Friday, April 10, 2015

သင်ခန်းစာ ၃။ သခင်ယေရှုသည်အဘယ်သူနည်း (Text)

https://www.youtube.com/watch?v=ONwKQsWe4z0

အလွတ်ကျမ်းချက်
"သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု
မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏
ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏" (လုကာ ၉း၂၀)။


သခင်ယေရှုခရစ်သည် အဘယ်သူဖြစ်သနည်း။ ဤမေးခွန်းသည်
ဖုံးကွယ်မှုလှည့်ကွက်မဟုတ်။ လူသားများသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း
ဗဟိုချက်မထိသည့် မေးခွန်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ လူသား
များ၏အနာဂတ်သည် ဘယ်ကဲ့သို့ဖြစ်မည်ဆိုသည့်အချက်ဖြစ်သည်။
လူတို့သည် သခင်ယေရှု၏အလုပ်ကို အံ့ဩနှစ်သက်၏၊ သူ၏
စကားတို့ကိုဂုဏ်ပြု၏၊ သူ၏သည်းခံစိတ်ကိုချီးကျူး၏၊ သူ၏ငြိမ်သက်ခြင်း
သဘောကိုထောက်ခံ၏၊ သူ၏ရဲရင့်ခြင်းကိုလေးစား၏၊ သူ၏တစ်ကိုယ်
ကောင်းမဆန်မှုဖြင့် စိတ်တွင်စွဲမှတ်စေပြီး၊ သူ၏အသက်ကို ရက်စက်စွာ
အဆုံးသတ်ခြင်းဖြင့် တုန်လှုပ်ချောက်ချားခဲ့၏။ များစွာသောသူတို့သည်
သခင်ယေရှုကို အမှန်တရားကြိုးစားလုပ်ဆောင်သော လူကောင်းတစ်ယောက်
အနေဖြင့်သော်လည်းကောင်း၊ လူတိုင်းကိုတရားမျှတမှုရှိခြင်းဖြင့်လည်းကောင်း၊
ဖျားနာခြင်းဝေဒနာရှိလျှင် ကုသပေးရန်ကမ်းလှမ်းခြင်းဖြင့်လည်းကောင်း၊
ဝေဒနာများခံစားရသည့်နေရာ၌ နှစ်သိမ့်အားပေးခြင်းသော်လည်းကောင်း
လက်ခံကြရန်အသင့်ရှိကြသည်။

ဟုတ်မှန်၏။ သခင်ယေရှုသည် အကောင်းဆုံးဆရာ၊ ပုန်ကန်သူ၊
အကောင်းဆုံးခေါင်းဆောင်၊ လူတစ်ဦး၏စိတ်ကို နက်ရှိုင်းစွာစူးစမ်းလေ့လာ
သည့် စိတ်ပညာရှင်တို့အဖြစ်၊ ကောင်းစွာနားလည်နိုင်မည်ဖြစ်သည်။ ဤ
အရာအားလုံးထက် သူသည်သာလွန်၏။
သို့သော်၊ ဤအရာအားလုံးတို့သည်၊ သခင်ယေရှုကိုယ်တော်တိုင်
မေးသည့်မေးခွန်း၏အဖြေသို့ တစ်ခုမျှမရရှိ။ "သင်တို့လည်း ငါ့ကိုဘယ်သူ
ဖြစ်သနည်းဟု ဆိုကြသနည်း" (လုကာ ၉း၂၀)။
အဖြေရရှိရန် လိုအပ်သည့်မေးခွန်းဖြစ်သည်။ အဖြေအပေါ် လူသား
တို့၏အနာဂတ်သည် အမှီပြုလျက်ရှိသည်။


တနင်္ဂနွေ ဧပြီ ၁၂
လူတို့သည်သခင်ယေရှုကိုဘယ်ကဲ့သို့ထင်ကြသနည်း (လုကာ ၄း၁၆-၃၀)။

ခရစ်ဝင်ကျမ်းများနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးကိုဖတ်ပါ။ ဤကျမ်း
များထဲ၌ သခင်ယေရှုသည် ဘယ်သူဘယ်ဝါဖြစ်ပြီး၊ မည်သည့်အရာများကို
မယုံနိုင်လောက်အောင် လုပ်ဆောင်သည်ကို တွေ့ရှိနိုင်သည်။ သူသည်
ဘုရားသခင်ဖြစ်ကြောင်း၊ သူတစ်ဦးတည်းသာလျှင် ထာဝရအသက်လမ်း
ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်ကြောင်း ပြောဆိုကြသည်။
ဤပြောဆိုမှုတို့သည် ကျွန်ုပ်တို့၏အနီးကပ်အာရုံစိုက်မှုကို လိုအပ်သည်၊
အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူသားတိုင်းအတွက် ထာဝရအသက်
(သို့မဟုတ်) သေခြင်းအကြောင်းကြောင့်ဖြစ်သည်။

