Sunday, April 5, 2015

သင်ခန်းစာ ၂။ ဗတ္တိဇံခံယူခြင်းနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ (Text)

အလွတ်ကျမ်းချက်
"သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက်
ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊
သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု
ကောင်းကင်ကအသံတော်ဖြစ်လေ၏။"
 (လုကာ ၃း၂၂)။



ရှင်လုကာသည် သူသက်ရှိထင်ရှားစဉ်အချိန်ကာလရှိ၊ တိုင်းပြည်ကို
အုပ်ချုပ်သည့်မင်းများကိုလည်း ထည့်သွင်းရေးသားထားသည်ကို ယခင်အပတ်
ကတွေ့ရသည်။ ဤကဲ့သို့ထည့်သွင်းရေးသားခြင်းသည် သခင်ယေရှုနှင့်
ယောဟန်တို့၏အကြောင်းသည် ထိုပုဂ္ဂိုလ်များနည်းတူ သမိုင်းဝင်ပုဂ္ဂိုလ်များ
ဖြစ်ကြောင်းကို သိရှိရန်ဖြစ်ကြောင်းဟု ယူဆနိုင်သည်။

သို့သော် ဤအာဏာဩဇာရှိသူများအကြောင်း ထည့်သွင်းရေးသား
ရခြင်း၏အခြားအရေးကြီးသောအကြောင်းရှိသည်။ တောထဲ၌ နှိမ့်ချစွာနေထိုင်
သော ဗတ္တိဇံယောဟန်နှင့် ၎င်းတို့စပ်ကြား အလွန်ခြားနားခြင်းကိုပြရန်ဖြစ်
သည်။ ဗတ္တိဇံယောဟန်သည် လောက၏ကယ်တင်ရှင်သခင်ယေရှုလာရောက်
မည့် လူ့သမိုင်းတွင် အရေးကြီးဆုံးသော "ထာဝရဘုရားကြွလာတော်မူရာ
လမ်းကိုပြင်" ရန်၊ သတင်းကိုကြေညာရန်၊ ဘုရားရှင်၏သတင်းပို့သူအဖြစ်၊
ရွေးချယ်ခြင်းခံရသောသူဖြစ်သည်။ ဘုရားသခင်သည် မေရှိယလမ်းကိုပြင်ရန်
လောကမှ ကျော်ကြား သောပုဂ္ဂိုလ်တစ်ဦးဦးကို အသုံးပြုရန် ရွေးချယ်ခြင်း
မပြုဘဲ၊ နှိမ့်ချ ဆုံးသောသူတစ်ဦးကို အသုံးပြုသည်မှာ စိတ်ဝင်စားဖွယ်
ကောင်း၏။

ကျမ်းတွေးခေါ်ရှင်များသည် သမိုင်းကျော်ကြားသည့်ပုဂ္ဂိုလ်ကြီးများ
နှင့်အတူ ဗတ္တိဇံဆရာယောဟန်နှင့် သခင်ယေရှုတို့၏အမှုတော်စတင်ဆောင်
ရွက်သည့်နှစ်ကိုAD ၂၇ (သို့မဟုတ်) ၂၈ ၌သတ်မှတ်သည်။ ရောမ
အင်ပါယာခေါင်းဆောင်များ သက်ရှိထင်ရှားသည့် သမိုင်းကာလဘောင်
တစ်ချိန်တည်း၌ သခင်ယေရှုသည် ဗတ္တိဇံကိုခံယူခဲ့ပြီး၊ "ငါနှစ်သက်မြတ်နိုးရာ
ငါ၏ချစ်သား" ဟူသော ကောင်းကင်၏ကောင်းချီးမင်္ဂလာကိုလည်း
ခံယူရရှိခဲ့သည်။ (လုကာ ၃း၂၂)။ ဤအချက်ကို ရှင်လုကာသည်၊
သခင်ယေရှုခရစ်အမှုတော်စတင်ဆောင်ရွက်ခြင်းမပြုမီ၊ "အစဉ်အတိုင်းမှတ်သား
သောစာကိုစီရင်" မရေးသားမီပင်၊ သူသည် မှတ်တမ်းပြုရေးသားခဲ့သည်။



တနင်္ဂနွေ ဧပြီ ၅
ထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့ (လုကာ ၃း၁-၁၄)။

ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး (၃) ၌၊ ဗတ္တိဇံဆရာယောဟန်
သည် ကယ်တင်ခြင်းသမိုင်း၌ အထူးအရေးကြီးသည့် သူ၏လုပ်ငန်းလုပ်ဆောင်
သည်ကို တွေ့ရ၏။ ယောဟန်ဟောပြောသည့်အခါ၊ သူသည် ပရိသတ်
တို့ကြိုက်နှစ်သက်အောင် မြှောက်ပင့်ပြောဆိုသောစကားများကို အသုံးမပြုပါ။

