်ကူညီသည်။ ဤမှန်သောသဘောတရားကို ကျွန်ုပ်တို့
သည် အခြားသူတစ်ပါးကို ဘယ်ကဲ့သို့ပြသနည်း။ သူတစ်ပါးကို ကျွန်ုပ်တို့
ကအထင်မသေးအောင်၊ ဘယ်ကဲ့သို့သေချာအောင် ပြုလုပ်မည်နည်း။

ကြာသပတေး မေ ၇
ဆုတောင်းခြင်း၌သစ္စာရှိခြင်း။ ဆက်ကပ်လျက်ပေးကမ်းခြင်း (လုကာ ၁၈း၁-၈)။


သခင်ယေရှုသည် မုဆိုးမနှစ်ဦးဖြင့် အရေးကြီးသည့်ဝိညာဉ်ရေး
ဖြောင့်မတ်ခြင်းတရားကို သွန်သင်ရန်ပြသည်ကို ရှင်လုကာဖော်ပြထားသည်။

ပထမ အမှုတွင်၊ ဆင်းရဲပြီးအာဏာမရှိသည့် မုဆိုးမတစ်ဦးသည်
တရားမျှတစွာစီရင်ရန် တန်ခိုးကြီးပြီးအာဏာရှိသည့် တရားသူကြီးနှင့်ရင်ဆိုင်
ရသည်။ သူမသည် မတရားသောပြစ်မှု၏သားကောင်ဖြစ်သည်။ သူမသည်
တရားဥပဒေနှင့်တရားမျှတမှုကို ယုံကြည်သူဖြစ်သည်။ သို့သော် တရားသူ
ကြီးသည် လူနှင့်ဘုရားကိုဆန့်ကျင်သောသူဖြစ်သည်။ ထိုကြောင့် သူသည်
မုဆိုးမကိုကူညီရန် အရေးမစိုက်ပါ။ မုဆိုးမတို့ကို ဂရုပြုခြင်းသည် သမ္မာ
ကျမ်း၏တောင်းခံချက်ဖြစ်သည်။ (ထွက် ၂၂း၂၂-၂၄။ ဆာလံ ၆၈း၅။
ဟေရှာ ၁း၁၇)။ သို့သော် တရားသူကြီးသည် ဥပဒေကိုလိုက်နာရန်
ရွေးချယ်ခြင်းမပြု။ သို့သော် ထိုမုဆိုးမ၌ လက်နက်တစ်ခုရှိသည်။ သည်းခံ
ခြင်းဖြစ်သည်။ သူမသည် ထိုလက်နက်ဖြင့် တရားသူကြီးကို အင်အားကုန်
ခန်းစေ၍ တရားမျှတစွာစီရင်ခြင်းကိုရ၏။

ဤသင်ခန်းစာပုံပြင်သည် အရေးကြီးသည့်အချက် (၃) ချက်ကို
သွန်သင်သည်။ (၁) အားမလျော့ဘဲကြိုးစားဆုတောင်းရမည်။ (လုကာ ၁၈း၁)၊
(၂) ဆုတောင်းခြင်းသည် အရာခပ်သိမ်းကိုပြောင်းလဲစေသည်၊ ဆိုးယုတ်
သောတရားသူကြီး၏နှလုံးသားကို ပြောင်းလဲစေသည်၊ (၃) တည်ကြည်
သောယုံကြည်ခြင်းသည် အောင်မြင်သောယုံကြည်ခြင်းဖြစ်သည်။ ခရစ်ယာန်
တိုင်းအတွက်၊ စစ်မှန်သောယုံကြည်ခြင်း၌ ထာဝရဥာဏ်ပညာရှိ၏။ အရှုံး
မပေးနှင့်။ အပြီးသတ်အောင်မြင်ခြင်းရရှိရန် ]]လူသားသည်ကြွလာ}} သည်
တိုင်၊ စောင့်ရငြားသော်လည်း စောင့်ခြင်းကိုဆိုလိုသည်။ (ငယ်၈)။

ဒုတိယ အမှုတွင် (လုကာ ၂၁း၁-၄။ မာကု ၁၂း၄၁-၄၄)။
ဗိမာန်တော်ဝန်းကျင်ရှိ မျက်နှာနှစ်ဖက်လှဘာသာရေးခေါင်းဆောင်များအား
ဝေဖန်ပြောဆိုပြီးစအချိန်၌ဖြစ်သည်။ ထိုနောက် အလွန်ခြားနားသည့်အချက်
ကို သူညွှန်ပြလိုက်သည်။ စစ်မှန်သည့်ဘာသာရေးကိုပြသည့် မုဆိုးမဖြစ်
သည်။ "သူတို့သည် မုဆိုးမအိမ်ကိုလုယူသိမ်းစား" သောသူများဖြစ်သည်ဟု
ဘာသာရေးခေါင်းဆောင်တို့အား သခင်ယေရှုဖော်ပြသည်။ (လုကာ ၂ဝး၄၇)။
ထိုနောက် မုဆိုးမများနှင့် သူဆင်းရဲတို့အားပြုစုသော သမ္မာကျမ်း၏စည်းမျဉ်း
ကိုလည်း ချိုးဖောက်ကြသည်။ ထိုစဉ်အခါက၊ များစွာသောသူတို့သည်
ဘာသာတရားရှိသည့်အသွင်ဖြင့် သာ ပေးကမ်းကြသည်။ ပိုလျှံသည့်
၎င်းတို့၏ငွေများမှပေးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဤကဲ့သို့ပေးခြင်းဖြင့်
၎င်းတို့၏ကိုယ်ပိုင်ဆက်ကပ်မှု ဘာမျှပါဝင်ခြင်းမရှိဖြစ်သည်။ ယနေ့လူတို့
သည်လည်း ဤကဲ့သို့ပင်ခြားနားခြင်းမရှိ။