(လုကာ ၄း၁၆-၃၀) ကိုဖတ်ပါ။ အဘယ်အကြောင်းကြောင့် လူတို့
သည် ဤကဲ့သို့ပြုလုပ်ကြသနည်း။ (ယော ၃း၁၉) ကိုလည်းဖတ်ပါ။
သခင်ယေရှုနေရပ်ရှိ မြို့သူမြို့သားများသည် သူ့အားဦးစွာတွေ့ရာ
၌၊ ရင်ခုန်ပြီးဝမ်းမြောက်ကြသည်။ သူသည် များစွာသောအံ့ဩဖွယ်ကောင်း
သည့် နိမိတ်လက္ခဏာများကိုပြုလုပ်ပြီး ယခုနာဇရက်မြို့သို့ ပြန်လာနေသည်။

သူတို့သည် "တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩချီးမွမ်း
လျက်" ရှိ၏။ (လုကာ ၄း၂၂)။ သို့သော် သူသည် ၎င်းတို့အား ဆုံးမ
ဩဝါဒပြောသည့်အခါ သူတို့သည် အနုတ်သဘောဖြင့် ပြန်လည်တုံ့ပြန်၏။
(လုကာ ၇း၁၇-၂၂) ကိုဖတ်ပါ။ သခင်ယေရှုအကြောင်း ယောဟန်
၏အမေးကားအဘယ်နည်း။ အဘယ်ကြောင့် သူမေးမြန်းရသနည်း။
သခင်ယေရှုလမ်းကိုပြင်ဆင်ပြီး သူ့ကို "ဘုရားသခင်၏သိုးသငယ်"
ဟုခေါ်သော ဗတ္တိဇံယောဟန်ပင်လျှင် စိတ်ထဲ၌သံသယရှိနေသည်။ ဗတ္တိဇံ
ယောဟန်သိလိုသည်မှာ "ကိုယ်တော်သည် ကြွလာသောသူမှန်သလော၊
သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော" (လုကာ ၇း၁၉)။
သခင်ယေရှုသည် ဗတ္တိဇံယောဟန်၏မေးခွန်းကို တိုက်ရိုက်ပြန်လည်
ဖြေကြားခြင်းမရှိသည်ကို သတိပြုပါ။ ထိုသို့ပြုမည့်အစား သူသည် သက်သေ
အဖြစ် သူ၏လုပ်ဆောင်ချက်များကို ညွှန်ပြသည်။ "မျက်စိကန်းသောသူ
တို့သည် မျက်စိမြင်ကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားကြ၏။
နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြ၏။ သေသောသူတို့သည်
ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်
စရာသတင်းကြားရကြ၏" (ငယ် ၂၂)။ ဗတ္တိဇံယောဟန်၏မေးခွန်းကို
သခင်ယေရှုတိုက်ရိုက်ဖြေကြားရန်မလိုဟု ငြင်းခုံပြောဆိုလို့ရသည်။
သခင်ယေရှုလုပ်ဆောင်ချက်များသည် များစွာသောသက်သေအဖြစ် သူသည်
ဘယ်သူဖြစ်သည်ကိုပြ၏။

တစ်နည်းအားဖြင့်၊ ခရစ်တော်ပေးသည့်အဖြေသည် ယောဟန်ကို
အနည်းငယ်ပူပန်စိတ်ဖြစ်စေမည်ဖြစ်၏။ "အကယ်၍ သခင်ယေရှုသည်
ဤအံ့ဩဖွယ်ကောင်းသောအရာများကိုပြုလုပ်ရန် တန်ခိုးအာဏာရှိပါက၊
ငါကအဘယ်ကြောင့် အကျဉ်းထောင်ထဲမှာ ဆွေးမြေ့နေရမှာလဲ" ဟု
ယောဟန်တွေးတောမည်ဖြစ်သည်။ "အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့
တန်ခိုးများရှိခဲ့သော်၊ ငါကအဘယ်ကြောင့် ဒီလိုဖြစ်နေရတာလဲ" "ဘာကြောင့်
ကပ်တိုင်နှင့်ကတိတော်များသာလျှင် ငါတို့ရဲ့အဖြေဖြစ်ရတာလဲ" ဟု မေးမည့်
သူများလည်းရှိမည်ဖြစ်၏။