(လုကာ ၃း၁-၁၄) ကိုဖတ်ပါ။ သူ၏စကားသည် ကျွန်ုပ်တို့အတွက်
အရေးပါသော ဖြောင့်မတ်ခြင်းတရားများဖြင့် ပြည့်လျက်ရှိသည်။ ဤနေရာ
တွင် ယောဟန်ပြောဆိုရာ၌ မည်သည့်အရေးကြီးသောအချက်ကို သင်ယူ
ရရှိနိုင်မည်နည်း။

နောင်တရခြင်းသည် ဘာမျှမပါရှိသည့်သဘောတရားမဟုတ်။
အသက်ရှင်နေထိုင်ခြင်း၏နည်းလမ်းဖြစ်သည်။ ဂရိဘာသာစကားအနက်အရ၊
အသက်တာအသစ်ကိုပို့ဆောင်သည့် စိတ်၏ပြောင်းလဲခြင်းဟု အနက်ရှိသည်။

"ဗတ္တိဇံ" ခံယူခြင်းဆိုသည်မှာ၊ ရေတွင်အပြည့်အဝနှစ်သည်ဟု
ဆိုလိုခြင်းဖြစ်သည်။ ရေ၌ နှစ်ခြင်း ဆိုသည်မှာ လေးနက်သည့်အဓိပ္ပါယ်
ရှိသည်။ ယောဟန်၏အချိန်မတိုင်မီကပင်၊ ဂျူးလူမျိုးတို့သည် ဗတ္တိဇံကို
ရေတွင် အပြည့်မြုပ်နှံ သည်ဟု နားလည်သဘောပေါက်ကြသည်။ ဂျူး
လူမျိုးမဟုတ်သည့် တစ်ပါးအမျိုးသားတို့သည် ဂျူးလူမျိုးတို့၏ယုံကြည်ခြင်း
ကိုလက်ခံရန် ရွေးချယ်သည့်အခါ၊ ကျင့်သုံးသည့်အလေ့အကျင့်ဖြစ်သည်။
ဂျူးလူမျိုးတို့ကို ဗတ္တိဇံခံယူရန်ဖိတ်ခေါ်ရာ၌၊ ယောဟန်သည်
စည်းမျဉ်းအသစ်တို့ကို ပြဌာန်းလိုက်သည်။ ဗတ္တိဇံဆိုသည်မှာ၊ လူတစ်ဦး
တစ်ယောက်သည် မိမိအသက်တာအဟောင်း၌ အပြစ်တို့ကိုစွန့်လွှတ်၍၊
မေရှိယကြွလာခြင်းကို ပြင်ဆင်နေကြောင်းကို လူထုတစ်ရပ်လုံးကို ကြေညာ
သည့်အခြင်းအရာဖြစ်သည်။ ဗတ္တိဇံယောဟန်သည် ကောင်းကင်၏နိုင်ငံသား
များအဖြစ်သို့ပို့ဆောင်ရန် အပြစ်တို့ကိုစွန့်လွှတ်သည့်သင်္ကေတကို ပရိသတ်
တို့အားမိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ ဤအသက်တာသစ်သည် သခင်
ယေရှုစတင်တော့မည်ဖြစ်သည်။ ယောဟန်သည် လျင်မြန်စွာဆက်လက်
ပြောဆိုရာ၌၊ သူသည် ရေဖြင့်သာဗတ္တိဇံကိုပေးမည်ဖြစ်ပြီး သူ့နောက်မှာလာ
သော "သူသည် သန့်ရှင်းသောဝိညာဉ်၌လည်းကောင်း၊ မီး၌လည်းကောင်း
သင်တို့ကို ဗတ္တိဇံပေးမည်" ဟုဆိုသည်။ (လုကာ ၃း၁၆)။ ထိုကြောင့်
အရေးကြီးသည့်အချက်မှာ၊ ရေ၌ မြုပ် ခြင်းအမှု၌၊ ဗတ္တိဇံသည် အတွင်း
ပိုင်း၏ပြောင်းလဲခြင်းကို ပြသောသင်္ကေတဖြစ်သည်။ ဤပြောင်းလဲခြင်းသည်
နောက်ပိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံဖြင့် တံဆိပ်ခတ်မည်ဖြစ်
သည်။