ပြည့်စုံသည့်ပုံပမာအဖြစ် မုဆိုးမကိုကြည့်ရန် သခင်ယေရှုက ၎င်း၏
တပည့်များကိုပြောသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ၎င်း၌ရှိသမျှ
ကိုပေးခြင်းကြောင့်ဖြစ်သည်။

ပထမအုပ်စု၏အကြောင်းပြချက်ကား သူများအထင်ကြီးအောင်
ဗန်းပြခြင်းသာဖြစ်သည်။ မုဆိုးမ၏အကြောင်းပြချက်ကား၊ ဘုရားသခင်၏
ဂုဏ်တော်ကိုချီးမွမ်းခြင်းနှင့် ဆက်ကပ်ခြင်းဖြစ်သည်။ မုဆိုးမသည် ဘုရားရှင်
၏ပိုင်ဆိုင်မှုကိုသိပြီး သူမ၌ရှိသမျှ၊ ကြေးနီဒင်္ဂါးနှစ်ပြားကို "သွင်းချ"
လိုက်သည်။ (လုကာ ၂၁း၂)။ သူမ၏စိတ်သဘောထားသည် မှန်ကန်သည့်
အတွက် သခင်ယေရှုသူမအားချီးမွမ်း၏။ အရာခပ်သိမ်းကိုမြင်နိုင်သည့်
ဖန်ဆင်းရှင်၏မျက်စိ၌ အရေးကြီးဆုံးအချက်သည် ကျွန်ုပ်တို့ပေးခြင်းမဟုတ်၊
အဘယ်ကြောင့် ကျွန်ုပ်တို့ပေးခြင်းသာဖြစ်သည်။ ကျွန်ုပ်တို့အဘယ်မျှပေးခြင်း
ကားမဟုတ်၊ ကျွန်ုပ်တို့၏ဆက်ကပ်ခြင်း၏အတိုင်းတာသာဖြစ်သည်။
သူတစ်ပါး၏ကောင်းကျိုးအတွက်နှင့် ဘုရားသခင်၏အမှုတော်အတွက်
သင်မည်မျှဆက်ကပ်လှူဒါန်းသနည်း။

သောကြာ မေ ၈
ထပ်ဆင့်လေ့လာရန်။


"ကပ်တိုင်ပေါ်၌ ဝေဒနာပြင်းထန်စွာခံစားနေရချိန်၌ သခင်ယေရှုသည်
သူ၏မိခင်ကို သတိရသည်။ ဝမ်းနည်းငိုကျွေးလျက်ရှိသော မိန်းမများကို
ကိုယ်ရောင်ပြပြီး ကယ်တင်ရှင်ထမြောက်ခြင်းသတင်းကို ဦးစွာဖြန့်ဝေသော
သူများအဖြစ် အသုံးပြုခဲ့သည်။ ဤသခင်ယေရှုပင်၊ ယနေ့မိန်းမတို့၏
အကောင်းဆုံးမိတ်ဆွေဖြစ်ပြီး အသက်တာအစိတ်အပိုင်းအားလုံး၌ ကူညီရန်
အသင့်ရှိ၏" E. G. White, The Adventist Home, p. 204.

"သခင်ဘုရားသည် ယောက်ျm;များကိုသာမဟုတ်ဘဲ၊ မိန်းမများ
အတွက်အလုပ်ရှိသည်။ သူ၏အလုပ်၌၊ အရေးကြီးသောအချိန်၌၊ သူတို့
လုပ်ရမည့်နေရာ၌ နေရာယူထားမည်ဖြစ်၏။ သူသည်လည်း သူတို့မှတစ်ဆင့်
အလုပ်လုပ်မည်ဖြစ်၏။ သူမတို့၏အလုပ်နှင့်တာဝန်သည် သန့်ရှင်းသော
ဝိညာဉ်တော်၏ဩဇာအောက်၌ရှိသည်ကို ၎င်းတို့ကသိလျှင်၊ သူ၏အမှုတော်
၌ လိုအပ်သောအရာခပ်သိမ်းတို့ကို ရရှိမည်ဖြစ်၏။ ၎င်းတို့၏ကိုယ်ကို
ဆက်ကပ်သော ဤအမျိုးသမီးများတို့ကိုလည်း ကယ်တင်ရှင်သည် သူ၏
အမှုတော်၌ အလင်းများအဖြစ်မှတ်ယူမည်ဖြစ်၏။ ထိုနောက် ယောက်ျား
များထက်သာလွန်သောတန်ခိုးကို သူတို့အားပေးမည်ဖြစ်၏။ အိမ်ထောင်မှု
ရေးရာများ၌ ယောက်ျားများမပြုလုပ်နိုင်သောအလုပ်တို့ကို မိန်းမများလုပ်နိုင်
၏။ ဤအလုပ်သည် အသက်တာ၏အတွင်းပိုင်းအထိရောက်သည်။
ယောက်ျm;များအလှမ်းမမီသော နှလုံးသားများသို့ ၎င်းတို့က နီးကပ်စွာလာ
နိုင်သည်။ ၎င်းတို့၏အလုပ်သည် အရေးပါပြီးလိုအပ်သည်။" E. G. White,
Evangelism, pp. 464, 465 မှကောက်နုတ်သည်။
-၀-