တနင်္လာ ဧပြီ ၁၃
ဘုရားသခင်၏သားတော် (လုကာ ၁း၃၁၊၃၂၊၃၅)။

သခင်ယေရှုသည် ဘယ်သူဖြစ်သည်ကို "လူသား" နှင့်
"ဘုရားသခင်၏သားတော်" ဟုနာမည်နှစ်မျိုးဖြင့် အသုံးပြုထားသည်။
ပထမအမည်သည် ဘုရားကိုလူသားအဖြစ် တွေ့မြင်ရသည်။ ဒုတိယအဖြစ်၊
ထာဝရဘုရားသခင် (သုံးပါးတစ်ဆူ) ၏ဒုတိယပုဂ္ဂိုလ်အဖြစ် တွေ့မြင်ရ
သည်။ ဤနှစ်ပိုင်းသည် အတူတကွ၊ သခင်ယေရှုခရစ်၏အံ့ဩဖွယ်လက္ခဏာ
အကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။ သို့သော် ဤ
နားလည်ရန်ခက်သော သဘောတရားသည် သခင်ယေရှု လူ-ဘုရားအဖြစ်
ကျွန်ုပ်တို့ကို ကြီးစွာသောမျှော်လင့်ခြင်းကို ကမ်းလှမ်းသည့် အံ့ဩဖွယ်ကောင်း
လှသော ဖြောင့်မတ်ခြင်းတရားကို ဆွဲယူသွားမည်မဟုတ်ပါ။
(လုကာ ၁း၃၁၊၃၂၊၃၅ နှင့် လုကာ ၂း၁၁) ကိုဖတ်ပါ။ သခင်ယေရှု
သည် အမှန်တကယ်ဘယ်သူဖြစ်သည်ကို ဤကျမ်းပိုဒ်များကပြောသနည်း။
(လုကာ ၁း၃၁၊၃၂) တွင်၊ ကောင်းကင်တမန်သည် "ယေရှု"
နာမည်ကို "ကြီးမြတ်သောသူ" သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရ
အရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်ဟုဆိုသည်။ ယေရှုသည်
ဘုရားသခင်၏သားတော်ဖြစ်သည်။ သူသည် ခရစ်တော်၊ မေရှိယ (ရွေးချယ်
ခြင်းခံရသူ) ဖြစ်ပြီး၊ ဒါဝိဒ်၏ရာဇပလ္လင်ကို ပြန်လည်တည်ထောင်သောသူ
ဖြစ်မည်။ သူသည် လောက၏ဘုရင်မျှသာမဟုတ်၊ ထာဝရဘုရား၏ပလ္လင်
ကိုခိုးယူရန် ကြိုးစားသောစာတန်၏အမှုကို လုံးဝရှုံးနိမ့်စေမည့်သူဖြစ်
သည်။ သိုးထိန်းများကို နွားစားခွက်ထဲရှိ သူငယ်ယေရှုကိုကြေညာရာ၌၊
"သခင်ခရစ်တော်တည်းဟူသောကယ်တင်ရှင်" ဟု ပြောဆိုခဲ့သည်။
(လုကာ ၂း၁၁)။

တစ်ချိန်တည်း၌ပင်၊ "ဘုရားသခင်၏သားတော်" ဆိုသည့်
ဂုဏ်ပုဒ်သည် ထာဝရဘုရားသခင် (သုံးပါးတစ်ဆူ) ၌၊ ခရစ်တော်၏နေရာ
ကို ထောက်ခံခြင်းဖြစ်သည်။ ဤဂုဏ်ပုဒ်သည်၊ လောက၌ရှိစဉ် သူသည်
ခမည်းတော်ဘုရားနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိသည်ကိုလည်းပြသည်။
သို့သော် ခမည်းတော်နှင့်သားတော်၏ဆက်ဆံရေးသည် ကျွန်ုပ်
တို့နှင့် ဘုရားသခင်စပ်ကြားဆက်ဆံရေးကဲ့သို့မဟုတ်။ ကျွန်ုပ်တို့၏ဆက်ဆံ
ရေးသည် ဖန်ဆင်းရှင်နှင့်ကယ်တင်ရှင်အဖြစ် ခရစ်တော်၏ဆောင်ရွက်
ချက်၏ရလဒ်ကြောင့်ဖြစ်သည်။ သို့သော် သားတော်အဖြစ် ခမည်းတော်နှင့်
ဆက်ဆံခြင်းသည် ထာဝရတွဲဖက်အဖော်ဖြင့် သုံးပါးတစ်ဆူညီတူအဆင့်
ဖြစ်သည်။ သုံးပါးတစ်ဆူအပိုင်းအနေဖြင့်၊ သခင်ယေရှုသည် အဖခမည်း
တော်ဘုရားနှင့် အနီးကပ်နိုင်ဆုံးဆက်ဆံမှုဖြင့် ထားရှိသည်။
"ကောင်းကင်ဘုံ၌ရှိတော်မူသောအဘ" ဟု သခင်ယေရှုပြောရာ၌၊
သူသည် လူသားအဖြစ်ရှိနေစဉ် သူ၏တပည့်တော်များနှင့်အတူတကွရှိကြောင်း
ကို သတိရစေရန်ဖြစ်သည်။ သူတို့၏စုံစမ်းသွေးဆောင်မှုများကို မျှဝေခံစား
သူ၊ ၎င်းတို့၏ဝေဒနာများကို ကြင်နာသနားသူဖြစ်၏။ သို့သော် သူသည်
သုံးပါးတစ်ဆူဘုရားရှင်အနေဖြင့် ထာဝရခမည်းတော်၏ပလ္လင်နှင့်ဆက်နွှယ်
လျက်ရှိသည်။" EGWhite DA. p.၄၄၂ မှကောက်နုတ်သည်။
သခင်ယေရှုဘုရားဖြစ်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘယ်ကဲ့သို့
အနက်ရှိသနည်း။ ဤဖြောင့်မတ်ခြင်းတရားသည် အနက်များစွာပြည့်လျက်
ရှိမည်ဖြစ်၏။ သို့သော် အံ့ဩဖွယ်အကောင်းဆုံးအရာသည် ဘုရားအဖြစ်
သခင်ယေရှုသည် လူသားများအတွက် မိမိကိုယ်ကိုပူဇော်အပ်နှံရန် မိမိကိုယ်
ကိုနှိမ့်ချခြင်းပင်ဖြစ်သည်။ ဤနေရာ၌ ဘုရားရှင်အကြောင်း ပြောနေခြင်း
ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းတရားသည် ဘုရားရှင်ကဘယ်သူဖြစ်သည်ကို
ပြောခြင်းအားဖြင့် ကျွန်ုပ်တို့ကို မည်သည့်အံ့ဩဖွယ်ကောင်းလှသော
မျှော်လင့်ခြင်းကိုပေးသနည်း။