(ရောမ ၆း၁-၆) ကိုဖတ်ပါ။ ဗတ္တိဇံခံယူခြင်းအမှုနှင့်ဆက်စပ်ပြီး
တမန်တော်ရှင်ပေါလုသည် မည်သည့်ဝိညာဉ်ရေးသင်ခန်းစာကို ပေးသနည်း။
ရေ၌သင်္ဂြိုဟ်ပြီးထွက်လာခြင်းကို၊ အပြစ်မှသေပြီးနောက် ဖြောင့်မတ်သော
အသက်တာ၌နေထိုင်ခြင်းဖြင့် နှိုင်းယှဉ်ထားသည်ကို သတိပြုပါ။ ဤ
ခရစ်တော်၌ အသစ်သောအသက်တာသည် သင့်အတွက် မည်မျှအစစ်အမှန်
ဖြစ်သနည်း။

တနင်္လာ ဧပြီ ၆
ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား (မဿဲ ၃း၁၃-၁၇)။

(လုကာ ၂း၄၁-၅၀) ၌၊ ယေရုရှလင်မြို့၌ ယောသပ်နှင့်မာရိသည်
သူငယ်ယေရှုကို ပျောက်ဆုံးသောကျော်ကြားသည့်ပုံပြင်ကို ဖတ်ရ၏။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မာရိ၏ဆူပူမှုကို သူငယ်ယေရှု၏အဖြေ
ဖြစ်၏။ "ယရှုက၊ မိဘသည် အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်း။
အကျွန်ုပ်သည် အဘ၏အိမ်၌နေရသည်ကို မသိပါသလော" ဟုဆို၏။
(လုကာ ၂း၄၈၊၄၉)။ ယောသပ်နှင့်မာရိသည် ယေရှုဘာပြောသည်ကို အားလုံး
နားလည်ခြင်းမရှိ။ သူတို့ဘယ်ကဲ့သို့နားလည်နိုင်မည်နည်း။ သူ၏နောက်လိုက်
တပည့်များပင်လျှင် နှစ်ပေါင်းများစွာ သူနှင့်အတူတကွနေပြီးမှ သူသည်
ဘယ်သူဖြစ်ကြောင်းနှင့် ဘာကိုလုပ်ရမည့်အကြောင်း အပြည့်အဝနားလည်
ခြင်းမရှိပါ။

သာဓကအားဖြင့်၊ သခင်ယေရှုသည် ထမြောက်တော်မူပြီးနောက်၊
ဧမောက်ရွာသို့ခရီးသွားလမ်း၌၊ တပည့်တော်နှစ်ဦးနှင့်စကားပြောစဉ်၊ တစ်ဦး
က၊ "ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ နှုတ်သတ္တိ၊
လက်သတ္တိနှင့်ပြည့်စုံသော ပုရောဖက်ဖြစ်၏" ဟုဆိုသည်။ (လုကာ ၂၄း၁၉)။
အမှန်ပင် သခင်ယေရှုသည် ပုရောဖက်ထက်သာလွန်၏။ ထိုအချိန်၌ပင်၊
တပည့်တော်များသည် သူဘယ်သူဘယ်ဝါဖြစ်ပြီး၊ ဘယ်အတွက်ကြောင့်
လာသည်ကို နားလည်သည်မဟုတ်။
(မဿဲ ၃း၁၃-၁၇။ ယောဟန် ၁း၂၉-၃၄။ လုကာ ၃း၂၁၊၂၂ ကို
ဖတ်ပါ။ သခင်ယေရှုဗတ္တိဇံခံယူခြင်းသည် အဘယ်ကြောင့်အလွန်အရေးကြီး
သနည်း။

သခင်ယေရှုဗတ္တိဇံခံယူချိန်၌၊ ကောင်းကင်သည် သူ့အားထာဝရဘုရား
သားတော်ဖြစ်သည်ကို ထောက်ခံခဲ့သည်။ သခင်ယေရှုဗတ္တိဇံကိုခံယူခြင်း
သည်၊ လိုအပ်ခြင်းကြောင့်ဖြစ်သည်မဟုတ်။ အခြားသောသူများအတွက်
ပုံပမာပေးရန် သူအလိုတော်ရှိခြင်းကြောင့်ဖြစ်သည်။ (မဿဲ ၃း၁၄၊၁၅)။
သခင်ယေရှုဗတ္တိဇံခံယူရာ၌၊ အရေးကြီးသည့်အချက် (၃) ချက်ပေါ်လွင်သည်။
      ၁။ ဗတ္တိဇံကြေညာချက်၊ "ဤလောက၏အပြစ်ကိုဆောင်သွား
သော ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့" (ယော ၁း၂၉)။
     ၂။ ရှေ့အမှုတော်ဆောင်ရန်အတွက်၊ သခင်ယေရှု၏အသက်တာ
ကို သန့်ရှင်းသောဝိညာဉ်တော်၏ပို့ဆောင်ခြင်း။
     ၃။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့်
ခမည်းတော်သည် ၎င်းကိုချစ်နှစ်သက်ကြောင်း၊ ကောင်းကင်၏
ကြေညာခြင်း။

စဉ်းစားကြည့်ပါ။ စုံလင်သောဘုရားသခင်၏သားတော်၊ စကြ၀ဠာ
၏ဖန်ဆင်းရှင်သည် နှိမ့်ချသောလူသား၌ ဗတ္တိဇံခံယူခြင်းသည် ကယ်တင်
ခြင်းစီမံကိန်း၏အစိတ်အပိုင်းဖြစ်သည်။ ဘယ်အချိန်၌လိုအပ်သည်မဆို၊
ကျွန်ုပ်တို့ကိုယ်ကိုနှိမ့်ချရန်ဆန္ဒရှိဖို့၊ သခင်ယေရှု၏နှိမ့်ချခြင်းသည် ဘယ်ကဲ့သို့
ကူညီသနည်း။

အင်္ဂါ ဧပြီ ၇
"မုန့်" အားဖြင့်သာမဟုတ် (လုကာ ၄း၎)။

"သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိပြီး
......ဝိညာဉ်တော်သည် တောထဲသို့ပို့ဆောင်တော်မူ၏။ အရက်လေးဆယ်
ပတ်လုံး မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။" (လုကာ ၄း၁၊၂)။
သူသည် ဘုရားသခင်ထိန်းချုပ်မှုအာဏာအမိန့်အောက်မှ တာဝန်ထမ်းဆောင်
ရန် မွေးဖွားလာခြင်းဖြစ်သည်။ ဗတ္တိဇံကိုခံယူခြင်းဖြင့် မိမိ၏တာဝန်ကို
စတင်ထမ်းဆောင်ခဲ့သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
ခွန်အားကိုရရှိသည်။ ထိုနောက် ရှေ့လုပ်ငန်းကိုပြင်ဆင်ရန်အတွက် သူသည်
တောထဲသို့သွားသည်။

တောထဲ၌ စုံစမ်းသွေးဆောင်ခြင်းသည် မာရ်နတ်နှင့်ခရစ်တော်စပ်
ကြား၊ အရေးကြီးသည့်အမှား^အမှန် ပဋိပက္ခအငြင်းပွားမှုကြီး တိုက်ပွဲကြီး
တစ်ခုဖြစ်သည်။ ဤတိုက်ပွဲကြီးသည် ကောင်းကင်၌ စာတန်ထကြွပုန်ကန်
ချိန်ကစတင်ဖြစ်ပွားခဲ့သည်။ တောထဲ၌ ကယ်တင်ရှင်သည် ရက် (၄၀)
တိုင် အစာငတ်ခံခြင်းဖြင့် ခွန်အားနည်းလျက်ရှိပြီး ရှေ့လုပ်ဆောင်ရမည့်
အလုပ်သည် မှေးမှိန်စွာဖြင့် မထင်ရှားဘဲ မျှော်လင့်ခြင်းကင်းမဲ့လျက်ရှိသည်။
ထိုနောက် စာတန်သည် သခင်ယေရှုကိုတိုက်ခိုက်ရန် ကိုယ်တိုင်အမိန့်အာဏာ
ယူလိုက်သည်။ "စာတန်သည် သခင်ယေရှုကို အောင်မြင်အောင်တိုက်ခိုက်
ရမည် (သို့မဟုတ်) အရှုံးပေးရမည်ကို သူမြင်သည်။ ၎င်းတို့နှစ်ဦးစပ်ကြား
တိုက်ပွဲသည် အလွန်အရေးကြီးရာ စာတန်သည် သူ၏ကောင်းကင်တမန်
များကို အားကိုးရန်စိတ်မချ၊ သူကိုယ်တိုင် ဤတိုက်ပွဲကြီးကိုဦးဆောင်ရ
မည်ဖြစ်၏။" EGWhite DA. p. ၁၁၆.