အင်္ဂါ ဧပြီ ၁၄
လူသား (လုကာ ၆း၅)။

သခင်ယေရှုသည် ဘုရားသခင်၏သားတော်နှင့် တစ်ချိန်တည်းမှာ
လူသားဖြစ်ကြောင်းကို အပြည့်အဝသိရှိသည်။ (လုကာ ၂၂း၆၇-၇၀)။ သို့သော်
မိမိကိုယ်ကို လူသားဟုခေါ်ဆိုရန်နှစ်သက်သည်။ မည်သူတစ်ဦးတစ်ယောက်
မျှ သူ့ကိုဤကဲ့သို့ခေါ်ခြင်းမရှိပါ။ သာဓကအားဖြင့် ဤဂုဏ်ပုဒ်ကို အခြား
နေရာ၌ သတေဖန်၏ဟောပြောချက်၌လည်းကောင်း၊ (တမန် ၇း၅၆)
ထိုနောက် ဗျာ ၁း၁၃ နှင့် ဗျာ ၁၄း၁၄ ၌သာ တွေ့ရှိရသည်။ သို့သော်
ခရစ်ဝင်ကျမ်းများ၌ အကြိမ် (၈၀) နှင့် လုကာခရစ်ဝင်ကျမ်းတွင် အကြိမ်
(၂၅) ကြိမ် ဖော်ပြထားသည်ကို တွေ့ရ၏။ ရှင်လုကာ ဤစကားရပ်ကို
အသုံးပြုခြင်းသည် ကယ်တင်ခြင်းသတင်းကောင်းကိုဟောကြားရန် ဘုရားသခင်
သည် သခင်ယေရှုကို လူအဖြစ်စေလွှတ်ခြင်းအပေါ် သူအလေးအနက်အာရုံစိုက်
ခြင်းကို ပြခြင်းဖြစ်သည်။

"လူသားအဖြစ် ဘုရားရှင်၏သားတော်သည် ကျွန်ုပ်တို့အတွက်
အရာခပ်သိမ်းဖြစ်၏။ ဤအရာသည် ကျွန်ုပ်တို့၏ဝိညာဉ်နှင့်ခရစ်တော်ကို
လည်းကောင်း၊ ခရစ်တော်မှတစ်ဆင့် ဘုရားရှင်နှင့်၎င်းချည်နှောင်ထားသော
ရွှေသံကြိုးဖြစ်သည်။ ဤအချက်သည် ကျွန်ုပ်တို့လေ့လာစရာဖြစ်၏။
ခရစ်တော်သည် လူစင်စစ်ဖြစ်သည်။ လူဖြစ်ရန်နှိမ့်ချဖို့အလိုရှိကြောင်းကို
သူသက်သေပေးခဲ့သည်။ သို့သော် သူသည် လူသားဘ၀၌ဘုရားလည်း
ဖြစ်သည်။" E. G. White, Selected Messages book 1, p. 244 မှ
ကောက်နုတ်သည်။
"လူသား" ဟုအသုံးပြုရာ၌၊ သခင်ယေရှုသည် လူသားအသွင်ဖြင့်
သူ၏သဘာဝ၊ လုပ်ငန်းနှင့်အနာဂတ်ကို ခြားနားသည့်အမြင်အမျိုးမျိုးကို
တင်ပြခြင်းဖြစ်သည်။

၁။ ဤဂုဏ်ပုဒ်သည် လောက၏ဂုဏ်ဒြပ်များမရှိဘဲ လူသားအဖြစ်
ပြခြင်းဖြစ်သည်။ (လုကာ ၇း၃၄။ လုကာ ၉း၅၈)။

၂။ ဘုရားအဖြစ် ခရစ်တော်၏အဆင့်ကိုညွှန်ပြရန် ဤဂုဏ်ပုဒ်ကို
လုကာအသုံးပြုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊
"လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်" (လုကာ ၆း၅)။
ထိုကြောင့် သူသည် ဖန်ဆင်းရှင်လည်းဖြစ်ပြီး၊ အပြစ်တို့ကို
ခွင့်လွှတ်နိုင်သော အာဏာတန်ခိုးရှိသည်။ (လုကာ ၅း၂၄)။