ခရစ်တော်ကိုစာတန်ပြောသည့်စကားကိုမှတ်ပါ။ "ကိုယ်တော်သည်
ဘုရားသခင်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲကိုမုန့်ဖြစ်စေခြင်းငှာ အမိန့်
ရှိတော်မူပါဟု လျှောက်လေ၏" (လုကာ ၄း၃)။ ကောင်းကင်၌ စာတန်
ဘာကိုကြိုးစားလုပ်ဆောင်ခဲ့ကြောင်းနှင့် ဤပုံပြင်၌ စာတန်သည်ဘာကို
ကြိုးစားလုပ်ဆောင်နေသနည်း။

ဤနေရာ၌ မုန့်သည် အလွန်အရေးကြီးဆုံးအရာမဟုတ်၊ မှန်ပေ၏။
ရက်ပေါင်း (၄၀) အစာရှောင်ခြင်းသည် ကယ်တင်ရှင်ကိုအလွန်ငတ်မွတ်
စေပါသည်။ ထိုနောက် စာတန်သည် သခင်ယေရှု၏ငတ်မွတ်ခြင်းကို
အသုံးပြုကာ၊ အပြစ်လုပ်ရန်လှည့်ဖြားသွေးဆောင်လိုက်ခြင်းဖြစ်သည်။ သို့သော်
ခရစ်တော်သည် စကြ၀ဠာကြီး၏ဖန်ဆင်းရှင်ဖြစ်သည်ကိုသိ၏။ လွတ်လပ်
လဟာမှ သခင်ယေရှုကိုယ်တိုင် စကြ၀ဠာကိုဖန်ဆင်းခဲ့သည်။ ထိုကြောင့်
ကျောက်ခဲမှမုန့်လုပ်ခြင်းသည် အကြောင်းမဟုတ်ပါ။ အရေးကြီးသည့်
အကြောင်းကား "ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်" တွင်
တစ်စိတ်တစ်ပိုင်းတွေ့နိုင်သည်။ လွန်ခဲ့သည့်ရက် (၄၀) ၌ သခင်ယေရှု
သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ကောင်းကင်ကအသံသည်
ကြေညာခဲ့သည်။ ကောင်းကင်ကကြေညာခဲ့သည့်အသံကို ယခုသခင်ယေရှု
မသေချာဖြစ်နေပါသလား။ ဘုရားသခင်၏စကားကို ယုံမှားသံသယရှိခြင်း
သည် အပြစ်ကျူးလွန်ရန် ပထမခြေလှမ်းဖြစ်သည်။ ကောင်းကင်၌ စာတန်
သည် ဘုရားသခင်၏အာဏာကို စိန်ခေါ်ခဲ့သည်။ အလားတူ ဤနေရာ၌
စာတန်သည် ကောင်းကင်တွင်ပြုလုပ်သည့်နည်းထက် ပို၍ဖုံးအုပ်မည်ဖြစ်
သော်လည်း၊ သူကြိုးစားလုပ်ဆောင်လျက်ရှိသည်။

ဘုရားသခင်၏ကတိတော်များကို ယုံမှားသံသယရှိရန်၊ စာတန်၏
ထောင်ချောက်ထဲသို့မကျရောက်ရန် သင်ဘယ်ကဲ့သို့သင်ကြားရယူမည်နည်း။

ဗုဒ္ဓဟူး ဧပြီ ၈
ငါ့ကိုကိုးကွယ်လျှင် (လုကာ ၄း၅-၈)။

(လုကာ ၄း၅-၈) ကိုဖတ်ပါ။ စာတန်သည် အဘယ်ကြောင့်
သခင်ယေရှုကို သူ့အားကိုးကွယ်ရန်အလိုရှိသနည်း။
ထာဝရဘုရားသခင်တစ်ပါးတည်းသာလျှင် ကိုးကွယ်ထိုက်သူဖြစ်
သည်။ သူ၏ကိုးကွယ်ထိုက်သည့် ရပိုင်ခွင့်သည်၊ ဖန်ဆင်းခံနှင့်ဖန်ဆင်းရှင်
ကို ထာဝရခွဲထားခြင်းအရာဖြစ်သည်။ ကောင်းကင်၌ စာတန်သည်
ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သည့်အကြောင်းအရာတစ်ခုကား၊ ဝတ်ပြုခြင်း
ဖြစ်၏။ ဟေရှာယသည် စာတန်၏ရည်ရွယ်ချက်ကို ဟေရှာ ၁၄း၁၃၊၁၄
တွင် ဖော်ပြထားသည်ကိုတွေ့ရ၏။ သူသည် ကောင်းကင်ပေါ်သို့တက်မည်၊
ဘုရားသခင်၏ကြယ်တို့အပေါ်မှာ သူ၏ပလ္လင်ကိုချီးမြှောက်မည်၊ အမြင့်ဆုံး
သောဘုရားကဲ့သို့နေမည်ဟု စိတ်အကြံရှိသည်။ သူသည် ဖန်ဆင်းရှင်တစ်ဦး
တည်းနှင့်သက်ဆိုင်သောအာဏာကို လုယူရန်ကြိုးစားသည်။

ထိုကြောင့် ဤစုံစမ်းသွေးဆောင်ခြင်းသည် ဘယ်ကဲ့သို့ဖြစ်နေသည်
ကို ကျွန်ုပ်တို့ပိုမိုနားလည်နိုင်မည်ဖြစ်၏။ သခင်ယေရှုသည် လောကကို
ဘုရားသခင်၏အာဏာနှင့် ပိုင်ဆိုင်မှုအောက်သို့ ပြန်လည်ရောက်ရှိစေရန်
အမှုတော်ကိုစတင်ဆောင်ရွက်စဉ်၊ စာတန်သည် သူ့ကိုတောင်ထိပ်ပေါ်သို့
ယူဆောင်သွားသည်။ စာတန်သည် သခင်ယေရှုကို လောကနိုင်ငံများကို
မြင်နိုင်ရန် မြင်ကွင်းကျယ်ကိုပြလိုက်သည်။ ထိုနောက် ဤနိုင်ငံများကို
သခင်ယေရှုအားပေးရန် ကမ်းလှမ်းချက်၌၊ "ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံ
တို့သည် ကိုယ်တော်၏ဥစ္စာဖြစ်လိမ့်မည်" ဟုဆို၏။ (လုကာ ၄း၇)။

ခရစ်တော်သည် ဘုရားကဲ့သို့အာဏာရှိခြင်းအပေါ် အာရုံစိုက်မှုကို
စာတန်သည်ဆွဲယူရန်ကြိုးစားနေသည်။ ဂုဏ်အသရေ၊ ဘုန်းအသရေတို့ဖြင့်၊
အဖိုးမပေးဘဲ စာတန်သည် သူ့ကိုဦးချရုံမျှဖြင့်ပေးမည်ဟု ခရစ်တော်ကို
ကြိုးစားသွေးဆောင်နေသည်။ စာတန်သည် ကောင်းကင်၌မရရှိသည့်အာဏာ
တန်ခိုးနှင့် ဝတ်ပြုကိုးကွယ်ခြင်းအမှုအရာတို့ကို ကြိုးစားရယူနေခြင်းဖြစ်သည်။
သွေးဆောင်သူစာတန်အား၊ ပြင်းထန်သောမုန်းတီးစက်ဆုပ်မှုဖြင့် ခရစ်တော်
ပြန်လည်ဖြေကြားသည်ကို သတိပြုပါ။ "အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်
လော့" (ငယ် ၈)။ ဝတ်ပြုခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကိစ္စအရပ်ရပ်
တို့သည် ဖန်ဆင်းရှင်ဘုရားနှင့်သာ သက်ဆိုင်သည်။ ဤနေရာ၌လည်း
ထာဝရဘုရား၏အကူအညီသည် ခရစ်တော်ထံရောက်လာသည်။ မောရှေ
အားဖြင့် ဝိညာဉ်တော်သည် ဤသို့ဆိုသည်မဟုတ်လော။ "အိုဣသရေလ
အမျိုး၊ နားထောင်လော့၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူ
တည်းသောဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားကို
ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်။" (တရားဟော
၆း၎၊၅၊၁၃)။ စာတန်၏လှည့်ကွက်နှင့် မုသားစကားအတွက် အကောင်းဆုံး
အဖြေကား၊ ဘုရားသခင်၌ ယုံကြည်ခြင်း၊ နားထောင်ခြင်းဖြင့် ခိုင်မြဲစွာ
နောက်လိုက်ခြင်းဖြစ်၏။

"သေးငယ်သောအရာ" ၌ပင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို
အားနည်းစေရန်၊ သွေးဆောင်ခြင်းကို ဘယ်သူမဆို ရင်ဆိုင်ခံရနိုင်ဖွယ်ရှိ
သည်။ သာဓကအားဖြင့်၊ သင်၏အလုပ်ခွင်၌လည်းကောင်း၊ ကျောင်းများ
၌စာမေးပွဲဖြေဆိုရာ၌လည်းကောင်း၊ ရာထူးတိုးရာ၌လည်းကောင်း ဥပုသ်နေ့
နှင့်သက်ဆိုင်သည့် အလျော့ပေးခြင်းမျိုး ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်သော်
လုပ်ငန်းကိုဘယ်အချိန်၌ သဘောတူလုပ်ဆောင်နိုင်မည်နည်း။ ဘယ်အချိန်၌
ပေးရသည့်အဖိုးသည် သင့်မြတ်လျော်ကန်မှုရှိမည်နည်း။