၃။ ကမ္ဘာမတည်မရှိမီ ထာဝရဘုရားသခင်ပေးသည့် လုပ်ပိုင်ခွင့်
ဖြင့်၊ သခင်ယေရှုသည် ကယ်တင်ခြင်းလုပ်ငန်းကို အပြီးပြတ်
ဆောင်ရွက်ရန် ကြွလာတော်မူခဲ့သည်။ (ဧဖက် ၁း၃-၅)။
ထိုကြောင့် လူသားသည် ပျောက်သောသူကိုရှာ၍ ကယ်တင်
အံ့သောငှာ ကြွလာတော်မူခြင်းဖြစ်သည်။ (လုကာ ၁၉း၁၀)။
သို့သော် ဤကယ်တင်ခြင်းလုပ်ငန်းသည် "လူသားသည်
များစွာခံရမည်၊.....ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်
ခြင်းကိုလည်းကောင်း" မခံရမီတိုင်ပြီးမြောက်မည်မဟုတ်။
(လုကာ ၉း၂၂)။ လူတို့ကိုကယ်တင်ရန် လျှောက်ရမည့်ခရီး
လမ်းနှင့်ပေးဆပ်ရမည့်အဖိုးအခတို့ကို လူသားသည် သိတော်
မူ၏။ ဤအရာသည် ကယ်တင်ခြင်းစီမံကိန်း၌ ထာဝရ
ဘုရားသခင်၏ပါဝင်မှုနှင့် ထိုစီမံကိန်း၌ လူသားအဖြစ်နှိမ့်ချ
စွာ ခရစ်တော်၏အပ်နှံခြင်းကိုပြသည်။

၎။ အောက်ဖော်ပြပါကျမ်းပိုဒ်များ၌ ဝေဒနာခံစားနေရသော
မေရှိယ၏ပုံရိပ်ကို ရှင်လုကာအဘယ်မျှပြည့်စုံအောင်ပြသည်ကို
သတိပြုပါ။ ဦးစွာကပ်တိုင်ကိုသိခြင်း (လုကာ ၁၈း၃၁-၃၃)။
လူတို့လက်၌အပ်နှံရသောအချိန် (လုကာ ၉း၄၄)၊ သူ၏အသေ
သတ်ခံခြင်းဖြင့် အနာဂတ္တိကျမ်းပြည့်စုံခြင်း (လုကာ ၂၂း၂၂)
ဘုရားသခင်ထံမှအထူးသတင်းစကား)။ ကပ်တိုင်တွင် အသေခံ
ခြင်းနှင့်ပြန်လည်ရှင်ပြန်ထမြောက်ခြင်း၊ (လုကာ ၂၄း၇။ လုကာ
၁၁း၃၀ နှင့်နှိုင်းယှဉ်ဖတ်ပါ။) ထိုနောက် အဖခမည်းတော်နှင့်
လူတို့စပ်ကြား၊ ကြားဝင်ဖျန်ဖြေသူအဖြစ် (လုကာ ၁၂း၈)။

၅။ ကမ္ဘာ၏နောက်ဆုံးကာလ၌ လူသားသည် ၎င်း၏သူတော်စင်
များကို ဆုလာဘ်ပေးရန် လောကသို့တစ်ဖန်ပြန်လည်ကြွလာ
မည်ဖြစ်ပြီး၊ မဟာအငြင်းပွားမှုပဋိပက္ခပွဲကြီးကို အဆုံးသတ်
မည်ဖြစ်သည်ကို ရှင်လုကာတွေ့မြင်သည်။ (လုကာ ၉း၂၆။
လုကာ ၁၂း၎။ လုကာ ၁၇း၂၄၊၂၆၊၃၀။ လုကာ ၂၁း၃၆။ လုကာ ၂၂း၆၉။)

အတိုချုပ်အားဖြင့်၊ "လူသား" ဟူသောဂုဏ်ပုဒ်သည် ခရစ်တော်
သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ သူဘာကိုပြုလုပ်ရန် ကြွလာခြင်းအကြောင်း
ကျွန်ုပ်တို့အတွက် ဘယ်အရာများကိုဆောင်ရွက်ပြီး၊ ကယ်တင်ခြင်းစီမံကိန်း
၌ ကျွန်ုပ်တို့အတွက် ဘာကိုပြုလုပ်ဦးမည်ဟူ၍၊ များစွာသောအစိတ်အပိုင်း
များပါရှိသည်။

ဗုဒ္ဓဟူး ဧပြီ ၁၅
ဘုရားသခင်၏ခရစ်တော် (လုကာ ၉း၁၈-၂၇)။

(လုကာ ၉း၁၈-၂၇) ကိုဖတ်ပါ။ သခင်ယေရှုသည် သူသိနှင့်ပြီး
သောအဖြေကို အဘယ်ကြောင့်တပည့်တော်များအား မေးရသနည်း။ သူ့
အကြောင်းနှင့် သူ့နောက်သို့လိုက်ခြင်းအကြောင်းကို မည်သည့်သင်ခန်းစာ
ရဖို့ သူသည် ကြိုးစားသင်ကြားနေသနည်း။

"ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်း"(လုကာ ၉း၂၀)။ နှစ်ပေါင်း
နှစ်ထောင်က ခရစ်တော်မေးခဲ့သောမေးခွန်းသည် သမိုင်းတစ်လျှောက်ဖြေဆို
ရန်ရှိဆဲပင်ဖြစ်သည်။ လူတို့သည် ခြားနားသည့်အဖြေများကိုပေးကြသည်။
ကျော်ကြားသည့်ဆရာတော်၊ လူ့အဖွဲ့အစည်းတို့၏ဥပဒေကျွမ်းကျင်သူ၊
သမ္မာတရား၏စစ်မှန်သည့်ကိုယ်စားလှယ်၊ တစ်ကိုယ်ကောင်းမဆန်သည့်
သာဓက၊ ကြောက်ရွံ့ခြင်းကင်းမဲ့သည့် (ဘုရားရှင်ထံမှအထူး) ပုရောဖက်၊
လူမှုတော်လှန်ရေးသမား၊ လူတို့ဖြစ်သင့်သည့် အရာခပ်သိမ်းတို့၏ စံ။ံ
သို့သော်၊ ပေတရု၏နှုတ်ခမ်းမှထွက်လာသောအဖြေသာလျှင်၊ တစ်ခုတည်း
သောအဖြေမှန်ဖြစ်သည်။

သခင်ယေရှုသည် သဘာဝအပေါ် ၎င်း၏ဩဇာတန်ခိုးကိုပြသည်။
(လုကာ ၈း၂၂-၂၅)။ နတ်ဆိုးများအပေါ်သူ၏တန်ခိုး၊ (ငယ် ၂၆-၃၅)။
အနာရောဂါအပေါ် ၎င်း၏ထိန်းချုပ်မှု (လုကာ ၅း၁၂-၁၅)၊ (လုကာ
၈း၄၃-၄၈)။ မဖြစ်စလောက်သောအရာမှ လူ (၅၀၀၀) ကို ကျွေးမွေးခြင်း။
(လုကာ ၉း၁၃-၁၇) သေခြင်းတရားအပေါ် ၎င်း၏အာဏာတန်ခိုး၊ (လုကာ
၈း၅၁-၅၆)။ ထိုနောက် သခင်ယေရှုသည် သူ၏တပည့်များအား မေးခွန်း
(၂) ခုဖြင့် ရင်ဆိုင်ခဲ့သည်။ (၁) အခြားသောသူများက ၎င်းကိုဘယ်သူ
ဖြစ်သည်ဟုဆိုခြင်း၊ (၂) ထိုနောက် ၎င်း၏တပည့်များကိုယ်တိုင် သူသည်
ဘယ်သူဖြစ်သည်ဟုဆိုခြင်းတို့ဖြစ်သည်။ သူသိပြီးသောအရာကို မေးနေခြင်း
မဟုတ်ပါ။ ထိုသို့ဖြစ်မည့်အစား၊ ဤကဲ့သို့မေးရခြင်းသည် သူဘယ်သူဖြစ်
ကြောင်းကို သူတို့နားလည်ရန်၊ အဖိုးအခအားဖြင့် အားလုံးအပ်နှံရန်လိုအပ်
ကြောင်း ၎င်းတို့သိစေဖို့ကူညီရန် မေးရခြင်းဖြစ်သည်။

"သခင်ယေရှုကို ကျွန်ုပ်တို့သိသောအသိဥာဏ်သည် ဘယ်သော
အခါမျှ တစ်ဆင့်ခံအသိမျိုးမဖြစ်စေရ။ သခင်ယေရှုအပေါ် ထင်မြင်ချက်
အားလုံးကို ကျွန်ုပ်တို့သိမည်ဖြစ်သည်၊ ခရစ်ယာန်ဘာသာရေးအကြောင်း
လူတို့စိတ်ကူးရှိသည်တို့ကို အားလုံးသိမည်ဖြစ်သည်။ ကျော်ကြားသည့်
တွေးခေါ်ရှင်များ သခင်ယေရှု၏သွန်သင်ချက်နှင့်ထင်မြင်ချက် အနှစ်ချုပ်တို့ကို
ကျွန်ုပ်တို့သိမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ခရစ်ယာန်များမဖြစ်
သေး။ ခရစ်ယာန်ဟူသည် သခင်ယေရ I အကြောင်းကိုသုသိ ခြင်းသာမဟုတ်။
အစဉ်သဖြင့် သခင်ယေရှုကို သိခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်ကို
သိခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်လိုသည်။ သခင်ယေရှုသည် ပေတရု
တစ်ဦးတည်းကိုမေးနေသည်မဟုတ်။ သူသည် ကျွန်ုပ်တို့အားလုံးကို မေးနေ
ခြင်းဖြစ်သည်။ "မင်းငါ့ကိုဘယ်သူလို့ထင်သလဲ။"The Gospel of
Matthew vol. 2, p. 161, William Barclay,မှ ကောက်နုတ်သည်။

သခင်ယေရှုမေးသည့် မေးခွန်း၏ကျွန်ုပ်တို့အဖြေသည်၊ ပေတရု
ဝန်ခံချက်ထက်မနည်းစေရ၊ သခင်ယေရှုသည် "ဘုရားသခင်၏ ခရစ်တော်"
ဖြစ်သည်။ (လုကာ ၉း၂၀)။ ခရစ်တော်သည် "ရွေးချယ်ခြင်းခံရသူ"
မေရှိယဖြစ်ပြီး သူ၏လုပ်ငန်းတာဝန်သည် လူတို့ကို စာတန်နှင့်အပြစ်၏
ဆုပ်ကိုင်မှုမှလွတ်မြောက်အောင် လုပ်ဆောင်မည့်ကယ်တင်ရှင်ဖြစ်သည်။
သူသည် သမ္မာတရားကျမ်းကိုလည်း ပြမည်ဖြစ်သည်။