ကြာသပတေး ဧပြီ ၉
အောင်မြင်သူခရစ်တော် (လုကာ ၄း၉-၁၃)။

ရှင်လုကာနှင့်ရှင်မဿဲသည် ဒုတိယနှင့်တတိယစုံစမ်းသွေးဆောင်
ခြင်းကို ပြောင်းပြန်လှန်လိုက်သည်။ ထိုသို့ဖြစ်ရခြင်းကားမရှင်း၊ သို့သော်
အရေးမကြီးပါ။ အရေးကြီးသည့်အချက်မှာ၊ ဧဝံဂေလိကျမ်းနှစ်အုပ်လုံး၌
ခရစ်တော်သည် အောင်မြင်သူဖြစ်သည်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။
အခြားအရေးကြီးသောအချက်သည် သခင်ယေရှုခရစ်သည် ကျွန်ုပ်တို့ကဲ့သို့ပင်
သွေးဆောင်ခြင်းကိုခံရသော်လည်း သူသည် အပြစ်ကိုကျူးလွန်ခြင်းမရှိ။
(ဟေဗြဲ ၄း၁၅)။ သွေးဆောင်ခြင်းနှစ်ခုလုံးကို အောင်မြင်ခြင်းသည် မာရ်နတ်
အပေါ်အောင်မြင်ခြင်းဖြစ်ပြီး၊ ဆုတောင်းခြင်းနှင့် ဘုရားရှင်၏နှုတ်ကပတ်
တော်သည် သူ၏နှုတ်၌ရှိသည်ဖြစ်၍၊ သခင်ယေရှုသည် ဘုရားသခင်၏
နိုင်ငံတော်အကြောင်းကိုဟောကြားပြီး ခရစ်ယာန်တို့၏ခေတ်သမိုင်းကို စတင်
လေတော့သည်။

(လုကာ ၄း၉-၁၃ နှင့် မဿဲ ၄း၅-၇) ကိုဖတ်ပါ။ ပထမသွေးဆောင်
ခြင်းနှစ်ခု၌၊ သခင်ယေရှုသည် စာတန်၏ငါးစာကို ကျော်လွှားနိုင်ရန်၊
သမ္မာကျမ်းကိုအသုံးပြုသည်။ ယခု၊ တတိယသွေးဆောင်ခြင်း၌ စာတန်သည်
ထိုနည်းတူပြုလုပ်ပြီး သခင်ယေရှုသည် ဘုရားသခင်၏နှုတ်စကားကို
အမှန်တကယ် လေးနက်စွာယူမယူကိုစမ်းသပ်ရန် သမ္မာကျမ်းကို ကိုးကား
ပြောဆိုသည်။ ဤနေရာ၌ ဘယ်ကဲ့သို့ဖြစ်ပြီး သခင်ယေရှုဘယ်ကဲ့သို့ဖြေ
ကြားသနည်း။

စာတန်သည် သခင်ယေရှုကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်ထက်၊
ဂျူးလူမျိုးတို့၏သမိုင်းတွင် အထွတ်အမြတ်ဆုံးနေရာသို့ ခေါ်ဆောင်သွား
သည်။ ဘုရားသခင် သူ၏လူတို့တွင်နေတော်မူသည့် ဗိမာန်တော်သည်၊
စာတန်နှင့်သခင်ယေရှုနှစ်ဦးတို့၏စစ်မြေပြင်ဖြစ်လာ၏။ တစ်ဖန် စိန်ခေါ်မှု
သည် "ကိုယ်တော်သည်၊ ဘုရားသခင်၏သားတော်မှန်လျှင်" ဖြင့်စတင်
လိုက်သည်။ စာတန်ဘာကိုပြောသည်ကိုကြည့်ပါ။" အကယ်၍ ဘုရားသခင်
သည် သင်၏အဖခမည်းတော်အမှန်ဖြစ်သော်၊ ထိုနောက် သင်၏အလုပ်
တာဝန်သည် သူ၏အမိန့်တော်၌ရှိသော်၊ မိမိကိုယ်ကို ဤအထွတ်မှခုန်ချ
လော့။ ဤအရာခပ်သိမ်းတို့သည် မှန်သည်ဖြစ်သော်၊ ဘုရားသခင်သည်
သင့်အားထိခိုက်စေမည်မဟုတ်။ ထိုနောက် သူသည် သမ္မာကျမ်းကိုရည်ညွှန်း
ပြောဆို၏။ "ကျမ်းစာလာသည်ကား၊ သင့်ကိုစောင့်ရှောက်စေခြင်းငှာ
ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေ
ကိုကျောက်နှင့်မထိမခိုက်စေရန် လက်နှင့်မစချီပင့်ကြလိမ့်မည်" ဟုဆိုသည်။
(လုကာ ၄း၁၀)။

စာတန်သည် သမ္မာကျမ်းကိုကျွမ်းသည်၊ သို့သော် လိမ်ကျစ်ထား
သည်။ သူ၏အစီအစဉ်သည် ဘုရားသခင်ကိုစမ်းသပ်ရန် သခင်ယေရှုကို
အသုံးပြုခဲ့သည်။ သခင်ယေရှုသည် အဖခမည်းတော်၏အလိုတော်ကို
လိုက်လျှောက်သရွေ့၊ ဘုရားသခင်သည် သူ၏ကောင်းကင်တမန်များကို
သခင်ယေရှုအားကာကွယ်ပေးရန် ကတိပြုထားပြီးဖြစ်သည်။ ဒံယေလနှင့်
သူ၏မိတ်ဆွေများလည်း ဤနည်းတူဖြစ်သည်။ သခင်ယေရှုသည် တစ်ဖန်
သမ္မာကျမ်းကိုအသုံးပြုပြီး စာတန်ကိုဖြေကြားသည်။ ကျွန်ုပ်တို့သည်
ဘုရားသခင်ကိုစမ်းသပ်ရန်မဟုတ်ဟုဆိုသည်။ (ငယ် ၁၂)။ ကျွန်ုပ်တို့၏
တာဝန်သည် မိမိတို့၏ကိုယ်ကို ဘုရားရှင်ထံသို့အပ်နှံရန်ဖြစ်ပြီး ကျန်ရှိသည်
တို့ကို သူလုပ်ဆောင်ရန် ချန်ထားရုံသာဖြစ်သည်။

သွေးဆောင်ခြင်းအပေါ် အရေးကြီးသည့် သမ္မာကျမ်း၏သွန်သင်
ချက် (၄) ခုကို သတိပြုပါ။ (၁) မည်သူမျှသွေးဆောင်ခြင်းမှ လွတ်ကင်း
သည်မရှိ။ (၂) ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသွေးဆောင်ရန်ခွင့်ပြုသော်၊
ထိုစုံစမ်းသွေးဆောင်ခြင်းကို ကျော်လွှားနိုင်ရန် ကျေးဇူးတော်နှင့်ခွန်အားကို
ပေးသည်။ (၃) သွေးဆောင်ခြင်းသည် တူညီသောနည်းဖြင့် အချိန်တိုင်း
လာသည်မဟုတ်။ (၄) မခံမရပ်နိုင်သောသွေးဆောင်ခြင်းကို မည်သူမျှပေး
မည်မဟုတ်။ (၁ကော ၁ဝး၁၃)။

သောကြာ ဧပြီ ၁၀
ထပ်ဆင့်လေ့လာရန်။

"ယာသပ်နှင့်မာရိသည် မိမိတို့စိတ်နှလုံးကို ဘုရားသခင်ပေါ်အာရုံပြု
ပြီး ဆုတောင်းလျက်နေသည်ဟု ဆိုကြပါစို့။ ထိုသို့ပြုသော်၊ သူတို့၏သန့်ရှင်း
လေးနက်သောတာဝန်ကို သိမည်ဖြစ်သည်။ ထိုနောက် သူတို့သည် သူငယ်
ယေရှုကို ပျောက်ဆုံးမည်မဟုတ်။ တစ်ရက်လျစ်လျူရှုခြင်းဖြင့်၊ ကယ်တင်ရှင်
ကို သူတို့ပျောက်ဆုံးခဲ့သည်။ သို့သော် သူ့ကိုပြန်လည်တွေ့ရှိရန် စိတ်ပူပန်
ခြင်းဖြင့် သုံးရက်အဖိုးအခပေးလိုက်ရသည်။ ထိုနည်းလည်းကောင်း၊ ကျွန်ုပ်
တို့သည်လည်း၊ အဓိပ္ပါယ်ကင်းမဲ့သည့်စကားကိုပြောဆိုခြင်း၊ ဆိုးသွမ်းသော
စကားကိုပြောခြင်း၊ ဆုတောင်းရန်ပေါ့လျော့ခြင်းတို့ဖြင့် တစ်ရက်အတွင်း၊
ကယ်တင်ရှင်နှင့်အတူရှိခြင်းကို ပျောက်ဆုံးနိုင်သည်။ ထိုသို့ပျောက်ဆုံးသွား
သောငြိမ်သက်ခြင်းကို တစ်ဖန်ပြန်လည်ရရှိရန်၊ ရက်ပေါင်းများစွာ စိတ်ပူပန်
သောကတို့ဖြင့် သူ့အားတွေ့အောင်ရှာရမည်ဖြစ်၏။" EGWhite DA. P. ၈၃
မှကောက်နုတ်သည်။
-၀-


No comments:

Post a Comment