သခင်ယေရှုသည် ဘယ်သူဖြစ်သည်ကိုသိရုံဖြင့်မလုံလောက်၊ ပို၍
တိကျသည်မှာ ကျွန်ုပ်တို့ ကိုယ်တိုင် သူတို့ကိုသိရန်ဖြစ်သည်။ အကယ်၍၊
သင်သည်သူ့ကိုသိသည်ဟုဆိုသော် သူ့အကြောင်းသင်ဘာသိသနည်း။
သင်ကိုယ်တိုင် သခင်ယေရှုကိုသိခြင်းသည် သူသည် ဘယ်သူအမှန်တကယ်
ဖြစ်ပြီး သူ့အကြောင်း သင့်အား ဘယ်ကဲ့သို့သွန်သင်သနည်း။


ကြာသပတေး ဧပြီ ၁၆
ဘုန်းအသရေထင်ရှားခြင်း (လုကာ ၉း၂၇-၃၆)။


ခရစ်ဝင်ကျမ်း (၃) ခုမှ သခင်ယေရှုဘုန်းအသရေထင်ရှားခြင်း
အကြောင်းကိုဖတ်ပါ။ (လုကာ ၉း၂၇-၃၆။ မဿဲ ၁၇း၁-၉။ မာကု ၉း၂-၈)။
 ပေတရုကိုယ်တိုင်တွေ့မြင်ချက်ကိုလည်းဖတ်ပါ။ ပေတရုကိုယ်တိုင်
မျက်မြင်သက်သေအတွေ့အကြုံကို သတိပြုပါ။ (၂ပေ ၁း၁၆-၁၈) ကိုဖတ်
ပါ။ ရှင်လုကာသည် မည်သည့်ထပ်မံသတင်းပေးသနည်း။ အဘယ်ကြောင့်
ဤအရာသည် အရေးကြီးသနည်း။

မဿဲနှင့်မာကုမဖော်ပြသည့် ပုံပြင်အသေးစိတ်ကို လုကာစတင်
ဖော်ပြသည်။ သခင်ယေရှုသည် ပေတရု၊ ယောဟန်နှင့် ယာကုပ်ကိုဆုတောင်း
ရန် တောင်ပေါ်သို့ခေါ်ဆောင်သွားသည်။ သခင်ယေရှု၏စိတ်တော်သည်
ယေရုရှလင်မြို့သို့ဦးတည်လျက်၊ ရှေ့၌သူခံစားရမည့်ဝေဒနာကို ကြိုတင်
ပြောလျက်ရှိသည်။ သူလုပ်နေသည့်အရာသည် ဘုရားသခင်အလိုရှိသည့်
အတိုင်းဖြစ်ရန် သေချာစေချင်သည်။ ဤကဲ့သို့သောအချိန်၌ ဆုတောင်းခြင်း
သည် ဘုရားသခင်၏အလိုတော်ကိုသိရန် တစ်ခုတည်းသောလမ်းဖြစ်သည်။
ဆုတောင်းခြင်း၏ဖြစ်စဉ်သည် သခင်ယေရှု၏ကိုယ်ပေါ်၌ ကောင်းကင်၏
ဘုန်းအသရေသည် လျင်မြန်စွာသွန်းလောင်းတော့သည်။ "ဆုတောင်းတော်
မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်
တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏" (လုကာ ၉း၂၉)။

ဘုန်းအသရေနှင့်ပြည့်လျက်ရှိသော သခင်ယေရှုသည် မောရှေနှင့်
ဧလိယတို့နှစ်ဦးနှင့် "ဆွးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်
အကြောင်းအရာကို ပြောကြ၏" (ငယ် ၃၁)။ "စုတေ့" ဆိုသည့်စကားရပ်
သည် (၂) မျိုးနားလည်နိုင်သည်။ (၁) ယေရုရှလင်မြို့၌ လာမည့်သူ၏
အသေခံခြင်း၊ (၂) "ထွက်ခွာခြင်း" ဟုလည်းဆိုနိုင်သည်။ ယေရုရှလင်
မြို့မှ လူအုပ်စုဖွဲ့၍ သခင်ယေရှုသည် ၎င်းတို့ကိုအပြစ်မှလွတ်ကင်းအောင်
ကြီးစွာသော ထွက်ခွာ သွားခြင်းကို ဦးဆောင်၍ပို့မည်ဖြစ်သည်။
သခင်ယေရှု၊ မောရှေနှင့်ဧလိယတို့၏တွေ့ဆုံပွဲကို ကောင်းကင်မှ
ထောက်ခံသောအသံဖြင့် ပြီးဆုံးခဲ့သည်။ "ဤသူကား၊ ငါ၏ချစ်သားပေ
တည်း၊ သူ၏စကားကိုနားထောင်ကြလော့ဟု မိုးတိမ်ကအသံတော်ဖြစ်လေ
၏။" (လုကာ ၉း၃၅)။ ဘုန်းအသရေထင်ရှားခြင်းသည် သခင်ယေရှုကို
ဘုန်းတော်အားဖြင့် ကောင်းချီးပေးခြင်း၊ သားတော်အဖြစ် တစ်ဖန်ပြန်လည်
အတည်ပြုပြောဆိုခြင်း၊ ကယ်တင်ခြင်းသည် သားတော်၏အသက်ဖြင့်
အဖိုးအခကိုပေးရမည်ဟု ကြေညာခြင်းတို့ဖြစ်၏။ ထိုကြောင့် ကောင်းကင်၏
အသံသည် တပည့်တော်တို့အား သူ၏စကားကိုနားထောင်ရန် အမိန့်ပေး
ခြင်းဖြစ်၏။ နားထောင်ခြင်း၊ သစ္စာအပြည့်အဝရှိခြင်းတို့သည်မရှိခဲ့သော်၊
တပည့်တော်အရာဟူသည်လည်း ရှိမည်မဟုတ်။

န. G. White ရေးသားရာ၌၊ မောရှေနှင့်ဧလိယတို့သည် "သခင်ယေရှု
၏ဝေဒနာအကြောင်းကိုပြောကြားရန်၊ ပလ္လင်တော်အနားရှိ ကောင်းကင်တမန်
တိုင်းထက်၊ ရွေးချယ်ခြင်းခံရသူဖြစ်သည်။ သူတို့သည်လည်း ကောင်းကင်၏
စာနာမှုအကူအညီဖြင့်၊ သခင်ယေရှုကို လာရောက်နှစ်သိမ့်ထောက်ခံကြ၏။
လောက၏မျှော်လင့်ခြင်း၊ လူသားတိုင်းအတွက် ကယ်တင်ခြင်းသည် ၎င်းတို့၏
တွေ့ဆုံခြင်း၏ဆွေးနွေးသည့်ခေါင်းစဉ်ဖြစ်သည်။" DA> p. ၄၂၅ မှကောက်နုတ်
သည်။ သခင်ယေရှုကိုယ်တိုင်ပင် များစွာသောသူတို့ကို နှစ်သိမ့်ပေးခဲ့ရာ၊
မိမိကိုယ်တိုင်အတွက်လည်း နှစ်သိမ့်ခြင်းကို ခံယူလို၏။ ဤအချက်သည်
ခွန်အားကြီးမားသည့်ခေါင်းဆောင်များ၊ ဆရာများ၊ လမ်းညွှန်များပင်လျှင်၊
တစ်ခါတစ်ရံနှစ်သိမ့်ခြင်း၊ အားပေးခြင်းနှင့်အကူအညီကို အခြားသူများထံမှ
ရရှိရန် ဘယ်ကဲ့သို့ပြောသနည်း။ ယခုပင်လျှင် နှစ်သိမ့်ခြင်းနှင့်အားပေးမှု
ကိုလိုအပ်သည့် သင်သိသောသူရှိပါသလား။

သောကြာ ဧပြီ ၁၇
ထပ်ဆင့်လေ့လာရန်။

"ခရစ်တော်သည် လူသားအဖြစ်နားလည်မှုမှားနိုင်သည့် မေးခွန်း
များကိုရှောင်ပါ။ ခရစ်တော်ကို လူသားအဖြစ်ပြောဆိုရာ၌၊ သင်၏စကား
သည်၊ ခရစ်တော်ကိုလူအဖြစ်နှင့်ဘုရားအဖြစ် နားလည်မှုမှားစေသည့်
အကြောင်းအရင်းမဖြစ်စေရန်၊ သင်၏စကားအသုံးအနှုန်းတို့ကို သေချာသတိ
ရှိစေရန် လိုအပ်သည်။ သာဓကအားဖြင့်၊ သူ၏မွေးဖွားခြင်းသည် ဘုရားရှင်၏
နိမိတ်လက္ခာဖြစ်၏.........မည်သို့သောနည်းနှင့် ဘယ်သောအခါမျှ၊ လူတို့၏
စိတ်ထဲတွင်၊ ခရစ်တော်၌အပြစ်ရှိသည်၊ သို့တည်းမဟုတ် အပြစ်ထဲသို့ကျရောက်
သည်ဟူ၍ အနည်းငယ်မျှသဘောမချန်ရှိစေရ။ မှန်၏-သူသည် လူကဲ့သို့
စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ခံခဲ့ရသည်။ သို့သော်သူသည် "သန့်ရှင်း
သောသူ"
ဟူ၍ ခေါ်ဆိုခြင်းခံရသည်။ ကျွန်ုပ်တို့ကဲ့သို့ ခရစ်တော်သည်
အရာခပ်သိမ်း၌ စုံစမ်းသွေးဆောင်ခြင်းခံရပြီး၊ အပြစ်မရှိသည်မှာ လူသား
တို့အား ရှင်းပြမတတ်ကျန်ခဲ့သည့် နက်နဲသောလျှို့ဝှက်ချက်ဖြစ်၏။ ခရစ်တော်
သည် လူသားဖြစ်ပြီး၊ အစဉ်ဖြစ်ကျန်ခဲ့မည်မှာ နက်နဲသောလျှို့ဝှက်ချက်
ဖြစ်၏။" E. G. White, Comments, The SDA Bible Commentary, vol. 5,
pp. 1128, 1129 မှကောက်နုတ်သည်။
-၀-

No comments:

Post a Comment